ဂျီအားမေ တရုတ်ပြည် သူမခင်ပွန်း၏ အွန်လိုင်း အရှုပ်တော်ပုံသည် ပြဿနာများ လာတော့မည့်အကြောင်းကို သတိပေးနေသည် “ ဦးလေ၊ ဒီအွန်လိုင်း စကားဝိုင်းတွေက အစစ်အမှန် တစ်ခုမှ မဟုတ်ဘူးနော်။ အခုဆိုရင် လူတွေကို လိမ်ညာဖို့အတွက် အဲဒါကို အသုံးပြုနေကြတဲ့ လူတွေအများကြီးရှိတယ်၊ အဲဒီမှာ ဦးလေးကို တကယ်တွေ့ချင်တဲ့ လူဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ” “ ငါက ဘယ်နေရာမှာ ရပ်ရမယ်ဆိုတာကို သိတယ်၊ ကိုယ့်အလုပ်ကို လုပ်စမ်းပါ …” ဂျီအားမေ သည် သူမခင်ပွန်းနှင့် သူ့တူမတို့အကြား ပြောစကားများကို အမှတ်မထင်ကြားလိုက်သည့်အချိန်တွင်၊ သူမမျက်နှာ က ချက်ခြင်း စိတ်ပျက်သည့် အသွင်ပေါက်သွားခဲ့သည်။ သူမက အဘယ့်ကြောင့် ထိုသို့ပြောသနည်း။ တခြားအမျိုးသမီးတစ်ယောက် ရှိနေ၍များ ဖြစ်နိုင်မလား … သူ၏ တူမ ထွက်သွားပြီးနောက် ဂျီအားမေ က မထိန်းထားနိုင်ခဲ့ပါ။ “ ရှင့်တူမက ဘာဖြစ်လို့ဒီလိုပြောရတာလဲ။ တခြားတစ်ယောက် ရှိနေလို့လား။” ဟု သူမက သူ့အား မေးခဲ့သည်။ သူက ခဏတာ ရပ်တန့်သွားပြီး၊ ထို့နောက် ဝေ့လည်ချောင်ပတ်ဖြင့် “ အွန်လိုင်းက သူငယ်ချင်းတစ်ယောက်ကို အခုပဲ အစားအသောက်စားဖို့ ဖိတ်လိုက်တာ။ ငါတို့ကြားမှာ ဘာမှမရှိပါဘူး၊ လျှောက်မတွေးနေနဲ့” ဟု ပြောခဲ့သည်။ ဂျီအားမေက အလွန်စိတ်ဆိုးပြီး၊ သူမ၏ ခင်ပွန်းကို “ ယောက်ျားတစ်ယောက် နဲ့ မိန်းမတစ်ယောက် အစားအသောက်စားဖို့ အတူတူ ချိန်းပြီး အပြင်သွားကြတယ်တဲ့လား၊ ဒီနေ့မှာ ရှင်က သူနဲ့ တွေ့ရုံပဲ ဆိုပေမဲ့ မနက်ကျရင် ဘယ်လိုလုပ်မလဲ။ ဒါမျိုးအမြဲတမ်း ဆက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။” ဟု ဒေါသတကြီးဖြင့် မေးလိုက်သည်။ သူမက ပို၍ပို၍ စိုးရိမ်ကြောင့်ကျလာပြီး “ ရှင်မပျော် ရင်လဲ၊ ကွာရှင်းကြစို့လေ။ ကျွန်မတို့ ကိုယ့်လမ်းကိုယ် လျှောက်နိုင် တယ်တယ်လေ၊ ပြီးတော့ အချင်းချင်းလည်း မနှောင့်ယှက်ဖြစ်တော့ဘူး။ လမ်းတစ်ခုရွေးစမ်းပါ” ဟု ဆက်ပြောခဲ့သည်။ ဂျီအားမေ သည် အပေါ်ယံ၌ စိတ်မဝင်စားသည့် အသွင်ပေါက်နေသော်လည်း၊ စိတ်ထဲတွင်မူ သူမသည် ဝမ်းနည်းပြီး စိတ်ပျက်နေခဲ့ကာ၊ နက်နက်နဲနဲ ဒုက္ခခံစားနေခဲ့ရသည်။ သူမက “ ငါ့အိမ်ထောင်ရေးက ဒီလိုပဲ အမှန်တကယ်ကို ပြီးဆုံးသွားတော့မှာလား” ဟု တွေးခဲ့သည်။ ထိုအတွေးကို သူမ ဆက်ပြီး မရှာဖွေဝံ့ခဲ့ပါ။ သူမ၏ ခင်ပွန်းက စကားတစ်လုံးမျှ မပြောသကဲ့သို့၊ သူမကိုလည်း မကြည့်ခဲ့ပါ၊ သို့သော်လည်း စီးကရက်မီးခိုးတန်းများနှင့် သူ၏မျက်နှာ ပေါ်တွင် နာကျင်သည့် အသွင်ပေါက်ကာ သူမနံဘေးတွင် ထိုင်နေခဲ့သည်။ သုံးရက်ကြာပြီးနောက်တွင် သူက အလုပ်ကိစ္စအတွက် ခရီးထွက်သွားခဲ့သည်။ နေအိမ်တွင် ဂျီအားမေ သည် စိတ်မအေးနိုင်ပဲ သူ့အွန်လိုင်းမိတ်ဆွေနှင့် ထပ်ပြီးတွေ့ဆုံနေမည်ကို စိုးရိမ်ကြောင့်ကျ နေခဲ့သောကြောင့် သူမသည် သူမည်သည့်အရာများ လုပ်နေသည်ကို ကြည့်ရန် သူ့အား မကြာခဏ ဖုန်းခေါ်ခဲ့သည်။ သူဖုန်းမကိုင် သည့်အချိန်တိုင်း၊ သူမက သူ့လုပ်ဖော်ကိုင်ဖက်များကို အလျင်စလို ဖုန်းခေါ်ခဲ့သည်၊ ထို့ကြောင့် သူ့လုပ်ဖော်ကိုင်ဖက်များက လိုအပ်ချိန်တွင် ဖုန်းခေါ်၍ မရသည့်အခါတွင်၊ ဂျီအားမေသည် သူမ၏ ခင်ပွန်းသည် မည်သို့သောအမျိုးသမီးဖြင့် အတူရှိနေကြောင်း၊ နှင့် သူမက မည်သည့်အရာတွင် ပိုကောင်းကြောင်းတို့ကို တွေ့မြင်ရန် စိုးရိမ် ကြောင့်ကျခဲ့သည်။ သို့သော်လည်း သူမက သူမည်သည့်နေရာတွင် အလုပ်လုပ်နေသည်ကို လုံးဝ ရှာမတွေ့ခဲ့သောကြောင့် သူမကို စိုးရိမ် ကြောင့်ကျမှုဖြင့် ပိုနစ်စေခဲ့သည်။ သူမဦးခေါင်းသည် ဟိုဒီကူးနေပြီး၊ သူမသည် မည်သည့်အရာကိုမျှ ပြီးမြောက်ဆောင်ရွက်နိုင်ခြင်းမရှိပါ၊ သူမသည် အစားပင် စားသောက်လိုစိတ်မရှိခဲ့ပါ။ သူမသည် ညှင်းပန်းမှုဒဏ်ကို အလွန်ခံရပြီး၊ စတင်၍ မျက်တွင်းများချောင်သည့် အသွင်ပေါက်လာခဲ့သည်။ ထိုအချိန်ကာလအတွင်းတွင် သူတို့၏ ပေါင်းသင်းဆက်ဆံရေးသည် တဖြည်းဖြည်းချင်း အခြေအနေဆိုးရွားလာခဲ့သည်။ သူမခင်ပွန်းသည် အလုပ်နားပြီး၊ နေအိမ်တွင် ရှိနေချိန်တွင်၊ သူသည် အစားမစားချိန်တွင် အခန်းအောင်းပြီး သူ့အွန်လိုင်းသူငယ်ချင်းကို စကားပြောခြင်းဖြင့်သာ သူ့အချိန်အားလုံးကို ကုန်စေခဲ့သည်၊ သူသည် ညပါမအိပ်ပဲ နေခဲ့သည်။ သူက အိမ်သို့ပြန်လာရန် စိတ်မပါကြောင်း၊ သူမကို စကားပြောခဲလှကြောင်း၊ စကားပြောပါကလည်း တုံးတိတိဖြင့် သူမကို သူက အေးစက်စွာဆက်ဆံသော်လည်း သူ့သူငယ်ချင်းနှင့် စကားပြောဖို့ဆိုလျှင် သူက စိတ်အားထက်သန်ကာ၊ ညမိုးချုပ်သည့် တိုင်အောင် မအိပ်သေးကြောင်းတို့ကို ဂျီအားမေ တွေ့ခဲ့သည်။ ဤသည်မှာ သူမအတွက် အလွန်နာကျင်ရသည်။ မိမိကိုယ်ကို မထိန်းထားနိုင်ပဲ သူ့ကို “ အခု ၁၁ နာရီရှိနေပြီ၊ လာအိပ်တော့” ဟု ပြောခဲ့သည်။ ထိတ်လန့်စွာပင် သူက သူမထံသို့ အလျင်စလိုလာပြီး၊ “ ဒါဆိုလည်း တခြားအခန်းထဲမှာ သွားအိပ်လေ၊ ငါ့ကို လာမနှောင့်ယှက်နဲ့” ဟု သူမကို အော်ဟစ်လေသည်။သူ၏ အနှောင်အဖွဲ့ ကင်းသော စိတ်မဝင်စားသည့် ဟန်ပန်ကို ကြည့်ရင်းဖြင့် ဂျီအားမေ သည် ထိန်းချုပ်မရစွာ တုန်လှုပ်ပြီး၊ “ ရှင်ကျွန်မနဲ့ အတူမနေချင်ရင်၊ ကွာရှင်းကြစို့” ဟု ဒေါသတကြီးဖြင့် ပြောခဲ့သည်။ သို့သော်လည်း သူက “ ငါက တခြားယောက်ျားတွေလိုမျိုးနေပြီး၊ ကိုယ့်မိသားစုအတွက် တာဝန်ယူဖို့ကို ငြင်းဆန်မဲ့လူမဟုတ်ဘူး၊ ငါကွာရှင်းမှာမဟုတ်ဘူး” ဟု ပြောခဲ့သည်။ စိတ်ညစ်ပြီး၊ ငိုကြွေးရင်းဖြင့် ဂျီအားမေသည် အခန်းထြမှ ထွက်ခွာလာခဲ့သည်။ တစ်အိမ်ထဲတွင် လူနှစ်ယောက် အတူနေခဲ့ သော်လည်း၊ သူတို့သည် တစ်မိုးတည်းအောက်တွင် သူစိမ်ပြင်ပြင်များ ဖြစ်လာခဲ့ကြသည်။ ဂျီအားမေ သည် ပို၍ပို၍ စိတ်ဓါတ်ကျကာ၊ နာကျင်ခဲ့ရပြီး၊ မည်သို့လုပ်ဆောင်ရမည်ကိုလည်း မသိခဲ့ပါ။ အတိတ်မှ ပျော်ရွှင်ဖွယ် သတိရစရာများ ထွက်ပေါ်လာစေသည် သူမအမျိုးသားက သူ့အားလပ်ရက်ပြီးသည့်အချိန်တွင် ထွက်ခွာ သွားပြီး ဂျီအားမေနှင့် သူတို့ ကလေးသာ နေအိမ်တွင် ကျန်ခဲ့သည်။ သူမက သူတို့ ခြံဝင်းထဲသို့ ဝင်ရောက်သွားပြီး၊ သက်ပြင်းရှည်ကြီး ချကာ၊ လှေကားပေါ်တွင် ထိုင်၍ ကြယ်များသော ကောင်းကင်ကို ငေးနေခဲ့သည်။ အခါအခွင့်သင့်သကဲ့သို့ သူမသည် အိမ်နီးချင်းများထံမှ လွင့်မျောလာ သည့် ရယ်မောသံများကို ကြားကာ၊ ထိုနှစ်လိုဖွယ်အသံသည် သူမကို အတိတ်သို့ ပြန်လည်သယ်ဆောင်သွားခဲ့သည် … ဂျီအားမေ သည် မအောင်မြင်သည့် အိမ်ထောင်ရေးတစ်ခုကို ကျော်ဖြတ်ခဲ့ရပြီးဖြစ်သည်။ သူမ၏ ခင်ပွန်းဟောင်းက သစ္စာမဲ့ပြီး၊ သူမကို စွန့်ပစ်ခဲ့သည်။ ထို့နောက်တွင်မှ လက်ရှိခင်ပွန်းနှင့် တွေ့ဆုံသည့်အချိန်တွင် သူတို့နှစ်ဦးသည် မြင်မြင်ချင်း မေတ္တာများစွာ ဝေငှခဲ့ကြသည်။ သူမသည် နာတာရှည် ဦးနှောက်အမြှေးပါးရောင်သည့် ရောဂါကို ရရှိပြီး၊ သူမသည် မကြာခဏ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရသည့်အပြင်၊ ပင်ပန်းသည့် အလုပ်များကို မလုပ်နိုင်ခဲ့ပါ။ သူမခင်ပွန်းသည် သူမကို လုံးဝ ကျောမခိုင်းသွားခဲ့သည့်အပြင်၊ နေ့စဉ် အလုပ်မှ အိမ်သို့ ပြန်လာပြီး ချက်ပြတ်ကာ၊ အဝတ်အစားများ လျှော်ဖွတ်ခဲ့သည်။ သူက သူမကိုပင် ခေါင်းလျှော်ပေးခဲ့သေးသည်။သူမက အသီးအနှံအချို့ စားသုံးလိုပါက၊ သူသည် ဆောင်းရာသီတွင် အသီးဆိုင်တိုင်းကို အပြေးအလွှားသွားကာ သူမအတွက် အချို့တစ်ဝက် ကို သယ်ဆောင်လာပေးဖို့ သတ္တိရှိခဲ့ပါသည်။ ထိုအချိန်က သူတို့တွင် ငွေသိပ်မရှိသော်လည်း၊ သူက သူတို့ရှိခဲ့သည့် စုငွေလေး အနည်းငယ်ကို သုံးပြီး သူမပျော်ရွှင်စေရန် ဂျီအားမေ အတွက် ရွှေဆွဲကြိုးတစ်ကုံး ဝယ်ပေးခဲ့သည်။ သူမကို သူ၏အပတ်တကုတ်ဂရုစိုက်ခြင်းများအား ဂျီအားမေ က မှတ်သားထားပြီး၊ သူမသည် သင့်တော်သည့် ယောက်ျားတစ်ယောက်ကို လက်ထပ်ခဲ့မိကြောင်းကို ခံစားခဲ့ရသည်၊ ထိုသည်မှာ သူမအတွက် နှလုံးသားကို အလွန်နွေးထွေးစေခဲ့သည်။ သူမက အကယ်၍များ သူမ၏ အနေအထားက လုံးဝမတိုးတက်ခဲ့ပါက၊ သူသည် သူမကို ကောင်းမွန်စွာ ဆက်ဆံနေပါဦးမည်လောဟု ပင် သူ့အား တစ်ခါက မေးခဲ့ဖူးသည်။ သူမ လုံးဝ မကောင်းလာပါကလည်း၊ သူတို့ ကျန်သည့် ဘဝတစ်လျှောက်လုံး ထိုသို့သာ ပြုမူမည် ဖြစ်ကြောင်း သူက လေးနက်စွာ သစ္စာဝတ်ဆိုခဲ့သည်။ ထိုအခိုက်အတန့်တွင် ဂျီအားမေက အချစ်စစ်အချစ်မှန်နှင့် သူမကိုယ်ပိုင်စစ်မှန်သည့် ပျော်ရွှင်မှုကို တွေ့ရှိခဲ့ပြီဟု ခံစားခဲ့ရသည်။ သူမ နှလုံးသားသည် အတိတ်တွင် ဒဏ်ရာအလွန်ရရှိခဲ့ပြီး၊ သူမခင်ပွန်းတွင် နှစ်သိမ့်မှုကို တွေ့ရှိခဲ့သည်၊ သူမ၏ ပျော်ရွှင်မှုသည် နှိုင်းယှဉ်မရခဲ့ပါ။ ဂျီအားမေ က သူမ၏ အနေအထား တိုးတက်လာသည်နှင့် တပြိုင်နက် သူမသည် သူ့ကို သူ့ထက်ပိုပြီး ဂရုစိုက်ကြောင်း နှင့် ထောက်ထားညှာတာကြောင်းကို ပြရမည် ဖြစ်ပြီး၊ သူတို့သည် ချစ်ခြင်းမေတ္တာနှင့် သဟဇာတဖြစ်ခြင်းတို့တွင် ၎င်းတို့ ဘဝများကို ကုန်ဆုံးစေမည်ဟု တွေးခဲ့သည်။ ဂျီအားမေ မျှော်လင့်ထားသကဲ့သို့ပင်၊ ခက်ခဲသော အချိန်များ ဆယ်စုနှစ်တစ်ခုလုံး အတွင်း သူတို့အချင်းချင်း ကူညီပြီး၊ သူတို့၏ ပေါင်းသင်းဆက်ဆံရေးသည် ခိုင်မာမြဲခိုင်မာခဲ့သည်။ သူတို့သည် ပထမတွင် လောက်ငှရုံသာ ရှိသော်လည်း တဖြည်းဖြည်းချင်းဖြင့် ငွေများစုဆောင်းကာ၊ သူတို့ အသက်တာများသည် ပို၍ပို၍ ကောင်းလာ သည့် အသွင်ပေါက်နေပါသည်။ သို့သော်လည်း သူမခင်ပွန်းသည် လုံးဝသစ္စာမရှိတော့ပါ- ဂျီအားမေ က နားမလည်နိုင်ခဲ့ပေ။ သုခဆင်းရဲ အတူတကွ ဖြတ်ကျော်ခဲ့ သည့် စုံတွဲတစ်တွဲသည် အခိုင်မာဆုံးသော ပေါင်းသင်းဆက်ဆံရေး ရှိသည်ဟု လူများက အမြဲတမ်းပြောသော်လည်း၊ သူတို့ ယခင်သစ္စာဝတ်ဟောင်းများသည် ဆယ်နှစ်တာကာလအတွင်းတွင် မှေးမှိန်လာခဲ့သည်။ သူတို့ အိမ်ထောင်ရေးသည် အဘယ့်ကြောင့် အလွန်အားနည်းရသနည်း။ ယခုအတွေးတွင် ဂျီအားမေသည် စတင်ငိုကြွေးပြီးရင်း ငိုကြွေးပါတော့သည်၊ ခါးသီးသော မျက်ရည်များ သည် သူမနှုတ်ခမ်းဖျားပေါ်သို့ စီးဆင်းလာခဲ့သည်။ အတောမသတ် နိုင်သည့် စိုးရိမ်ကြောင့်ကျမှုဖြင့် အသက်ရှင်နေထိုင်ရင်းဖြင့် သူမသည် အသက် ၄၀ ပင်မပြည့်သေးသော်လည်း အနည်းငယ် အိုမင်းရင့်ရော် လာခဲ့သည်။ အိမ်ထဲသို့ ပြန်ဝင်ပြီးနောက် ဂျီအားမေသည် ဆုတောင်းချက် တစ်ခု ပြုခဲ့သည်။ “ အိုဘုရားသခင်၊ ကျွန်မ ခင်ပွန်းမှာ နောက်ထပ် မိန်းမတစ်ယောက် ရှိနေပါပြီ။ အဲဒါက ကျွန်မအတွက် အရမ်းနာကျင် ရပြီးတော့၊ ဒါကို ဘယ်လိုကျော်ဖြတ်ရမယ်ဆို တာလည်း ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်ဖို့ အတွက် ကျွန်မကို လမ်းပြတော်မူပါ …” ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သူမ၏ နာကျင်မှုများကြားမှ နှစ်သိမ့်မှုကို ဆောင်ကြဉ်းလာသည် နောက်တစ်နေ့ အစည်းအဝေးတစ်ခုတွင်၊ ဂျီအားမေ သည် သူမခင်ပွန်း၏ အိမ်ထောင်ရေးဖောက်ပြန်မှုအကြောင်းကို အခြားအစ်မ အချို့ဖြင့် ပြောပြခဲ့ပြီး၊ သူတို့ထဲမျ တစ်ဦးက သူမအား ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ကျမ်းပိုဒ်တစ်ခုကို ပြခဲ့သည်၊ “ ကမ္ဘာပေါ်တွင် အိမ်ထောင်ပြုခြင်း သန်းပေါင်းများစွာ ရှိသော်လည်း လူတိုင်းက မတူညီကြပါ။ အိမ်ထောင်ပြုခြင်း မည်မျှက မကျေမနပ်ဖြစ်ကြသနည်း၊ မည်မျှက ပျော်ရွှင်သနည်း၊ မည်မျှက အရှေ့နှင့် အနောက်ထိ ကျယ်ပြောပြီး၊ မည်မျှက တောင်နှင့် မြောက်ထိ ကျယ်ပြောသနည်း။ မည်မျှက လိုက်ဖက်ညီသည့် စုံတွဲဖြစ်သနည်း၊ မည်မျှက အဆင့်အတန်းညီသနည်း။ မည်မျှက ပျော်ရွှင်ပြီး မျှတသနည်း၊ မည်မျှက နာကျင်ခံစားရပြီး ဝမ်းနည်းရသနည်း၊ မည်မျှက အများ မနာလိုဖြစ်ရသနည်း၊ မည်မျှက နားလည်မှုလွဲပြီး မကြိုက်နှစ်သက် ကြသနည်း၊ မည်မျှက ပျော်ရွှင်မှုများ ပြည့်နေကြသနည်း၊ မည်မျှက မျက်ရည်တွေပြည့်နေပြီး စိတ်အားငယ်မှုများ ဖြစ်နေကြသနည်း … ဤ များပြားလှသည့် အိမ်ထောင်များတွင် လူသားတို့သည် အိမ်ထောင်ပြုခြင်းတွင် သစ္စာရှိမှု၊ တစ်သက်လုံး ရင်းနှီးမြုပ်နှံမှု သို့မဟုတ် အချစ်၊ တွယ်တာမှု၊ ခွဲခြားမရနိုင်မှု၊ သို့မဟုတ် အောင့်အည်းသည်းခံခြင်းနှင့် နားမလည်ခြင်းများ၊ သို့မဟုတ် သစ္စာဖောက်ခြင်း တိုနှင့် မုန်းခြင်းကိုပင် ဖွင့်ပြကြသည်။ အိမ်ထောင်ပြုခြင်းက ပျော်ရွှင်ခြင်းသို့မဟုတ် နာကျင်ခြင်းကို သယ်ဆောင် လာသည်ဖြစ်စေ၊ အိမ်ထောင်ပြုခြင်း၌ လူတိုင်း၏ တာဝန်ကို ဖန်ဆင်းရှင်က ကြိုတင်ခွဲခန့်ထားပြီးဖြစ်ပြီး ပြောင်းလဲမည်မဟုတ်ပါ။ လူတိုင်းက ဤအရာကို ပြီးမြောက်စေရပါသည်။ ထို့နောက် အိမ်ထောင်တိုင်း၏ နောက်ကွယ်တွင် တည်ရှိနေသည့် တစ်ဦးချင်း၏ ကံကြမ္မာက မပြောင်းလဲပါ။ ဖန်ဆင်းရှင်က ရှေးကတည်းက ကြိုတင် သတ်မှတ်ပြီး ဖြစ်ပါသည်။” ထိုအစ်မက မိတ်သဟာယပြုခြင်းတွင် “ ဂျီအားမေ၊ အစ်မတို့ အိမ်ထောင်ရေးကိစ္စတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အင်မတန် ပြတ်ပြတ်သားသား ရှင်းပြထားတယ်။ ဘုရားသခင်က အစ်မတို့တစ်ယောက်ချင်းစီ ရရှိမဲ့ အိမ်ထောင်ရေးနှင့် မိသားစု အမျိုးအစားတွေကို ကြိုတင်သတ်မှတ်ပါတယ်၊ ပြီးတော့ အဲဒါကလည်း လူနှစ်ယောက်လုံး စုံလင်စေရန်မဲ့ အမှုတော်တစ်ခုဖြစ်တယ်။ တစ်ချို့စုံတွဲတွေက သူတို့ကျန်တဲ့ ဘဝတစ်လျှောက်လုံး အချင်းချင်း ရန်ဖြစ်ငြင်းခုံနေကြတာပဲ။ ပြီးတော့ တစ်ချို့အိမ်ထောင်ရေးတွေမှာ သူတို့တွေက မငြင်းခုံပေမဲ့၊ ပြိုကွဲကြမြဲပဲ။ ညီမခင်ပွန်းက လူမှုရေး ရေပန်းစားမှုတွေရဲ့ သြဇာလွှမ်းမိုးမှုကို ခံရတယ်၊ သူ့အွန်လိုင်းမိတ်ဆွေနဲ့ စကားဝိုင်းထိုင်ပြီး၊ ညီမရဲ့ စိတ်ခံစားချက်တွေကို လျစ်လျူရှုထားတယ်။ သူက မကွာရှင်းချင်တဲ့အပြင်၊ ဒါက ဘုရားသခင်ရဲ့ ခွင့်ပြုချက်တစ်ခုပဲ ဖြစ်တယ်။ ဒါရဲ့ အဓိကအချက်ကို အစ်မတို့ မတွေ့မြင်နိုင်ဘူး။ အစ်မတို့က ဘုရားသခင်ရဲ့ အလိုတော်ကို ရှာဖွေရမယ်၊ မဟုတ်ဘူးဆိုရင်တော့ အစ်မတို့က နာကျင်မှုမှာ အသက်ရှင်နေထိုင် နေပြီး၊ စာတန်ရဲ့ လိမ်လည်မှုကို ပိုခံရပြီး၊ ကစားစရာတစ်ခု ပိုဖြစ်လာမယ်” ဟု ဝေငှခဲ့သည်။ ဤမိတ်သဟာယပြုခြင်းကို နားထောင်ပြီး၊ ဂျီအားမေက သူမနှင့် သူမခင်ပွန်းတို့ အချင်းအချင်း မည်မျှ ဝေးကွာလာသည်ကို တွေးမိသည်။ သူတို့တွေ့ဆုံပြီး၊ သူတို့ အလုပ်လုပ်နေစဉ် အချိန်မှာပင် လက်ထပ်ခဲ့ကြကာ၊ ဆယ်စုနှစ်ကျော်သည့်တိုင် အမှန်တကယ် ချစ်ခြင်းမေတ္တာ ရှိခဲ့ကြသည်။ သူမခင်ပွန်းသည် သူမအအပြင် တခြားတစ်ယောက် ရှိနေကတည်းက၊ သူမအပေါ်တွင် လုံးဝခံစားချက်မရှိတော့ကြောင်း၊ သူမတို့ အိမ်ထောင်ရေးသည် အဆုံးသတ်ပြီ ဖြစ်ကြောင်း တွေးမိခဲ့သော်လည်း၊ သူက ကွာရှင်းရန် ငြင်းဆန်ခဲ့သည်။ လူတစ်ယောက်ချင်းစီ၏ အိမ်ထောင်ရေးသည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိကြောင်း၊ အားလုံးသည် ဘုရားသခင်က ကြိုတင်သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်က သူမကို နားလည်သဘောပေါက်စေခဲ့သည်။ သူမခင်ပွန်းက ကွာရှင်းလိုခြင်းမရှိသည်မှာ ဘုရားသခင်၏ အလိုတော်ပါဝင်သည့်အပြင်၊ သူမက သူမ၏ ဆင်းရဲဒုက္ခများဖြင့် ဆက်လက်ပိတ်မိအောင် သူမကိုယ်ကို ခွင့်ပေးနေပါက၊ သူမသည် စာတန်၏ ခြယ်လှယ်မှုများတွင် အားနည်းနေမည် ဖြစ်သည်။ သူမသည် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်သည်နှင့်၊ ဂျီအားမေသည် သူမခင်ပွန်းကို ဘုရားသခင်၏ လက်တော်ထဲသို့ လိုလိုလားလား အပ်နှံခဲ့ပါသည်။ ဆက်ရန် … သတင်းအချက်အလက်များ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
August 2019
တံဆိပ်များ
All
|