ယောဘအား စာတန်ထံသို့ ဘုရားသခင် စွန့်ပစ်ခြင်းနှင့် ဘုရားသခင်အမှု၏ ရည်မှန်းချက်များအကြားရှိ ဆက်နွှယ်မှု ယခုအခါ လူအများစုသည် ယောဘ စုံလင်ဖြောင့်မတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှု ရှောင်ကြောင်းကို အသိအမှတ်ပြုကြသော်လည်း ဤသို့ အသိအမှတ်ပြုခြင်းသည် ၎င်းတို့အား ဘုရားသခင်၏ ရည်ရွယ်ချက်အပေါ် ပို၍ နက်ရှိုင်းသော နားလည်မှုကို မပေးချေ။ ယောဘ၏ လူ့သဘာဝနှင့် လိုက်စားမှုကို အားကျသည့် တစ်ချိန်တည်းတွင် ၎င်းတို့က ဤကဲ့သို့ မေးခွန်းကို ဘုရားသခင်အား မေးကြသည်၊ ယောဘသည် အလွန် စုံလင်ဖြောင့်မတ်ခဲ့သည်၊ သူ့ကို လူအများက မြတ်နိုးခဲ့ကြသည်၊ ထိုသို့ဆိုသော် ဘုရားသခင်သည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့အပ်၍ မြောက်မြားစွာသော နှိပ်စက်ညှဉ်းပန်းမှုကို ခံစေသနည်း။ ယင်းကဲ့သို့ မေးခွန်းများသည် လူများစွာတို့၏ စိတ်နှလုံးထဲ၌ တည်ရှိရန် နှောင်ဖွဲ့ထားသည်၊ အတိအကျဆိုပါက ဤသံသယသည် လူများစွာ၏ စိတ်နှလုံးများထဲမှ မေးခွန်းဖြစ်သည်။ ၎င်းသည် မြောက်မြားစွာသော လူတို့ကို ဝေခွဲမရ ဖြစ်စေခဲ့သည့်အတွက် ငါတို့သည် ဤမေးခွန်းကို စားပွဲပေါ်၌တင်ကာ ၎င်းကို ကောင်းစွာ ရှင်းပြရမည် ဖြစ်သည်။
0 Comments
ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့်အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။
ယောဘကို ပထမဆုံးအကြိမ် စာတန်စုံစမ်းခြင်း (သူ၏ ခြံမွေးတိရစ္ဆာန်များ အခိုးယူခံရပြီး သူ၏ သားသမီးများအပေါ် ဘေးဒုက္ခဆိုက်ခြင်း) က။ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ
ယောဘ ၁:၈ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။ |
Click & Join us作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|