ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်တွင်၊ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ကျော်လွှားအောင်မြင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ဦးဆောင်သည် (၂) ချင်းချင်း၊ မလေးရှားနိုင်ငံ နိုဝင်ဘာလ အစောပိုင်းတွင်၊ ကျွန်မတို့ အသင်းတော်မှ အကြီးအကဲ ချင်သည် တစ်ဖန် “အလည်” လာပါသည်။ သူမက မျက်နှာတည်တည်ဖြင့်၊ “ဒီတော့ လူတွေအများကြီးက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်တာကို ရှင့်ကို ဆန့်ကျင်သတိပေးကြပြီးပြီ၊ ဒါပေမယ့် ရှင်က နားမထောင်ချင်ဘူး။ ဒါ့အပြင် သူတို့ရဲ့ လမ်းစဉ်ကို ရှင်က ကျွန်မတို့ အသင်းတော်ထဲက ညီအစ်ကို မောင်နှမတွေကို ဟောနေတယ်။ အခု အသင်းတော်ထဲမှာ ရှင့်ရဲ့ အမှုတော်ဆောင်ခြင်းကို ပယ်ဖျက်လိုက်ပြီ။ ဒီနေ့ကစပြီး၊ ရှင့်ကို ပွဲတော် တက်ခွင့်မပြုတော့ဘူး၊ ပြီးတော့ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းရဲ့ လမ်းစဉ်ကို ကျွန်မတို့ အသင်းတော်ထဲက လူတွေဆီ ဟောပြောခွင့် လုံးဝ မပြုဘူး” ဟု ဆိုရင်း ကြမ်းတမ်းစွာ ပြောဆိုခဲ့သည်။ ကျွန်မက စိတ်ဆိုးမာန်ဆိုးဖြင့်၊ “ယေဟောဝါ၊ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အားလုံးက တူညီတဲ့ ဘုရားသခင်ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ရာမှာ၊ ကျွန်မက သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက် လိုက်တယ်၊ ပြီးတော့ သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ကြီးမြတ်တဲ့ သတင်းကို ညီအစ်ကို မောင်နှမတွေကို ကျွန်မ ပြောတယ်။ အဲဒါ ဘယ်လိုများ မှားနေလို့လဲ။ ညီအစ်ကို မောင်နှမတွေက ဘုရားရဲ့ သိုးတွေဖြစ်ပြီး သူ့ရဲ့ သိုးတွေက သူ့ဆီ ပြန်သွားသင့်တယ်လေ။ အသင်းတော်မှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အစေခံတဲ့ ရှင်က ရှင့်ရဲ့ ကိုယ်ပိုင် ထိန်းချုပ်မှုအောက်မှာ ညီအစ်ကို မောင်နှမတွေကို ထိန်းသိမ်းပြီး ဘုရားရဲ့ အသံတော်ကို မကြားဖို့ သူတို့ကို ခွင့်မပြုနိုင်ရတာလဲ။ အဲဒါက ရှင့်ကို ဆိုးညစ်တဲ့ အစေခံ မဖြစ်စေဘူးလား” ဟု ပြောလိုက်သည်။ အကြီးအကဲ ချင်က ကျွန်မ ပြောသည့်အရာကို ပယ်ချလိုက်ပြီး၊ “ရှင့်ကို သတိပေးဖို့ ကျွန်မလာတာ။ ကျွန်မတို့ရဲ့ သတိပေးတာတွေကို ရှင် အလေးမထားပဲ ဆက်ပြီး ပြုမူရင် အသင်းတော်ကနေ ရှင် အထုတ်ခံရမယ်၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေ အားလုံးကို ရှင်နဲ့ ဝေးဝေးမှာ နေခိုင်းပြီး ရှင့်ကို သူတို့သတိထားကြဖို့ ကျွန်မတို့ ပြောမယ်။ ဒါ့အပြင်၊ အနီးအနားက အသင်းတော်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို စယုံကြည်ပြီး တစ်မိသားစုလုံး သူတို့ရဲ့အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အမေနဲ့ သမီး နှစ်ယောက်ရှိတယ်လေ။ ရှင့်အနေနဲ့ ရှင့်ရဲ့ ယောက်ျားနဲ့ သားကို စဉ်းစားနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်” ဟု ကျွန်မကို မောက်မာစွာ ပြောဆိုခဲ့သည်။ ပြောပြီးသည်နှင့် သူမသည် ဖနှောင့်နှင့် တင်ပါးတစ်သားတည်းကျအောင် လှည့်ထွက်သွားခဲ့သည်။ အကြီးအကဲ ချင်၏ စကားများက ကျွန်မ စိတ်ထဲတွင် အခေါက်ခေါက် အခါခါ ပေါ်လာရင်းနှင့် ဧည့်ခန်းထဲတွင် တစ်ကိုယ်တည်း ကျွန်မ ထိုင်နေမိခဲ့သည်။ အဘယ့်ကြောင့် သူတို့ ကျွန်မကို ထိုသို့ ဆက်ဆံကြသနည်း။ အသင်းတော်တွင် ကျွန်မ အစေခံနေခဲ့သည်မှာ နှစ် ၂၀ ကျော်ရှိခဲ့ပြီဖြစ်သည်၊ အလွန်ကြာမြင့်ခဲ့သည်မှာ အသင်းတော်က ကျွန်မအဖို့ အိမ်ကဲ့သို့ ဖြစ်လာခဲ့သည်အထိ ဖြစ်သည်။ ယခုတွင်၊ တစ်ချိန်က အလွန်ရင်းနှီးခဲ့သည့် ညီအစ်ကို မောင်နှမများမှာ ကျွန်မအဖို့ သူစိမ်းများကဲ့သို့ ဖြစ်လာခဲ့ပြီး ကျွန်မသည် သူတို့၏ ပစ်ပယ်မှုနှင့် သွားပုပ်လေလွင့်ပြောဆိုခြင်းကိုလည်း ရင်ဆိုင်ရတော့မည်ဖြစ်သည်…။ ထိုအကြောင်းကို ကျွန်မ တွေးလေလေ၊ ပိုဝမ်းနည်းခံစားရလေလေဖြစ်ပြီး ကျွန်မ၏ နှလုံးသား အားနည်းခဲ့ရသည်။ ကျွန်မ၏ နာကျင်မှုထဲတွင်၊ ဘုရားသခင်ကို ကျွန်မ ချက်ချင်း ဆုတောင်းပြီး ကျွန်မကို ယုံကြည်ခြင်းနှင့် ခွန်အားပေးဖို့ သူ့ကို တောင်းလျှာက်ခဲ့ပါသည်။ နောက်ပိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရသည်၊ “သင်တို့သည် နိုးထရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားကာ၊ သင်သည် ငါ့၏ရှေ့မှောက်တွင် ပို၍ဆုတောင်းရမည်။ သင်သည် စာတန်၏ အမျိုးမျိုးသော ဇာတ်ကွက်များနှင့် ကောက်ကျစ်သော အကြံအစည်များကို သိမှတ်ရမည်၊ ဝိညာဉ်ကို သိလျက်၊ လူသားများကို သိမှတ်ပြီး၊ အမျိုးမျိုးသော လူသားများ၊ အခြေအနေများနှင့် အကြောင်းအရာများကို သတိပြုနိုင်ရမည်။… သင်တို့ ရှေ့တွင် စာတန်၏ အမျိုးမျိုးသော အကျည်းတန်သော အင်္ဂါရပ်တို့ကို ချထားသည်၊ သင်တို့သည်ရပ်လျက်၊ နောက်သို့ ပြန်လျောကျသွားမည်လော၊ သို့မဟုတ် သင်တို့သည် ငါ့ကို အမှီပြုပြီး မတ်တပ်ရပ်လျက်၊ ရှေ့သို့ တိုး၍ လှမ်းလျှောက်သွားမည်လော။ စာတန်၏ ဖောက်ပြန်ခြင်းနှင့် အကျည်းတန်သော အင်္ဂါရပ်များကို စေ့စပ်သေချာစွာ ဖော်ထုတ်ကာ၊ ချမ်းသာပေးသည့် သဘောထားကိုမပေး၊ သနားကြင်နာမှုကို မပြသနှင့်။ စာတန်ကို သေသည့်တိုင်အောင် တိုက်ခိုက်လော့။” ထို့နောက်တွင်မှ၊ ဤအရာသည် စာတန်၏ နောက်ထပ် လှည့်ဖြားတတ်သည့် အကြံအစည်ဖြစ်နေသည်ကို ကျွန်မ နားလည်ခဲ့ရသည်။ အသင်းတော်ထဲက ညီအစ်ကို မောင်နှများနှင့် ကျွန်မသည် နက်ရှိုင်းသည့် ခင်မင်ရင်းနှီးမှု ရှိပြီး မိသားစုကို ကျွန်မ နက်နက်ရှိုင်းရှိုင်း သံယောဇဉ်ရှိသည်ကို စာတန်က သိခဲ့သည်၊ ထို့ကြောင့် သူက ကျွန်မကို တိုက်ခိုက်ဖို့ အသင်းတော်က ကျွန်မကို နှင်ထုတ်ခြင်းနှင့် ညီအစ်ကို မောင်နှမများက ကျွန်မကို ပစ်ပယ်ခြင်းကဲ့သို့သော စက်ဆုပ်စရာ နည်းလမ်းများကို အသုံးပြုနေသလို၊ မှန်သောလမ်းကို စွန့်လွှတ်ဖို့ ကျွန်မကို အတင်းအကျပ်လုပ်ဆောင်ရန် မိသားစုတစ်စုလုံး အသင်းတော်မှ နှင်ထုတ်ခံရနိုင်သည့် အလားအလာကိုပင်လျင် သူ အသုံးပြုနေခဲ့သည်- စာတန်သည် အမှန်ပင် အလွန်အငြိုးကြီးပြီး စက်ဆုပ်စရာကောင်းလှပါသည်။ သခင်ယေရှု ပြောခဲ့သည်အရာကို ကျွန်မ တွေးမိခဲ့သည်၊ “ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၅:၁၀) ယခု ကျွန်မသည် သခင်ယေရှု၏ ခြေလှမ်းများနောက် လိုက်လျှောက်ခြင်းအတွက် ငြင်းပယ်မှုကို ခံစားရဖို့ ရှိပါသည်၊ သို့သော် ဤသည်မှာ ကျွန်မ ခံရဖို့ရှိသည့် ဒုက္ခဆင်းရဲတစ်ခုသာ မဟုတ်ပဲ၊ ကောင်းကြီးမင်္ဂလာတစ်ခုလည်း ဖြစ်ပါသည်။ ကျွန်မကို နှောင့်ယှက်ဖို့ စာတန် မည်မျှပင် ကြိုးစားပါစေ၊ ကျွန်မ၏ သက်သေခံချက်တွင် ကျွန်မ ခိုင်မာစွာ ရပ်တည်ရမည်ကို ကျွန်မ သိပါသည်။ နောက်ပိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပါသည်၊ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရွတ်နေသည့်တိုင် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်ကြသည့်အပြင်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် အသုံးမကျသောသူများဖြစ်၍ ဆိုးရွားသောသူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏နာမကို ကိုင်ဆောင်ပြတတ်သော်လည်း ဘုရားသခင်ကို တမင်ဆန့်ကျင်တတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ထားကြသော်လည်း သူတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်သောသူများပင် ဖြစ်ကြ၏။ ထိုကဲ့သို့သောသူအားလုံးသည် လူ့ဝိညာဉ်ကို ဝါးမျိုတတ်သည့် နတ်ဆိုးများ ဖြစ်ကြပြီး၊ မှန်ကန်သောလမ်းသို့ ခြေလှမ်းရန် ကြိုးစားသူတို့ကို ရည်ရွယ်ချက်ရှိစွာဖြင့် အနှောင့်အယှက်ပေးတတ်သော ခေါင်းဆောင်နတ်ဆိုးများဖြစ်ကြကာ၊ ဘုရားသခင်ကို ရှာဖွေသောသူတို့၏လမ်းကို ဟန့်တားကြန့်ကြာစေမည့် ခလုတ်တံသင်းများဖြစ်ကြ၏။ သူတို့သည် ‘အကြမ်းပတမ်းဇာတိခန္ဓာ’ များ ဖြစ်ကြသော်လည်း၊ သူတို့သည် အန္တိခရစ်များဖြစ်ကြကာ လူများအား ဘုရားသခင်တစ်ဘက် ဆန့်ကျင်ဘက်ပြုရန် ဦးဆောင်သောသူများဖြစ်ကြောင်း သူတို့၏ နောက်လိုက်များက မည်သို့သိနိုင်မည်နည်း။ ဤသူများမှာ ဝိညာဉ်များကို ဝါးမျိုရန် အထူးသဖြင့် ရှာဖွေနေကြသည့် ရှင်သန်နေသော နတ်ဆိုးများဖြစ်သည်ကို သူတို့သည် မည်ကဲ့သို့သိနိုင်မည်နည်း။” ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်းအုပ်ဆရာနှင့် အကြီးအကဲတို့၏ စရိုက်မှန်ကို ကျွန်မကို မြင်နိုင်စေခဲ့သည်။ သူတို့သည် ကျမ်းစာကို နှောကျေကြပြီး ဓမ္မပညာကို လေ့လာခဲ့ကြကာ ဝိညာဉ်ရေးရာ သီအိုရီများစွာ ပြောဆိုနိုင်ကြသော်လည်း၊ သခင့်အလိုတော်ကို သိရှိခြင်း တကယ်ကို မရှိကြသလို သူတို့ စိတ်နှလုံးများထဲတွင် သခင့်အတွက် သေးငယ်သော နေရာပင် မရှိခဲ့ပါ။ စစ်မှန်သော ကယ်တင်ခြင်းကို ရရှိဖို့ ယုံကြည်သူ၏ အရည်အချင်းနှင့် အလွန်နီးကပ်စွာ နှီးနွယ်သည့် သခင်ပြန်ကြွလာခြင်းနှင့်ဆိုင်သော အရေးကြီးသည့် ကိစ္စရပ်နှင့် ပတ်သက်လာလျှင်၊ သူတို့ စိတ်နှလုံးများထဲတွင် သခင့်အတွက် ကြည်ညိုမှုမရှိပါ။ ဂိုဏ်းဂဏအားလုံးမှ သခင့်ကို စစ်မှန်စွာ ယုံကြည်သော ညီအစ်ကို မောင်နှမများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံကြရခြင်း အဖြစ်မှန်ကို သူတို့ မျက်မြင်ကြုံနေခဲ့ကြရသော်လည်း သူတို့၏ ကိုယ်ပိုင်အယူအဆများကို သူတို့ ခေါင်းမာစွာ ဆက်လက် ဖက်တွယ်ထားကြပြီး လုံးဝ မရှာဖွေ သို့မဟုတ် မလေ့လာမဆန်းစစ်ကြပါ။ ယင်းအစား၊ အဓိပ္ပါယ်မဲ့သော ဝေဖန်မှုများနှင့် ရှုတ်ချမှုများကို သူတို့ ပြုလုပ်ခဲ့ကြသည်၊ မှန်သောလမ်းကို လေ့လာဆန်းစစ်ခြင်းမှ ညီအစ်ကို မောင်နှများကို နှောင့်ယှက်ဖို့နှင့် တားဆီးဖို့ပင် ကြိုးစားခဲ့ကြပြီး၊ သူတို့ အသင်းတော်မှ ညီအစ်ကို မောင်နှမများကို ဧဝံဂေလိတရားဟောဖို့ အခြားမည်သူ့ကိုမျှ ခွင့်မပြုကြပါ။ ထို့နောက် ကျွန်မသည် ယေရှု၏ ခေတ်ကာလအချိန်က ဖာရိရှဲတို့သည် သခင်ယေရှု၏ အမှုတော်နှင့် နှုတ်ကပတ်တော်များက သြဇာအာဏာနှင့် တန်ခိုးတို့ ပိုင်ဆိုင်သည်ကို အလွန်ကောင်းစွာ သိခဲ့ကြသော်လည်း ယင်းတို့ကို ရှာဖွေရန် ငြင်းပယ်ခဲ့ကြပုံကို တွေးမိခဲ့ပါသည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ သူတို့သည် ယုံကြည်ကိုင်းရှိုင်းသူများအားလုံးက သခင်ယေရှုနောက်လိုက်ကြခြင်းဖြင့် အဆုံးသတ်ပြီး သူတို့၏ ရာထူးများနှင့် အသက်မွေးမှုများ ဆုံးရှုံးမည်ကို စိုးရိမ်ခဲ့ကြသည်၊ ယုံကြည်ကိုင်းရှိုင်းသူများကို ကာကွယ်ပေးသယောင် ဟန်ဆောင်ခြင်းအားဖြင့်၊ သခင်ယေရှု၏ အမှုတော်ကို လက်ခံခြင်းမှ သူတို့ကို တားဆီးခဲ့ကြသည်။ ယနေ့ခေတ် သင်းအုပ်ဆရာနှင့် အကြီးအကဲများက အတိအကျပင် တူနေသည် မဟုတ်ပါလား။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးကို အွန်လိုင်းပေါ်တွင် ထုတ်ပြန်ကြေငြာထားပြီဖြစ်ကာ သမ္မာတရားကို ချစ်သောသူတို့သည် ယင်းတို့ကို ဖတ်သောအခါ ဘုရားသခင်၏ အသံတော်ဖြစ်သည်ကို သတိပြုမိကြပြီး လက်ခံကာ နာခံကြပါသည်။ ထို့ကြောင့် သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့သည် အဘယ်ကြောင့် ၎င်းတို့ကို လက်မခံကြပါသနည်း။ သူတို့သည် မှန်သောလမ်းကို ယုံကြည်သူများ လေ့လာဆန်းစစ်ခြင်းမှ တားဆီးဖို့ တတ်နိုင်သမျှ လုပ်ဆောင်ကြသည်၊ ကိုယ်တော်၏ ပြန်ကြွလာခြင်းကို အလွန်တမ်းတသော ညီအစ်ကို မောင်နှမများကို ကြီးမြတ်သော သတင်းဖြန်ဝေခြင်းမှ ကျွန်မတို့ကို သူတို့ တားမြစ်ပိတ်ပင်ကြသည်၊ ပြီးလျှင် ဘုရားသခင်၏ အသံတော်ကို နားမထောင်ဖို့ ယုံကြည်သူများကို သူတို့ တားမြစ်ကြသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်၊ သူတို့သည် သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို ဆန့်ကျင်သည့် သူတို့သဘာဝ၏ အနှစ်သာရကို ဖွင့်ချပြကြသည်၊ သူတို့သည် လွန်ခဲ့သည့် ထိုနှစ်များတစ်လျှောက်လုံး သခင်ယေရှုကို အာခံခဲ့ကြသည့် ဖာရိရှဲများနှင့် ခြားနားမှုမရှိပါ။ ဤနားလည်သဘောပေါက်မှုကို ရရှိလျက်ဖြင့်၊ ဘုရားသခင်နောက်လိုက်ဖို့ ကျွန်မ၏ ယုံကြည်ခြင်းသည် ပို၍ပင် အားကောင်းလာခဲ့ပြီး သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့၏ လှည့်စားမှု ခံခဲ့ရသည့် ညီအစ်ကို မောင်နှမများအားလုံးကို ဘုရားသခင်၏ အသံတော်ကို ကြားပြီး ဘုရားသခင်၏ ပလ္လင်တော်ရှေ့ကို ပြန်လာကြဖို့ရန် လုပ်ဆောင်ဖို့ စိတ်ဆုံးဖြတ်ချက်တစ်ခု ကျွန်မ ချခဲ့ပါသည်။ ကျွန်မ၏ အသင်းတော်တွင် ကျွန်မ၏ အမှုတော်ဆောင်ခြင်းသည် ယခု ပယ်ဖျက်ခံရသော်လည်း၊ ကျွန်မ အလွန်ကံကောင်းသည်ဟု ခံစားရသည်။ အယောင်ဆောင် သိုးထိန်းများ၏ အာဏာစက်မှ လွတ်မြောက်ခဲ့ပြီး ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ချီမခံရဖို့မှာ ကံကောင်းပါသည်။ ယခု ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲတွင် ကျွန်မ၏ တာဝန်ကို ကျွန်မတတ်စွမ်းသမျှဖြင့် ထမ်းဆောင်နေပြီး ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို ကျွန်မ ဟောပြောနေပါသည်။ ညီအစ်ကို မောင်နှမများနှင့်အတူ အစည်းအဝေးများကို ကျွန်မ မကြာခဏ တက်ရောက်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော ကျွန်မတို့၏ သိနားလည်မှုအကြောင်းကို ဆွေးနွေးကြပါသည်။ သမ္မာတရားများစွာကို ကျွန်မ ယခု နားလည်ပြီဖြစ်ပြီး ကျွန်မ၏ ဝိညာဉ်သည် ကြွယ်ဝမှုနှင့် ဝမ်းမြောက်မှုကို ယခင်က ခံစားခဲ့ရသည်ထက်ပို၍ ခံစားရပါသည်။
0 Comments
Leave a Reply. |
|