ဘုရားနှုတ်ကပတ်တော် | သမ္မာကျမ်းစာထဲမှ ယောဘအပေါ် ဘုရားသခင် စုံစမ်းခြင်းမျာ ယောဘ ၁:၁ ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ ယောဘ ၁:၅ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘ အောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။ ယောဘ ၁:၈ ထာဝရဘုရားကလည်း၊ ငါ့ကျွန် ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။ ………… ပထမဦးဆုံး ကျမ်းပိုဒ် နံပါတ်တစ်ကို ဖတ်ကြပါစို့ “ ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။” သမ္မာကျမ်းစာထဲမှ ပထမဆုံး အကဲဖြတ်ချက်ဖြစ်သော ဤစာကြောင်းသည် ယောဘကို ကျမ်းပြုဆရာက ချီးမွမ်းခြင်းဖြစ်သည်။ သဘာဝအားဖြင့် ၎င်းမှာ ယောဘအပေါ် လူ၏အကဲဖြတ်ချက်ကို ကိုယ်စားပြုခြင်းလည်း ဖြစ်သည်၊ ယင်းမှာ “ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏” ဟူ၍ ဖြစ်သည်။ ဆက်လက်၍ ယောဘအပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်ကို ဖတ်ကြပါစို့၊ “ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။” (ယောဘ ၁:၈) ထို နှစ်ချက်တွင် တစ်ခုသည် လူထံမှ လာခဲ့ခြင်း ဖြစ်ပြီး တစ်ခုမှာ ဘုရားသခင်ထံမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်၊ ၎င်းတို့မှာ အကြောင်းအရာတူသော အကဲဖြတ်ချက်နှစ်ခု ဖြစ်ကြသည်။ ထို့ကြောင့် ယောဘ၏ အပြုအမူနှင့် လုပ်ဆောင်ပုံတို့ကို လူတို့ သိခဲ့ကြပြီး ဘုရားသခင်၏ ချီးကျူးခြင်းကိုလည်း ခံခဲ့ရကြောင်း မြင်နိုင်ပါသည်။ တစ်နည်းဆိုသော် လူရှေ့၌ ယောဘ၏ လုပ်ဆောင်ပုံနှင့် ဘုရားသခင် ရှေ့၌ သူ၏ လုပ်ဆောင်ပုံတို့မှာ တူညီခဲ့သည်၊ သူ၏အပြုအမူနှင့် စိတ်ပါဝင်စားမှုကို ဘုရားသခင်ရှေ့တွင် အချိန်တိုင်း သူဖြန့်ပြခဲ့သဖြင့် ၎င်းတို့ကို ဘုရားသခင် သတိပြုမိကောင်း သတိပြုမိစေရန်ဖြစ်ပြီး သူသည် ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူ တစ်ဦးဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့၏အမြင်တွင် ယောဘတစ်ဦးတည်းသာလျှင် စုံလင်ဖြောင့်မတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူ ဖြစ်ခဲ့သည်။ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် သူ၏ နေ့စဉ် အသက်တာ၌ မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များ ဆက်လက်၍ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များကို ကြည့်ကြပါစို့။ ၎င်းထက် အလျင်ကျပြီး နောက်မှလာသော ကျမ်းပိုဒ်များအပြင် ယောဘ ၁:၅ ကိုလည်း ဖတ်ရှုကြပါစို့၊ ၎င်းမှာ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းမှာ သူသည် ဘုရားသခင်ကို မည်ကဲ့သို့ ကြောက်ရွံ့ခဲ့ပုံနှင့် သူ၏ နေ့စဉ်အသက်တာထဲ၌ မကောင်းမှုကို ရှောင်ခဲ့ပုံနှင့် သက်ဆိုင်သည်၊ အပေါ်လွင်ဆုံးမှာ သူသည် ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းအကြောင်းကြောင့် သူလုပ်သင့်သည့်အတိုင်း လုပ်ခဲ့ခြင်း ဖြစ်သည်သာမက သူ၏သားများ၏ ကိုယ်စား ဘုရားသခင်ရှေ့တွင် မီးရှို့သောယဇ်များကို ပုံမှန်ပူဇော်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပွဲခံနေစဉ် မကြာခဏ “ မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြ” မည်ကို သူစိုးရိမ်ခဲ့သည်။ ဤကြောက်ရွံ့ခြင်းသည် ယောဘ၌ မည်ကဲ့သို့ ပေါ်လွင်ခဲ့သနည်း။ မူရင်းစာသားတွင် ဆက်လက်ဖော်ပြပါ ဖြစ်စဉ်ကို ဖော်ပြထားသည်၊ “ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။” သူ၏ အပြင်ပန်း အပြုအမူ၌ ပေါ်လွင်မည့်အစား ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းသည် သူ၏ စိတ်နှလုံးထဲမှ လာကြောင်းနှင့် သူသည် မကောင်းမှုကို သူကိုယ်တိုင် ရှောင်ခဲ့သည် သာမက သူ၏သားများ၏ ကိုယ်စား မီးရှို့သောယဇ်များကို မကြာခဏ ပူဇော်ခဲ့သည့်အတွက်ကြောင့် သူ၏ နေ့စဉ်အသက်တာ၏ အခန်းကဏ္ဍတိုင်း၌ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းကို အချိန်တိုင်း မြင်တွေ့နိုင်ကြောင်း ယောဘ၏ လုပ်ဆောင်ပုံက ငါတို့ကို ပြသနေပါသည်။ တစ်နည်းဆိုသော် ယောဘသည် ဘုရားသခင်ကို ပြစ်မှားမိပြီး သူ၏စိတ်နှလုံးထဲ၌ ဘုရားသခင်အား စွန့်ပယ်မိမည်ကို လွန်စွာစိုးရိမ်ခဲ့သည် သာမက သူ၏သားများသည် ဘုရားသခင်ကို ပြစ်မှားမိပြီး ၎င်းတို့၏ စိတ်နှလုံးများထဲ၌ စွန့်ပယ်မိမည်ကိုလည်း စိတ်ပူခဲ့သည်။ ဘုရားသခင်အပေါ် ယောဘ ကြောက်ရွံ့ခြင်း၏ အမှန်တရားသည် စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံနိုင်စွမ်း ရှိကြောင်းနှင့် တစ်စုံတစ်ဦးသော လူ၏ သံသယထက် ကျော်လွန်ကြောင်းကို ဤအရာအားဖြင့် မြင်နိုင်ပါသည်။ သူသည် ဤကဲ့သို့ ရံဖန်ရံခါ သို့မဟုတ် မကြာခဏ ပြုခဲ့သလော။ နောက်ဆုံး စာကြောင်း၏ စာသားက “ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏” ဟု ဆိုထားသည်။ ဤစာလုံးများ၏ အဓိပ္ပာယ်မှာ ယောဘသည် သူ၏သားများထံ ရံဖန်ရံခါ သို့မဟုတ် သူကြိုက်သည့် အချိန်၌ သွား၍ ဝင်ကြည့်ခဲ့ခြင်း မဟုတ်ကြောင်း သာမက ဘုရားသခင်ကို ဆုတောင်းခြင်းဖြင့် အပြစ်ဝန်ချခဲ့ခြင်း မဟုတ်ကြောင်း ဆိုလိုသည်။ ထိုသို့မဟုတ်ဘဲ သူသည် သူ၏သားများကို ပုံမှန် စေလွတ်ကာ သန့်ရှင်းစေပြီး ၎င်းတို့အတွက် မီးရှိုသောယဇ်များကို ပူဇော်ခဲ့သည်။ ဤနေရာတွင် “ အစဉ်ပြုမြဲရှိ၏” ဟူသော အဓိပ္ပာယ်မှာ သူသည် တစ်ရက်၊ နှစ်ရက် သို့မဟုတ် ကာလတစ်ခုအထိ ပြုခဲ့ကြောင်း မဆိုလိုပါ။ ဘုရားသခင်အပေါ် ယောဘ ကြောက်ရွံ့ခြင်း၏ သရုပ်သကန်သည် ယာယီမဟုတ်ကြောင်းနှင့် အသိ သို့မဟုတ် နှုတ်ဖြင့်ပြောသော စကားလုံးများ၌ ရပ်သွားခြင်း မဟုတ်ကြောင်းကို ဆိုနေခြင်းဖြစ်သည်၊ ထိုသို့မဟုတ်ဘဲ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် ပုံစံသည် သူ၏စိတ်နှလုံးကို လမ်းပြခဲ့သည်၊ သူ၏ အပြုအမူကို ဆုံးဖြတ်ပေးခဲ့ပြီး ၎င်းမှာ သူ၏စိတ်နှလုံးထဲ၌ သူ၏ဖြစ်တည်ခြင်း၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ သူသည် ယင်းကဲ့သို့ အစဉ်ပြုမြဲရှိ၏ ဆိုသည်မှာ သူ၏ စိတ်နှလုံးထဲ၌ သူသည် သူကိုယ်တိုင် ဘုရားသခင်အား ပြစ်မှားမိမည်ကို မကြာခဏ စိုးရိမ်ခဲ့ပြီး သူ၏ သားများနှင့် သမီးများသည် ဘုရားသခင်အား ပြစ်မှားမိမည်ကိုလည်း ပူပန်ခဲ့ကြောင်းကို ပြသခြင်းဖြစ်သည်။ ၎င်းသည် သူ၏ စိတ်နှလုံးအတွင်း၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့်ပုံသည် မည်မျှ အလေးချိန်စီးကြောင်းကို ကိုယ်စားပြုခြင်း ဖြစ်သည်။ သူသည် ဤကဲ့သို့ အစဉ်ပြုခဲ့သည် အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးထဲ၌ သူသည် မကောင်းမှု ကျူးလွန်မိခဲ့ပြီး ဘုရားသခင်အား ပြစ်မှားမိမည်၊ ဘုရားသခင်၏ လမ်းမှ လွဲသွားပြီး ဘုရားသခင်အား ကျေနပ်စေနိုင်စွမ်း မရှိမည်ကို စိုးရိမ် ကြောက်ရွံ့ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် တစ်ချိန်တည်းတွင် သူသည် သူ၏သားများနှင့် သမီးများအတွက် ပူပန်ပြီး ၎င်းတို့သည် ဘုရားသခင်အား စော်ကားမိမည်ကို စိုးရိမ်လေသည်။ ဤသည်မှာ ယောဘ၏ နေ့စဉ် အသက်တာထဲမှ သူ၏ သာမန် အပြုအမူ ဖြစ်သည်။ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းကို သက်သေပြသော ဤသာမန်အပြုအမူမှာ တန်ဖိုးမဲ့သော စကားလုံးများ မဟုတ်သည်မှာ သေချာပြီး ယောဘသည် ယင်းကဲ့သို့ လက်တွေ့ဘဝကို အမှန်တကယ် အသက်ရှင်နေထိုင်ခဲ့သည်။ “ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏” ၊ ဤ နှုတ်ကပတ်တော်များမှာ ဘုရားသခင်ရှေ့၌ ယောဘ၏ နေ့စဉ်လုပ်ဆောင်မှုများအကြောင်း ငါတို့ကို ပြောပြခြင်း ဖြစ်သည်။ သူသည် ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့သည့်အခါ သူ၏အပြုအမူနှင့် သူ၏စိတ်နှလုံးတို့သည် ဘုရားသခင်ရှေ့သို့ ရောက်ခဲ့သလော။ တစ်နည်းဆိုသော် ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် သူ၏အပြုအမူတို့ကို မကြာခဏ ကျေနပ်အားရခဲ့သလော။ ထိုသို့ဆိုလျှင် မည်သည့် အနေအထားနှင့် အခြေအနေထဲတွင် ယောဘသည် ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့ခြင်း ဖြစ်သနည်း။ လူအချို့က ၎င်းမှာ ဘုရားသခင်သည် ယောဘထံ မကြာခဏ ထင်ရှားပြခဲ့ခြင်းကြောင့် သူသည် ယင်းကဲ့သို့ ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်၊ အချို့က သူသည် မကောင်းမှုကို ရှောင်မည့်အကြောင်း ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြပြီး အချို့က သူ၏ချမ်းသာကြွယ်ဝခြင်းသည် အလွယ်တကူ ရောက်လာခဲ့ခြင်း မဟုတ်ကြောင်းကို သူတွေးပြီး ၎င်းမှာ ဘုရားသခင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းကို သူသိသည့်အတွက် ဘုရားသခင်ကို ပြစ်မှားခြင်း သို့မဟုတ် စော်ကားခြင်း၏ ရလဒ်တစ်ခုကြောင့် သူ၏ ပိုင်ဆိုင်မှုဥစ္စာများကို ဆုံးရှုံးရမည်ကို လွန်စွာ စိုးရိမ်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဆိုကြလေသည်။ ဤပြောဆိုချက် တစ်စုံတစ်ရာမှာ မှန်သလော။ မမှန်သည်မှာ သိသာထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အမြင်တွင် ယောဘနှင့်ပတ်သက်၍ ဘုရားသခင်လက်ခံပြီး ချစ်ခင်မြတ်နိုးဆုံးမှာ သူသည် ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့ခြင်း တစ်ခုကိုသာ မဟုတ်ပေ၊ ထိုထက်ပိုသည်မှာ သူသည် စာတန်၏လက်သို့ အပ်နှံခံခဲ့ရပြီး စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသည့်အချိန်တွင် ဘုရားသခင်၊ လူနှင့် စာတန်ရှေ့၌ သူ၏အပြုအမူဖြစ်သည်။ အောက်ဖော်ပြပါ အခန်းများသည် အလွန်ယုံကြည်လောက်သော အထောက်အထားကိုပေး၍၊ ယင်းအထောက်အထားမှာ ယောဘအား ဘုရားသခင် စုံစမ်းခြင်း၏ အမှန်တရားကို ပြသသည်။ ဆက်လက်၍ အောက်ပါ ကျမ်းပိုဒ်များကို ဖတ်ကြပါစို့။ မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ် ခရစ်ယာန်ဘာသာတွင် အဘယ့်ကြောင့် ဂိုဏ်းဂဏများစွာ ရှိနေရသနည်း
0 Comments
Leave a Reply. |
Click & Join us作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|