ဘုရားနှုတ်ကပတ်တော် | နောင်လာမည့် မျိုးဆက်များကို ယောဘ၏ သက်သေခံချက်မှ ပေးသော သတိပေးချက်နှင့် ဉာဏ်အလင်း ဘုရားသခင်သည် တစ်စုံတစ်ဦးကို လုံးလုံးလျားလျား ရယူသော နည်းစနစ်ကို နားလည်သည်နှင့် တစ်ချိန်တည်းတွင် ဘုရားသခင်သည် ယောဘကို စာတန်ထံ အပ်နှံခြင်း၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်ကို လူတို့ နားလည်ကြလိမ့်မည် ဖြစ်သည်။ လူတို့သည် ယောဘခံရသော ညှဉ်းပန်းမှုဒဏ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြတော့မည် မဟုတ်ဘဲ ၎င်း၏အဓိပ္ပာယ်အပေါ် အသစ်သော နားလည်မှုတစ်ခု ရှိကြမည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင် ယောဘကဲ့သို့ တူညီသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရမည်လောဟု မစိုးရိမ်ကြတော့သည့်အပြင် ဘုရားသခင်၏ စမ်းသပ်မှုများ ရောက်လာခြင်းကို ဆန့်ကျင်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုကြတော့မည် မဟုတ်ပေ။ စာတန်ကို အောင်မြင်ရာ၌ ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် သူ၏သက်သေခံချက်တို့သည် လူတို့အတွက် ကြီးမားသော အထောက်အကူနှင့် အားပေးတိုက်တွန်းမှု အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။ ယောဘထဲ၌ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ကိုမြင်ကြပြီး ယုံကြည်ခြင်း၊ ဘုရားသခင်ကို နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းအားဖြင့် စာတန်ကို အနိုင်ယူရန်နှင့် စာတန်ကို လွှမ်းမိုးရန် လုံးလုံးလျားလျား ဖြစ်နိုင်ခြေရှိကြောင်း မြင်ကြရသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံပြီး အရာခပ်သိမ်းကို ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင်လည်း ဘုရားသခင်ကို မစွန့်ပစ်သည့် စိတ်ဆုံးဖြတ်ချက်နှင့် ယုံကြည်ခြင်းရှိသည့် ကာလပတ်လုံး ၎င်းတို့သည် စာတန်ကို အရှက်ရစေပြီး အောင်မြင်နိုင်ကြောင်းကို မြင်ကြပြီး ၎င်းတို့သည် ၎င်းတို့၏ အသက်များကို ဆုံးရှုံးရပါကလည်း စာတန်ကြောက်လန့်ပြီး ဆုတ်ခွာစေရန်အတွက် ၎င်းတို့၏ သက်သေခံချက်ထဲတွင် မြဲမြံစွာ ရပ်တည်ရန် စိတ်ဆုံးဖြတ်ချက်နှင့် လုံ့လဝီရီယ ရှိရန်သာ လိုအပ်ကြောင်း မြင်ကြသည်။ ယောဘ၏ သက်သေခံချက်သည် နောင်လာမည့် မျိုးဆက်များအတွက် သတိပေးချက် တစ်ခု ဖြစ်ပြီး အကယ်၍ ၎င်းတို့သည် စာတန်ကို အနိုင်ယူခြင်း မရှိပါက စာတန်၏ စွပ်စွဲချက်များနှင့် နှောင့်ယှက်မှုများထဲမှ ၎င်းတို့ကိုယ်ကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ကြောင်း ဤသတိပေးချက်က ပြောခြင်းဖြစ်သည်။ ယောဘ၏ သက်သေခံချက်သည် နောင်လာမည့် မျိုးဆက်များကို ဉာဏ်အလင်းပေးခဲ့သည်။ ဤဉာဏ်အလင်းက လူတို့အား အကယ်၍ ၎င်းတို့သည် စုံလင်ဖြောင့်မတ်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်မှသာလျှင် ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မည် ဖြစ်ကြောင်း၊ ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မှသာလျှင် ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းကို မည်သည့်အခါမျှ မခံရဘဲ ဘုရားသခင်၏ လမ်းပြမှုနှင့် ကာကွယ်မှုအောက်တွင် အသက်ရှင်ရမည် ဖြစ်ကြောင်းနှင့် ထိုအခါမှသာ ၎င်းတို့သည် ကယ်တင်ခြင်းကို အမှန် ခံရမည် ဖြစ်ကြောင်း သွန်သင်ပေးသည်။ ကယ်တင်ခြင်းကို လိုက်စားသောသူ အယောက်တိုင်းသည် ယောဘ၏ ပင်ကိုစရိုက်နှင့် သူ၏ ဘဝလိုက်စားမှုတို့ကို အတုယူသင့်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှု ရှောင်သည့် နည်းလမ်းကို လိုက်စားသောသူ အားလုံးအတွက် သူ၏ တစ်ဘဝလုံး အသက်ရှင်နေထိုင်မှုနှင့် စမ်းသပ်မှုများ ခံရစဉ်ကာလအတွင်း သူ၏ပြုမူပုံတို့မှာ အဖိုးထိုက်သော ရတနာတစ်ပါးပင် ဖြစ်သည်။ ယောဘ၏ သက်သေခံချက်သည် ဘုရားသခင်ကို စိတ်ချမ်းသာစေသည် ယောဘသည် နှစ်လိုဖွယ်ကောင်းသော လူသားတစ်ဦးဖြစ်သည်ဟု သင်တို့အား ငါယခုဆိုပါက သင်တို့သည် ဤစကားများထဲမှ အနက်အဓိပ္ပာယ်ကို သဘောပေါက်နိုင်ခြေ ရှိမည်မဟုတ်ဘဲ ဤအရာအားလုံးကို ငါပြောရခြင်း၏ နောက်ကွယ်မှ သဘောထားကို နားလည်သဘောပေါက်နိုင်ခြေ ရှိမည်မဟုတ်ပေ၊ သို့သော်လည်း ယောဘခံခဲ့ရသော စမ်းသပ်မှုများနှင့် တူညီသော သို့မဟုတ် ဆင်တူသော စမ်းသပ်မှုများကို သင်တို့ခံဖူးသည့် နေ့ရက်၊ ဘေးဒုက္ခကို သင်တို့ ဖြတ်သန်းဖူးသည့် နေ့ရက်၊ သင်တို့အတွက် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ထားသော စမ်းသပ်မှုများကို သင်တို့ခံဖူးသည့် နေ့ရက်၊ စုံစမ်းနှောင့်ယှက်ခြင်းများအကြားတွင် စာတန်ကို အောင်နိုင်လွှမ်းမိုးရန်နှင့် ဘုရားသခင်ကို သက်သေခံရန်အတွက် သင်၌ရှိသမျှကို ပေးပြီး အရှက်ကွဲခြင်းနှင့် အခက်အခဲကို သည်းခံသည့် နေ့ရက်အထိ စောင့်ကြလော့၊ ထိုအခါ သင်သည် ငါပြောသော ဤစကားများ၏ အဓိပ္ပာယ်ကို သဘောပေါက်နိုင်လိမ့်မည်။ ထိုအချိန်တွင် သင်သည် ယောဘထက် အလွန်နိမ့်ကျကြောင်း သင်သိလိမ့်မည်၊ ယောဘသည် မည်မျှ နှစ်လိုဖွယ်ကောင်းကြောင်းနှင့် သူသည် အတုယူထိုက်ကြောင်း သင်သိလိမ့်မည်၊ ထိုအချိန် ရောက်သောအခါ သင်သည် ယောဘပြောခဲ့သည့် စံပြုထိုက်သော ထိုစကားများမှာ ဤခေတ်ကာလများ၌ နေထိုင်ပြီး ပျက်စီးယိုယွင်းသောသူ တစ်ဦးအတွက် မည်မျှအရေးကြီးကြောင်း သင်သဘောပေါက်လာလိမ့်မည်ဖြစ်ပြီး ယောဘစွမ်းဆောင်ခဲ့သောအရာသည် ယနေ့ခေတ်လူများ စွမ်းဆောင်ရန် မည်မျှပင် ခက်ခဲကြောင်းကို သင်သဘောပေါက်လာလိမ့်မည် ဖြစ်သည်။ ခက်ခဲသည်ဟု သင်ခံစားရသည့်အခါ ဘုရားသခင်၏ စိတ်နှလုံးမှာ မည်မျှစိုးရိမ်ပူပန်ကြောင်းကို သင်နားလည်လာမည်၊ ယင်းကဲ့သို့ လူများကို ရရန်အတွက် ဘုရားသခင် ပေးခဲ့သော အဖိုးအခမှာ မည်မျှပင် ကြီးမားကြောင်းနှင့် လူသားမျိုးအတွက်အတွက် ဘုရားသခင်ပြုခဲ့ပြီး အသုံးပြုခဲ့သည်တို့မှာ မည်မျှပင် အဖိုးထိုက်ကြောင်းကို သင်နားလည်လာမည် ဖြစ်သည်။ ယခုအခါ သင်တို့သည် ဤစကားများကို ကြားခဲ့ပြီး ဖြစ်သောကြောင့် ယောဘအပေါ် တိကျမှန်ကန်ပြီး မှန်သော အကဲဖြတ်ချက်တစ်ခု သင်တို့၌ ရှိသလော။ သင်တို့၏ အမြင်တွင် ယောဘသည် အမှန်တကယ် စုံလင် ဖြောင့်မတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သော လူတစ်ဦး ဖြစ်ခဲ့သလော။ လူအများစုက ဖြစ်ခဲ့ပါသည်ဟူ၍ ပြောကြလိမ့်မည်ဟု ငါကျိန်းသေ ယုံကြည်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယောဘ လုပ်ဆောင်ခဲ့ပြီး ထုတ်ဖော်ခဲ့သော ဖြစ်ရပ်မှန်များမှာ မည်သည့် လူသားတစ်ဦးတစ်ယောက်မျှ သို့မဟုတ် စာတန်အနေဖြင့် မငြင်းနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့မှာ စာတန်အပေါ် ယောဘ အောင်နိုင်ခြင်း၏ တန်ခိုးအရှိဆုံး သက်သေဖြစ်သည်။ ဤသက်သေသည် ယောဘထဲမှ ထွက်ခဲ့ခြင်းဖြစ်ပြီး ဘုရားသခင် လက်ခံရရှိသော ပထမဦးဆုံး သက်သေခံချက် ဖြစ်ခဲ့သည်။ ထို့ကြောင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများထဲ၌ ယောဘအောင်နိုင်ပြီး ဘုရားသခင်အား သက်သေခံခဲ့သည့်အခါ ဘုရားသခင်သည် ယောဘထဲ၌ မျှော်လင့်ခြင်းကို မြင်ခဲ့ပြီး သူ၏စိတ်နှလုံးသည် ယောဘအားဖြင့် သက်သာရာ ရခဲ့သည်။ ဖန်ဆင်းမှုအစမှ ယောဘခေတ်အထိ ဤအကြိမ်မှာ ဘုရားသခင်သည် စိတ်ချမ်းသာခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်းနှင့် လူသားကြောင့် စိတ်ချမ်းသာရခြင်း၏ အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်ကြောင်းကို ပထမဆုံးအကြိမ် စစ်မှန်စွာ ခံစားခဲ့ရခြင်း ဖြစ်ပြီး သူ့အတွက်ဖြစ်သော စစ်မှန်သော သက်သေခံချက်ကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့ခြင်းနှင့် ရခဲ့ခြင်း ဖြစ်သည်။ ယောဘ၏ သက်သေခံချက်နှင့် ယောဘ၏ အမျိုးမျိုးသော ရှုထောင့်များ၏ ဖြစ်စဉ်များကို ကြားပြီးနောက်တွင် လူအများစုသည် ၎င်းတို့ ရှေ့၌ရှိသော လမ်းကြောင်းအတွက် အစီအစဉ်များ ရှိကြလိမ့်မည်ဟု ငါယုံကြည်သည်။ ထို့အပြင် စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသော လူအများစုသည် စတင်ကာ ဖြည်းဖြည်းချင်း ကိုယ်ရောစိတ်ပါ ငြိမ်းအေးလာပြီး တဖြည်းဖြည်း စိတ်သက်သာရာ ရကြလိမ့်မည်ဟုလည်း ငါယုံကြည်သည်… သင်နှစ်သက်နိုင်သည့် အရာများ ခရစ်ယာန် သက်သေခံချက်များ
0 Comments
Leave a Reply. |
Click & Join us作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|