ခရစ်ယာန်သက်သေခံချက်- နိုင်ငံတော်သို့ ကျွန်မ၏ လမ်းကြောင်းပေါ်တွင် ခလုပ်ကသင်းကို ရှင်းလင်းရန် ဘုရားသခင်က လမ်းပြခဲ့သည် ရင်းရင်း မလေးရှား ဘုရားဖူးတစ်ယောက်၏ လမ်းကြောင်းသည် အန္တရာယ်များလှသည်။ ခရစ်ယာန်တစ်ယောက်၏ မှန်ကန်သောလမ်းကြောင်းပေါ်တွင် ဘုရားသခင်နောက် လိုက်လျှောက်ခြင်းဆိုင်ရာ လမ်းသည် အခက်အခဲများနှင့် အဟန့်အတားများဖြင့် ပြည့်နှက်နေသည်၊ စာတန်၏ စစ်ဆေးခြင်းမျိုးစုံသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအပြင် ခရစ်ယာန်များသည် ထိုးထွင်းသိမြင်ခြင်းကိုလည်း သင်ယူရမည်။ ဤသည်မှာ စာတန်၏လိမ်လည်မှုကို ထိုးဖောက်မြင်နိုင်ပြီး၊ သင့်ပေါ်သို့ စာတန်၏ စုံစမ်းခြင်းကျရောက်သည့်အချိန်တွင် သက်သေရပ်တည်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။ ယခုအခါတွင် ကျွန်မ၏ ကိုယ်ပိုင်ဇာတ်ကြောင်းကို လူတိုင်းနှင့် ဝေငှလိုပါသည်။
0 Comments
ချန်ကျင်း၊ သြစတေးလျ နိုင်ငံ လူတို့အပေါ် ကောလဟလများ၏ အကျိုးဆက်များ နှင့် သက်ရောက်မှုများမှာ လုံးဝမကောင်းပါ၊ ခရစ်ယာန်မိသားစုများအပေါ် ယင်းတို့၏ သက်ရောက်မှုများမှာ ပို၍ပင် ဆိုးရွာလေသည်။ ခရစ်ယာန်တစ်ဦးအနေဖြင့်၊ သင်၏ ယုံကြည်ချက်များကို ကောလဟလများက တိုက်ခိုက်သည့်အခါတွင် သင်မည်သို့ ရင်ဆိုင်သင့်သနည်း။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်တွင်၊ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ကျော်လွှားအောင်မြင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ဦးဆောင်သည် (၁) ချင်းချင်း၊ မလေးရှားနိုင်ငံ ၂၀၁၈ ခုနှစ် မတ်လအစောပိုင်းတွင်၊ အစ်မလျူက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်အကြောင်း ကျွန်မကို သက်သေခံခဲ့ပြီး၊ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်၊ ဘုရားနာမတော်၏ အဓိပ္ပါယ် နှင့် သမ္မာကျမ်းစာ၏ နက်နဲမှုများကဲ့သို့သော သမ္မာတရား၏ ရှုထောင့်အမျိုးမျိုးနှင့် ပတ်သက်၍ ကျွန်မကို မိတ်သဟာယပြုပေးခဲ့ပါသည်။ သခင့်ကို ကျွန်မ ယုံကြည်သူ ဖြစ်လာခဲ့သည်မှာ အနှစ် ၃၀ ကျော်ခဲ့ပြီဖြစ်ပြီး ထိုသို့ကောင်းစွာ ကျွန်မ လုံးဝ မကြားဖူးခဲ့ပါ။ အစည်းအဝေးကို ဆက်လက်တက်ရောက်ပြီး မိတ်သဟာယပြုခြင်းအားဖြင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်မှာ ပြန်ကြွလာသည့် ခရစ်တော်ဖြစ်ကြောင်း ကျွန်မ တဖြည်းဖြည်း သေချာလာခဲ့ပြီး သခင်ယေရှု ပြန်ကြွလာသည့် ဝမ်းမြောက်ဖွယ် သတင်းကို ကျွန်မ ခင်ပွန်း နှင့် သားတို့ကို ပြောပြရန် စိတ်အားထက်သန်ခဲ့သည်။ သို့သော်၊ မမျှော်လင့်ဘဲ ကျွန်မ လေ့လာဆန်းစစ်နေခဲ့သည့် အမှန်တရားအကြောင်းကို ကျွန်မတို့အသင်းတော်က သင်းအုပ်ဆရာနှင့် အကြီးအကဲတို့ကို သူတို့ ပြောပြခဲ့သည်။ ဤသို့ဖြင့် လက်နက်မဲ့ စစ်ပွဲတစ်ခု စတင်ခဲ့သည်။ |
|