ယောဘ၏ ဆင်ခြင်တုံတရား ယောဘ၏ အမှန်တကယ် အတွေ့အကြုံများနှင့် သူ၏ ဖြောင့်မတ်ပြီး ရိုးသားသော လူ့သဘာဝမှာ သူသည် သူ၏ ပိုင်ဆိုင်မှုများနှင့် သားသမီးများကို ဆုံးရှုံးခဲ့သည့်အခါ ယုတ္တိတန်ဆုံးသော စီရင်ခြင်းနှင့် ရွေးချယ်မှုများကို ပြုခဲ့ကြောင်း အဓိပ္ပာယ်သက်ရောက်ခဲ့သည်။ ယင်းကဲ့သို့ ယုတ္တိတန်သော ရွေးချယ်မှုများနှင့် သူ၏ နေ့စဉ်နေ့တိုင်း ဘဝထဲမှ သူသိလာခဲ့သော သူ၏ နေ့စဉ် လိုက်စားမှုများနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ခွဲထုတ်၍ မရခဲ့ပေ။ ယောဘ၏ ရိုးသားခြင်းသည် သူ့အား ယေဟောဝါဘုရားသခင်၏ လက်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးကြောင်း ယုံကြည်နိုင်စေခဲ့သည်၊ သူ၏ယုံကြည်မှုသည် အရာခပ်သိမ်းအပေါ်၌ ရှိသော ယေဟောဝါဘုရားသခင်၏ အချုပ်အခြာအာဏာကို သူ့အား သိစေရန် အခွင့်ပေးခဲ့သည်၊ သူ၏ အသိပညာသည် ယေဟောဝါဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံလိုစေပြီး နာခံနိုင်စေခဲ့သည်၊ သူ၏ နာခံခြင်းသည် ယေဟောဝါဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်း၌ သူ့အား ပို၍ ပို၍ စစ်မှန်စေခဲ့သည်၊ သူ၏ ကြောက်ရွံ့ခြင်းသည် သူ၏ မကောင်းမှု ရှောင်ခြင်း၌ ပို၍ ပို၍ စစ်မှန်စေခဲ့သည်၊ နောက်ဆုံးတွင် ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့ခြင်းကြောင့် စုံလင်လာခဲ့ပြီး သူ၏ စုံလင်ခြင်းသည် သူ့အား ဉာဏ်အမြော်အမြင်ရှိစေခဲ့ပြီး အဆုံးစွန်သော ဆင်ခြင်တုံတရားကို ပေးခဲ့သည်။ “ယုတ္တိတန်သော” ဟူသည့် ဤစကားလုံးကို ငါတို့ အဘယ်သို့ နားလည်သင့်သနည်း။ တိုက်ရိုက် အဓိပ္ပာယ်ကောက်ခြင်း ဆိုသည်မှာ ကောင်းသောအသိ ရှိခြင်း၊ ကျိုးကြောင်းဆီလျော်ခြင်းနှင့် တစ်စုံတစ်ဦး၏ အတွေးအခေါ်မှာ စဉ်းစားချင့်ချိန်တတ်ခြင်း၊ အခြေအမြစ်ရှိသော စကားများ၊ လုပ်ဆောင်မှုများရှိပြီး စီရင်တတ်ခြင်းနှင့် အခြေအမြစ်ရှိ၍ ပုံမှန် ကိုယ်ကျင့်တရား စံနှုန်းများကို ပိုင်ဆိုင်ခြင်းကို ဆိုလိုသည်။ သို့သော်လည်း ယောဘ၏ ဆင်ခြင်တုံတရားကို အလွန်လွယ်ကူစွာ ရှင်းပြထားခြင်း မရှိပါ။ ဤနေရာ၌ ယောဘသည် အဆုံးစွန်သော ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသောအခါ ၎င်းမှာ သူ၏ လူ့သဘာဝနှင့် ဘုရားသခင်ရှေ့၌ သူ၏ပြုမူပုံတို့နှင့် ဆက်နွှယ်ထားခြင်း ဖြစ်သည်။ ဘောဘသည် ရိုးသားခဲ့သည့်အတွက် သူသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ပြီး နာခံနိုင်ခဲ့သည်၊ ၎င်းမှာ အခြားသူများ မရနိုင်သော အသိအပညာ တစ်ခုကို သူ့အား ပေးခဲ့ပြီး ဤအသိပညာသည် သူ့အပေါ် ကျရောက်ခဲ့သည်တို့ကို ပို၍ မှန်ကန်စွာ သိမြင်ခြင်း၊ စီရင်ခြင်းနှင့် သတ်မှတ်ခြင်းတို့ကို ပြုနိုင်စေခဲ့ပြီး မည်သည်တို့ကို ပြုရန်နှင့် မည်သည်တို့ကို မြဲမြံစွာ ဆုပ်ကိုင်ရန် ရွေးချယ်ရာတွင် သူ့အား ပို၍ မှန်ကန်တိကျစေပြီး ထိုးထွင်းဆင်ခြင်နိုင်စေခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သူ၏ စကားများ၊ အပြုအမူ၊ သူ၏ လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများနှင့် သူကျင့်ဆောင်ခဲ့သော ကျင့်ဝတ်တို့မှာ ပုံမှန် ဖြစ်ခဲ့သည်၊ ရှင်းလင်းပြီး အတိအကျ ဖြစ်ခဲ့သည် သာမက ၎င်းတို့မှာ ကျိုးကြောင်းမမြင်ခြင်း၊ စိတ်လိုက်မာန်ပါဖြစ်ခြင်း သို့မဟုတ် စိတ်ခံစားမှုနှင့် သက်ဆိုင်ခြင်း မရှိခဲ့ပေ။ သူ့အပေါ် ကျရောက်ခဲ့သမျှကို မည်ကဲ့သို့ သဘောထားရမည်ကို သူသိခဲ့သည်၊ ခက်ခဲရှုပ်ထွေးသော ဖြစ်ရပ်များအကြားမှ ဆက်နွယ်မှုများကို မည်ကဲ့သို့ ဟန်ချက်ညှိပြီး ကိုင်တွယ်ရမည်ကို သူသိခဲ့သည်၊ မြဲမြံစွာ ဆုပ်ကိုင်ထားသင့်သော နည်းလမ်းကို မည်ကဲ့သို့ မြဲမြံစွာ ဆုပ်ကိုင်ထားရမည်ကို သူသိခဲ့သည်၊ ထိုမျှမက သူသည် ယေဟောဝါဘုရားသခင်၏ ပေးခြင်းနှင့် ရုပ်သိမ်းခြင်းအပေါ် မည်ကဲ့သို့ သဘောထားရမည်ကို သိခဲ့သည်။ ဤသည်မှာ ယောဘ၏ ဆင်ခြင်တုံတရားပင် ဖြစ်ခဲ့သည်။ ယောဘသည် ယင်းကဲ့သို့ ဆင်ခြင်တုံတရားဖြင့် အသင့်ပြင်ခဲ့ခြင်းကြောင့် သူ၏ပိုင်ဆိုင်မှုများနှင့် သူ၏သားများနှင့် သမီးများကို ဆုံးရှုံးခဲ့ရသည့်အခါ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟု သူဆိုခဲ့ခြင်း ဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။ ယောဘသည် ကိုယ်ခန္ဓာ၏ အလွန်ကြီးစွာသော နာကျင်မှုနှင့် သူ၏ ဆွေမျိုးသားချင်းနှင့် မိတ်ဆွေများ၏ ကန့်ကွက်မှုများကို ရင်ဆိုင်ခဲ့ရပြီး သေခြင်းနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ သူ၏ အမှန်တကယ်ဖြစ်သော ပြုမူပုံသည် အယောက်တိုင်းအား သူ၏ စစ်မှန်သော သဘောသဘာဝကို နောက်ထပ်တစ်ကြိမ် ထင်ရှားစွာ ပြသခဲ့သည် ယောဘ၏ စစ်မှန်သော သဘောသဘာဝ၊ လိမ်ညာမှု ကင်းပြီး စစ်မှန် ဖြူစင်ခြင်း ယောဘ ၂:၇-၈ ကို ဖတ်ကြပါစို့- “သို့ဖြင့် စာတန်သည် ယေဟောဝါ၏ထံတော်မှောက်မှ ထွက်သွားပြီးလျှင် ယောဘကို ခြေဖဝါးမှ ဦးခေါင်းထိပ်ထိတိုင် အနာဆိုးပေါက်စေပြီး လုပ်ကြံလေသည်၊ သူသည် ကိုယ်ကို ခြစ်ဖို့ အိုးခြမ်းကို ယူပြီးလျှင် မီးဖိုပြာထဲတွင် ထိုင်လေ၏။” ဤသည်မှာ ယောဘ၏ ကိုယ်ခန္ဓာပေါ်၌ ဆိုးသောအနာစိမ်းများ ပေါက်ခဲ့သည့်အခါ သူ၏ပြုမူပုံအကြောင်း ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် ပြာထဲ၌ ထိုင်ကာ နာကျင်မှုဝေဒနာကို သည်းခံလျက်နေခဲ့သည်။ မည်သူမျှ သူ့အား မကုသပေးခဲ့သည့်အပြင် သူ၏ ကိုယ်ခန္ဓာ နာကျင်မှုဝေဒနာ သက်သာစေရန် သူ့အား မည်သူမျှ မကူညီခဲ့ပေ၊ ထိုသို့မရှိခဲ့ဘဲ သူသည် ဆိုးသောအနာစိမ်းများ၏ အပေါ်ယံလွှာကိုခြစ်ရန် အိုးခြမ်းပဲ့ တစ်ခုကို အသုံးပြုခဲ့သည်။ အပေါ်ယံအားဖြင့် ဤသည်မှာ ယောဘခံရသော နှိပ်စက်ညှဉ်းပန်းခြင်းထဲမှ အဆင့်တစ်ခုမျှသာ ဖြစ်ခဲ့ပြီး သူ၏ လူ့သဘာဝနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဆက်နွှယ်ခြင်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ယောဘသည် ဤအချိန်က သူ၏ စိတ်နေစိတ်ထားနှင့် အမြင်များကို ထင်ရှားစွာပြရန်အတွက် စကားမပြောခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ယောဘ၏ လုပ်ဆောင်မှုများနှင့် သူ၏ ပြုမူပုံသည် သူ၏ လူ့သဘာဝကို ဖော်ပြသော စစ်မှန်သည့် ဖော်ပြချက် တစ်ခုပင် ဖြစ်သေးသည်။ ယခင် အခန်း၏ မှတ်တမ်းထဲတွင် ယောဘသည် အရှေ့အရပ်မှ လူသားများ အားလုံးထဲတွင် အကြီးမြတ်ဆုံး ဖြစ်ခဲ့ကြောင်းကို ငါတို့ဖတ်ခဲ့ကြရသည်။ ဒုတိယ အခန်း၏ ဤစာပိုဒ်တွင် အရှေ့အရပ်၌ အကြီးမြတ်ဆုံးသော ဤလူသားသည် ပြာထဲ၌ ထိုင်နေစဉ် သူ့ကိုယ်သူ ခြစ်ရန် အိုးခြမ်းပဲ့ တစ်ခုကို ယူသင့်ကြောင်းကို ငါတို့အား ပြသထားသည်။ ဤဖော်ပြချက် နှစ်ခုအကြားတွင် သိသာထင်ရှားသော ခြားနားချက်တစ်ခု ရှိသည်မဟုတ်လော။ ၎င်းမှာ ငါတို့အား ယောဘ၏ စစ်မှန်သော ဇာတိကိုပြသော ခြားနားချက် တစ်ခုပင် ဖြစ်သည်၊ သူ၏ဂုဏ်နှင့် အဆင့်အတန်းတို့မှာ ဂုဏ်သတင်းကျော်စောသော်လည်း သူသည် ၎င်းတို့ကို မည်သည့်အခါမျှ ချစ်ခဲ့ခြင်းနှင့် အာရုံစိုက်ခဲ့ခြင်း မရှိပေ၊ သူ၏ဂုဏ်ကို အခြားသူများ မည်ကဲ့သို့ ရှုမြင်ခဲ့ကြောင်းကို သူဂရုမစိုက်ခဲ့သည့်အပြင် သူ၏ လုပ်ဆောင်မှုများ သို့မဟုတ် ပြုမူပုံတို့သည် သူ၏ဂုဏ်အပေါ် အနုတ်လက္ခဏာဆန်သော အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိမည် သို့မဟုတ် မရှိမည်ကို သူစိုးရိမ်ခဲ့ခြင်း မရှိပေ၊ ကြွယ်ဝချမ်းသာမှုများ၏ အဆင့်အတန်းထဲ၌ သူမွေ့လျော်ခဲ့ခြင်း မရှိသည့်အပြင် ဂုဏ်နှင့် အဆင့်အတန်းတို့ပါသော ထင်ပေါ်ကျော်ကြားမှုကို သူသာယာကြည်နူးခြင်း မရှိခဲ့ပေ။ ယေဟောဝါဘုရားသခင်၏ အမြင်တွင် သူ၏တန်ဖိုးနှင့် သူ၏ နေထိုင်အသက်ရှင်ခြင်း၏ အဓိပ္ပာယ်ကိုသာ သူဂရုစိုက်ခဲ့သည်။ ယောဘ၏ စစ်မှန်သော ဇာတိမှာ သူ၏ အနှစ်သာရပင် ဖြစ်ခဲ့သည်၊ သူသည် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို မချစ်ခဲ့သည့်အပြင် ကျော်ကြားမှုနှင့် အခွင့်အလမ်းအတွက် အသက်မရှင်ခဲ့ပေ၊ သူသည် လိမ်ညာမှု ကင်းပြီး စစ်မှန် ဖြူစင်ခဲ့သည်။ ချစ်ခြင်းနှင့် မုန်းခြင်းအပေါ် ယောဘ၏ ခွဲခြားမှု ယောဘ၌ရှိသော လူ့သဘာဝ၏ အခြားသော တစ်ဖက်ခြမ်းကို သူနှင့် သူ၏ဇနီးအကြား အပြန်အလှန်ပြောသော ဤစကားထဲတွင် ထင်ရှားစွာပြသထားပါသည်၊ “ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။” (ယောဘ ၂:၉-၁၀) ယောဘ ခံစားနေရသော နှိပ်စက်ညှဉ်းပန်းမှုကို မြင်တွေ့ရသည့် သူ၏ဇနီးက ယောဘအား သူခံရသော နှိပ်စက်ညှဉ်းပန်းမှုထဲမှ လွတ်မြောက်နိုင်ရန် ယောဘကို ကူညီ၍ အကြံဉာဏ်ပေးရန် ကြိုးစားခဲ့သည်၊ သို့သော်လည်း “ကောင်းသော စေတနာများ” မှာ ယောဘ၏ လက်ခံခြင်းကို မရခဲ့ဘဲ ၎င်းတို့သည် သူ၏ဒေါသကို မွှေနှောက်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူ့ဇနီးသည် ယေဟောဝါဘုရားသခင်၌ ရှိသော သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို ငြင်းပယ်ခဲ့သည့်အပြင် ယေဟောဝါဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤအရာကို ယောဘ သည်းမခံနိုင်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်ကို ဆန့်ကျင်သော သို့မဟုတ် ထိခိုက်နာကျင်စေသောအရာ တစ်စုံတစ်ခုကို ပြုရန်၊ အခြားသူများ၏ အကြောင်း တစ်စုံတစ်ခုပြောရန် သူ့ကိုယ်သူ မည်သည့်အခါမျှ အခွင့်မပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်ကို ကျိန်ဆဲပြီး စော်ကားသော စကားများကို ပြောဆိုသည့် အခြားသူများကို သူမြင်သည့်အခါ သူသည် အဘယ်သို့ ဂရုမစိုက်ဘဲ နေနိုင်ခဲ့မည်နည်း။ ထို့ကြောင့် သူ၏ဇနီးအား “မိန်းမမိုက်” တစ်ဦးဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ ယောဘသည် သူ၏ဇနီးအပေါ်ထားသော သဘောထားမှာ ဒေါသနှင့် အမုန်းပါ၍ အပြစ်တင်ပြီး အပြစ်ဖော်ဆုံးမသည့် သဘောထားတစ်ခု ဖြစ်ခဲ့သည်။ ဤအရာမှာ ချစ်ခြင်းနှင့် မုန်းခြင်းအကြား ပိုင်းခြားသော ယောဘ၏ လူ့သဘာဝ၏ သဘာဝ ဖော်ပြချက် ဖြစ်ခဲ့ပြီး သူ၏ ဖြောင့်မတ်သော လူ့သဘာဝကို ကိုယ်စားပြုသော စစ်မှန်သည့် ကိုယ်စားပြုချက်တစ်ခု ဖြစ်ခဲ့သည်။ ယောဘသည် တရားမျှတသော အသိတစ်ခုကို ပိုင်ဆိုင်ခဲ့သည်၊ ၎င်းမှာ ဒီရေနှင့် လေကဲ့သို့ ကောက်ကျစ်စဉ်းလဲမှုကို မုန်းသော၊ ဖြစ်နိုင်အခြေမရှိသော မိစ္ဆာဒိဌိအယူ၊ အဓိပ္ပာယ်မရှိသော အငြင်းပွားမှုများနှင့် သဘာဝမကျသည့် အဆိုများကို စက်ဆုပ်ရွံရှာသော၊ ပြစ်တင်ရှုတ်ချပြီး ငြင်းပယ်သော အသိတစ်ခုဖြစ်ပြီး လူအများစု၏ ငြင်းပယ်ခြင်း သူနှင့် နီးကပ်ခဲ့သော သူများ၏ စွန့်ခွာခြင်းကို ခံခဲ့ရစဉ် စစ်မှန်သော သူကိုယ်တိုင်၊ မှန်ကန်သော နိယာမများနှင့် ရပ်တည်ချက်ကို သူ့အား ဆုပ်ကိုင်စေခဲ့သည်။ ယောဘ၏ ကြင်နာမှုနှင့် ရိုးသားမှု ယောဘ၏ပြုမူပုံမှ သူ၏ လူ့သဘာဝဖြစ်သည့် အမျိုးမျိုးသော ရှု့ထောင့်များ၏ ဖော်ပြချက်ကို ငါတို့ မြင်နိုင်သောကြောင့် သူ၏ပါးစပ်ကိုဖွင့်၍ သူ၏မွေးဖွားရာနေ့ရက်ကို ကျန်ဆဲသောအခါ ယောဘ၏ မည်သည့် လူ့သဘာဝကို ငါတို့မြင်ကြရသနည်း။ ဤသည်မှာ ငါတို့အောက်တွင် ဝေငှပြောဆိုမည့် အကြောင်းအရာ ဖြစ်သည်။ အထက်တွင် ယောဘသည် သူ၏မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲရခြင်း၏ အကြောင်းရင်းများကို ငါပြောခဲ့ပြီးဖြစ်သည်။ ဤအထဲတွင် သင်တို့မည်သည့်အရာကို မြင်ရသနည်း။ အကယ်၍ ယောဘသည် စိတ်နှလုံးမာကြောပြီး ချစ်ခြင်းမေတ္တာ မရှိခဲ့ပါက၊ အကယ်၍ သူသည် အေးစက်ပြီး ခံစားချက်မဲ့ကာ လူ့သဘာဝ ကင်းမဲ့ခဲ့ပါက သူသည် ဘုရားသခင်၏ စိတ်နှလုံးအလိုကို ဂရုစိုက်နိုင်ခဲ့မည်လော။ ထို့အပြင် သူသည် ဘုရားသခင်၏ စိတ်နှလုံးကို ဂရုစိုက်သည့် ရလဒ်တစ်ခုကြောင့် သူ၏မွေးဖွားရာနေ့ရက်ကို သူစက်ဆုပ်ရွံရှာနိုင်ခဲ့မည်လော။ တစ်နည်းဆိုသော် အကယ်၍ ယောဘသည် စိတ်နှလုံးမာကြောပြီး လူ့သဘာဝ ကင်းမဲ့ခဲ့ပါက သူသည် ဘုရားသခင်၏ နာကျင်မှုကြောင့် စိတ်ဆင်းရဲနိုင်ခဲ့မည်လော။ ဘုရားသခင်သည် သူ့ကြောင့် စိတ်ထိခိုက်ခဲ့သည့်အတွက် သူသည် သူ၏မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲနိုင်ခဲ့မည်လော။ အဖြေမှာ လုံးဝမဟုတ်ပါ။ ယောဘသည် ကြင်နာတတ်သောသူဖြစ်ခဲ့သည့်အတွက် ဘုရားသခင်၏ စိတ်နှလုံးကို သူဂရုစိုက်ခဲ့သည်၊ ဘုရားသခင်၏ စိတ်နှလုံးကို သူဂရုစိုက်ခဲ့သည့်အတွက် ဘုရားသခင်၏ နာကျင်မှုကို သူသတိပြုမိခဲ့သည်၊ သူသည် ကြင်နာတတ်သည့်အတွက် ဘုရားသခင်၏ နာကျင်မှုကို သတိပြုမိခြင်း၏ ရလဒ်ကြောင့် ပို၍ကြီးသော နှိပ်စက်ညှဉ်းပန်းမှုကို ခံစားခဲ့ရသည်၊ ဘုရားသခင်၏ နာကျင်မှုကို သတိပြုမိခဲ့ခြင်းကြောင့် သူ၏မွေးဖွားရာနေ့ရက်ကို စတင်ကာ သူစက်ဆုပ်ရွံရှာလာသဖြင့် သူ၏ မွေးဖွားရာ နေ့ရက်ကို ကျိန်ဆဲခဲ့ခြင်းဖြစ်သည်။ အပြင်လူများအတွက် ယောဘ စမ်းသပ်မှုများကို ခံရစဉ်ကာလတစ်လျှောက်လုံး သူ၏ပြုမူပုံတစ်ခုလုံးမှာ စံပြဖြစ်သည်။ သူ၏မွေးဖွားရာနေ့ရက်ကို သူကျိန်ဆဲခြင်းသာလျှင် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်သည် သို့မဟုတ် မတူညီသော အကဲဖြတ်ချက် တစ်ခုကို ပေးခြင်းဖြစ်သည်။ အမှန်အားဖြင့် ဤသည်မှာ ယောဘ၏ လူ့သဘာဝ အနှစ်သာရ၏ အစစ်မှန်ဆုံးသော ဖော်ပြချက် ဖြစ်ခဲ့သည်။ သူ၏ လူ့သဘာဝ အနှစ်သာရမှာ ဖုံးကွယ်ထားခြင်း သို့မဟုတ် ထုပ်ပိုးထားခြင်း၊ သို့မဟုတ် အခြားသူ တစ်စုံတစ်ဦးက စိစစ်ပြင်ဆင်ခဲ့ခြင်း မဟုတ်ပေ။ သူ၏ မွေးဖွားရာနေ့ရက်ကို သူကျိန်ဆဲခဲ့သည့်အခါ သူ၏နက်ရှိုင်းသော အတွင်းစိတ်နှလုံးထဲမှ ကြင်နာမှုနှင့် ရိုးသားမှုတို့ကို ထင်ရှားစွာပြသခဲ့ခြင်း ဖြစ်သည်၊ သူသည် အလွန်သန့်ရှင်းပြီး အောက်ခြေကိုပင် မြင်ရသည့် ကြည်လင်ရှင်းသန့်သော ရေများရှိသည့် ရေကြည်စမ်း တစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။ ယောဘနှင့်ပတ်သက်၍ ဤအရာအားလုံးကို လေ့လာခဲ့ပြီးသည့်နောက် လူအများစု၌ ယောဘ၏ လူ့သဘာဝ အနှစ်သာရအပေါ် အတန်အသင့် မှန်ကန်ပြီး မျှတသော အကဲဖြတ်ချက်တစ်ခု ရှိမည်မှာ ဧကန်အမှန် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ပြောခဲ့သော ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအပေါ် လေးနက်သော၊ လက်တွေ့ကျပြီး ပို၍ အဆင့်မြင့်သော နားလည်ခြင်းနှင့် အသိအမှတ်ပြုခြင်းလည်း ရှိသင့်သည်။ ဤနားလည်ခြင်းနှင့် အသိအမှတ်ပြုခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုရှောင်သော နည်းလမ်းကို စတင်လုပ်ဆောင်ရန် လူတို့အား အထောက်အကူ ဖြစ်စေလိမ့်မည်ဟု မျှော်လင့်ပါသည်။
0 Comments
Leave a Reply. |
Click & Join us作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|