စာတန်၏လိမ်လည်လှည့်ဖြားသော အကောက်ကြံမှုများကို ထိုးဖောက်မြင်ပြီးနောက်တွင် ကျွန်မသည် အစည်းအဝေးများကို လုံးဝ မပျက်ကွက်တော့ပါ ရှုးဟန် ထိုင်းနိုင်ငံ
အယ်ဒီတာမှတ်စု- အစည်းအဝေးများက ဘုရားသခင်ထံ တိုး၍နီးကပ်ရန် နှင့် သမ္မာတရားကို ရရှိရန် အကောင်းဆုံးသော အခွင့်အလမ်းတစ်ခုကို ပေးပါသော်လည်း၊ ခရစ်ယာန်များဖြစ်သည့် ကျွန်မတို့သည် ကျွန်မတို့အနီးတဝိုက်မှ လူများ၊ အဖြစ်အပျက်များ နှင့် အရာများအားဖြင့် နှောင့်ယှက်ခြင်းကို မကြာခဏ ခံကြရသောကြောင့် ကျွန်မတို့ အစည်းအဝေးပုံမှန် တက်ရောက်ခြင်း ကို ဟန့်တားကာ၊ ဘုရားသခင်နှင့် ကျွန်မတို့၏ ပုံမှန်ပေါင်းသင်းဆက်ဆံရေးကို ဆုံးရှုံးစေသည်။ ထိုအရာများသည် မတော်တဆအားဖြင့်သာ ဖြစ်သည့် အသွင်ပေါက်နေသော်လည်း ၎င်းတို့ အနောက်တွင် ဖုံးကွယ်နေသည့်အရာမှာ အဘယ်နည်း။ ကျွန်မတို့သည် မိမိတို့၏ အစည်းအဝေးတက်ရောက်ခြင်းများကို ထိုလူများ၊ အဖြစ်အပျက်များ၊ နှင့် အရာများက မနှောင့်ယှက်စေရန် မည်သို့ တိတိကျကျ ရင်ဆိုင်ဖြေရှင်းရမည်နည်း။
0 Comments
စပိန်နိုင်ငံမှ ရီရှင်းရေးသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှုနေခဲ့ကြောင်း ကျွန်မခင်ပွန်း သိရှိခဲ့သည့် အချိန်တွင်၊ သူက “ နင် အဲဒီစာအုပ်ကို မဖတ်ရဘူး။ အဲဒါကို ငါအဝေးမှာသိမ်းထားတာ၊ ပြီးတော့ နင်ဒီစာအုပ်ကို ထပ်ကြည့်ရင် နင်ဒီအိမ်ကထွက်သွားရမယ်” ဟု ဒေါသတကြီးဖြင့် ပြောခဲ့ပါသည်။ နောက်ဆုံးကာလ၌ ဘုရားသခင်ထုတ်ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များကို စတင်ဖတ်ရှုခဲ့စဉ် ကတည်းက၊ ကျွန်မ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့က ကျွန်မကို အမြဲတမ်း တားဆီးရန် ကြိုးစားနေခဲ့ကြပြီး၊ ဤသို့တားဆီးရန် ကြိုးစားခြင်းက ကျွန်မကို ကြီးမားစွာ နာကျင်စေခဲ့ပါသည်။ သို့သော်လည်း ယခုစာအုပ်တွင် ရေးသားထားသည်များမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ဖွင့်ဆိုချက်များဖြစ်သည်ကို ကျွန်မသေချာစွာ သိမြင်လာခဲ့ရပြီး ဖြစ်သည့်အပြင်၊ ဤစာအုပ်ကို ကျွန်မ မဖတ်ပဲ မနေနိုင်ခဲ့ပါ။ သို့သော်လည်း ကျွန်မ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့သည် ထိုတူညီသောအမြင် မရှိခဲ့ကြသောကြောင့်၊ ကျွန်မ မိသားစုတွင်းတွင် ယုံကြည်မှုနှင့်ဆိုင်သော ပဋိပက္ခတစ်ခု ပွင့်ထွက်လာခဲ့သည်။ ကျွန်မ၏ ဆွေမျိုးများထံသို့ အလည်သွားရန် တရုတ်ပြည်သို့ ပြန်သည့်အချိန်တွင်၊ ကျွန်မသည် သန့်ရှင်းသော ဝိညာဉ်တော်မှ အသင်းတော်ကို ပြောသည့် နှုတ်ကပတ်တော်များကို ရရှိခဲ့ပါသည် ထိုအရာများအားလုံးသည် ကျွန်မ၏ ဆွေမျိုးများကို သွားရောက်လည်ပတ်ရန် တရုတ်ပြည်သို့ ပြန်သွားခဲ့ချိန်တွင် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မ၏ ဆွေမျိုးများကို တွေ့ဆုံရန်အတွက် စပိန်နိုင်ငံမှ ပြန်လည်ခရီးနှင်ချိန်တွင်၊ ကျွန်မ ယောက်မဖြစ်သူသည် နောက်ဆုံးကာလမှ ဘုရားသခင်၏ အမှုတော် အကြောင်း ကျွန်မကို တရားဟောခဲ့ပြီး၊ စာအုပ်နှစ်အုပ် ပေးခဲ့ပါသည်။ တစ်အုပ်သည် နောက်ဆုံးကာလ၌ ထုတ်ဖော်ခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ “ သိုးသငယ် ဖွင့်သည့် စာစောင်” ဖြစ်ပြီးလျှင်၊ နောက်တစ်အုပ်မှာ “ နိုင်ငံတော်အကြောင်း ဧဝံဂေလိသတင်းကောင်း၏ သက်သေခံချက်နှင့် ပတ်သက်သည့် အမေးအဖြေများ ဖြစ်ပါသည်။” |
|