ယောဘကို စာတန် နောက်ထပ်တဖန် စုံစမ်းနှောင့်ယှက်လေ၏ (ယောဘ၏ ခန္ဓာကိုယ် တစ်ခုလုံး၌ ဆိုးသောအနာစိမ်းများ စွဲကပ်ခြင်း) က။ ဘုရားသခင် ပြောသော စကားများ
ယောဘ ၂:၃ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူ့နှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။ ယောဘ ၂:၆ ထိုအခါ ယေဟောဝါက စာတန်အား၊ သူသည် သင်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏။
0 Comments
ဘုရားနှုတ်ကပတ်တော် | နောင်လာမည့် မျိုးဆက်များကို ယောဘ၏ သက်သေခံချက်မှ ပေးသော သတိပေးချက်နှင့် ဉာဏ်အလင်း ဘုရားသခင်သည် တစ်စုံတစ်ဦးကို လုံးလုံးလျားလျား ရယူသော နည်းစနစ်ကို နားလည်သည်နှင့် တစ်ချိန်တည်းတွင် ဘုရားသခင်သည် ယောဘကို စာတန်ထံ အပ်နှံခြင်း၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်ကို လူတို့ နားလည်ကြလိမ့်မည် ဖြစ်သည်။ လူတို့သည် ယောဘခံရသော ညှဉ်းပန်းမှုဒဏ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြတော့မည် မဟုတ်ဘဲ ၎င်း၏အဓိပ္ပာယ်အပေါ် အသစ်သော နားလည်မှုတစ်ခု ရှိကြမည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင် ယောဘကဲ့သို့ တူညီသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရမည်လောဟု မစိုးရိမ်ကြတော့သည့်အပြင် ဘုရားသခင်၏ စမ်းသပ်မှုများ ရောက်လာခြင်းကို ဆန့်ကျင်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုကြတော့မည် မဟုတ်ပေ။ စာတန်ကို အောင်မြင်ရာ၌ ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် သူ၏သက်သေခံချက်တို့သည် လူတို့အတွက် ကြီးမားသော အထောက်အကူနှင့် အားပေးတိုက်တွန်းမှု အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။ ယောဘထဲ၌ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ကိုမြင်ကြပြီး ယုံကြည်ခြင်း၊ ဘုရားသခင်ကို နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းအားဖြင့် စာတန်ကို အနိုင်ယူရန်နှင့် စာတန်ကို လွှမ်းမိုးရန် လုံးလုံးလျားလျား ဖြစ်နိုင်ခြေရှိကြောင်း မြင်ကြရသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံပြီး အရာခပ်သိမ်းကို ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင်လည်း ဘုရားသခင်ကို မစွန့်ပစ်သည့် စိတ်ဆုံးဖြတ်ချက်နှင့် ယုံကြည်ခြင်းရှိသည့် ကာလပတ်လုံး ၎င်းတို့သည် စာတန်ကို အရှက်ရစေပြီး အောင်မြင်နိုင်ကြောင်းကို မြင်ကြပြီး ၎င်းတို့သည် ၎င်းတို့၏ အသက်များကို ဆုံးရှုံးရပါကလည်း စာတန်ကြောက်လန့်ပြီး ဆုတ်ခွာစေရန်အတွက် ၎င်းတို့၏ သက်သေခံချက်ထဲတွင် မြဲမြံစွာ ရပ်တည်ရန် စိတ်ဆုံးဖြတ်ချက်နှင့် လုံ့လဝီရီယ ရှိရန်သာ လိုအပ်ကြောင်း မြင်ကြသည်။ ယောဘ၏ သက်သေခံချက်သည် နောင်လာမည့် မျိုးဆက်များအတွက် သတိပေးချက် တစ်ခု ဖြစ်ပြီး အကယ်၍ ၎င်းတို့သည် စာတန်ကို အနိုင်ယူခြင်း မရှိပါက စာတန်၏ စွပ်စွဲချက်များနှင့် နှောင့်ယှက်မှုများထဲမှ ၎င်းတို့ကိုယ်ကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ကြောင်း ဤသတိပေးချက်က ပြောခြင်းဖြစ်သည်။ ယောဘ၏ သက်သေခံချက်သည် နောင်လာမည့် မျိုးဆက်များကို ဉာဏ်အလင်းပေးခဲ့သည်။ ဤဉာဏ်အလင်းက လူတို့အား အကယ်၍ ၎င်းတို့သည် စုံလင်ဖြောင့်မတ်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်မှသာလျှင် ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မည် ဖြစ်ကြောင်း၊ ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မှသာလျှင် ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းကို မည်သည့်အခါမျှ မခံရဘဲ ဘုရားသခင်၏ လမ်းပြမှုနှင့် ကာကွယ်မှုအောက်တွင် အသက်ရှင်ရမည် ဖြစ်ကြောင်းနှင့် ထိုအခါမှသာ ၎င်းတို့သည် ကယ်တင်ခြင်းကို အမှန် ခံရမည် ဖြစ်ကြောင်း သွန်သင်ပေးသည်။ ကယ်တင်ခြင်းကို လိုက်စားသောသူ အယောက်တိုင်းသည် ယောဘ၏ ပင်ကိုစရိုက်နှင့် သူ၏ ဘဝလိုက်စားမှုတို့ကို အတုယူသင့်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှု ရှောင်သည့် နည်းလမ်းကို လိုက်စားသောသူ အားလုံးအတွက် သူ၏ တစ်ဘဝလုံး အသက်ရှင်နေထိုင်မှုနှင့် စမ်းသပ်မှုများ ခံရစဉ်ကာလအတွင်း သူ၏ပြုမူပုံတို့မှာ အဖိုးထိုက်သော ရတနာတစ်ပါးပင် ဖြစ်သည်။
ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့်အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။
ယောဘကို ပထမဆုံးအကြိမ် စာတန်စုံစမ်းခြင်း (သူ၏ ခြံမွေးတိရစ္ဆာန်များ အခိုးယူခံရပြီး သူ၏ သားသမီးများအပေါ် ဘေးဒုက္ခဆိုက်ခြင်း) က။ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ
ယောဘ ၁:၈ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။ |
Click & Join us作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|