ဘုရားနှုတ်ကပတ်တော် | ယောဘအကြောင်း (၁) စမ်းသပ်မှုများကို ယောဘ မည်ကဲ့သို့ ဖြတ်ကျော်ခဲ့ပုံကို ကြားသိခဲ့ရပြီးနောက် သင်တို့ထဲမှ အများစုသည် ယောဘအကြောင်း၊ အထူးသဖြင့် ဘုရားသခင်၏ ချီးကျူးခြင်းကို ရခဲ့သည့် လျှို့ဝှက်ချက်နှင့်စပ်လျဉ်းပြီး ပို၍ အသေးစိတ် သိလိုကြမည် ဖြစ်သည်။ ထို့ကြောင့် ယနေ့ ယောဘအကြောင်း ပြောကြပါစို့။ ယောဘ၏ နေ့စဉ် အသက်တာထဲတွင် သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းကို ငါတို့တွေ့ရသည် အကယ်၍ ငါတို့သည် ယောဘအကြောင်းကို ဆွေးနွေးမည်ဆိုပါက၊ “မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်” ဟူ၍ ဘုရားသခင်၏နှုတ်မှ ကိုယ်တိုင်မြွက်ဆိုခဲ့သော သူ့အပေါ် အကဲဖြတ်ချက်ဖြင့် စတင်ကြရမည် ဖြစ်သည်။ ပထဦးစွာ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို ဖတ်ကြပါစို့။ “ စုံလင်သည်” နှင့် “ ဖြောင့်မတ်သည်” ဟူသော စကားလုံးများကို သင်တို့ မည်သို့ နားလည်သနည်း။ ယောဘသည် အပြစ်အနာအဆာ မရှိသောသူ ဖြစ်ပြီး ရိုးသားသောသူ ဖြစ်သည်ဟု သင်တို့ ယုံကြည်သလော။ ဤအရာမှာ “ စုံလင်သည်” နှင့် “ ဖြောင့်မတ်သည်” ဟူသည်ကို တိုက်ရိုက် အဓိပ္ပာယ်ကောက်ယူချက်နှင့် နားလည်မှုတစ်ခု အမှန်ပင် ဖြစ်လိမ့်မည်။ ယောဘအကြောင်း စစ်မှန်စွာ နားလည်ခြင်း၏ သီးခြားခွဲထုတ်၍ မရသောအရာမှာ လက်တွေ့ အသက်တာပင် ဖြစ်သည်၊ နှုတ်ကပတ်တော်များ၊ စာအုပ်များနှင့် အယူအဆ ချည်းသက်သက်ဖြင့် အဖြေတစ်စုံတစ်ရာကို ပေးလိမ့်မည် မဟုတ်ပေ။ ယောဘ၏ အိမ်၌နေသော အသက်တာကို ငါတို့ စတင်ကာ ကြည့်ခြင်းဖြင့် သူ၏ အသက်တာတစ်လျှောက်လုံး သူ၏ ပုံမှန် ပြုမူပုံမှာ အဘယ်အရာ ဖြစ်ကြောင်းကို ကြည့်ကြမည်။ အသက်တာထဲမှ သူ၏ နိယာမများနှင့် ရည်မှန်းချက်များ အကြောင်းကို သာမက သူ၏ ပင်ကိုစရိုက်နှင့် လိုက်စားမှု အကြောင်းကို ဤအရာက ငါတို့အား ပြောပြလိမ့်မည် ဖြစ်သည်။ ယခု ယောဘ၏ နောက်ဆုံး စကားများကို ဖတ်ကြပါစို့ ၁:၃- “ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။” ဤစကားများက ဆိုနေသော အရာမှာ ယောဘ၏ ဂုဏ်နှင့် အဆင့်အတန်းတို့မှာ အလွန်မြင့်မားခဲ့ပြီး သူ၏ ပေါကြွယ်ဝသော ပိုင်ဆိုင်မှုများကြောင့် သို့မဟုတ် သူသည် စုံလင်ပြီး ဖြောင့်မတ်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းကြောင့် သူသည် အရှေ့အရပ်မှ လူသားအားလုံးထဲတွင် အကြီးမြတ်ဆုံးသောသူ ဖြစ်ခဲ့ မဖြစ်ခဲ့ကို ငါတို့အား မပြောသော်လည်း ယေဘုယျအားဖြင့် ယောဘ၏ ဂုဏ်နှင့် အဆင့်အတန်းတို့သည် များစွာတန်ဖိုးထားခြင်းကို ခံရကြောင်းကို ငါတို့သိပေသည်။ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယောဘအပေါ် လူတို့၏ ပထမဆုံး ထင်မြင်ချက်များမှာ ယောဘသည် စုံလင်ခဲ့သည်၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့ပြီး မကောင်းမှုကို ရှောင်ခဲ့သည့်အပြင် သူသည် ကြီးမားသော ကြွယ်ဝချမ်းသာနှင့် အလေးထားအပ်သော အဆင့်အတန်းကို ပိုင်ဆိုင်ခဲ့သည်ဟူ၍ဖြစ်သည်။ သာမန် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ယင်းကဲ့သို့ ပတ်ဝန်းကျင်တစ်ခုနှင့် ယင်းကဲ့သို့ အခြေအနေများအောက်တွင် အသက်ရှင်ရခြင်း၊ ယောဘ စားနေကျအစားအစာ၊ ဘဝအဆင့်အတန်းနှင့် သူ၏ ကိုယ်ပိုင် အသက်တာ၏ အမျိုးမျိုးသော ရှုထောင့်များသည် လူအများစု၏ အာရုံစူးစိုက်မှု ဖြစ်ခဲ့လိမ့်မည် ဖြစ်သည်၊ ထို့ကြောင့် သမ္မာကျမ်းကို ငါတို့ ဆက်၍ဖတ်ရှုရမည်၊ “ ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။” (ယောဘ ၁:၄-၅) ဤကျမ်းပိုဒ်သည် ငါတို့အား အချက် နှစ်ချက်ကို ပြောသည်၊ ပထမ အချက်မှာ ယောဘ၏ သားများနှင့် သမီးများသည် ပုံမှန်ပွဲခံ၍ စားသောက်လေ့ရှိခဲ့ခြင်း ဖြစ်သည်၊ ဒုတိယ အချက်မှာ ဘောဘသည် ၎င်းတို့အတွက် မကြာခဏပူပန်၍ ၎င်းတို့သည် အပြစ်ပြုနေကြမည်၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်ကို ကျိန်ဆဲခဲ့ကြမည်ကို ကြောက်ရွံ့သဖြင့် မကြာမကြာ မီးရှို့သောယဇ်များကို ပူဇော်လေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဤအရာတွင် မတူညီသော လူအမျိုးအစား နှစ်မျိုး၏ အသက်တာများကို ဖော်ပြထားသည်။ ပထမတစ်မျိုးမှာ ယောဘ၏ သားများနှင့် သမီးများသည် ၎င်းတို့၏ ကြွယ်ဝခြင်းကြောင့် မကြာမခဏ ပွဲခံကြသည်၊ ကြီးကျယ်ခမ်းနားစွာ အသက်ရှင်ခဲ့ကြသည်၊ ၎င်းတို့ စိတ်နှလုံး အလိုပြည့်ဝသည်အထိ သောက်စားခဲ့ကြပြီး ရုပ်ဝတ္ထု ကြွယ်ဝချမ်းသာခြင်းအားဖြင့် မြင့်မားသော ဘဝ အဆင့်အတန်းကို ပျော်မွေ့ခဲ့ကြသည်။ ယင်းကဲ့သို့ အသက်တာမျိုး၌ နေထိုင်ခြင်းဖြင့် ၎င်းတို့သည် မကြာခဏ ဘုရားသခင်ကို ပြစ်မှား၍ အပြစ်ပြုမိခဲ့မည်မှာ ဧကန်အမှန် ဖြစ်သည်၊ သို့သော်လည်း ရလဒ်အနေဖြင့် ၎င်းတို့သည် ၎င်းတို့ကိုယ်ကို သန့်ရှင်းစင်ကြယ်စေခြင်း သို့မဟုတ် မီးရှို့သောယဇ်များကို ပူဇော်ခဲ့ကြခြင်း မရှိခဲ့ပေ။ ထိုအခါ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင် နေရာမရှိခဲ့ကြောင်း၊ ဘုရားသခင်၏ ကျေးဇူးတော်များအပေါ် ဆင်ခြင်ခဲ့ကြခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ပြစ်မှားမိမည်ကိုလည်း ကြောက်ရွံ့ခဲ့ကြခြင်း မရှိခဲ့ပေ၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို စွန့်လွှတ်မည်ကို ကြောက်ရွံ့ခြင်းမှာ ပို၍ပင် မဖြစ်နိုင်ကြောင်းကို သင်မြင်ရလေမည်။ ငါတို့၏ အာရုံပြုချက်မှာ ယောဘ၏ သားသမီးများအပေါ်၌ မဟုတ်ဘဲ ယင်းအမှုအရာများနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ ယောဘပြုခဲ့သည့် အရာအပေါ် အာရုံပြုခြင်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်၊ ဤသည်မှာ ကျမ်းပိုဒ်ထဲ၌ ဖော်ပြထားသော အခြားသော အကြောင်းအရာဖြစ်ပြီး ၎င်းထဲတွင် ယောဘ၏ နေ့စဉ်အသက်တာနှင့် သူ၏ လူ့သဘာဝ၏ အနှစ်သာရ ပါဝင်သည်။ ယောဘ၏သားများနှင့် သမီးများ ပွဲခံခြင်းကို သမ္မာကျမ်းစာက ဖော်ပြသည့်အခါ ယောဘအကြောင်းကို ဖော်ပြခြင်း မရှိပါ၊ သူ၏သားများနှင့် သမီးများ မကြာခဏ အတူတကွ စားသောက်ခဲ့ကြကြောင်းကိုသာ ဆိုထားသည်။ တစ်နည်းဆိုသော် သူသည် ပွဲခံခြင်းများကို မပြုခဲ့သည့်အပြင် သူသည် သူ၏သားများနှင့် သမီးများ အလွန်အကျူး စားသောက်ရာ၌ ပါဝင်ခြင်း မရှိခဲ့ပေ။ အလျှံအပယ်ဖြစ်၍ ပိုင်ဆိုင်မှုများနှင့် အစေခံများစွာကို ပိုင်ဆိုင်ခဲ့သော်လည်း ယောဘ၏ အသက်တာမှာ စည်းစိမ်၌ယစ်မူးသော အသက်တာတစ်ခု မဟုတ်ခဲ့ပေ။ သူသည် သူ၏အကောင်းဆုံး လူနေမှုပတ်ဝန်းကျင်အားဖြင့် အချိန်ကို ပျော်ပါးကုန်လွန်စေခဲ့ခြင်းမရှိဘဲ ဇာတိပကတိ ပျော်မွေ့ဖွယ်ရာများအပေါ် လွန်ကျူးစွာ ခံစားခဲ့ခြင်း သို့မဟုတ် သူ၏ ကြွယ်ဝချမ်းသာမှုကြောင့် မီးရှို့သောယဇ်များကို ပူဇော်ရန် မေ့လျော့ခဲ့ခြင်း မရှိပါ၊ ကြွယ်ဝချမ်းသာမှုသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို တဖြည်းဖြည်း ရှောင်ရှားစေရန်မှာ ပို၍ပင် မဖြစ်နိုင်ခဲ့ချေ။ ယောဘသည် သူ၏ နေပုံထိုင်ပုံ၌ စည်းကမ်းရှိခဲ့ပြီး လောဘကြီးခြင်း သို့မဟုတ် ပျော်ရွှင်မှုသာ ပဓာနကျသည်ဟူသော ခံယူချက် မရှိခဲ့သည့်အပြင် သူ့အား ဘုရားသခင် ကောင်းချီးမင်္ဂလာများ ပေးခြင်း၏ ရလဒ်အနေဖြင့် သူ၏ ဘဝ အဆင့်အတန်းအပေါ် အစွဲအလန်းကြီးခဲ့ခြင်း မရှိပေ။ ထိုသို့မဟုတ်ဘဲ သူသည် နှိမ့်ချပြီး ရိုးရိုးကုပ်ကုပ်နေခဲ့သည်၊ ဘုရားသခင်ရှေ့တွင် သတိရှိပြီး ဂရုတစိုက်ရှိခဲ့သည်၊ ဘုရားသခင်၏ ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို မကြာခဏ သူဆင်ခြင်တွေးတောခဲ့ပြီး ဘုရားသခင်ကို စဉ်ဆက်မပြတ် ကြောက်ရွံ့ခဲ့သည်။ သူ၏ နေ့စဉ်အသက်တာထဲတွင် ယောဘသည် မကြာခဏ စောစီးစွာ နိုးထကာ သူ၏ သားများနှင့် သမီးများအတွက် မီးရှို့သောယဇ်များကို ပူဇော်ခဲ့သည်။ တစ်နည်းဆိုသော် ယောဘသည် သူကိုယ်တိုင် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်သာမက သူ၏သားသမီးများသည်လည်း ထို့နည်းတူ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဘုရားသခင်အား မပြစ်မှားမည့် အကြောင်းကိုလည်း သူမျှော်လင့်ခဲ့သည်။ ယောဘ၏ ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝချမ်းသာမှုသည် သူ၏ စိတ်နှလုံးအတွင်း၌ နေရာမရှိခဲ့သည့်အပြင် ၎င်းသည် ဘုရားသခင်ရှိသော နေရာကို အစားထိုးခဲ့ခြင်း မရှိပေ၊ သူကိုယ်တိုင်အတွက် ဖြစ်စေ သူ၏သားသမီးများအတွက် ဖြစ်စေ ယောဘ၏နေ့စဉ် လုပ်ဆောင်ချက် အားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့် ဆက်နွှယ်ခဲ့သည်။ ယေဟောဝါဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းသည် သူ၏ပါးစပ်၌ ရပ်တန့်ခဲ့ခြင်းမရှိဘဲ လက်တွေ့လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သူ၏ နေ့စဉ်အသက်တာ၏ အပိုင်းတစ်ခုစီနှင့် အားလုံးတွင် ထင်ဟပ်ခဲ့သည်။ ယောဘသည် ရိုးသားပြီး တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သည့် အနှစ်သာရတစ်ခုကို ပိုင်ဆိုင်ခဲ့ကြောင်း ငါတို့အား ဤလက်တွေ့ပြုမူပုံက ပြလျက်ရှိသည်။ ယောဘသည် သူ၏သားများနှင့် သမီးများကို မကြာခဏ စေလွှတ်၍ သန့်ရှင်းစေခဲ့သည် ဟူသော အဓိပ္ပာယ်မှာ သူသည် သူ၏ သားသမီးများ၏ အပြုအမူကို ခွင့်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိခဲ့ကြောင်း ဆိုလိုသည်၊ ထိုသို့မဟုတ်ဘဲ သူ၏စိတ်နှလုံးထဲ၌ ၎င်းတို့၏ အပြုအမူကို စိတ်ပျက်ကာ ၎င်းတို့အား ပြစ်တင်ဝေဖန်ခဲ့သည်။ သူ၏သားများနှင့် သမီးများ၏ အပြုအမူသည် ယေဟောဝါဘုရားသခင်ကို ကျေနပ်စေခြင်း မရှိဟူ၍ သူကောက်ချက်ချခဲ့သဖြင့် ၎င်းတို့ကို သူမကြာခဏ ခေါ်ယူကာ ယေဟောဝါဘုရားသခင်ရှေ့သို့ သွား၍ ၎င်းတို့၏အပြစ်များကို ဝန်ခံစေခဲ့သည်။ ယောဘ၏ လုပ်ဆောင်ချက်များသည် သူ၏ လူ့သဘာဝ၏ အခြားတစ်ဖက်ကို ငါတို့အား ပြပေသည်၊ ၎င်းမှာ သူသည် မကြာခဏ အပြစ်ပြုပြီး ဘုရားသခင်ကို ပြစ်မှားသောသူများနှင့်အတူ မည်သည့်အခါမျှ ပေါင်းသင်းခြင်း မရှိခဲ့ဘဲ ၎င်းတို့ကို ရှောင်ဖယ်ပြီး ရှောင်တိမ်းခဲ့သည်။ ဤလူများမှာ သူ၏ သားများနှင့် သမီးများပင် ဖြစ်သော်လည်း ၎င်းတို့သည် သူ၏မိသားစုဝင်များ ဖြစ်ခြင်းကြောင့် သူ၏ ကိုယ်ပိုင် နိယာမများကို ပစ်ပယ်ခဲ့ခြင်း မရှိသည့်အပြင် သူ၏ ကိုယ်ပိုင် ရပ်တည်ချက်များကြောင့် ၎င်းတို့၏ အပြစ်များ၌ မွေ့လျော်ခဲ့ခြင်း မရှိပေ။ ထိုသို့ပြုမည့်အစား ၎င်းတို့အား အပြစ်ဝန်ခံရန်နှင့် ယေဟောဝါဘုရားသခင်၏ သည်းခံခြင်းကို ရရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့၏ အလိုကြီးသော ပျော်ရွှင်မှုအလို့ငှာ ဘုရားသခင်ကို မစွန့်ပယ်ရန် ၎င်းတို့အား သူသတိပေးခဲ့သည်။ အခြားသူများအား ယောဘ ဆက်ဆံခဲ့ပုံ နိယာမများနှင့် ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ နိယာမများကို ခွဲခြား၍ မရနိုင်ပေ။ ဘုရားသခင် လက်ခံခဲ့သော အရာကို သူနှစ်သက်ခဲ့သည်၊ ဘုရားသခင် ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့သော အရာကို သူစက်ဆုပ်ရွံရှာခဲ့သည်၊ ဘုရားသခင်ကို မိမိတို့၏ စိတ်နှလုံးထဲ၌ ကြောက်ရွံ့သောသူများကို သူနှစ်သက်ခဲ့ပြီး ဘုရားသခင်ကို ပြစ်မှားသော သို့မဟုတ် မကောင်းမှု ကျူးလွန်ခဲ့သောသူများကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ယင်းကဲ့သို့ နှစ်သက်မှုနှင့် စက်ဆုပ်ရွံရှာမှုတို့ကို သူ၏ နေ့စဉ် အသက်တာထဲ၌ လက်တွေ့ပြသခဲ့ပြီး ၎င်းမှာ ဘုရားသခင်၏ အမြင်၌ မြင်ခဲ့သော ယောဘ၏ ဖြောင့်မတ်ခြင်းပင် ဖြစ်ခဲ့သည်။ သဘာဝအားဖြင့် ဤသည်မှာ သူ၏ နေ့စဉ်အသက်တာထဲတွင် အခြားသူများနှင့် သူ၏ ဆက်ဆံရေးထဲမှ ယောဘ၏ စစ်မှန်သော လူ့သဘာဝကို ဖော်ပြခြင်းနှင့် အသက်ရှင်နေထိုင်ခြင်းလည်း ဖြစ်ပြီး ငါတို့လေ့လာကြရမည့်အရာ ဖြစ်သည်။ စမ်းသပ်မှုများ ခံရစဉ်ကာလအတွင်း ယောဘ၏ လူ့သဘာဝ သရုပ်သကန်များ (စမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်း အကြောင်းကို နားလည်ခြင်း) အထက်တွင် ငါတို့ဝေငှပြောဆိုခဲ့သော အရာများမှာ စမ်းသပ်မှုများမတိုင်မီ ယောဘ၏ နေ့စဉ် အသက်တာထဲ၌ ပြသခဲ့သော သူ၏ လူ့သဘာဝ၏ အမျိုးမျိုးသော ရှုထောင့်များ ဖြစ်သည်။ အမျိုးမျိုးသော ဤသရုပ်သကန်များသည် ယောဘ၏ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းတို့အကြောင်း ကနဦး အကျွမ်းဝင်မှုနှင့် အသိအမြင်ကို ပေးပြီး သဘာဝအလျောက် ကနဦး အတည်ပြုချက်ကို ပေးသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ “ကနဦး” ဟု ငါဆိုရသည့် အကြောင်းရင်းမှာ လူအများစုတို့သည် ယောဘ၏ ပင်ကိုစရိုက်နှင့် ဘုရားသခင်အပေါ် နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းနှင့်ပတ်သက်၍ သူလိုက်စားခဲ့သည့် နည်းလမ်း၏ အတိုင်းအတာအပေါ် စစ်မှန်သော အသိအမြင်တစ်ခု မရှိကြသေးခြင်းကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ယောဘအပေါ် လူအများစု၏ နားလည်ခြင်းမှာ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟူ၍လည်းကောင်း “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူ၍လည်းကောင်း သမ္မာကျမ်းစာထဲ၌ သူ၏ စကားများအားဖြင့် ဖော်ပြထားသော အနည်းငယ်ကောင်းသော ထင်မြင်ချက်ထက် ကျော်လွန်ခြင်း မရှိပေ။ ထို့ကြောင့် ယောဘသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ရရှိခဲ့ခြင်းကြောင့် သူသည် သူ၏လူ့သဘာဝကို မည်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့ကြောင်းကို ငါတို့နားလည်ရန် အလွန်လိုအပ်သည်၊ ဤနည်းဖြင့် ယောဘ၏ စစ်မှန်သော လူ့သဘာဝကို အယောက်တိုင်းအား အလုံးစုံ ပြသမည် ဖြစ်သည်။ ယောဘသည် သူ၏ဥစ္စာပစ္စည်းများ အခိုးယူခံခဲ့ရကြောင်း၊ သူ၏သားများနှင့် သမီးများ အသက်ဆုံးရှုံးခဲ့ရကြောင်းနှင့် သူ၏အစေခံများ အသတ်ခံခဲ့ရကြောင်းကို ကြားသောအခါ ဤသို့ သူတုံ့ပြန်ခဲ့သည်၊ “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပြပ်ဝပ်လျက် ကိုးကွယ်ပြီး။” (ယောဘ ၁:၂၀) ဤစကားများသည် ငါတို့အား အဖြစ်မှန် တစ်ခုကို ပြောပြသည်၊ ဤသတင်းကို ကြားပြီးနောက် ယောဘသည် ထိတ်ထိတ်ပျာပျာ ဖြစ်ခြင်း၊ ငိုကြွေးခြင်း သို့မဟုတ် သူ့အား သတင်းပေးသော အစေခံများကို အပြစ်တင်ခြင်း မရှိခဲ့ပေ၊ သူသည် ဘာဘာညာညာ ဖြစ်ခဲ့သည် ဟူသော အကြောင်းပြချက်များကို စုံစမ်းပြီး မှန်ကန်ကြောင်း အတည်ပြုရန် အခင်းဖြစ်သည့်နေရာကို စစ်ဆေးခြင်းနှင့် အမှန်တကယ် ဖြစ်ခဲ့သည်တို့ကို စုံစမ်းခြင်းတို့ကို ပို၍ပင် မပြုခဲ့ချေ။ သူ၏ ပိုင်ဆိုင်မှုများကို ဆုံးရှုံးရခြင်းကြောင့် နာကျင်ခြင်း သို့မဟုတ် နောင်တရခြင်း တစ်စုံတစ်ရာကို မပြသခဲ့သည် သာမက သူချစ်သော သားသမီးများကို ဆုံးရှုံးရခြင်းကြောင့်လည်း စိတ်မထိန်းနိုင်ဖြစ်ကာ မျက်ရည်ကျငိုကြွေးခဲ့ခြင်း မရှိပေ။ ယင်းကဲ့သို့ မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူသည် သူ၏ ဝတ်လုံကို ဆုတ်ခဲ့သည်၊ သူ၏ ဦးခေါင်းကို ရိတ်ခဲ့သည်၊ မြေပေါ်တွင် ပြပ်ဝပ်လျက် ကိုးကွယ်ခဲ့လေသည်။ ယောဘ၏ လုပ်ဆောင်ချက်များသည် သာမန် လူတစ်စုံတစ်ဦး၏ လုပ်ဆောင်ချက်များနှင့် မတူညီပေ။ ထိုလုပ်ဆောင်ချက်များသည် လူများစွာကို စိတ်ရှုပ်ထွေးစေပြီး ယောဘအား သူ၏ “သွေးအေးစက်မှု” အတွက်ကြောင့် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ အပြစ်ဖော်ဆုံးမစေသည်။ မိမိတို့၏ ပိုင်ဆိုင်မှုများကို ရုတ်တရက် ဆုံးရှုံးပါက သာမန်လူများသည် ဝမ်းနည်းပက်လက် ဖြစ်သည့်ပုံ သို့မဟုတ် မျှော်လင့်ချက်ကုန်သည့်ပုံ ပေါက်ကြမည်၊ သို့မဟုတ် အချို့လူများ၏ အခြေအနေတွင် ၎င်းတို့သည် အလွန် စိတ်ဓာတ်ကျခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် လူတို့၏ ဥစ္စာပစ္စည်းသည် တစ်ဘဝစာ ကြိုးစားမှုကို ကိုယ်စားပြုသည်၊ ထိုအရာအပေါ်တွင် ၎င်းတို့၏ ဆက်လက်ရှင်သန်မှု မူတည်သည်၊ ၎င်းသည် ၎င်းတို့အား ဆက်၍ အသက်ရှင်စေသော မျှော်လင့်ချက် ဖြစ်သည်၊ ၎င်းတို့၏ ဥစ္စာပစ္စည်း ဆုံးရှုံးခြင်းသည် ၎င်းတို့၏ ကြိုးပမ်းမှုများမှာ အချည်းနှီး ဖြစ်ခဲ့ရခြင်း၊ ၎င်းတို့၌ မျှော်လင့်ချက် မရှိခြင်းနှင့် အနာဂတ်ပင် မရှိခြင်း ဖြစ်သည်ဟူ၍ အဓိပ္ပာယ်ရသည်။ ဤသည်မှာ သာမန် လူတစ်စုံတစ်ဦးသည် ၎င်းတို့၏ ဥစ္စာပစ္စည်းအပေါ်ထားသည့် သဘောထားဖြစ်ပြီး ယင်းဥစ္စာပစ္စည်းနှင့်အတူရှိသည့် ၎င်းတို့ အနီးကပ် ဆက်နွှယ်မှုဖြစ်ပြီး ဤသည်မှာ လူတို့၏ အမြင်တွင် ဥစ္စာပစ္စည်း၏ တန်ခိုးရှိခြင်းလည်း ဖြစ်သည်။ ယင်းအကြောင်းကြောင့် လူအများစုသည် မိမိ၏ ဥစ္စာပစ္စည်း ဆုံးရှုံးခြင်းအပေါ်က ယောဘ၏ အေးစက်သော သဘောထားကြောင့် စိတ်ရှုပ်ကြသည်။ ယောဘ၏ စိတ်နှလုံးအတွင်း မည်သည်တို့ ဖြစ်ပျက်နေခဲ့ကြောင်းကို ရှင်းလင်းပြခြင်းအားဖြင့် ဤလူအားလုံး၏ စိတ်ရှုပ်ထွေးခြင်းကို ယနေ့ ငါတို့ ပပျောက်စေမည် ဖြစ်သည်။ ယင်းကဲ့သို့ အလျှံအပယ်ဖြစ်သော ပိုင်ဆိုင်မှုများကို ပေးအပ်ထားခြင်းကို ခံရပြီးနောက် သူသည် ၎င်းတို့အား ကြည့်ရှုခြင်း သို့မဟုတ် စောင့်ရှောက်မှု မရှိခြင်း၊ ဘုရားသခင် ပေးခဲ့သော ပိုင်ဆိုင်မှုများကို မထိန်းသိမ်းခဲ့ခြင်းကြောင့် ဤပိုင်ဆိုင်မှုများကို ဆုံးရှုံးရသည့်အတွက် ယောဘသည် ဘုရားသခင်ရှေ့တွင် ရှက်ကြောက်သင့်ကြောင်း သာမန် လူပြိန်းအသိက ဆုံးဖြတ်ပေးသည်။ ထို့ကြောင့် သူ၏ ဥစ္စာပစ္စည်းများ အခိုးယူခံခဲ့ရကြောင်းကို ကြားသည့်အခါ သူ၏ ပထမဦးဆုံး တုံ့ပြန်မှုမှာ အခင်းဖြစ်သော နေရာသို့ သွားကာ ကုန်ဆုံးခဲ့သောခ အရာမှန်သမျှ၏ စာရင်းကိုယူရန် ဖြစ်ခဲ့သင့်သည်၊ ထို့နောက် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို နောက်ထပ်တဖန် ရကောင်းရနိုင်ရန် ဘုရားသခင်ထံ အပြစ်ဝန်ချရန် ဖြစ်ခဲ့သင့်သည်။ သို့သော်လည်း ယောဘသည် ဤသို့မပြုခဲ့ဘဲ သူ၌ သဘာဝအလျောက် ထိုသို့ မပြုရခြင်း၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိခဲ့သည်။ ယောဘ၏ စိတ်နှလုံးထဲ၌ သူပိုင်ဆိုင်သမျှသည် သူ့အပေါ် ဘုရားသခင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး သူ၏ ကိုယ်ပိုင် အားထုတ်မှုကြောင့် ရလာခြင်း မဟုတ်ကြောင်းကို အလေးအနက် သူ ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူသည် ဤကောင်းချီးမင်္ဂလာများမှာ အမြတ်ထုတ်ရသည့် အရာတစ်စုံတစ်ခုအဖြစ် သူမမြင်ခဲ့ပေ၊ သို့သော် သူ၏ နေထိုင်စားသောက်ပုံ နိယာမများအဖြစ် သူ စွဲကိုင်ထားသင့်သော နည်းလမ်းကို ကျားကုတ်ကျားခဲ စွဲကိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မြတ်နိုးခဲ့ပြီး ကောင်းချီးခံစားရသည့်အတွက် ကျေးဇူးတော်ချီးမွမ်းခဲ့သည်၊ သို့သော်လည်း သူသည် ကောင်းချီးမင်္ဂလာများအပေါ် စွဲလန်းခြင်းနှင့် နောက်ထပ် ကောင်းချီမင်္ဂလာများကို တောင်းခံခြင်း မရှိခဲ့ပေ။ ယင်းမှာ ဥစ္စာပစ္စည်းအပေါ်ထားသော သူ၏ သဘောထား ဖြစ်ခဲ့သည်။ ကောင်းချီးမင်္ဂလာများ ရရန်အလို့ငှာ တစ်စုံတစ်ခုကို သူမပြုခဲ့သည့်အပြင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ကင်းမဲ့ခြင်း သို့မဟုတ် ဆုံးရှုံးခြင်းကြောင့် စိုးရိမ်ခြင်း သို့မဟုတ် စိတ်ထိခိုက်ခြင်း မရှိခဲ့ပေ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကြောင့် သူသည် လွန်လွန်ကဲကဲ၊ အရူးအမူး ပျော်ရွင်ခဲ့ခြင်း မရှိသည့်အပြင် သူမကြာခဏ အကျိုးခံစားခဲ့ရသော ကောင်းချီးမင်္ဂလာများကြောင့် ဘုရားသခင်၏ နည်းလမ်းကို လျစ်လျူရှုခြင်း သို့မဟုတ် ဘုရားသခင်၏ ကျေးဇူးတော်ကို မေ့လျော့ခြင်း မရှိခဲ့ပေ။ ဥစ္စာပစ္စည်းအပေါ် ယောဘ၏ သဘောထားသည် သူ၏ စစ်မှန်သော လူ့သဘာဝကို လူတို့အား ထုတ်ဖော်ပြသည်၊ ပထမဦးစွာ ယောဘသည် လောဘကြီးသော လူသားတစ်ဦး မဟုတ်ခဲ့သည့်အပြင် သူ၏ ရုပ်ဝတ္ထု ပေါကြွယ်ဝသော အသက်တာထဲတွင် နားပူနားဆာ မလုပ်ခဲ့ပေ။ ဒုတိယအနေဖြင့် ယောဘသည် သူ၌ ရှိသမျှကို ဘုရားသခင် ရုပ်သိမ်းမည်ကို စိုးရိမ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ၊ ၎င်းမှာ သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို နာခံသည့် သူ၏ သဘောထား ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ သူ့ထံမှ ဘုရားသခင်သည် မည်သည့် အချိန် သို့မဟုတ် ရုပ်သိမ်းခြင်း ပြုမည် မပြုမည်နှင့်ပတ်သက်၍ သူ၌ တောင်းဆိုချက်များ သို့မဟုတ် ညည်းညူချက်များ မရှိခဲ့သည့်အပြင် မည်သည့်အတွက်ကြောင့်ဟူ၍ အကြောင်းပြချက်ကိုလည်း မတောင်းခဲ့ဘဲ ဘုရားသခင်၏ အစီအစဉ်များကို နာခံရန်သာ ကြိုးပမ်းခဲ့သည်။ တတိယအနေဖြင့် သူ၏ ပိုင်ဆိုင်မှုများသည် သူ၏ ကိုယ်ပိုင် အားထုတ်မှုများမှ ရလာခြင်း ဖြစ်သည်ဟု မည်သည့်အခါမျှ သူမယုံကြည်ခဲ့ဘဲ ၎င်းတို့မှာ သူ့အပေါ် ဘုရားသခင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ယုံကြည်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယောဘ၏ ယုံကြည်ခြင်း ဖြစ်ခဲ့ပြီး သူ၏ ခံယူချက်ကို အရိပ်အမြွက်ပြချက် တစ်ခုဖြစ်သည်။ ယောဘ၏ လူ့သဘာဝနှင့် သူ၏ နေ့စဉ် စစ်မှန်သော လိုက်စားမှုတို့သည် သူ့အကြောင်းကို ဤအချက်သုံးချက်ပါ အကျဉ်းချုပ်ထဲတွင် ရှင်းပြခဲ့ခြင်း ရှိသလော။ ယောဘ၏ လူ့သဘာဝနှင့် လိုက်စားမှုတို့မှာ သူ၏ ဥစ္စာပစ္စည်းများ ဆုံးရှုံးခြင်းနှင့် ရင်ဆိုင်ခဲ့စဉ် သူ၏ အေးစက်သော ပြုမူပုံနှင့် တစ်သားတည်း ဖြစ်ခဲ့သည်။ ယောဘသည် သူ၏ နေ့စဉ် လိုက်စားမှုကြောင့် ဘုရားသခင်၏ စမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟု ပြောရန် ဝိညာဉ်အသက်တာနှင့် ခံယူချက် ရှိခဲ့ခြင်း ဖြစ်သည်။ ဤစကားများမှာ ညတွင်းချင်း ရခဲ့ခြင်း မဟုတ်သကဲ့သို့ ၎င်းတို့သည် ယောဘ၏ခေါင်းထဲ၌ ရုတ်တရက် ပေါ်လာခဲ့ခြင်း မဟုတ်ပေ။ ၎င်းတို့မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော ဘဝအတွေ့အကြုံတစ်လျှောက် မြင်ခဲ့ပြီး ရခဲ့သော အရာများဖြစ်သည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရယူပြီး ၎င်းတို့ထံမှ ဘုရားသခင် သိမ်းမည်ကို ကြောက်ရွံ့သောသူ၊ ၎င်းကို မုန်းတီးပြီး ညည်းတွားသောသူ အားလုံးနှင့် နှိုင်းယှဉ်ပါက ယောဘ၏ နာခံခြင်းမှာ အလွန် စစ်မှန်သည် မဟုတ်လော။ ဘုရားသခင် တစ်ဆူရှိကြောင်းကို ယုံကြည်သော်လည်း ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးကြောင်းကို မည်သည့်အခါမျှ မယုံကြည်ခဲ့သော သူအားလုံးနှင့် နှိုင်းယှဉ်ပါက ယောဘသည် ထူးကဲသော ရိုးသားမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ပိုင်ဆိုင်သည် မဟုတ်လော။ အောက်ခြေမှတ်စု(များ)- က။ မူရင်းစာသားတွင် “ဆုံးရှုံးခြင်းအပေါ်” ဟူသော စကားရပ် ပါဝင်ခြင်းမရှိပေ။ ခ။ မူရင်းစာသားတွင် “ကုန်ဆုံးခဲ့သော” ဟူသော စကားရပ် ပါဝင်ခြင်းမရှိပေ။ အကြံပြုစာများဖတ်ရှုလေ့လာရန်: ခရစ်ယာန် သက်သေခံချက်များ
0 Comments
Leave a Reply. |
Click & Join us作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|