ယောဘခံစားခဲ့ရသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင် စေလွှတ်ခဲ့သော တမန်များ၏ လုပ်ရပ်ကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်၏ လက်အားဖြင့် ဖြစ်ပေါ်စေခဲ့ခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ကိုယ်တိုင် ဖြစ်စေခဲ့ခြင်းပင် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ယောဘ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ၏အဆင့်မှာ အလွန်ကြီးမားခဲ့သည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် ယောဘသည် သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို နေ့စဉ် သိသော အသိ၊ သူ၏ နေ့စဉ် လုပ်ဆောင်ချက်များ၏ နိယာမများနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားတို့ကို ကန့်သတ်ချက် မရှိဘဲ လက်တွေ့ပြသခဲ့ပြီး ဤသည်မှာ အမှန်တရား ဖြစ်သည်။ အကယ်၍ ယောဘသည် စုံစမ်းနှောင့်ယှက်ခြင်းကို မခံခဲ့ရပါက၊ အကယ်၍ ဘုရားသခင်သည် ယောဘအပေါ် စမ်းသပ်မှုများကို ဆောင်လာခဲ့ခြင်း မရှိပါက “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟု ယောဘ ပြောသည့်အခါ သင်က ယောဘသည် သူတော်ကောင်း ယောင်ဆောင်သောသူတစ်ဦး ဖြစ်သည်၊ ဘုရားသခင်သည် သူ့အား ပစ္စည်းဥစ္စာများစွာကို ပေးခဲ့ခြင်းကြောင့် သူသည် ယေဟောဝါဘုရားသခင်၏ နာမကို ဧကန် ကောင်းချီးပေးခဲ့ခြင်း ဖြစ်သည်ဟု သင်ဆိုလိမ့်မည် ဖြစ်သည်။ အကယ်၍ စမ်းသပ်မှုများကို မခံစားရမီ ယောဘက “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟုဆိုခဲ့ပါက ယောဘသည် ပုံကြီးချဲ့ပြောနေခြင်းဖြစ်ပြီး သူသည် ဘုရားသခင်၏ လက်အားဖြင့် မကြာမခဏ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရခြင်းကြောင့် ဘုရားသခင်၏ နာမကို စွန့်ပယ်လိမ့်မည် မဟုတ်ဟု သင်ဆိုလိမ့်မည် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် သူ့အပေါ် ဘေးဒုက္ခကို ဆောင်ယူခဲ့ပါက သူသည် ဘုရားသခင်၏နာမကို ဧကန်အမှန် စွန့်ပယ်ခဲ့လိမ့်မည် ဖြစ်သည်ဟု သင်ဆိုလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ယောဘသည် သူ့ကိုယ်သူ မည်သူမျှ အလိုမရှိသော၊ သို့မဟုတ် မမြင်လိုသော၊ သို့မဟုတ် ၎င်းတို့အပေါ် မကျရောက်စေလိုသော၊ မိမိတို့အပေါ် ကျရောက်မည်ကို လူအများ စိုးရိမ်သော အခြေအနေများ၊ ဘုရားသခင်ပင်လျှင် ကြည့်ရက်နိုင်ခြင်း မရှိသော အခြေအနေများထဲ၌ ရောက်ရှိနေခဲ့ကြောင်း သိသည့်အခါ၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏” ထို့အပြင် “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူ၍ ယောဘသည် သူ၏ တည်ကြည်ခြင်းကို ဆက်၍ ဆုပ်ကိုင်နိုင်ခဲ့သည်။ ယနေ့ခေတ်တွင် ယောဘ၏ပြုမူပုံနှင့် ရင်ဆိုင်ခဲ့ရပါက ကြီးကျယ်သော စကားများ ပြောရသည်ကို နှစ်ခြိုက်သောသူများနှင့် စာလုံးများနှင့် အယူဝါဒများ ဟောပြောရသည်ကို နှစ်ခြိုက်သောသူများသည် နှုတ်ဆိတ်ကုန်ကြသည်။ ဘုရားသခင်၏နာမကို အပြောဖြင့်သာ ထောမနာပြုသော်လည်း ဘုရားသခင်၏ စမ်းသပ်မှုများကို မည်သည့်အခါမျှ လက်မခံခဲ့သောသူများသည် ယောဘ မြဲမြံစွာ စွဲကိုင်ခဲ့သော တည်ကြည်မှုအားဖြင့် ပြစ်တင်ရှုတ်ချခြင်းကို ခံရကြပြီး လူသားသည် ဘုရားသခင်၏ နည်းလမ်းကို မြဲမြံစွာ စွဲကိုင်နိုင်မည် မဟုတ်ဟူ၍ မည်သည့်အခါကမျှ မယုံကြည်ခဲ့သော သူများသည် ယောဘ၏ သက်သေခံချက်အားဖြင့် စီရင်ခြင်းကို ခံရမည် ဖြစ်သည်။ ဤစမ်းသပ်မှုများ အတောအတွင်း ယောဘ၏ ပြုမူပုံနှင့် သူပြောခဲ့သော စကားများကို ရင်ဆိုင်ခဲ့ရပါက လူအချို့တို့သည် စိတ်ရှုပ်ထွေးကြလိမ့်မည်၊ အချို့တို့သည် မနာလိုဖြစ်ကြလိမ့်မည်၊ အချို့တို့သည် သံသယဖြစ်ကြလိမ့်မည်ဖြစ်ပြီး အချို့တို့သည် စိတ်မဝင်စားပုံပေါ်ကာ ယောဘ၏ သက်သေခံချက်အပေါ် ၎င်းတို့၏ နာခေါင်းများကို ရှုံ့ကြလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စမ်းသပ်မှုများ အတောအတွင်း ယောဘအပေါ် ကျရောက်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှုကို မြင်ရပြီး ယောဘပြောခဲ့သော စကားများကို ဖတ်ရကြသည် သာမက မိမိအပေါ် စမ်းသပ်မှုများ ရောက်လာခဲ့သည့်အချိန်တွင် ယောဘပြခဲ့သော လူသား “အားနည်းချက်” မြင်ကြရခြင်းကြောင့် ဖြစ်သည်။ ယောဘ၏ စုံလင်ခြင်းထဲတွင် မစုံလင်ခြင်း ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်သော ဤ “အားနည်ချက်” ဖြစ်သည့် လူသားတစ်ဦး၏ အမည်းစက်မှာ ဘုရားသခင်၏အမြင်တွင် စုံလင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် စုံလင်သောသူများမှာ အပြစ်အနာအဆာကင်းသော၊ အစွန်းအထင်း သို့မဟုတ် ညစ်နွမ်းမှုမရှိသော၊ အားနည်းချက်များ မရှိသော၊ နာကျင်မှုဝေဒနာအကြောင်း မသိသော၊ မပျော်မရွှင်ဖြစ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း မည်သည့်အခါမျှ ခံစားရခြင်း မရှိသော၊ မုန်းတီးခြင်း သို့မဟုတ် အပြင်ပိုင်း အစွန်းရောက်သော အပြုအမူ တစ်စုံတစ်ရာ မရှိသောသူများ ဖြစ်သည်ဟု ယုံကြည်တတ်ကြသည်၊ ရလဒ်အနေဖြင့် ယောဘသည် အမှန်တကယ် စုံလင်ခဲ့ကြောင်းကို လူအများစုတို့က မယုံကြည်ကြပေ။ သူ၏ စမ်းသပ်မှုများ အတောအတွင်း သူ၏အပြုအမူများစွာကို လူတို့က လက်မခံကြပေ။ ဥပမာ ယောဘသည် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရသည့်အခါ၊ သူသည် လူတို့ စိတ်ကူးသကဲ့သို့ မျက်ရည်ကျ ငိုကြွေးခဲ့ခြင်း မရှိခဲ့ပေ။ သူ၏မိသားစုအတွက် သူ၌ မျက်ရည်များ သို့မဟုတ် ချစ်ခြင်း မရှိခဲ့သည့်အတွက် သူ၏ “ဖြစ်ရိုးဖြစ်စဉ်နှင့်မကိုက်ညီမှု” သည် လူတို့က သူ့အား အေးစက်သောသူ ဖြစ်သည်ဟု ထင်စေသည်။ ဤအရာမှာ ယောဘသည် လူတို့အား ပထမဦးဆုံး ပေးသော မကောင်းသည့် ထင်မြင်ချက် ဖြစ်သည်။ ထို့နောက် ၎င်းတို့က သူ၏အပြုအမူသည် ပို၍ပင် ဦးနှောက်ခြောက်စေသည်ဟု မြင်ကြသည်၊ “မိမိဝတ်လုံကိုဆုတ်ပြီး” ဆိုသည်မှာ သူသည် ဘုရားသခင်အား မရိုသေခြင်း ဖြစ်သည်ဟူ၍ လူတို့က အဓိပ္ပာယ်ကောက်ခဲ့ကြပြီး “ဦးခေါင်းကိုရိတ်၍” ဆိုသည်မှာ ယောဘသည် ဘုရားသခင်အား စော်ကားခြင်းနှင့် ဆန့်ကျင်ခြင်းကို ဆိုလိုကြောင်း တလွဲယုံကြည်ကြလေသည်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟူသော ယောဘ၏ စကားများမှလွဲ၍ လူတို့က ယောဘထဲ၌ ဘုရားသခင်၏ ချီးကျူးခြင်းကို ခံခဲ့ရသော ဖြောင့်မတ်ခြင်း တစ်စုံတစ်ခုမျှ မမြင်ကြသဖြင့် ယောဘအပေါ် အများစုဖြစ်သော ၎င်းတို့၏ အကဲဖြတ်ချက်မှာ နားမလည်နိုင်ခြင်း၊ နားလည်မှုလွဲခြင်း၊ သံသယဖြစ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် အယူအဆအားဖြင့်သာ လက်ခံခြင်းထက် မပိုပေ။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူသားတစ်ဦး ဖြစ်ကြောင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့သောသူတစ်ဦး ဖြစ်ကြောင်း ယေဟောဝါဘုရားသခင်၏ စကားများကို ၎င်းတို့ တစ်ဦးတစ်ယောက်မျှ စစ်မှန်စွာ နားလည်နိုင်ခြင်းနှင့် အသိမှတ်ပြုနိုင်ခြင်း မရှိကြပေ။
0 Comments
ယောဘ၏ ဆင်ခြင်တုံတရား ယောဘ၏ အမှန်တကယ် အတွေ့အကြုံများနှင့် သူ၏ ဖြောင့်မတ်ပြီး ရိုးသားသော လူ့သဘာဝမှာ သူသည် သူ၏ ပိုင်ဆိုင်မှုများနှင့် သားသမီးများကို ဆုံးရှုံးခဲ့သည့်အခါ ယုတ္တိတန်ဆုံးသော စီရင်ခြင်းနှင့် ရွေးချယ်မှုများကို ပြုခဲ့ကြောင်း အဓိပ္ပာယ်သက်ရောက်ခဲ့သည်။ ယင်းကဲ့သို့ ယုတ္တိတန်သော ရွေးချယ်မှုများနှင့် သူ၏ နေ့စဉ်နေ့တိုင်း ဘဝထဲမှ သူသိလာခဲ့သော သူ၏ နေ့စဉ် လိုက်စားမှုများနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ခွဲထုတ်၍ မရခဲ့ပေ။ ယောဘ၏ ရိုးသားခြင်းသည် သူ့အား ယေဟောဝါဘုရားသခင်၏ လက်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးကြောင်း ယုံကြည်နိုင်စေခဲ့သည်၊ သူ၏ယုံကြည်မှုသည် အရာခပ်သိမ်းအပေါ်၌ ရှိသော ယေဟောဝါဘုရားသခင်၏ အချုပ်အခြာအာဏာကို သူ့အား သိစေရန် အခွင့်ပေးခဲ့သည်၊ သူ၏ အသိပညာသည် ယေဟောဝါဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံလိုစေပြီး နာခံနိုင်စေခဲ့သည်၊ သူ၏ နာခံခြင်းသည် ယေဟောဝါဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်း၌ သူ့အား ပို၍ ပို၍ စစ်မှန်စေခဲ့သည်၊ သူ၏ ကြောက်ရွံ့ခြင်းသည် သူ၏ မကောင်းမှု ရှောင်ခြင်း၌ ပို၍ ပို၍ စစ်မှန်စေခဲ့သည်၊ နောက်ဆုံးတွင် ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့ခြင်းကြောင့် စုံလင်လာခဲ့ပြီး သူ၏ စုံလင်ခြင်းသည် သူ့အား ဉာဏ်အမြော်အမြင်ရှိစေခဲ့ပြီး အဆုံးစွန်သော ဆင်ခြင်တုံတရားကို ပေးခဲ့သည်။ ဘုရားနှုတ်ကပတ်တော် | ယောဘအကြောင်း (၁) စမ်းသပ်မှုများကို ယောဘ မည်ကဲ့သို့ ဖြတ်ကျော်ခဲ့ပုံကို ကြားသိခဲ့ရပြီးနောက် သင်တို့ထဲမှ အများစုသည် ယောဘအကြောင်း၊ အထူးသဖြင့် ဘုရားသခင်၏ ချီးကျူးခြင်းကို ရခဲ့သည့် လျှို့ဝှက်ချက်နှင့်စပ်လျဉ်းပြီး ပို၍ အသေးစိတ် သိလိုကြမည် ဖြစ်သည်။ ထို့ကြောင့် ယနေ့ ယောဘအကြောင်း ပြောကြပါစို့။
ဘုရားနှုတ်ကပတ်တော် | သမ္မာကျမ်းစာထဲမှ ယောဘအပေါ် ဘုရားသခင် စုံစမ်းခြင်းမျာ ယောဘ ၁:၁ ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
ယောဘ ၁:၅ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘ အောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။ |
Click & Join us作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|