ဘုရားနှုတ်ကပတ်တော် | ယောဘ၏ ဘဝတစ်လျှောက်လုံးတွင် သူအသက်ရှင်နေထိုင်ခဲ့သည့် တန်ဖိုး စမ်းသပ်မှုများ နောက်ပိုင်းမှ ယောဘ ယောဘ ၄၂:၇-၉ ထိုသို့ ယေဟောဝါက ယောဘကို ဤစကားများ မိန့်တော်မူပြီးလျှင်၊ တေမန်လူမျိုး ဧလိဖတ်အား ယေဟောဝါက၊ သင်နှင့် သင်၏ မိတ်ဆွေနှစ်ဦးတို့တဘက်၌ ငါသည် အမျက်ထွက်၏၊ အဘယ်ကြောင့်ဆိုသော် ငါ့ကျွန်ယောဘကဲ့သို့ သင်တို့သည် ငါ့အကြောင်းကို မှန်ကန်စွာ ပြောဆိုခြင်းမရှိကြ၊ သို့ဖြစ်၍ ယခု သင်တို့နှင့်အတူ နွားထီးခုနှစ်ကောင်နှင့် သိုးခုနစ်ကောင်ကို ယူ၍ ငါ့ကျွန်ယောဘထံသို့ သွားပြီးလျှင် ကိုယ်အဘို့ မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ၏ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းပတ္ထနာပြုရလိမ့်မည်၊ ငါသည် သူ့အတွက်ကြောင့် လက်ခံမည်။ သင်တို့သည် ငါ့ကျွန်ယောဘကဲ့သို့ ငါ့အကြောင်း မှန်သောအရာကို မပြောကြသည့် အကြောင်းကြောင့် ငါသည် သင်တို့၏ မိုက်မဲခြင်းနှင့် ပတ်သက်၍ ရိုက်နှက်ဆုံးမမည်ကို စိုးရိမ်စရာရှိ၏ဟု မိန့်တော်မူ၏။ ထို့ကြောင့် တေမန်လူမျိုး ဧလိဖတ်နှင့် ရှုအာလူမျိုး ဗိလဒဒ်၊ နေမတ်လူမျိုး ဇောဖာတို့သည် ထွက်သွား၍ သူတို့အား ယေဟောဝါ မှာထားတော်မူသည်နှင့်အညီ လုပ်ဆောင်ကြ၏။ ယေဟောဝါသည်လည်း ယောဘကို လက်ခံတော်မူ၏။ ယောဘ ၄၂:၁၀ ယောဘသည် မိမိအဆွေတို့အဘို့ ဆုတောင်းပတ္ထနာပြုသောအခါ ယေဟောဝါသည် သူခံရသောဒုက္ခကို လွတ်ငြိမ်းစေခဲ့ပြီး ယခင်က သူပိုင်ဆိုင်ခဲ့သမျှဥစ္စာ၏ နှစ်ဆကို ယေဟောဝါ ပေးတော်မူ၏။ ယောဘ ၄၂:၁၂ ထိုသို့ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်နှင့် နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့သောကြောင့်၊ ယေဟောဝါသည် ယောဘ၏အစအဦးထက် နောက်ပိုင်းအဆုံးသတ်ကို သာ၍ ကောင်းကြီးပေးတော်မူလေသည်။ ယောဘ ၄၂:၁၇ အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှု ရှောင်သောသူများကို ဘုရားသခင် အမြတ်တနိုး သဘောထားသော်လည်း မိုက်မဲသောသူများကို အရေးမပါသူများဟူ၍ ဘုရားသခင် မြင်၏ ယောဘ ၄၂:၇-၉ တွင် ဘုရားသခင်က ယောဘသည် သူ၏ အစေခံဖြစ်ကြောင်း ဆိုထားသည်။ “အစေခံ” ဟူသော ဝေါဟာရကို သူအသုံးပြု၍ ယောဘအား ရည်ညွှန်းခြင်းမှာ သူ၏ စိတ်နှလုံးထဲ၌ ယောဘ၏ အရေးပါပုံကို ထင်ရှားစွာပြခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ယောဘအား ပို၍ တန်ဖိုးထားသော တစ်စုံတစ်ခု ဟူ၍ မခေါ်ခဲ့သော်လည်း ဤအမည်နာမသည် ဘုရားသခင်၏ စိတ်နှလုံးအတွင်း ယောဘ၏ အရေးပါခြင်းနှင့် ဆက်စပ်မှု မရှိခဲ့ပေ။ ဤနေရာမှ “အစေခံ” မှာ ယောဘအတွက် ဘုရားသခင် ပေးသော ချစ်စနိုးအမည် ဖြစ်သည်။ “ငါ့ကျွန်ယောဘ” ဟူ၍ ဘုရားသခင်၏ ကြိမ်ဖန်များစွာ ရည်ညွှန်းချက်များက သူသည် ယောဘအပေါ် မည်မျှ ကျေနပ်အားရခဲ့ကြောင်းကို ပြပြီး “အစေခံ” ဟူသော စကားလုံး နောက်ကွယ်မှ အဓိပ္ပာယ်ကို ဘုရားသခင် မပြောခဲ့သော်လည်း “အစေခံ” ဟူသော စကားလုံးအတွက် ဘုရားသခင်၏ အနက်အဓိပ္ပာယ်ကို သမ္မာကျမ်းထဲရှိ ဤကျမ်းပိုဒ်မှ သူ၏ နှုတ်ကပတ်တော်များမှ မြင်နိုင်ပါသည်။ တေမန်အမျိုးသား ဧလိဖတ်အား ဘုရားသခင်က၊ “သင်နှင့်သင်၏ အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက် ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော” ဟူ၍ ဦးစွာ ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များမှာ ယောဘသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ခံပြီးနောက် ယောဘ ပြောခဲ့သမျှနှင့် ပြုခဲ့သမျှတို့ကို သူလက်ခံကြောင်း ပထမဆုံးအကြိမ် လူတို့အား ဘုရားသခင် ပွင့်ပွင့်လင်းလင်း ပြောခဲ့ခြင်းဖြစ်ပြီး ယောဘ ပြုခဲ့ပြီးသမျှနှင့် ပြောခဲ့ပြီးသမျှ၏ တိကျမှုနှင့် မှန်ကန်မှုကို ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း သူအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဧလိဖတ်နှင့် အခြားသူများအား ၎င်းတို့၏ မဟုတ်မှန်သော၊ အဓိပ္ပာယ်မရှိသော အပြောကြောင့် အမျက်ထွက်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ယောဘကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မမြင်နိုင်ခြင်း သို့မဟုတ် ၎င်းတို့၏ အသက်တာများထဲ၌ သူပြောခဲ့သော နှုတ်ကပတ်တော်များကို မကြားနိုင်ခြင်းကြောင့် ဖြစ်သော်လည်း ယောဘသည် ဘုရားသခင်အကြောင်း ယင်းကဲ့သို့ တိကျမှန်ကန်သော အသိရှိခဲ့သည်၊ တစ်ဖက်တွင် ၎င်းတို့မှာ ဘုရားသခင်အကြောင်းကို မျက်ကန်းသဖွယ် မှန်းဆနိုင်ခဲ့ပြီး ဘုရားသခင်၏အလိုကို ထိပါးနှောင့်ယှက်ကာ ၎င်းတို့ပြုခဲ့သမျှတွင် သူ၏ စိတ်ရှည်ခြင်းကို အကဲစမ်းခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ယောဘပြုခဲ့သမျှနှင့် ပြောခဲ့သမျှကို လက်ခံသည့် တစ်ချိန်တည်းတွင် ဘုရားသခင်သည် အခြားသူများအပေါ် အမျက်ထွက်လာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထဲ၌ သူသည် ဘုရားသခင်ကို တစ်စုံတစ်ရာ အမှန်ကြောက်ရွံ့မှုကို မမြင်နိုင်ခဲ့သည့်အပြင် ၎င်းတို့ ပြောခဲ့သော အရာထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကြောင်း တစ်စုံတစ်ရာကိုမျှ မကြားခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့အား ဆက်လက်၍ ဤသို့တောင်းဆိုလေသည်၊ “သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ်ကောင်တို့ကို ယူပြီးလျှင်၊ ငါ့ကျွန်ယောဘထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ် ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့သည် မပြောသောအပြစ်နှင့်အလျောက် ငါစီရင်မည်ဟု မိန့်တော်မူ၏။” ဤကျမ်းပိုဒ်တွင် ဘုရားသခင်က ဧလိဖတ်နှင့် အခြားသူတို့အား ၎င်းတို့၏အပြစ်များမှ ရွေးနုတ်မည့် အရာတစ်စုံတစ်ခုကိုပြုရန် ပြောနေခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မိုက်မဲမှုသည် ယေဟောဝါဘုရားသခင်အား ပြစ်မှားသည့် အပြစ်တစ်ခု ဖြစ်ခဲ့ခြင်းကြောင့် ၎င်းတို့သည် ၎င်းတို့၏ အမှားများကို ကုစားရန်အလို့ငှာ မီးရှို့ရာယဇ်များကို ပူဇော်ခဲ့ကြရသည်။ မီးရှို့ရာယဇ်များမှာ ယေဘုယျအားဖြင့် ဘုရားသခင်ထံ ပူဇော်ရခြင်း ဖြစ်သည်၊ သို့သော်လည်း ဤမီးရှို့ရာယဇ်များ၏ တစ်မူထူးခြားသော အရာမှာ ထိုယဇ်များကို ယောဘအား ပူဇော်ခဲ့ခြင်းပင် ဖြစ်သည်။ ယောဘသည် စမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း ဘုရားသခင်ကို သက်သေခံခဲ့ခြင်းကြောင့် သူ့ကို ဘုရားသခင် အသိအမှတ်ပြုလက်ခံခဲ့သည်။ ထိုစဉ် ယောဘ၏ ဤမိတ်ဆွေများကို သူစမ်းသပ်မှုများကို ခံရသည့် ကာလအတွင်း ထုတ်ဖော်ခဲ့သည်၊ ၎င်းတို့၏ မိုက်မဲမှုကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ရှုတ်ချခြင်းကို ခံခဲ့ရသည်၊ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ အမျက်ဒေါသကို လှုံ့ဆော်ခဲ့ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံသင့်သည်၊ ယောဘအား မီးရှို့ရာယဇ်များကို ပူဇော်၍ အပြစ်ဒဏ်ပေးခြင်းကို ခံသင့်သည်၊ ထိုသို့ ပူဇော်ပြီးနောက် ၎င်းတို့အပေါ်၌ ဘုရားသခင်၏ အပြစ်ဒဏ်နှင့် အမျက်ဒေါသ ပပျောက်စေရန် ယောဘ ဆုတောင်းခဲ့လေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို အရှက်ရစေရန် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောလူများ မဟုတ်သည့်အပြင် ၎င်းတို့သည် ယောဘ၏ တည်ကြည်မှုကို ပြစ်တင်ဝေဖန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တစ်ဖက်တွင် ဘုရားသခင်သည် ၎င်းတို့၏ လုပ်ရပ်များကို လက်မခံသော်လည်း ယောဘကို လွန်စွာ အသိအမှတ်ပြုလက်ခံပြီး ကျေနပ်အားရကြောင်း ၎င်းတို့အား ပြောနေခဲ့ခြင်း ဖြစ်သည်၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ အသိအမှတ်ပြုလက်ခံခြင်းကို ခံရခြင်းသည် ဘုရားသခင်၏ရှေ့သို့ လူသားကို မြှင့်တင်ပေးကြောင်း၊ လူသားသည် သူ၏ မိုက်မဲမှုကြောင့် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ခံရကြောင်း၊ မိုက်မဲမှုကြောင့် ဘုရားသခင်ကို ပြစ်မှားမိ၍ ဘုရားသခင်၏ အမြင်တွင် အောက်တန်းကျပြီး ဆိုးညစ်ကြောင်း ပြောနေခဲ့ခြင်း ဖြစ်သည်။ ဤသည်တို့မှာ လူအမျိုးအစား နှစ်မျိုးအကြောင်း ဘုရားသခင် ပေးခဲ့သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဖြစ်သည်၊ ၎င်းတို့မှာ ဤလူအမျိုးအစား နှစ်မျိုးအပေါ် ဘုရားသခင်၏ သဘောထားများဖြစ်ပြီး ၎င်းတို့မှာ ဤလူအမျိုးအစား နှစ်မျိုး၏ တန်ဖိုးနှင့် အဆင့်အတန်းကို စကားလုံးဖြင့် ဘုရားသခင် ထုတ်ဖော်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ယောဘအား သူ၏အစေခံဟု ခေါ်ခဲ့သော်လည်း ဘုရားသခင်၏အမြင်တွင် ဤအစေခံမှာ ချစ်လှစွာသောသူဖြစ်ခဲ့ပြီး အခြားသူများအတွက် ဆုတောင်းပေးရန်နှင့် ၎င်းတို့၏ အမှားများကို ခွင့်လွှတ်ရန် အခွင့်အာဏာ ပေးအပ်ခံခဲ့ရသောသူ ဖြစ်သည်။ ဤအစေခံသည် ဘုရားသခင်နှင့် တိုက်ရိုက် စကားပြောနိုင်ပြီး ဘုရားသခင်ရှေ့သို့ တိုက်ရိုက် လာရောက်နိုင်ခဲ့သည်၊ သူ၏ အရိုက်အရာသည် အခြားသူများ၏ အရိုက်အရာထက် ပို၍မြင့်ပြီး ပို၍ ဂုဏ်သရေရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင် ပြောခဲ့သော “အစေခံ” ဟူသော စကားလုံး၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ယောဘသည် ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းကြောင့် ဤအထူးဂုဏ်သရေကို ပေးအပ်ခြင်းကို ခံခဲ့ရပြီး အခြားသူများကို ဘုရားသခင်က အစေခံများဟူ၍ မခေါ်ခဲ့သည့် အကြောင်းရင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ထင်ထင်ရှားရှား ကွဲပြားသော ဘုရားသခင်၏ ဤသဘောထား နှစ်မျိုးမှာ လူအမျိုးအစား နှစ်မျိုးအပေါ် ထားသော သူ၏သဘောထားများဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူများသည် ဘုရားသခင်၏ အသိအမှတ်ပြုလက်ခံခြင်းနှင့် သူ၏အမြင်တွင် မြတ်နိုးအပ်သည်ဟု မြင်ခြင်းကို ခံရစဉ်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိသည့်အပြင် မကောင်းမှုကို ရှောင်နိုင်စွမ်း မရှိသည့် မိုက်မဲသောသူများနှင့် ဘုရားသခင်၏ မျက်နှာသာကို မရနိုင်သော သူများမူကား ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုနှင့် ရှုတ်ချခြင်းကို မကြာခဏခံရပြီး ဘုရားသခင်၏ အမြင်တွင် အောက်တန်းကျသည်။ ယောဘအပေါ် ဘုရားသခင် အာဏာ အပ်နှင်းသည် ယောဘသည် သူ၏မိတ်ဆွေများအတွက် ဆုတောင်ပေးခဲ့ပြီးနောက် ယောဘ၏ ဆုတောင်းချက်များကြောင့် ဘုရားသခင်သည် ၎င်းတို့၏ မိုက်မဲမှုနှင့် သင့်လျော်သည်နှင့်အညီ ၎င်းတို့အား အရေးယူခဲ့ခြင်း မရှိပေ၊ ၎င်းတို့အား သူအပြစ်ဒဏ်ပေးခြင်း သို့မဟုတ် ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဒဏ်ခတ်ခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အတွက် ဘုရားသခင်၏ အစေခံ ယောဘ၏ ဆုတောင်းချက်များသည် သူ၏နားသို့ ရောက်ခဲ့သည်၊ ဘုရားသခင်သည် ယောဘ၏ ဆုတောင်းချက်များကို လက်ခံခဲ့ခြင်းကြောင်း ၎င်းတို့အား ခွင့်လွတ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဤအရာ၌ မည်သည့်အရာကို ငါတို့ မြင်ရသနည်း။ ဘုရားသခင်သည် တစ်စုံတစ်ဦးကို ကောင်းချီးပေးသောအခါ သူသည် ၎င်းတို့အား ဆုကျေးဇူး များစွာကိုပေးသည်၊ ရုပ်ဝတ္ထုဆုကျေးဇူးများသာ မဟုတ်ပါ၊ ဘုရားသခင်သည် ၎င်းတို့အား သြဇာအာဏာကာကိုလည်းပေးပြီး အခြားသူများအတွက် ဆုတောင်းပေးရသည့်အခွင့်ကို ၎င်းတို့အား ပေးသည်၊ ထို့အပြင် ဘုရားသခင်သည် ဤဆုတောင်းချက်များကို နားညောင်းသောကြောင့် ထိုလူတို့၏ ပြစ်မှားခြင်းများကို သတိမရဘဲနေ၍ လွန်သွားလေမည်။ ဤသည်မှာ ယောဘအား ဘုရားသခင် ပေးခဲ့သော အာဏာပင် ဖြစ်သည်။ ၎င်းတို့၏ ပြစ်ဒဏ်ကို ရပ်တန့်ရန် ယောဘ၏ ဆုတောင်းချက်များအားဖြင့် ယေဟောဝါဘုရားသခင်သည် ထိုမိုက်မဲသော လူများကို အရှက်ရစေခဲ့သည်၊ ၎င်းမှာ ဧလိဖတ်နှင့် အခြားသူများအတွက် သူ၏ အထူး အပြစ်ဒဏ်ပေးခဲ့ခြင်းပင် အမှန်ဖြစ်သည်။ ယောဘသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို နောက်တဖန် ခံစားရပြီး စာတန်၏ စွပ်စွဲခြင်းကို ဘယ်သောအခါမျှ နောက်ထပ် ခံရခြင်း မရှိတော့ ယေဟောဝါဘုရား၏ မိန့်မြွက်ချက်များထဲမှ နှုတ်ကပတ်တော်များမှာ “ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော” ဟူ၍ဖြစ်သည်။ ယောဘ ပြောခဲ့သော အရာမှာ အဘယ်အရာ ဖြစ်သနည်း။ ၎င်းမှာ ယခင်က ငါတို့ပြောခဲ့ပြီးသော အရာပင် ဖြစ်သကဲ့သို့ ယောဘ ပြောခဲ့သည်ဟူ၍ မှတ်တမ်းတင်ထားသည့် ယောဘဝတ္ထုထဲမှ များစွာသော စာမျက်နှာများပေါ်ရှိ စကားလုံးများပင် ဖြစ်သည်။ များစွာသော ဤစာမျက်နှာပေါ်ရှိ စကားလုံးများ အားလုံးထဲတွင် ယောဘသည် ဘုရားသခင်နှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှပင် တစ်စုံတစ်ရာ ညည်းတွားခြင်း သို့မဟုတ် ဒွိဟဖြစ်ခြင်း မရှိခဲ့ပေ။ သူသည် ရလဒ်ကိုသာ ရိုးရိုးရှင်းရှင်း စောင့်ဆိုင်းလေ၏။ ဤသို့စောင့်ဆိုင်းခြင်းမှာ သူ၏ နာခံသော သဘောထား ဖြစ်ပြီး ထိုသို့ နာခံခြင်း၏ ရလဒ်နှင့် ဘုရားသခင်အား သူပြောခဲ့သော စကားများ၏ ရလဒ်ကြောင့် ယောဘသည် ဘုရားသခင်၏ အသိအမှတ်ပြုလက်ခံခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ စမ်းသပ်မှုများကို သည်းခံပြီး ခက်ခဲခြင်းကို သူကြုံခဲ့ရသည့်အချိန်တွင် ဘုရားသခင်သည် သူ၏နံဘေး၌ ရှိနေခဲ့သည်၊ ထို့အပြင် သူ၏ ခက်ခဲခြင်းသည် ဘုရားသခင် ရှိနေခြင်းကြောင့် လျော့နည်းခဲ့ခြင်း မရှိပေ၊ ဘုရားသခင်သည် သူမြင်လိုသော အရာကို မြင်ခဲ့ရပြီး သူကြားလိုသော အရာကို ကြားခဲ့ရသည်။ ယောဘ၏ လုပ်ဆောင်မှု တစ်ခုချင်းစီနှင့် စကား တစ်ခွန်းချင်းစီသည် ဘုရားသခင်၏ နားနှင့် မျက်စိရှေ့ ရောက်ခဲ့သည်၊ ဘုရားသခင် မြင်ခဲ့၊ ကြားခဲ့သည်၊ ဤသည်မှာ အဖြစ်မှန်ပင် ဖြစ်သည်။ ဘုရားသခင်အကြောင်း ယောဘ၏ သိခြင်းနှင့် ထိုအချိန်က သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့်ပတ်သက်သည့် သူ၏အတွေးများမှာ ထိုကာလအတွင်း ယနေ့ခေတ် လူများ၏ အတွေးများကဲ့သို့ အတိအကျ ဖြစ်ခဲ့မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်၊ သို့သော်လည်း ခေတ်ကာလနှင့် ဆက်စပ်စဉ်းစားရာ၌ ယောဘ၏ အပြုအမူနှင့် သူ၏ စိတ်နှလုံးထဲမှ အတွေးများနှင့် သူဖော်ပြခဲ့ပြီး ထုတ်ဖော်ခဲ့သည်တို့မှာ ဘုရားသခင်၏ လိုအပ်ချက်များနှင့် ပြည့်စုံခဲ့သောကြောင့် သူပြောခဲ့သမျှကို ဘုရားသခင် ဆက်၍ အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်မှုများကို ယောဘခံခဲ့ရသည့် အချိန်အတောအတွင်း၊ သူ၏ စိတ်နှလုံးထဲ၌ စဉ်းစားခဲ့ပြီး လုပ်ရန် စိတ်ဆုံးဖြတ်ခဲ့ခြင်းမှာ ဘုရားသခင်အား ရလဒ်တစ်ခုကို ပြခဲ့ပြီး၊ ထိုရလဒ်မှာ ဘုရားသခင်ကို ကျေနပ်စေခဲ့သည်၊ ထို့နောက် ဘုရားသခင်သည် ယောဘခံရသော စမ်းသပ်မှုများကို ရုပ်သိမ်းခဲ့သည် ယောဘသည် သူ၏ဒုက္ခဆင်းရဲများထဲမှ ထွက်ပေါ်လာခဲ့ပြီး သူခံရသော စမ်းသပ်မှုများမှာ ကုန်လွန်ခဲ့ပြီး သူ့အပေါ် နောက်ထပ် မည်သည့်အခါမျှ ကျရောက်ခြင်း မရှိခဲ့ပေ။ ယောဘသည် စမ်းသပ်မှုများကို ခံနှင့်ပြီးဖြစ်၍ ဤစမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း မြဲမြံစွာ ရပ်တည်ခဲ့ပြီး စာတန်ကို လုံးလုံးလျားလျား အောင်နိုင်ခဲ့ခြင်းကြောင့် ဘုရားသခင်သည် သူတရားသဖြင့် အလွန် ရသင့်ရထိုက်သော ကောင်းချီးမင်္ဂလာများကို သူ့အားပေးခဲ့သည်။ ယောဘ ၄၂:၁၀၊ ၁၂ တွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယောဘသည် နောက်ထပ်တဖန် ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရပြီး ပထမ ဖြစ်စဉ်ထက် ပို၍ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရသည်။ ဤအချိန်တွင် စာတန်သည် နောက်ဆုတ်ခဲ့ပြီးဖြစ်၍ မည်သည့်အရာကိုမျှ ပြောခဲ့ခြင်း သို့မဟုတ် ပြုခဲ့ခြင်း မရှိတော့ပေ၊ ထိုအချိန်မှစ၍ ယောဘသည် စာတန်၏ နှောင့်ယှက်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း မရှိတော့ပေ၊ ထို့အပြင် စာတန် ယောဘအား ဘုရားသခင် ကောင်းချီးမင်္ဂလာများ ပေးခြင်းကို ဆန့်ကျင်၍ စွပ်စွဲချက်များကို တင်ခဲ့ခြင်း မရှိတော့ပေ။ ယောဘသည် သူ၏ နောက်ပိုင်း အသက်တာ တစ်ဝက်ကို ဘုရားသခင်ပေးသော ကောင်းချီးမင်္ဂလာများဖြင့် ကုန်လွန်စေသည် ထိုအချိန်က ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများသည် သိုးများ၊ ကျွဲနွားတိရစ္ဆာန်၊ ကုလားအုပ်များ၊ ရုပ်ဝတ္ထုပိုင်ဆိုင်မှုများနှင့် အစရှိသည်တို့ကိုသာ ကန့်သတ်ခဲ့သော်လည်း ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲ၌ ယောဘအပေါ် ပေးအပ်လိုသော ကောင်းချီးမင်္ဂလာများမှာ ဤအရာထက် လွန်စွာပိုခဲ့သည်။ ထိုအချိန်က ယောဘအား မည်ကဲ့သို့သော ထာဝရကတိများကို ဘုရားသခင် ပေးလိုခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ခြင်း ရှိသလော။ ယောဘအား ပေးသော သူ၏ကောင်းချီးမင်္ဂလာများထဲတွင် ဘုရားသခင်သည် ယောဘ၏ အဆုံးသတ်ကို ဖော်ပြခြင်း သို့မဟုတ် ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ၊ ထို့အပြင် ဘုရားသခင်၏ စိတ်နှလုံးအတွင်း ယောဘသည် မည်သည့် အရေးပါခြင်း သို့မဟုတ် နေရာ၌ ရှိကြောင်းကို ပဓာနမထားပါက၊ အချုပ်အားဖြင့် ဘုရားသခင်သည် သူပေးသော ကောင်းချီးမင်္ဂလာများအပေါ် အမြော်အမြင် ရှိခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ အဆုံးသတ်ကို ကြေငြာခဲ့ခြင်း မရှိပေ။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ထိုအချိန်က ဘုရားသခင်၏ အစီအစဉ်သည် လူသား၏ အဆုံးသတ်ကို ကြေညာသည့် အဆင့်အထိ မရောက်ခဲ့သေးချေ၊ ထိုအစီအစဉ်သည် ကိုယ်တော်၏ နောက်ဆုံး အမှုထဲသို့ ဝင်ရောက်ခြင်း မရှိခဲ့သေးပေ၊ ဘုရားသခင်သည် အဆုံးသတ်ကို ဖော်ပြခဲ့ခြင်း မရှိဘဲ လူသားအပေါ် ရုပ်ဝတ္ထု ကောင်းချီးမင်္ဂလာများကို ပေးအပ်ရုံမျှသာ ဖြစ်သည်။ ဤအရာ၏ အဓိပ္ပာယ်မှာ ယောဘ၏ နောက်ပိုင်း အသက်တာ တစ်ဝက်ကို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအကြား၌ ကုန်လွန်စေခဲ့ပြီး ၎င်းမှာ သူ့အား အခြားလူများနှင့် ကွဲပြားစေခဲ့သည်၊ သို့သော်လည်း ၎င်းတို့နည်းတူ သူအသက်အိုမင်းခဲ့ပြီး အခြားသာမန်လူတစ်ဦးကဲ့သို့ပင် လောကကြီးအား နှုတ်ဆက်ခဲ့သည် နေ့ရက်အချိန်အခါ ရောက်ခဲ့လေသည်။ ထို့ကြောင့် “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စရောက်လေ၏” (ယောဘ ၄၂:၁၇) ဟူ၍ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဤနေရာတွင် “နေ့ရက်ကာလနှင့် ကြွယ်ဝသော် အနိစ္စရောက်လေ၏” ဟူသော အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့၏ အဆုံးသတ်ကို ဘုရားသခင် မကြေညာမီခေတ်တွင် ဘုရားသခင်သည် ယောဘအတွက် လူ့သက်တမ်းတစ်ခုကို သတ်မှတ်ပေးခဲ့ပြီး ထိုသက်တမ်းစေ့သည့်အခါ သူသည် ယောဘအား ဤလောကထဲမှ သဘာဝအလျောက် ထွက်ခွာစေခဲ့သည်။ ယောဘ ဒုတိယအကြိမ် ကောင်းချီးမင်္ဂလာ ခံစားခဲ့ရသည့် အချိန်မှ သူသေဆုံးချိန်အထိ ဘုရားသခင်သည် နောက်ထပ် အခက်အခဲ တစ်စုံတစ်ရာကို ထပ်ထည့်ခဲ့ခြင်း မရှိပေ။ ဘုရားသခင်အတွက်မူကား ယောဘ၏ သေခြင်းမှာ သဘာဝပင်ဖြစ်ပြီး ရှောင်လွှဲ၍လည်း မရပေ၊ ၎င်းမှာ အလွန် ပုံမှန် ဖြစ်သော အရာတစ်စုံတစ်ခုပင် ဖြစ်ခဲ့သည်၊ ၎င်းမှာ တရားစီရင်ခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်း မဟုတ်ခဲ့ပေ။ ယောဘသည် သူအသက်ရှင်စဉ် ဘုရားသခင်ကို ကိုးကွယ်ပြီး ကြောက်ရွံ့ခဲ့သည်၊ သူသေဆုံးပြီးနောက် မည်သည့် အဆုံးသတ်မျိုး သူရခဲ့ကြောင်းနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် တစ်စုံတစ်ရာကို မပြောခဲ့သည့်အပြင် ၎င်းအကြောင်းကိုလည်း တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မပြုခဲ့ပေ။ ဘုရားသခင်သည် သူပြောသောအရာနှင့် ပြုသောအရာတွင် အမြော်အမြင်ရှိပြီး သူ၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်မှုများ၏ အကြောင်းအရာနှင့် နိယာမများသည် သူ့အမှု၏ အဆင့်နှင့် သူအလုပ်လုပ်နေသော ခေတ်ကာလနှင့်အညီ ဖြစ်သည်။ ယောဘကဲ့သို့ တစ်စုံတစ်ဦး၏ မည်ကဲ့သို့ အဆုံးသတ်မျိုးသည် ဘုရားသခင်၏ စိတ်နှလုံးထဲ၌ ရှိခဲ့သနည်း။ ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲတွင် ဆုံးဖြတ်ချက် တစ်စုံတစ်ရာကို ချမှတ်ခဲ့ပြီး ဖြစ်သလော။ သူချမှတ်ခဲ့ပြီးသည်မှာ သေချာလေစွ။ လူသားသည် ဤအရာကို မသိခြင်းသာ ဖြစ်လေ၏၊ လူသားကို ဘုရားသခင်သည် မပြောပြလိုသကဲ့သို့ လူသားကို ပြောပြရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိခဲ့ပေ။ ထို့ကြောင့် သာမန်ကာလျှံကာ ပြောမည်ဆိုပါက ယောဘသည် နေ့ရက်ကာလစေ့သော် သေဆုံးခဲ့ပြီး ၎င်းမှာ ယောဘ၏ အသက်တာပင် ဖြစ်လေသည်။ ယောဘ၏ ဘဝတစ်လျှောက်လုံးတွင် သူအသက်ရှင်နေထိုင်ခဲ့သည့် တန်ဖိုး ယောဘသည် တန်ဖိုးရှိသော အသက်တာ တစ်ခုဖြင့် အသက်ရှင်ခဲ့သလော။ ယင်းတန်ဖိုးမှာ အဘယ်၌ ရှိခဲ့သနည်း။ သူသည် တန်ဖိုးရှိသော အသက်တာတစ်ခုဖြင့် အသက်ရှင်ခဲ့သည်ဟု အဘယ်ကြောင့် ဆိုခဲ့သနည်း။ လူသားအတွက် သူ၏တန်ဖိုးမှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ လူသား၏ ရှုထောင့်မှ ကြည့်ပါက စာတန်နှင့် လောက လူများ၏ရှေ့တွင် ဘုရားသခင်အား ထူးကဲသော သက်သေခံချက်တစ်ခုကို သက်သေခံရာ၌ သူသည် ဘုရားသခင် ကယ်တင်ရန် အလိုရှိသော လူသားမျိုးနွယ်ကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်ကို ဖြည့်ဆည်းခဲ့ပြီး ဘုရားသခင် ကယ်တင်ရန် အလိုရှိသော သူအားလုံးအတွက် စံတစ်ခု ချမှတ်၍ နမူနာတစ်ခုအဖြစ် အသက်ရှင်ခဲ့ပြီး ဘုရားသခင်ကို အမှီပြုခြင်းအားဖြင့် စာတန်ကို အောင်နိုင်ရန် အပြည့်အဝ ဖြစ်နိုင်ကြောင်းကို လူတို့အား မြင်စေသည်။ ထို့အပြင် ဘုရားသခင်အတွက် သူ၏တန်ဖိုးမှာ အဘယ်အရာ ဖြစ်ခဲ့နည်း။ ဘုရားသခင်အတွက်မူကား ယောဘ အသက်တာ၏ တန်ဖိုးမှာ ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း၊ ကိုးကွယ်နိုင်စွမ်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံနိုင်စွမ်းနှင့် ချီးမွမ်းနိုင်စွမ်း၊ ဘုရားသခင်အား စိတ်ချမ်းသာမှုနှင့် ဝမ်းမြောက်စရာ တစ်စုံတစ်ခုကို ဆောင်ယူလာနိုင်စွမ်း၌ တည်ရှိခဲ့သည်၊ ဘုရားသခင်အတွက်မူကား ယောဘ အသက်တာ၏ တန်ဖိုးမှာ ယောဘသည် သူမသေဆုံးမီ စမ်းသပ်မှုများကို မည်သို့ခံစားပြီး စာတန်အပေါ် အောင်နိုင်ခဲ့၍ စာတန်နှင့် လောက လူတို့၏ ရှေ့၌ ဘုရားသခင်အား ထူးကဲသော သက်သေခံချက်ကို သက်သေခံနိုင်ခြင်း၊ လူသားမျိုးနွယ်အလယ်၌ ဘုရားသခင်ကို ဘုန်းထင်ရှားစေခြင်း၊ ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ခြင်းနှင့် ဘုရားသခင်၏ စိတ်အားထက်သန်သော စိတ်နှလုံးကို ရလဒ်တစ်ခုအား ရှုမြင်စေခြင်းနှင့် မျှော်လင့်ချက် မြင်စေခြင်း၌လည်း တည်ရှိခဲ့သည်။ သူ၏သက်သေခံချက်သည် ဘုရားသခင်အတွက် တစ်ယောက်သောသူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်စွမ်းနှင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အမှုတော်၌ ဘုရားသခင်၏ ကိုယ်စား စာတန်အား အရှက်ရစေနိုင်ရန်အတွက် အစဉ်အလာတစ်ခုကို သတ်မှတ်ပေးခဲ့သည်။ ဤသည်မှာ ယောဘ အသက်တာ၏ တန်ဖိုးပင် ဖြစ်သည် မဟုတ်လော။ ယောဘသည် ဘုရားသခင်၏ စိတ်နှလုံးကို သက်သာရာ ရစေခဲ့သည်၊ ဘုန်းထင်ရှားခံရခြင်းကြောင့် ဝမ်းမြောက်ခြင်း၏ အမြည်းတစ်ခုကို ဘုရားသခင်အား သူပေးခဲ့ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဝမ်းမြောက်ဖွယ်ကောင်းသော အစအဦး တစ်ခုကို ပေးခဲ့သည်။ ထို့အပြင် ဤအချိန်မှ စတင်ကာ ရှေ့လျှောက် ယောဘ၏အမည်သည် ဘုရားသခင်ကို ဘုန်းထင်ရှားစေသော သင်္ကေတတစ်ခုနှင့် စာတန်အပေါ် လူသားမျိုးနွယ်၏ အောင်နိုင်မှု အမှတ်အသားတစ်ခု ဖြစ်လာခဲ့သည်။ ယောဘသည် သူ၏ ဘဝတစ်လျှောက်လုံး အသက်ရှင်နေထိုင်ခဲ့သည့် အရာနှင့် စာတန်အပေါ် သူ၏ ထူးခြားသော အောင်နိုင်မှုကို ဘုရားသခင်သည် အစဉ်မြတ်နိုးမည်ဖြစ်၍ သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းကို နောင်လာမည့် မျိုးဆက်များက အမွန်အမြတ်ထား၍ အတုယူကြလိမ့်မည် ဖြစ်သည်။ သူသည် အပြစ်အနာအဆာကင်း၍ တောက်ပသော ပုလဲလုံး တစ်လုံးကဲ့သို့ ဘုရားသခင်၏ အစဉ်ချစ်ခင်မြတ်နိုးခြင်းကို ခံရမည်ဖြစ်ပြီး သူသည် လူသား၏ တန်ဖိုးထားရန်လည်း ထိုက်တန်ပေသည်။ မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ် ခရစ်ယာန် သက်သေခံချက်များ
0 Comments
Leave a Reply. |
Click & Join us作者寫一些關於自己的事。不必花俏,簡單描述即可。 မော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|