ချန်ကျင်း၊ သြစတေးလျ နိုင်ငံ လူတို့အပေါ် ကောလဟလများ၏ အကျိုးဆက်များ နှင့် သက်ရောက်မှုများမှာ လုံးဝမကောင်းပါ၊ ခရစ်ယာန်မိသားစုများအပေါ် ယင်းတို့၏ သက်ရောက်မှုများမှာ ပို၍ပင် ဆိုးရွာလေသည်။ ခရစ်ယာန်တစ်ဦးအနေဖြင့်၊ သင်၏ ယုံကြည်ချက်များကို ကောလဟလများက တိုက်ခိုက်သည့်အခါတွင် သင်မည်သို့ ရင်ဆိုင်သင့်သနည်း။
0 Comments
ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်တွင်၊ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ကျော်လွှားအောင်မြင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ဦးဆောင်သည် (၂) ချင်းချင်း၊ မလေးရှားနိုင်ငံ နိုဝင်ဘာလ အစောပိုင်းတွင်၊ ကျွန်မတို့ အသင်းတော်မှ အကြီးအကဲ ချင်သည် တစ်ဖန် “အလည်” လာပါသည်။ သူမက မျက်နှာတည်တည်ဖြင့်၊ “ဒီတော့ လူတွေအများကြီးက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်တာကို ရှင့်ကို ဆန့်ကျင်သတိပေးကြပြီးပြီ၊ ဒါပေမယ့် ရှင်က နားမထောင်ချင်ဘူး။ ဒါ့အပြင် သူတို့ရဲ့ လမ်းစဉ်ကို ရှင်က ကျွန်မတို့ အသင်းတော်ထဲက ညီအစ်ကို မောင်နှမတွေကို ဟောနေတယ်။ အခု အသင်းတော်ထဲမှာ ရှင့်ရဲ့ အမှုတော်ဆောင်ခြင်းကို ပယ်ဖျက်လိုက်ပြီ။ ဒီနေ့ကစပြီး၊ ရှင့်ကို ပွဲတော် တက်ခွင့်မပြုတော့ဘူး၊ ပြီးတော့ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းရဲ့ လမ်းစဉ်ကို ကျွန်မတို့ အသင်းတော်ထဲက လူတွေဆီ ဟောပြောခွင့် လုံးဝ မပြုဘူး” ဟု ဆိုရင်း ကြမ်းတမ်းစွာ ပြောဆိုခဲ့သည်။ |
|