ဘုရားနှုတ်ကပတ်တော် | ယောဘ၏ ဘဝတစ်လျှောက်လုံးတွင် သူအသက်ရှင်နေထိုင်ခဲ့သည့် တန်ဖိုး စမ်းသပ်မှုများ နောက်ပိုင်းမှ ယောဘ
ယောဘ ၄၂:၇-၉ ထိုသို့ ယေဟောဝါက ယောဘကို ဤစကားများ မိန့်တော်မူပြီးလျှင်၊ တေမန်လူမျိုး ဧလိဖတ်အား ယေဟောဝါက၊ သင်နှင့် သင်၏ မိတ်ဆွေနှစ်ဦးတို့တဘက်၌ ငါသည် အမျက်ထွက်၏၊ အဘယ်ကြောင့်ဆိုသော် ငါ့ကျွန်ယောဘကဲ့သို့ သင်တို့သည် ငါ့အကြောင်းကို မှန်ကန်စွာ ပြောဆိုခြင်းမရှိကြ၊ သို့ဖြစ်၍ ယခု သင်တို့နှင့်အတူ နွားထီးခုနှစ်ကောင်နှင့် သိုးခုနစ်ကောင်ကို ယူ၍ ငါ့ကျွန်ယောဘထံသို့ သွားပြီးလျှင် ကိုယ်အဘို့ မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ၏ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းပတ္ထနာပြုရလိမ့်မည်၊ ငါသည် သူ့အတွက်ကြောင့် လက်ခံမည်။ သင်တို့သည် ငါ့ကျွန်ယောဘကဲ့သို့ ငါ့အကြောင်း မှန်သောအရာကို မပြောကြသည့် အကြောင်းကြောင့် ငါသည် သင်တို့၏ မိုက်မဲခြင်းနှင့် ပတ်သက်၍ ရိုက်နှက်ဆုံးမမည်ကို စိုးရိမ်စရာရှိ၏ဟု မိန့်တော်မူ၏။ ထို့ကြောင့် တေမန်လူမျိုး ဧလိဖတ်နှင့် ရှုအာလူမျိုး ဗိလဒဒ်၊ နေမတ်လူမျိုး ဇောဖာတို့သည် ထွက်သွား၍ သူတို့အား ယေဟောဝါ မှာထားတော်မူသည်နှင့်အညီ လုပ်ဆောင်ကြ၏။ ယေဟောဝါသည်လည်း ယောဘကို လက်ခံတော်မူ၏။
0 Comments
ယောဘသည် ဘုရားသခင်၏ နာမကို ကောင်းချီးပေးပြီး ကောင်းချီးမင်္ဂလာများ သို့မဟုတ် ဘေးဒုက္ခ အကြောင်း မတွေးပေ
ဘုရားသခင်သည် ယောဘ မမြင်အောင် ပုန်းကွယ်ခြင်းကြောင့် ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်း တုန်လှုပ်မှု မရှိ ဘုရားသခင်အကြောင်းကို ယောဘသည် နားနှင့်ကြားခဲ့၏
ယောဘ ၉:၁၁ ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။ ယောဘ ၂၃:၈-၉ ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။ ယောဘသည် သူ၏ စမ်းသပ်မှုများကို ခံရစဉ် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီး အားလုံး သိမ်းယူခြင်းကို ခံခဲ့ရသော်လည်း ရလဒ်အနေဖြင့် သူသည် လဲကျခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားသည့်အရာ တစ်စုံတစ်ခုကိုမျှ မဆိုခဲ့ပေ။ သူသည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်ခဲ့ပြီး သူ၏ ရုပ်ဝတ္ထု ပစ္စည်းများနှင့် သားသမီးများကို အောင်မြင်ခဲ့သည့်အပြင် သူ၏လောကပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးသည့် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုသော် သူသည် သူ့ထံမှ ဘုရားသခင်၏ ရုပ်သိမ်းခြင်းကို နာခံခဲ့နိုင်ပြီး ယင်းအဖြစ်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းနိုင်ခဲ့သည်။ ယင်းမှာ စာတန်၏ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှုကာလအတွင်း ယောဘ၏ပြုမူပုံဖြစ်ခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ ပထမအကြိမ် စမ်းသပ်မှုကာလအတွင်း ယောဘ၏ သက်သေခံချက်လည်း ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် စမ်းသပ်မှု၌ စာတန်သည် ၎င်း၏လက်ကိုဆန့်၍ ယောဘကို ထိုခိုက်ခဲ့သည်၊ ယောဘသည် သူယခင်က ခံစားခဲ့ရသည်ထက် ပို၍ နာကျင်မှုကို ခံစားခဲ့ရသော်လည်း သူ၏သက်သေခံချက်သည် လူတို့ကို အံ့အားသင့်စေခဲ့သည်။ သူသည် သူ၏ခံနိုင်ရည်၊ ခံယူချက်နှင့် ဘုရားသခင်ကို နာခံမှုတို့ကို သာမက ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းတို့ကို အသုံးပြုကာ စာတန်အား နောက်ထပ်တစ်ကြိမ် အနိုင်ယူခဲ့ပြီး သူ၏ ပြုမူပုံနှင့် သက်သေခံချက်သည် ဘုရားသခင်၏ ထောက်ခံခြင်းနှင့် မျက်နှာသာပေးခြင်းကို နောက်တစ်ကြိမ် ခံခဲ့ရသည်။ ဤစုံစမ်းနှောင့်ယှက်မှု ကာလအတွင်း ယောဘသည် သူ၏လက်တွေ့ပြုမူပုံကို အသုံးပြု၍ ခန္ဓာကိုယ် နာကျင်မှုသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို မပြောင်းလဲစေနိုင်ကြောင်း သို့မဟုတ် ဘုရားသခင်အပေါ် သူ၏ ဆက်ကပ်မှုနှင့် ဘုရားသခင်အား ကြောက်ရွံ့မှုကို မနုတ်ယူနိုင်ကြောင်း၊ သေခြင်းကို သူရင်ဆိုင်ခဲ့ရခြင်းကြောင့် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စွန့်လွှတ်မည် သို့မဟုတ် ဘုရားသခင်အား စွန့်ပစ်မည် မဟုတ်ကြောင်း စာတန်အား ကြေငြာခဲ့သည်။ ယောဘ၏ စိတ်ပိုင်းဖြတ်ချက်သည် စာတန်အား သူရဲဘောကြောင် ဖြစ်စေခဲ့သည်၊ သူ၏ယုံကြည်ခြင်းသည် စာတန်အား အသည်းငယ်စေပြီး တုန်လှုပ်စေခဲ့သည်၊ စာတန်နှင့် သူ၏ရှင်ခြင်းနှင့် သေခြင်းတိုက်ပွဲ၏ တွန်းအားသည် စာတန်ထဲတွင် နက်နဲသော မုန်းတီးမှုနှင့် မကျေမချမ်းမှုကို ပေါက်ဖွားစေခဲ့သည်၊ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကြောင့် စာတန်သည် သူ့အား ဆက်၍ မည်သို့မျှ မပြုနိုင်ခဲ့တော့သဖြင့် စာတန်သည် ယောဘအပေါ် ၎င်း၏ တိုက်ခိုက်မှုများကို စွန့်ပစ်ကာ ယေဟောဝါဘုရားသခင်ရှေ့တွင် သူ့အား စွပ်စွဲချက်များကိုလည်း စွန့်လွှတ်ခဲ့လေသည်။ ယောဘသည် လောကကြီးကို အောင်မြင်ခဲ့ကြောင်း၊ ဇာတိပကတိကို အောင်မြင်ခဲ့ကြောင်း၊ စာတန်ကို အောင်မြင်ခဲ့ကြောင်းနှင့် သေခြင်းကို အောင်မြင်ခဲ့ကြောင်းကို ဤအရာက ဆိုလိုခဲ့ခြင်း ဖြစ်သည်၊ သူသည် ဘုရားသခင် ပိုင်ဆိုင်သော လူသားတစ်ဦး အကြွင်းမဲ့နှင့် လုံးလုံးလျားလျား ဖြစ်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခု ကာလအတွင်း ယောဘသည် သူ၏ သက်သေခံချက်အပေါ် မြဲမြံစွာ ရပ်တည်ခဲ့ပြီး သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အမှန်တကယ် အသက်ရှင်ပြခဲ့သည်၊ ထို့အပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့်ဆိုင်သော သူ၏ အသက်ရှင်မှု နိယာမများ၏ အတိုင်းအတာကို ချဲ့ထွင်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုကို ခံရပြီးနောက်တွင် ယောဘထဲ၌ ပို၍ကြွယ်ဝသော အတွေ့အကြုံတစ်ခု မွေးဖွားလာခဲ့ပြီး ဤအတွေ့အကြုံသည် သူ့ကို ပို၍ ရင့်ကျက်ပြီး ဝါရင့်စေခဲ့သည်၊ သူ့ကို ပို၍ သန်စွမ်းစေခဲ့ပြီး သာ၍ ခံယူချက် ကြီးမားစေခဲ့ပြီး သူစွဲမြဲစွာ ဆုပ်ကိုင်ခဲ့သော တည်ကြည်မှု၏ မှန်ကန်ခြင်းနှင့် အဖိုးထိုက်တန်ခြင်းအပေါ် သူ့အား ပို၍ ယုံကြည်မှု ရှိစေခဲ့သည်။ ယောဘအပေါ် ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အား လူသားအပေါ် ဘုရားသခင်၏ စိုးရိမ်မှုအကြောင်း နက်နဲသော နားလည်ခြင်းနှင့် အသိကို ပေးခဲ့ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ အဖိုးထိုက်ခြင်းကို သတိပြုမိစေရန် အခွင့်ပေးခဲ့ပြီး ထိုမှ ဘုရားသခင်အပေါ် အရေးထားခြင်းနှင့် ချစ်ခြင်းတို့ကို ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းထဲသို့ ဖြည့်ပေးခဲ့သည်။ ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် ယောဘအား သူ့ထံမှ ကင်းကွာစေခဲ့သည် သာမက သူ၏ စိတ်နှလုံးကို ဘုရားသခင် အနီးသို့ ဆောင်ယူခဲ့သည်။ ယောဘသည်းခံခဲ့သော ဇာတိပကတိ နာကျင်မှုသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည့်အခါ ယေဟောဝါဘုရားသခင်ထံမှ သူခံစားခဲ့ရသော စိုးရိမ်ပူပန်မှုသည် သူ့အား ရွေးချယ်စရာ မပေးခဲ့ဘဲ သူ၏ မွေးဖွာရာနေ့ရက်ကိုသာ ကျိန်ဆဲစေခဲ့သည်။ ယင်းကဲ့သို့ ပြုမူပုံမှာ ယခင်ကတည်းက ကြံစည်ထားခဲ့ခြင်း မဟုတ်ဘဲ သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အား အရေးထားခြင်းနှင့် ချစ်ခြင်း၏ သဘောဝအလျောက် ထုတ်ဖော်ခြင်း တစ်ခုပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် သူ့ကိုယ်သူ စက်ဆုပ်ရွံ့ရှာခဲ့ပြီး ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းရန် ဆန္ဒမရှိသည့်အပြင် ခံရပ်နိုင်ခြင်းလည်း မရှိသောကြောင့် သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့သည့် အဆင့်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်အပေါ်၌ အချိန်ကြာမြင့်စွာ တည်ရှိခဲ့သော ကြည်ညိုခြင်းနှင့် တမ်းတခြင်းတို့ကို သာမက ဘုရားသခင်အား ဆက်ကပ်ခြင်းကို အရေးထားပြီး မြတ်နိုးသည့် အဆင့်အထိ တိုးမြှင့်ခဲ့သည်။ ဤအချိန်တွင် သူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို သာမက ဘုရားသခင်အား ကြောက်ရွံ့ခြင်းကိုလည်း အရေးထားပြီး မြတ်နိုးသည့် အဆင့်အထိ တိုးမြှင့်ခဲ့သည်။ ဘုရားသခင်ကို ထိခိုက်နစ်နာစေမည့်အရာ တစ်စုံတစ်ခုကိုမျှပြုရန် သူ့ကိုယ်သူ အခွင့်ပေးခဲ့ခြင်း၊ ဘုရားသခင်ကို နာကျင်စေမည့် ပြုမူပုံ တစ်စုံတစ်ခုကိုမျှ သူ့ကိုယ်သူ ခွင့်ပြုခဲ့ခြင်းနှင့် သူ၏ ကိုယ်ပိုင် အကြောင်းရင်းများကြောင့် ဘုရားသခင်အပေါ် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း သို့မဟုတ် မပျော်ရွှင်ခြင်းပင်လျှင် ယူဆောင်လာခြင်းကို သူ့ကိုယ်သူ အခွင့်မပေးခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏ အမြင်တွင် ယောဘသည် ယခင်က ယောဘပင် ဖြစ်နေဆဲ ဖြစ်ခဲ့သော်လည်း ဘုရားသခင်အပေါ် ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ဘုရားသခင်အား အကြွင်းမဲ့ ကျေနပ်အားရမှုနှင့် သာယာကြည်နူးမှုကို ဆောင်ယူလာခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင်သည် ယောဘအား ရစေရန် မျှော်လင့်ထားခဲ့သော စုံလင်ခြင်းကို သူရရှိခဲ့ပြီး သူသည် ဘုရားသခင်၏ အမြင်တွင် “စုံလင်ဖြောင့်မတ်သည်” ဟုခေါ်ဝေါ်ခြင်းကို အမှန်တကယ် ခံထိုက်သောသူ တစ်စုံတစ်ဦး ဖြစ်လာခဲ့သည်။ သူ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် စာတန်အား အောင်မြင်စေရန်နှင့် ဘုရားသခင်အား သူ၏သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်စေရန် အခွင့်ပေးခဲ့သည်။ ထိုအတွက်ကြောင့် သူ၏ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် သူ့အား အမှန်တကယ် စုံလင်စေပြီး သူ၏ ဘဝတန်ဖိုးကို မြှင့်တက်စေသည့်အပြင် ဖြစ်ဖူးသမျှထက် ကျော်လွန်စေပြီး စာတန်၏ တိုက်ခိုက်ခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို ဆက်၍ မခံရတော့သည့် ပထဦးဆုံး လူပုဂ္ဂိုလ်တစ်ဦး ဖြစ်စေသည်။ ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် စာတန်၏ စွပ်စွဲခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရသည်၊ ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် စာတန်လက်သို့ အပ်နှံခြင်းကို ခံခဲ့ရပြီး ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် သူသည် စာတန်ကို အောင်မြင်ပြီး ရှုံးနိမ့်စေခဲ့သည့်အပြင် သူ၏ သက်သေခံချက်၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ ဤအချိန်မှစ၍ ယောဘသည် စာတန်လက်ထဲသို့ အပ်နှံခြင်းကို မည်သည့်အခါမျှ ထပ်မံ၍ မခံရမည့် ပထမဦးဆုံး လူသားတစ်ဦး ဖြစ်လာခဲ့သည်၊ သူသည် ဘုရားသခင်၏ ပလ္လင်ရှေ့တွင် အမှန်တကယ် လာရောက်ခဲ့ပြီး စာတန်၏ စောင့်ကြည့်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပါဘဲ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၊ အလင်းထဲ၌ အသက်ရှင်ခဲ့ရသည်…သူသည် ဘုရားသခင်၏ အမြင်၌ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာခဲ့ပြီး သူသည် လွတ်မြောက်ခြင်းကို ရရှိခဲ့လေသည်…
ယောဘကို စာတန် နောက်ထပ်တဖန် စုံစမ်းနှောင့်ယှက်လေ၏ (ယောဘ၏ ခန္ဓာကိုယ် တစ်ခုလုံး၌ ဆိုးသောအနာစိမ်းများ စွဲကပ်ခြင်း) က။ ဘုရားသခင် ပြောသော စကားများ
ယောဘ ၂:၃ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူ့နှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။ ယောဘ ၂:၆ ထိုအခါ ယေဟောဝါက စာတန်အား၊ သူသည် သင်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏။ ဘုရားနှုတ်ကပတ်တော် | နောင်လာမည့် မျိုးဆက်များကို ယောဘ၏ သက်သေခံချက်မှ ပေးသော သတိပေးချက်နှင့် ဉာဏ်အလင်း ဘုရားသခင်သည် တစ်စုံတစ်ဦးကို လုံးလုံးလျားလျား ရယူသော နည်းစနစ်ကို နားလည်သည်နှင့် တစ်ချိန်တည်းတွင် ဘုရားသခင်သည် ယောဘကို စာတန်ထံ အပ်နှံခြင်း၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်ကို လူတို့ နားလည်ကြလိမ့်မည် ဖြစ်သည်။ လူတို့သည် ယောဘခံရသော ညှဉ်းပန်းမှုဒဏ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြတော့မည် မဟုတ်ဘဲ ၎င်း၏အဓိပ္ပာယ်အပေါ် အသစ်သော နားလည်မှုတစ်ခု ရှိကြမည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင် ယောဘကဲ့သို့ တူညီသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရမည်လောဟု မစိုးရိမ်ကြတော့သည့်အပြင် ဘုရားသခင်၏ စမ်းသပ်မှုများ ရောက်လာခြင်းကို ဆန့်ကျင်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုကြတော့မည် မဟုတ်ပေ။ စာတန်ကို အောင်မြင်ရာ၌ ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် သူ၏သက်သေခံချက်တို့သည် လူတို့အတွက် ကြီးမားသော အထောက်အကူနှင့် အားပေးတိုက်တွန်းမှု အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။ ယောဘထဲ၌ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ကိုမြင်ကြပြီး ယုံကြည်ခြင်း၊ ဘုရားသခင်ကို နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းအားဖြင့် စာတန်ကို အနိုင်ယူရန်နှင့် စာတန်ကို လွှမ်းမိုးရန် လုံးလုံးလျားလျား ဖြစ်နိုင်ခြေရှိကြောင်း မြင်ကြရသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံပြီး အရာခပ်သိမ်းကို ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင်လည်း ဘုရားသခင်ကို မစွန့်ပစ်သည့် စိတ်ဆုံးဖြတ်ချက်နှင့် ယုံကြည်ခြင်းရှိသည့် ကာလပတ်လုံး ၎င်းတို့သည် စာတန်ကို အရှက်ရစေပြီး အောင်မြင်နိုင်ကြောင်းကို မြင်ကြပြီး ၎င်းတို့သည် ၎င်းတို့၏ အသက်များကို ဆုံးရှုံးရပါကလည်း စာတန်ကြောက်လန့်ပြီး ဆုတ်ခွာစေရန်အတွက် ၎င်းတို့၏ သက်သေခံချက်ထဲတွင် မြဲမြံစွာ ရပ်တည်ရန် စိတ်ဆုံးဖြတ်ချက်နှင့် လုံ့လဝီရီယ ရှိရန်သာ လိုအပ်ကြောင်း မြင်ကြသည်။ ယောဘ၏ သက်သေခံချက်သည် နောင်လာမည့် မျိုးဆက်များအတွက် သတိပေးချက် တစ်ခု ဖြစ်ပြီး အကယ်၍ ၎င်းတို့သည် စာတန်ကို အနိုင်ယူခြင်း မရှိပါက စာတန်၏ စွပ်စွဲချက်များနှင့် နှောင့်ယှက်မှုများထဲမှ ၎င်းတို့ကိုယ်ကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ကြောင်း ဤသတိပေးချက်က ပြောခြင်းဖြစ်သည်။ ယောဘ၏ သက်သေခံချက်သည် နောင်လာမည့် မျိုးဆက်များကို ဉာဏ်အလင်းပေးခဲ့သည်။ ဤဉာဏ်အလင်းက လူတို့အား အကယ်၍ ၎င်းတို့သည် စုံလင်ဖြောင့်မတ်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်မှသာလျှင် ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မည် ဖြစ်ကြောင်း၊ ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မှသာလျှင် ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းကို မည်သည့်အခါမျှ မခံရဘဲ ဘုရားသခင်၏ လမ်းပြမှုနှင့် ကာကွယ်မှုအောက်တွင် အသက်ရှင်ရမည် ဖြစ်ကြောင်းနှင့် ထိုအခါမှသာ ၎င်းတို့သည် ကယ်တင်ခြင်းကို အမှန် ခံရမည် ဖြစ်ကြောင်း သွန်သင်ပေးသည်။ ကယ်တင်ခြင်းကို လိုက်စားသောသူ အယောက်တိုင်းသည် ယောဘ၏ ပင်ကိုစရိုက်နှင့် သူ၏ ဘဝလိုက်စားမှုတို့ကို အတုယူသင့်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှု ရှောင်သည့် နည်းလမ်းကို လိုက်စားသောသူ အားလုံးအတွက် သူ၏ တစ်ဘဝလုံး အသက်ရှင်နေထိုင်မှုနှင့် စမ်းသပ်မှုများ ခံရစဉ်ကာလအတွင်း သူ၏ပြုမူပုံတို့မှာ အဖိုးထိုက်သော ရတနာတစ်ပါးပင် ဖြစ်သည်။
ယောဘအား စာတန်ထံသို့ ဘုရားသခင် စွန့်ပစ်ခြင်းနှင့် ဘုရားသခင်အမှု၏ ရည်မှန်းချက်များအကြားရှိ ဆက်နွှယ်မှု ယခုအခါ လူအများစုသည် ယောဘ စုံလင်ဖြောင့်မတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှု ရှောင်ကြောင်းကို အသိအမှတ်ပြုကြသော်လည်း ဤသို့ အသိအမှတ်ပြုခြင်းသည် ၎င်းတို့အား ဘုရားသခင်၏ ရည်ရွယ်ချက်အပေါ် ပို၍ နက်ရှိုင်းသော နားလည်မှုကို မပေးချေ။ ယောဘ၏ လူ့သဘာဝနှင့် လိုက်စားမှုကို အားကျသည့် တစ်ချိန်တည်းတွင် ၎င်းတို့က ဤကဲ့သို့ မေးခွန်းကို ဘုရားသခင်အား မေးကြသည်၊ ယောဘသည် အလွန် စုံလင်ဖြောင့်မတ်ခဲ့သည်၊ သူ့ကို လူအများက မြတ်နိုးခဲ့ကြသည်၊ ထိုသို့ဆိုသော် ဘုရားသခင်သည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့အပ်၍ မြောက်မြားစွာသော နှိပ်စက်ညှဉ်းပန်းမှုကို ခံစေသနည်း။ ယင်းကဲ့သို့ မေးခွန်းများသည် လူများစွာတို့၏ စိတ်နှလုံးထဲ၌ တည်ရှိရန် နှောင်ဖွဲ့ထားသည်၊ အတိအကျဆိုပါက ဤသံသယသည် လူများစွာ၏ စိတ်နှလုံးများထဲမှ မေးခွန်းဖြစ်သည်။ ၎င်းသည် မြောက်မြားစွာသော လူတို့ကို ဝေခွဲမရ ဖြစ်စေခဲ့သည့်အတွက် ငါတို့သည် ဤမေးခွန်းကို စားပွဲပေါ်၌တင်ကာ ၎င်းကို ကောင်းစွာ ရှင်းပြရမည် ဖြစ်သည်။
ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့်အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။
ယောဘကို ပထမဆုံးအကြိမ် စာတန်စုံစမ်းခြင်း (သူ၏ ခြံမွေးတိရစ္ဆာန်များ အခိုးယူခံရပြီး သူ၏ သားသမီးများအပေါ် ဘေးဒုက္ခဆိုက်ခြင်း) က။ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ
ယောဘ ၁:၈ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။ ယောဘခံစားခဲ့ရသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင် စေလွှတ်ခဲ့သော တမန်များ၏ လုပ်ရပ်ကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်၏ လက်အားဖြင့် ဖြစ်ပေါ်စေခဲ့ခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ကိုယ်တိုင် ဖြစ်စေခဲ့ခြင်းပင် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ယောဘ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ၏အဆင့်မှာ အလွန်ကြီးမားခဲ့သည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် ယောဘသည် သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို နေ့စဉ် သိသော အသိ၊ သူ၏ နေ့စဉ် လုပ်ဆောင်ချက်များ၏ နိယာမများနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားတို့ကို ကန့်သတ်ချက် မရှိဘဲ လက်တွေ့ပြသခဲ့ပြီး ဤသည်မှာ အမှန်တရား ဖြစ်သည်။ အကယ်၍ ယောဘသည် စုံစမ်းနှောင့်ယှက်ခြင်းကို မခံခဲ့ရပါက၊ အကယ်၍ ဘုရားသခင်သည် ယောဘအပေါ် စမ်းသပ်မှုများကို ဆောင်လာခဲ့ခြင်း မရှိပါက “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟု ယောဘ ပြောသည့်အခါ သင်က ယောဘသည် သူတော်ကောင်း ယောင်ဆောင်သောသူတစ်ဦး ဖြစ်သည်၊ ဘုရားသခင်သည် သူ့အား ပစ္စည်းဥစ္စာများစွာကို ပေးခဲ့ခြင်းကြောင့် သူသည် ယေဟောဝါဘုရားသခင်၏ နာမကို ဧကန် ကောင်းချီးပေးခဲ့ခြင်း ဖြစ်သည်ဟု သင်ဆိုလိမ့်မည် ဖြစ်သည်။ အကယ်၍ စမ်းသပ်မှုများကို မခံစားရမီ ယောဘက “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟုဆိုခဲ့ပါက ယောဘသည် ပုံကြီးချဲ့ပြောနေခြင်းဖြစ်ပြီး သူသည် ဘုရားသခင်၏ လက်အားဖြင့် မကြာမခဏ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရခြင်းကြောင့် ဘုရားသခင်၏ နာမကို စွန့်ပယ်လိမ့်မည် မဟုတ်ဟု သင်ဆိုလိမ့်မည် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် သူ့အပေါ် ဘေးဒုက္ခကို ဆောင်ယူခဲ့ပါက သူသည် ဘုရားသခင်၏နာမကို ဧကန်အမှန် စွန့်ပယ်ခဲ့လိမ့်မည် ဖြစ်သည်ဟု သင်ဆိုလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ယောဘသည် သူ့ကိုယ်သူ မည်သူမျှ အလိုမရှိသော၊ သို့မဟုတ် မမြင်လိုသော၊ သို့မဟုတ် ၎င်းတို့အပေါ် မကျရောက်စေလိုသော၊ မိမိတို့အပေါ် ကျရောက်မည်ကို လူအများ စိုးရိမ်သော အခြေအနေများ၊ ဘုရားသခင်ပင်လျှင် ကြည့်ရက်နိုင်ခြင်း မရှိသော အခြေအနေများထဲ၌ ရောက်ရှိနေခဲ့ကြောင်း သိသည့်အခါ၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏” ထို့အပြင် “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူ၍ ယောဘသည် သူ၏ တည်ကြည်ခြင်းကို ဆက်၍ ဆုပ်ကိုင်နိုင်ခဲ့သည်။ ယနေ့ခေတ်တွင် ယောဘ၏ပြုမူပုံနှင့် ရင်ဆိုင်ခဲ့ရပါက ကြီးကျယ်သော စကားများ ပြောရသည်ကို နှစ်ခြိုက်သောသူများနှင့် စာလုံးများနှင့် အယူဝါဒများ ဟောပြောရသည်ကို နှစ်ခြိုက်သောသူများသည် နှုတ်ဆိတ်ကုန်ကြသည်။ ဘုရားသခင်၏နာမကို အပြောဖြင့်သာ ထောမနာပြုသော်လည်း ဘုရားသခင်၏ စမ်းသပ်မှုများကို မည်သည့်အခါမျှ လက်မခံခဲ့သောသူများသည် ယောဘ မြဲမြံစွာ စွဲကိုင်ခဲ့သော တည်ကြည်မှုအားဖြင့် ပြစ်တင်ရှုတ်ချခြင်းကို ခံရကြပြီး လူသားသည် ဘုရားသခင်၏ နည်းလမ်းကို မြဲမြံစွာ စွဲကိုင်နိုင်မည် မဟုတ်ဟူ၍ မည်သည့်အခါကမျှ မယုံကြည်ခဲ့သော သူများသည် ယောဘ၏ သက်သေခံချက်အားဖြင့် စီရင်ခြင်းကို ခံရမည် ဖြစ်သည်။ ဤစမ်းသပ်မှုများ အတောအတွင်း ယောဘ၏ ပြုမူပုံနှင့် သူပြောခဲ့သော စကားများကို ရင်ဆိုင်ခဲ့ရပါက လူအချို့တို့သည် စိတ်ရှုပ်ထွေးကြလိမ့်မည်၊ အချို့တို့သည် မနာလိုဖြစ်ကြလိမ့်မည်၊ အချို့တို့သည် သံသယဖြစ်ကြလိမ့်မည်ဖြစ်ပြီး အချို့တို့သည် စိတ်မဝင်စားပုံပေါ်ကာ ယောဘ၏ သက်သေခံချက်အပေါ် ၎င်းတို့၏ နာခေါင်းများကို ရှုံ့ကြလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စမ်းသပ်မှုများ အတောအတွင်း ယောဘအပေါ် ကျရောက်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှုကို မြင်ရပြီး ယောဘပြောခဲ့သော စကားများကို ဖတ်ရကြသည် သာမက မိမိအပေါ် စမ်းသပ်မှုများ ရောက်လာခဲ့သည့်အချိန်တွင် ယောဘပြခဲ့သော လူသား “အားနည်းချက်” မြင်ကြရခြင်းကြောင့် ဖြစ်သည်။ ယောဘ၏ စုံလင်ခြင်းထဲတွင် မစုံလင်ခြင်း ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်သော ဤ “အားနည်ချက်” ဖြစ်သည့် လူသားတစ်ဦး၏ အမည်းစက်မှာ ဘုရားသခင်၏အမြင်တွင် စုံလင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် စုံလင်သောသူများမှာ အပြစ်အနာအဆာကင်းသော၊ အစွန်းအထင်း သို့မဟုတ် ညစ်နွမ်းမှုမရှိသော၊ အားနည်းချက်များ မရှိသော၊ နာကျင်မှုဝေဒနာအကြောင်း မသိသော၊ မပျော်မရွှင်ဖြစ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း မည်သည့်အခါမျှ ခံစားရခြင်း မရှိသော၊ မုန်းတီးခြင်း သို့မဟုတ် အပြင်ပိုင်း အစွန်းရောက်သော အပြုအမူ တစ်စုံတစ်ရာ မရှိသောသူများ ဖြစ်သည်ဟု ယုံကြည်တတ်ကြသည်၊ ရလဒ်အနေဖြင့် ယောဘသည် အမှန်တကယ် စုံလင်ခဲ့ကြောင်းကို လူအများစုတို့က မယုံကြည်ကြပေ။ သူ၏ စမ်းသပ်မှုများ အတောအတွင်း သူ၏အပြုအမူများစွာကို လူတို့က လက်မခံကြပေ။ ဥပမာ ယောဘသည် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရသည့်အခါ၊ သူသည် လူတို့ စိတ်ကူးသကဲ့သို့ မျက်ရည်ကျ ငိုကြွေးခဲ့ခြင်း မရှိခဲ့ပေ။ သူ၏မိသားစုအတွက် သူ၌ မျက်ရည်များ သို့မဟုတ် ချစ်ခြင်း မရှိခဲ့သည့်အတွက် သူ၏ “ဖြစ်ရိုးဖြစ်စဉ်နှင့်မကိုက်ညီမှု” သည် လူတို့က သူ့အား အေးစက်သောသူ ဖြစ်သည်ဟု ထင်စေသည်။ ဤအရာမှာ ယောဘသည် လူတို့အား ပထမဦးဆုံး ပေးသော မကောင်းသည့် ထင်မြင်ချက် ဖြစ်သည်။ ထို့နောက် ၎င်းတို့က သူ၏အပြုအမူသည် ပို၍ပင် ဦးနှောက်ခြောက်စေသည်ဟု မြင်ကြသည်၊ “မိမိဝတ်လုံကိုဆုတ်ပြီး” ဆိုသည်မှာ သူသည် ဘုရားသခင်အား မရိုသေခြင်း ဖြစ်သည်ဟူ၍ လူတို့က အဓိပ္ပာယ်ကောက်ခဲ့ကြပြီး “ဦးခေါင်းကိုရိတ်၍” ဆိုသည်မှာ ယောဘသည် ဘုရားသခင်အား စော်ကားခြင်းနှင့် ဆန့်ကျင်ခြင်းကို ဆိုလိုကြောင်း တလွဲယုံကြည်ကြလေသည်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟူသော ယောဘ၏ စကားများမှလွဲ၍ လူတို့က ယောဘထဲ၌ ဘုရားသခင်၏ ချီးကျူးခြင်းကို ခံခဲ့ရသော ဖြောင့်မတ်ခြင်း တစ်စုံတစ်ခုမျှ မမြင်ကြသဖြင့် ယောဘအပေါ် အများစုဖြစ်သော ၎င်းတို့၏ အကဲဖြတ်ချက်မှာ နားမလည်နိုင်ခြင်း၊ နားလည်မှုလွဲခြင်း၊ သံသယဖြစ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် အယူအဆအားဖြင့်သာ လက်ခံခြင်းထက် မပိုပေ။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူသားတစ်ဦး ဖြစ်ကြောင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့သောသူတစ်ဦး ဖြစ်ကြောင်း ယေဟောဝါဘုရားသခင်၏ စကားများကို ၎င်းတို့ တစ်ဦးတစ်ယောက်မျှ စစ်မှန်စွာ နားလည်နိုင်ခြင်းနှင့် အသိမှတ်ပြုနိုင်ခြင်း မရှိကြပေ။
|
Click & Join us作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|