ခရစ်ယာန်သက်သေခံချက်- နိုင်ငံတော်သို့ ကျွန်မ၏ လမ်းကြောင်းပေါ်တွင် ခလုပ်ကသင်းကို ရှင်းလင်းရန် ဘုရားသခင်က လမ်းပြခဲ့သည် ရင်းရင်း မလေးရှား ဘုရားဖူးတစ်ယောက်၏ လမ်းကြောင်းသည် အန္တရာယ်များလှသည်။ ခရစ်ယာန်တစ်ယောက်၏ မှန်ကန်သောလမ်းကြောင်းပေါ်တွင် ဘုရားသခင်နောက် လိုက်လျှောက်ခြင်းဆိုင်ရာ လမ်းသည် အခက်အခဲများနှင့် အဟန့်အတားများဖြင့် ပြည့်နှက်နေသည်၊ စာတန်၏ စစ်ဆေးခြင်းမျိုးစုံသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအပြင် ခရစ်ယာန်များသည် ထိုးထွင်းသိမြင်ခြင်းကိုလည်း သင်ယူရမည်။ ဤသည်မှာ စာတန်၏လိမ်လည်မှုကို ထိုးဖောက်မြင်နိုင်ပြီး၊ သင့်ပေါ်သို့ စာတန်၏ စုံစမ်းခြင်းကျရောက်သည့်အချိန်တွင် သက်သေရပ်တည်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။ ယခုအခါတွင် ကျွန်မ၏ ကိုယ်ပိုင်ဇာတ်ကြောင်းကို လူတိုင်းနှင့် ဝေငှလိုပါသည်။
0 Comments
ခရစ်ယာန်များအတွက် မဖြစ်မနေ ဖတ်စရာ- တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေးခေါင်းဆောင်များ ရှုတ်ချသည့် လမ်းကြောင်းသည် စစ်မှန်သည့်လမ်း မဟုတ်ခြင်း ဖြစ်နိုင်ပါသလား ရှူဆောင် တရုတ်နိုင်ငံ
ပြတင်းပေါက်အပြင်ဘက်တွင် ဆီးနှင်းပွင့်များသည် မိုးမခအဖူးအပွင့်များကဲ့သို့ ဝေဆာကျဆင်းလျှက်ရှိပြီး ထင်းရှူးပင်တန်းတို့သည် ငွေရောင်တောက်သည့် အဖြူရောင်ဖြင့် အလှဆင်ထားလျှက် ရှိနေကြသည်။ မြူမှုန်များဖြင့်ဖုံးနေသည့် ပြတင်းပေါက်မှတစ်ဆင့် ဇောင်မင်သည် သူ၏ ညီငယ် ဇောင်ချန်နှင့်စကားပြောနေသည်ကို ဝိုးတိုးဝါးတား မြင်နိုင်သည်။ သူတို့၏အမူအရာများကိုကြည့်လျှင် ဇောင်ချန်သည် အေးဆေးတည်ငြိမ်နေပြီး ဇောင်မင်သည် စိုးရမ်ပူပန်နေသည့် ပုံပေါ်သည်။ သူ၏ ညီငယ်သည် အရှေ့အရပ်မှလျှပ်ပြက်ခြင်းအား လက်ခံခဲ့သည်ကို သူသိရှိခဲ့ရသောကြောင့်ဖြစ်သည်။ |
|