ခရစ်ယာန်သက်သေခံချက်- နိုင်ငံတော်သို့ ကျွန်မ၏ လမ်းကြောင်းပေါ်တွင် ခလုပ်ကသင်းကို ရှင်းလင်းရန် ဘုရားသခင်က လမ်းပြခဲ့သည် ရင်းရင်း မလေးရှား ဘုရားဖူးတစ်ယောက်၏ လမ်းကြောင်းသည် အန္တရာယ်များလှသည်။ ခရစ်ယာန်တစ်ယောက်၏ မှန်ကန်သောလမ်းကြောင်းပေါ်တွင် ဘုရားသခင်နောက် လိုက်လျှောက်ခြင်းဆိုင်ရာ လမ်းသည် အခက်အခဲများနှင့် အဟန့်အတားများဖြင့် ပြည့်နှက်နေသည်၊ စာတန်၏ စစ်ဆေးခြင်းမျိုးစုံသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအပြင် ခရစ်ယာန်များသည် ထိုးထွင်းသိမြင်ခြင်းကိုလည်း သင်ယူရမည်။ ဤသည်မှာ စာတန်၏လိမ်လည်မှုကို ထိုးဖောက်မြင်နိုင်ပြီး၊ သင့်ပေါ်သို့ စာတန်၏ စုံစမ်းခြင်းကျရောက်သည့်အချိန်တွင် သက်သေရပ်တည်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။ ယခုအခါတွင် ကျွန်မ၏ ကိုယ်ပိုင်ဇာတ်ကြောင်းကို လူတိုင်းနှင့် ဝေငှလိုပါသည်။
0 Comments
ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်တွင်၊ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ကျော်လွှားအောင်မြင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ဦးဆောင်သည် (၂) ချင်းချင်း၊ မလေးရှားနိုင်ငံ နိုဝင်ဘာလ အစောပိုင်းတွင်၊ ကျွန်မတို့ အသင်းတော်မှ အကြီးအကဲ ချင်သည် တစ်ဖန် “အလည်” လာပါသည်။ သူမက မျက်နှာတည်တည်ဖြင့်၊ “ဒီတော့ လူတွေအများကြီးက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်တာကို ရှင့်ကို ဆန့်ကျင်သတိပေးကြပြီးပြီ၊ ဒါပေမယ့် ရှင်က နားမထောင်ချင်ဘူး။ ဒါ့အပြင် သူတို့ရဲ့ လမ်းစဉ်ကို ရှင်က ကျွန်မတို့ အသင်းတော်ထဲက ညီအစ်ကို မောင်နှမတွေကို ဟောနေတယ်။ အခု အသင်းတော်ထဲမှာ ရှင့်ရဲ့ အမှုတော်ဆောင်ခြင်းကို ပယ်ဖျက်လိုက်ပြီ။ ဒီနေ့ကစပြီး၊ ရှင့်ကို ပွဲတော် တက်ခွင့်မပြုတော့ဘူး၊ ပြီးတော့ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းရဲ့ လမ်းစဉ်ကို ကျွန်မတို့ အသင်းတော်ထဲက လူတွေဆီ ဟောပြောခွင့် လုံးဝ မပြုဘူး” ဟု ဆိုရင်း ကြမ်းတမ်းစွာ ပြောဆိုခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်မအား စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို အောင်မြင်နိုင်ရန် လမ်းပြတော်မူခဲ့သည် Lyu Mei တရုတ်ပြည်
ကျွန်မသည် ကျွန်မညီမဖွင့်ထားသည့် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင် ခဲ့သည်။ ကျွန်မသည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးနောက် ကျွန်မ၏ ညီမငယ်နှင့် ကျန်သည့် ကျွန်မ၏ မိသားစု ဝင်များသည် အလွန်ထောက်ပံ့ခဲ့ကြသည်။ ဘုရားသခင်ကို စတင် ယုံကြည် ပြီးနောက် စာတန်သည် ကျွန်မတို့ ဘုရားသခင်ထံသို့ ပြောင်းလဲ ကြသည်ကို ခွင့်ပြုရန် မကျေနပ်မရောင့်ရဲနိုင်သောကြောင့် ကျွန်မတို့ ဘုရားသခင် နောက်ကို လိုက်လျှောက်ခြင်းအား တားဆီးရန် ကျွန်မတို့အား လှည့်စားမည့် နည်းလမ်းများကို တွေးတောသည်ဟု အစည်းအဝေးများတွင် ကျွန်မ၏ ညီအစ်ကိုမောင်နှမများက မကြာခဏ မိတ်သဟာယပြုသည်ကို ကြားခဲ့ရ ပါသည်။ အစတွင် ကျွန်မသည် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို လုံးဝ သတိပြုမိခြင်းမရှိသော်လည်း၊ ဘုရားသခင်ကို ယုံကြည်စွာဖြင့် စတင် လိုက်လျှောက်သည့် အချိန်တွင် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများ ကျွန်မထံသို့ ရောက်ရှိလာခဲ့ပါသည် … စပိန်နိုင်ငံမှ ရီရှင်းရေးသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရှုနေခဲ့ကြောင်း ကျွန်မခင်ပွန်း သိရှိခဲ့သည့် အချိန်တွင်၊ သူက “ နင် အဲဒီစာအုပ်ကို မဖတ်ရဘူး။ အဲဒါကို ငါအဝေးမှာသိမ်းထားတာ၊ ပြီးတော့ နင်ဒီစာအုပ်ကို ထပ်ကြည့်ရင် နင်ဒီအိမ်ကထွက်သွားရမယ်” ဟု ဒေါသတကြီးဖြင့် ပြောခဲ့ပါသည်။ နောက်ဆုံးကာလ၌ ဘုရားသခင်ထုတ်ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များကို စတင်ဖတ်ရှုခဲ့စဉ် ကတည်းက၊ ကျွန်မ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့က ကျွန်မကို အမြဲတမ်း တားဆီးရန် ကြိုးစားနေခဲ့ကြပြီး၊ ဤသို့တားဆီးရန် ကြိုးစားခြင်းက ကျွန်မကို ကြီးမားစွာ နာကျင်စေခဲ့ပါသည်။ သို့သော်လည်း ယခုစာအုပ်တွင် ရေးသားထားသည်များမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ဖွင့်ဆိုချက်များဖြစ်သည်ကို ကျွန်မသေချာစွာ သိမြင်လာခဲ့ရပြီး ဖြစ်သည့်အပြင်၊ ဤစာအုပ်ကို ကျွန်မ မဖတ်ပဲ မနေနိုင်ခဲ့ပါ။ သို့သော်လည်း ကျွန်မ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့သည် ထိုတူညီသောအမြင် မရှိခဲ့ကြသောကြောင့်၊ ကျွန်မ မိသားစုတွင်းတွင် ယုံကြည်မှုနှင့်ဆိုင်သော ပဋိပက္ခတစ်ခု ပွင့်ထွက်လာခဲ့သည်။ ကျွန်မ၏ ဆွေမျိုးများထံသို့ အလည်သွားရန် တရုတ်ပြည်သို့ ပြန်သည့်အချိန်တွင်၊ ကျွန်မသည် သန့်ရှင်းသော ဝိညာဉ်တော်မှ အသင်းတော်ကို ပြောသည့် နှုတ်ကပတ်တော်များကို ရရှိခဲ့ပါသည် ထိုအရာများအားလုံးသည် ကျွန်မ၏ ဆွေမျိုးများကို သွားရောက်လည်ပတ်ရန် တရုတ်ပြည်သို့ ပြန်သွားခဲ့ချိန်တွင် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မ၏ ဆွေမျိုးများကို တွေ့ဆုံရန်အတွက် စပိန်နိုင်ငံမှ ပြန်လည်ခရီးနှင်ချိန်တွင်၊ ကျွန်မ ယောက်မဖြစ်သူသည် နောက်ဆုံးကာလမှ ဘုရားသခင်၏ အမှုတော် အကြောင်း ကျွန်မကို တရားဟောခဲ့ပြီး၊ စာအုပ်နှစ်အုပ် ပေးခဲ့ပါသည်။ တစ်အုပ်သည် နောက်ဆုံးကာလ၌ ထုတ်ဖော်ခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ “ သိုးသငယ် ဖွင့်သည့် စာစောင်” ဖြစ်ပြီးလျှင်၊ နောက်တစ်အုပ်မှာ “ နိုင်ငံတော်အကြောင်း ဧဝံဂေလိသတင်းကောင်း၏ သက်သေခံချက်နှင့် ပတ်သက်သည့် အမေးအဖြေများ ဖြစ်ပါသည်။” |
|