ခရစ်ယာန်များအတွက် မဖြစ်မနေ ဖတ်စရာ- တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေးခေါင်းဆောင်များ ရှုတ်ချသည့် လမ်းကြောင်းသည် စစ်မှန်သည့်လမ်း မဟုတ်ခြင်း ဖြစ်နိုင်ပါသလား ရှူဆောင် တရုတ်နိုင်ငံ
ပြတင်းပေါက်အပြင်ဘက်တွင် ဆီးနှင်းပွင့်များသည် မိုးမခအဖူးအပွင့်များကဲ့သို့ ဝေဆာကျဆင်းလျှက်ရှိပြီး ထင်းရှူးပင်တန်းတို့သည် ငွေရောင်တောက်သည့် အဖြူရောင်ဖြင့် အလှဆင်ထားလျှက် ရှိနေကြသည်။ မြူမှုန်များဖြင့်ဖုံးနေသည့် ပြတင်းပေါက်မှတစ်ဆင့် ဇောင်မင်သည် သူ၏ ညီငယ် ဇောင်ချန်နှင့်စကားပြောနေသည်ကို ဝိုးတိုးဝါးတား မြင်နိုင်သည်။ သူတို့၏အမူအရာများကိုကြည့်လျှင် ဇောင်ချန်သည် အေးဆေးတည်ငြိမ်နေပြီး ဇောင်မင်သည် စိုးရမ်ပူပန်နေသည့် ပုံပေါ်သည်။ သူ၏ ညီငယ်သည် အရှေ့အရပ်မှလျှပ်ပြက်ခြင်းအား လက်ခံခဲ့သည်ကို သူသိရှိခဲ့ရသောကြောင့်ဖြစ်သည်။
0 Comments
စာတန်၏လိမ်လည်လှည့်ဖြားသော အကောက်ကြံမှုများကို ထိုးဖောက်မြင်ပြီးနောက်တွင် ကျွန်မသည် အစည်းအဝေးများကို လုံးဝ မပျက်ကွက်တော့ပါ ရှုးဟန် ထိုင်းနိုင်ငံ
အယ်ဒီတာမှတ်စု- အစည်းအဝေးများက ဘုရားသခင်ထံ တိုး၍နီးကပ်ရန် နှင့် သမ္မာတရားကို ရရှိရန် အကောင်းဆုံးသော အခွင့်အလမ်းတစ်ခုကို ပေးပါသော်လည်း၊ ခရစ်ယာန်များဖြစ်သည့် ကျွန်မတို့သည် ကျွန်မတို့အနီးတဝိုက်မှ လူများ၊ အဖြစ်အပျက်များ နှင့် အရာများအားဖြင့် နှောင့်ယှက်ခြင်းကို မကြာခဏ ခံကြရသောကြောင့် ကျွန်မတို့ အစည်းအဝေးပုံမှန် တက်ရောက်ခြင်း ကို ဟန့်တားကာ၊ ဘုရားသခင်နှင့် ကျွန်မတို့၏ ပုံမှန်ပေါင်းသင်းဆက်ဆံရေးကို ဆုံးရှုံးစေသည်။ ထိုအရာများသည် မတော်တဆအားဖြင့်သာ ဖြစ်သည့် အသွင်ပေါက်နေသော်လည်း ၎င်းတို့ အနောက်တွင် ဖုံးကွယ်နေသည့်အရာမှာ အဘယ်နည်း။ ကျွန်မတို့သည် မိမိတို့၏ အစည်းအဝေးတက်ရောက်ခြင်းများကို ထိုလူများ၊ အဖြစ်အပျက်များ၊ နှင့် အရာများက မနှောင့်ယှက်စေရန် မည်သို့ တိတိကျကျ ရင်ဆိုင်ဖြေရှင်းရမည်နည်း။ |
|