ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့်အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။ ဤအရာသည် အာဗြဟံအတွက် ဘုရားသခင်၏ ပြီးပြည့်စုံသည့် ကောင်းချီးမင်္ဂလာ ဖြစ်သည်။ တိုတောင်းသော်လည်း ပါဝင်သည့်အကြောင်းအရာက ကြွယ်ဝသည်။ အာဗြဟံအတွက် ဘုရားသခင်၏ လက်ဆောင်အတွက် အကြောင်းရင်း၊ နောက်ခံနှင့် အာဗြဟံကို ဘုရားသခင် မည်သည့်အရာပေးသည်ဟူသည့်အရာများ ပါဝင်သည်။ ၎င်းသည် ဤနှုတ်ကပတ်တော်များကို ဘုရားသခင် မိန့်မြွက်သည့် ပျော်ရွင်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့နှင့် ပြည့်လျှမ်းနေပြီး သူ၏နှုတ်ကပတ်တော်များကို နားထောင်နိုင်သည့်သူများကို ရယူလိုသော သူ့တောင့်တမှု၏ အရေးတကြီးဖြစ်မှုနှင့်လည်း ပြည့်လျှမ်းနေသည်။ ဤနေရာမှာ သူ၏နှုတ်ကပတ်တော်များကို နာခံပြီး သူ၏အမိန့်များကို လိုက်လျှောက်သူတို့အပေါ် ဘုရားသခင်၏ ချစ်ခင်မှုနှင့် ကြင်နာမှုကို တွေ့ရသည်။ ထိုနည်းတူပင် လူများကို ရယူဖို့ သူပေးသည့် အဖိုးအခ၊ သူတို့ကို ရခြင်းငှာ ထားသည့် ဂရုစိုက်မှုနှင့် အတွေးများကို ငါတို့တွေ့ရသည်။ ထို့အပြင် “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟူသော နှုတ်ကပတ်တော်များပါဝင်သည့် ကျမ်းပိုဒ်သည် သူ၏စီမံခန့်ခွဲမှု အစီအစဉ် နောက်ကွယ်က သူ၏အမှု၌ ဘုရားသခင် တစ်ဦးတည်း ခံရသော ပြင်းထန်သည့် နာကျင်မှု၊ ခါးသီးမှုနှင့် ပတ်သက်၍ အားကောင်းသော အသိတရားကို ပေးသည်။ ဤအရာက စဉ်းစားမိအောင် စေ့ဆော်ပေးသော ကျမ်းပိုဒ်ဖြစ်ပြီး နောင်လာသည့် သူများအတွက် ထူးခြားသည့် အရေးပါမှုရှိပြီး အနှံ့အစပ် သက်ရောက်မှုရှိသည့် ကျမ်းပိုဒ်တစ်ခုဖြစ်ဖြစ်သည်။ လူသားသည် သူ၏ရိုးသားမှုနှင့် နာခံမှုကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိသည် ဖတ်ခဲ့သည့် ကျမ်းပိုဒ်မှာ အာဗြဟံကို ဘုရားသခင်ပေးခဲ့သည့် ကောင်းချီးမင်္ဂလာမှာ ကြီးမားသလော။ မည်မျှကြီးမားသနည်း။ ဤနေရာ၌ အဓိက ဝါကျတစ်ကြောင်းရှိသည်၊ “မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟူသည့် ဝါကျက အာဗြဟံသည် ယခင်ကရော နောက်ကလူများ မည်သူမျှ မရဖူးသည့် ကောင်းချီးကို ရရှိခြင်းကို ပြသည်။ ဘုရားသခင် တောင်း၍ အာဗြဟံက သူ၏ တစ်ဦးတည်းသော သူချစ်မြတ်နိုးရသော သားကို ဘုရားသခင်ထံ ပြန်ပေးသောအခါ (မှတ်ရန်- ဤနေရာမှာ “ပူဇော်” ဟုမသုံးဘဲ သူ၏သားကို ဘုရားသခင်ထံ ပြန်ပေးသည်ဟု သုံးသင့်သည်) ဘုရားသခင်က အာဗြဟံကို ဣဇာတ်ပူဇော်ခွင့်မပြုဘဲ ကောင်းချီးပေးခဲ့သည်။ မည်သည့်ကတိတော်နှင့် အာဗြဟံကို ကောင်းချီးပေးခဲ့သနည်း။ သူ၏အမျိုးအနွှယ်ကို ပွားများစေမည်ဟူသည့် ကတိတော်ဖြစ်သည်။ ၎င်းတို့ကို မည်မျှအထိ ပွားများမည်နည်း။ “…မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟု ကျမ်းစာက ဤကဲ့သို့ရေးထားသည်။ ဘုရားသခင်က မည်ကဲ့သို့ အခြေအနေမျိုးမှာ ဤနှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့သနည်း။ တစ်နည်းဆိုရလျှင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို အာဗြဟံ မည်ကဲ့သို့ ရခဲ့သနည်း။ ဘုရားသခင်က ကျမ်းစာထဲတွင် “သင်သည် ငါ၏စကားသံကို နာခံသောကြောင့်” ဟုပြောသည့်အတိုင်း ၎င်းတို့ကို သူရရှိခဲ့သည်။ ဆိုလိုသည်မှာ အာဗြဟံက ဘုရားသခင်၏ အမိန့်ကို လိုက်လျှောက်သောကြောင့်၊ ဘုရားသခင် ပြောသမျှ၊ တောင်းသမျှနှင့် မိန့်သမျှကို မညည်းမညူ လုပ်ဆောင်သောကြောင့် ဘုရားသခင်က ဤသို့သောကတိတော်မျိုး သူ့ကိုပေးခဲ့ခြင်းဖြစ်သည်။ ဤကတိတော်၌ ဘုရားသခင်၏ အတွေးကို ဖော်ပြသည့် အရေးကြီးသော ဝါကျတစ်ကြောင်း ရှိသည်။ သင်တို့ တွေ့သလော။ “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟူသည့် ဘုရားသခင် နှုတ်ကပတ်တော်ကို သင်တို့ သိပ်အာရုံစိုက်ချင်မှ စိုက်ပေမည်။ ၎င်းတို့က ဆိုလိုသည်မှာ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို မိန့်မြွက်သောအခါ သူ့ကိုယ်သူ တိုင်တည်နေခြင်းဖြစ်သည်။ လူများက ကျမ်းသစ္စာတစ်ခု ပြုသည့်အခါ အဘယ်အရာကို တိုင်တည်ကြသနည်း။ ကောင်းကင်ကို သူတို့တိုင်တည်ကြသည်။ တစ်နည်းဆိုရလျှင် သူတို့သည် ဘုရားသခင်နှင့် ကျမ်းသစ္စာပြုပြီး ဘုရားသခင်ကို တိုင်တည်ကြသည်။ ဘုရားသခင်က သူ့ကိုယ်သူ တိုင်တည်သော ဖြစ်စဉ်ကို လူများ သိပ်နားလည်မည် မဟုတ်သော်လည်း သင်တို့ကို ငါမှန်မှန်ကန်ကန် ရှင်းပြလျှင် သင်တို့ နားလည်နိုင်လိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကို ကြားသာကြားပြီး သူ၏နှလုံးသားအား နားမလည်သောသူနှင့် ရင်ဆိုင်ရခြင်းသည် ဘုရားသခင်ကို နောက်ထပ်တစ်ဖန် အထီးကျန်စေပြီး ဘာလုပ်ရ၊ ဘာပြောရမှန်းမသိ ဖြစ်စေသည်။ အသည်းအသန်နှင့်၊ မသိစိတ်၏ စေ့ဆော်မှုအရဟု ပြောနိုင်သည်၊ ဘုရားသခင်သည် အလွန်သဘာဝကျသော အရာတစ်ခုကို ပြုခဲ့သည်။ ဘုရားသခင်က အာဗြဟံအပေါ်သို့ ဤကတိအပ်နှင်းသောအခါ သူ၏လက်တော်ကို သူ၏နှလုံးသားပေါ်တင်ထားပြီး သူ့ကိုယ်သူ တိုင်တည်ခဲ့သည်၊ ဤသည်မှ ဘုရားသခင်က “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟု ပြောသည်ကို လူသားက ကြားခဲ့ရသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်အားဖြင့် သင့်ကိုယ်သင် ထင်ကောင်းထင်လိမ့်မည်။ သင့်နှလုံးသားပေါ် သင့်လက်တင်ပြီး သင့်ကိုယ်သင် စကားပြောသောအခါ သင်အဘယ်အရာပြောနေသနည်းဆိုသည်ကို ရှင်းရှင်းလင်းလင်း သိသလော။ သင့်စိတ်သဘောထားသည် ရိုးသားသလော။ သင်စိတ်ပါပါ ပွင့်ပွင့်လင်းလင်းပြောသလော။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံကို စကားပြောသောအခါ သူအလေးအနက်ထားပြီး ရိုးသားခဲ့သည်ကို ဤနေရာ၌ ငါတို့တွေ့ရသည်။ အာဗြဟံကို စကားပြောပြီး ကောင်းကြီးပေးနေခဲ့ချိန်တွင် ဘုရားသခင်က သူ့ကိုယ်သူ စကားပြောနေခဲ့သည်။ သူ့ကိုယ်သူ ဤကဲ့သို့ ပြောနေခဲ့သည်။ အာဗြဟံကို ငါကောင်းကြီးပေးမည်။ ငါ့စကားကို သူနာခံပြီး သူသည် ငါရွေးချယ်ထားသည့်သူတစ်ဦး ဖြစ်သောကြောင့် သူ၏သားစဉ်မြေးဆက်ကို ကောင်းကင်ကကြယ်များကဲ့သို့ များပြားစေမည်။ ပင်လယ်ကမ်းစပ်မှ သဲပွင့်ကဲ့သို့ ပွားများစေမည်။ ဘုရားသခင်က “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟု ပြောသောအခါ အာဗြဟံအားဖြင့် ရွေးချယ်ထားသော ဣသရေလလူမျိုးကို သူမွေးထုတ်ဖို့၊ ယင်းနောက်တွင် ဤလူများကို သူဦးဆောင်ပြီး သူ၏အမှု မြန်မြန်ဆောင်ရွက်ဖို့ ဘုရားသခင် စိတ်ပိုင်းဖြတ်ထားသည်။ ဆိုလိုသည်မှာ ဘုရားသခင်က အာဗြဟံ၏ သားစဉ်မြေးဆက်များကို ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုကိုဆောင်ရွက်စေမည်ဖြစ်ပြီး ဘုရားသခင်က သူ၏အမှုနှင့် သူထုတ်ဖော်သောအရာကို အာဗြဟံနှင့် စတင်ပြီး အာဗြဟံ၏သားစဉ်မြေးဆက်ကို ဆက်လက်ဆောင်ရွက်စေမည်။ ထိုသို့အားဖြင့် လူသားကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ ဆန္ဒမှာ အကောင်အထည်ပေါ်လာပေမည်။ သင်တို့ မည်သို့ဆိုမည်နည်း၊ ဤသည်မှာ မင်္ဂလာရှိသောအရာ မဟုတ်သလော။ လူသားအတွက်မူ ဤအရာထက် ကြီးမြတ်သော ကောင်းချီးမင်္ဂလာမရှိတော့ပေ။ ၎င်းသည် အကြီးမြတ်ဆုံး ကောင်းချီးမင်္ဂလာဖြစ်သည်ဟု ပြော၍ရသည်။ အာဗြဟံ ရရှိသော ကောင်းချီးမင်္ဂလာက သူ၏အမျိုးအနွှယ် ပွားများခြင်း မဟုတ်ဘဲ ဘုရားသခင်က သူ၏စီမံခန့်ခွဲမှု၊ သူ၏လုပ်ဆောင်မှုနှင့် သူ၏အမှုကို အာဗြဟံအမျိုးအနွှယ်များထဲ၌ ရရှိအောင်မြင်ခြင်းဖြစ်သည်။ ဤသည်မှာ အာဗြဟံခံရသော ကောင်းချီးက ယာယီမဟုတ်ဘဲ ဘုရားသခင် စီမံခန့်ခွဲမှု အစီအစဉ်က တိုးတက်နေသည်နှင့်အမျှ ဆက်လက်တည်ရှိနေသည်ဟု ဆိုလိုသည်။ ဘုရားသခင် စကားပြောသောအခါ၊ ဘုရားသခင်က သူ့ကိုယ်သူ တိုင်တည်သောအခါ သူစိတ်ပိုင်းဖြတ်ပြီးနှင့်ပြီးဖြစ်သည်။ ဤစိတ်ပိုင်းဖြတ်ခြင်းဖြစ်စဉ်က မှန်သလော။ စစ်မှန်ခဲ့သလော။ ထိုအချိန်မှစ၍ သူ၏ကြိုးပမ်းမှုများ၊ သူပေးဆပ်ခဲ့သော အဖိုးအခ၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏အရာရာတိုင်းနှင့် သူ၏အသက်ကိုပင် အာဗြဟံနှင့် အာဗြဟံ၏အမျိုးအနွှယ်များကိုပေးရန် ဘုရားသခင် စိတ်ပိုင်းဖြတ်ခဲ့သည်။ ဤလူအုပ်စုမှ စတင်ပြီး သူ၏လုပ်ဆောင်ချက်များကို သူဖွင့်ပြပြီး လူသားကို သူ၏ဉာဏ်ပညာ၊ အခွင့်အာဏာနှင့် တန်ခိုးကို မြင်ခွင့်ပြုရန် သူစိတ်ပိုင်းဖြတ်ခဲ့သည်။ ဘုရားသခင်ကို သိပြီး သူ့ကို သက်သေခံနိုင်သူကို ရရှိခြင်းသည် ဘုရားသခင်၏ မပြောင်းလဲသော ဆန္ဒဖြစ်သည် ဘုရားသခင်သည် သူ့ကိုယ်သူ စကားပြောနေခဲ့သောအချိန်တွင် အာဗြဟံကိုလည်း စကားပြောခဲ့သည်။ သို့သော် ဘုရားသခင်က သူ့ကို ပေးခဲ့သည့် ကောင်းချီးများကို ကြားခြင်းမှလွဲပြီး အာဗြဟံက ဘုရားသခင်၏ စစ်မှန်သော ဆန္ဒများကို သူ၏နှုတ်ကပတ်တော်များမှ ထိုအချိန်က နားလည်ခဲ့သလော။ သူနားမလည်ခဲ့ပေ။ ထို့ကြောင့် ထိုအချိန်က ဘုရားသခင်သည် သူ့ကိုယ်သူ တိုင်တည်သောအခါ သူ၏နှလုံးသားက အထီးကျန်ပြီး ဝမ်းနည်းနေဆဲရှိခဲ့သည်။ သူရည်ရွယ်ထားပြီး စီစဉ်ထားသည့်အရာကို နားလည်သောသူ သို့မဟုတ် သဘောပေါက်နိုင်သောသူ တယောက်မျှ မရှိခဲ့ချေ။ ထိုအချိန်က ဘုရားသခင်ကို ယုံကြည်ချက်ရှိရှိ စကားပြောနိုင်သည့်သူမှာ အာဗြဟံအပါအဝင် မည်သူမျှ မရှိခဲ့ချေ။ ဘုရားသခင် လုပ်ဆောင်ရမည့် အမှု၌ ပူပေါင်းလုပ်ဆောင်နိုင်သူဆိုလျှင် ပို၍ပင် မရှိခဲ့ချေ။ အပေါ်ယံအားဖြင့် ဆိုပါက ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို နာခံနိုင်မည့်သူဖြစ်သော အာဗြဟံကို ဘုရားသခင်ရရှိခဲ့သည်။ တကယ်တမ်းတွင် ဤလူ၏ ဘုရားသခင်ကို သိသောအသိဉာဏ်က အနည်းငယ်မျှပင် ရှိသည်။ ဘုရားသခင်သည် အာဗြဟံကို ကောင်းချီးပေးခဲ့သော်လည်း ဘုရားသခင်၏နှလုံးသားသည် မကျေနပ်သေးပေ။ ဘုရားသခင် မကျေနပ်သေး ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ သူ၏စီမံခန့်ခွဲမှုက အစပဲရှိသေးသည်ဟု ဆိုလိုသည်။ သူချစ်သော၊ သူမြင်လိုသော၊ သူရယူလိုသော လူများသည် သူနှင့် ဝေးနေကြဆဲဖြစ်သည်ဟု ဆိုလိုသည်။ သူစောင့်ရဦးမည်၊ အချိန်လိုသည်၊ သူစိတ်ရှည်ဖို့လိုခဲ့သည်။ အကြောင်းမှာ ထိုအချိန်က ဘုရားသခင်ကိုယ်တော်တိုင်မှလွဲပြီး သူလိုချင်သည့်အရာ၊ သို့မဟုတ် သူရယူလိုသည့်အရာ၊ သို့မဟုတ် သူဆန္ဒရှိသည့်အရာကိုသိသူ မရှိခဲ့ချေ။ ထို့ကြောင့် အလွန်စိတ်လှုပ်ရှားသည့်တစ်ချိန်တည်း၌ပင် ဘုရားသခင်က စိတ်လေးခဲ့သည်။ သို့သော် သူ၏ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။ သူလုပ်ရမည့် နောက်ခြေလှမ်းဆက်ဖို့ ဆက်လက်စီစဉ်ခဲ့သည်။ အာဗြဟံအတွက် ဘုရားသခင်၏ ကတိတော်၌ သင်တို့ အဘယ်အရာမြင်ကြသနည်း။ အာဗြဟံက ဘုရားသခင် နှုတ်ကပတ်တော်များကို နားထောင်သည့် ဘုရားသခင်က သူ့အပေါ် ကြီးစွာကောင်ချီးပေးခဲ့သည်။ အပေါ်ယံအားဖြင့် ဤသည်မှာ သာမန်ဖြစ်သည်ဟု ထင်ရပြီး ထုံးစံအတိုင်းပင် ထိုအထဲ၌ ဘုရားသခင်၏စိတ်နှလုံးကို ငါတို့တွေ့ရသည်။ ဘုရားသခင်က သူ့အား လူသား၏နာခံခြင်းကို အထူးသဖြင့်တန်ဖိုးထားပြီး သူ့အပေါ် လူသား၏ ရိုးသားခြင်းနှင့် နားလည်ခြင်းကို မြတ်နိုးသည်။ ဘုရားသခင်က ဤရိုးသားမှုကို မည်မျှထိ မြတ်နိုးသနည်း။ သူမည်မျှမြတ်နိုးသည်ကို သင်တို့နားလည်ချင်မှ နားလည်မည်။ သဘောပေါက်သောသူလည်း မည်သူမျှ မရှိခြင်းလည်း ဖြစ်နိုင်သည်။ ဘုရားသခင်က အာဗြဟံကို သားတစ်ဦးပေးခဲ့သည်။ ထိုသား ကြီးလာသောအခါ ဘုရားသခင်က အာဗြဟံကို သူ့သားအား ပူဇော်ဖို့တောင်းသည်။ အာဗြဟံက ဘုရားသခင်၏ အမိန့်ကို အတိအကျ လိုက်နာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူနာခံခဲ့သည်။ သူ၏ရိုးသားမှုက ဘုရားသခင်ကို တို့ထိစေခဲ့ပြီး ယင်းကို ဘုရားသခင်က တန်ဖိုးထားခဲ့သည်။ ယင်းကို ဘုရားသခင်က မည်မျှတန်ဖိုးထားခဲ့သနည်း။ အဘယ်ကြောင့် တန်ဖိုးထားခဲ့သနည်း။ ဘုရားသခင် နှုတ်ကပတ်တော်ကို မည်သူမျှ နားမလည်သောအခါ၊ သို့မဟုတ် မည်သူမျှ သူ၏နှလုံးသားကို နားမလည်သောအခါ အာဗြဟံသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည့်အရာကို လုပ်ခဲ့ပြီး ထိုအရာက ဘုရားသခင်ကို မကြုံစဖူး ကျေနပ်စေခဲ့ကာ သူ၏နှုတ်ကပတ်တော်များကို နာခံနိုင်သောသူတစ်စုံတစ်ဦးကို ရရှိခြင်း၏ ဝမ်းမြောက်မှုကို ဘုရားသခင်ထံ ယူလာပေးခဲ့သည်။ ဤကျေနပ်မှု၊ ဝမ်းမြောက်မှုများသည် ဘုရားသခင်လက်တော်နှင့် ဖန်ဆင်းခြင်းခံထားရသည့် ဖန်ဆင်းခံသတ္တဝါထံမှ လာခဲ့ပြီး လူသားကိုဖန်ဆင်းကတည်းက လူသားက ဘုရားသခင်ကို ပထမဆုံး ပူဇော်သည့်အရာဖြစ်ခဲ့ပြီး ဘုရားသခင်က တန်ဖိုးအထားဆုံးအရာ ဖြစ်ခဲ့သည်။ ဘုရားသခင်က ဤပူဇော်ခြင်းကို ခက်ခဲပင်ပန်းစွာ စောင့်မျှော်ခဲ့ပြီး ၎င်းကို သူဖန်ဆင်းထားသည့် လူသားထံမှ ပထမ အရေးပါဆုံးသော လက်ဆောင်အနေနှင့် သူသတ်မှတ်ခဲ့သည်။ သူ့ကြိုးပမ်းမှု၏ ပထမဆုံးသောအသီးနှင့် သူပေးဆပ်ခဲ့သည့် အဖိုးအခကို ဘုရားသခင်အား ထိုအရာက ပြသပေးခဲ့ကာ လူသားတို့တွင် မျှော်လင့်စရာကို သူ့အား တွေ့မြင်စေခဲ့သည်။ ယင်းနောက်တွင် ဘုရားသခင်က သူနှင့်ပေါင်းဖော်လိုသည့်၊ ရိုးသားမှုနှင့် သူ့ကို ဆက်ဆံမည့်၊ ရိုးသားမှုနှင့် သူ့ကို ဂရုစိုက်မည့် လူတစ်စုကို သာ၍ကြီးစွာ တောင့်တနေခဲ့သည်။ သူ၏စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်သည်နှင့်အမျှ သူ့ကို အဖော်ပြုရန် ထိုကဲ့သို့သော စိတ်နှလုံးကို ရရှိလိုပြီး သူနှင့်အတူရှိစေလိုသည့်အတွက် အာဗြဟံကို ဆက်လက် အသက်ရှင်သွားဖို့ကိုပင် မျှော်လင့်ခဲ့သည်။ ဘုရားသခင်က မည်သည့်အရာကိုပင် အလိုရှိသည်ဖြစ်စေ အာဗြဟံသည် သူ့ကိုနာခံနိုင်သည့် လူသားမျှသာဖြစ်ပြီး ဘုရားသခင်ကို နားလည်သိကျွမ်းမှု စိုးစဉ်းမျှ မရှိသောကြောင့် ဤသည်မှာ ဆန္ဒတစ်ခုသာ ဖြစ်ခဲ့သည်။ အကြံဉာဏ်တစ်ခုသာ ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို သိဖို့၊ ဘုရားသခင်အတွက် သက်သေခံဖို့၊ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ဖို့ဆိုသည့် လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များဖြစ်သည့် စံနှုန်းများနှင့် မပြည့်မီသည့် တစ်စုံတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရားသခင်နှင့် မလျှောက်လှမ်းနိုင်ချေ။ အာဗြဟံ၏ ဣဇာတ်ကို ပူဇော်ခြင်း၌ ဘုရားသခင်က အာဗြဟံ၏ ရိုးသားခြင်းနှင့် နာခံခြင်းကို တွေ့ခဲ့ပြီး ဘုရားသခင်၏ စစ်ဆေးခြင်းကို သူခံနိုင်ခဲ့သည်ကို တွေ့ခဲ့သည်။ ဘုရားသခင်က သူ၏ရိုးသားမှုနှင့် နာခံခြင်းကို လက်ခံခဲ့သော်လည်း ဘုရားသခင် ယုံကြည်ရသည့်လူ၊ ဘုရားသခင်ကို သိသည့်လူနှင့် ဘုရားသခင်ကို နားလည်သည့်လူ၊ ဘုရားသခင်၏ စိတ်သဘောထားကို သိသည့်သူ ဖြစ်လာရန် မထိုက်တန်သေးချေ။ သူသည် ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ဖို့၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ဖို့ ဝေးသေးသည်။ ထို့ကြောင့် သူ့နှလုံးသားထဲမှာ ဘုရားသခင်သည် အထီးကျန်ပြီး စိုးရိမ်နေဆဲရှိခဲ့သည်။ ဘုရားသခင်က ပိုအထီးကျန်ပြီး ပိုစိုးရိမ်လေလေ အမြန်ဆုံး သူ၏ စီမံခန့်ခွဲမှုကို ဖြစ်နိုင်သမျှမြန်မြန် ဆက်လုပ်ဆောင်ဖို့ လိုအပ်လေလေဖြစ်ပြီး သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်ဖို့၊ သူ၏အလိုတော်ကို ဖြစ်နိုင်သမျှမြန်မြန် ဆောင်နိုင်ဖို့အတွက် လူအုပ်စုတစ်စုကို ရွေးချယ်ပြီးရရှိရန် လိုလေလေဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အစကတည်းက ယခုချိန်ထိ မပြောင်းလဲသည့် ပြင်းပြသော ဆန္ဒဖြစ်သည်။ အစအဦးမှာ လူသားကို သူဖန်ဆင်းခဲ့ကတည်းက ဘုရားသခင်သည် အောင်နိုင်သူများ၊ သူနှင့် စကားပြောပြီး သူ၏စိတ်သဘောထားကို နားလည်သဘောပေါက်ကာ သိနိုင်သူများကို တောင့်တနေခဲ့သည်။ ဘုရားသခင်၏ ဤဆန္ဒက မည်သည့်အခါမျှ မပြောင်းလဲခဲ့ပေ။ သူ မည်မျှကြာကြာ စောင့်ရဦးမည်ဖြစ်စေ၊ ရှေ့တွင်ရှိသော လမ်းခရီးက မည်မျှပင် ကြမ်းတမ်းသည် ဖြစ်စေ၊ သူတောင့်တသော ရည်ရွယ်ချက်များမှာ မည်မျှပင် အလှမ်းဝေးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားအတွက် သူ၏မျှော်လင့်ချက်များကို မည်သည့်အခါမျှ မပြောင်းလဲခဲ့ချေ၊ သို့မဟုတ် မစွန့်လွှတ်ခဲ့ချေ။ ဤအကြောင်းကို ငါပြောပြီးသည့်အတွက် ဘုရားသခင်၏ ဆန္ဒနှင့်ပတ်သက်သည့်အရာကို သင်တို့သဘောပေါက်ကြသလော။ သင်တို့ သဘောပေါက်ခဲ့သည့်အရာမှာ သိပ်မနက်နဲသည့်အရာ ဖြစ်ကောင်းဖြစ်နေနိုင်သည်၊ သို့သော်လည်း တဖြည်းဖြည်း ဖြစ်လာပါလိမ့်မည်။
0 Comments
Leave a Reply. |
Click & Join us作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|