ချစ်စွာသောညီအစ်ကိုမောင်နှမများ၊ အားလုံးမင်္ဂလာပါ။ လွန်ခဲ့သောနှစ်နှစ်ထောင်က သခင်ယေရှုသည် သူတစ်ဖန်ကြွလာပြီး ကျွန်ုပ်တို့ကို ကောင်းကင်နိုင်ငံသို့ချီဆောင်သွားမည်ဟု ကတိတော်ပေးခဲ့သည်။ ထို့ကြောင့် ကိုယ်တော့်ကိုယုံကြည်သောခရစ်ယာန်များသည် ခေါင်းမော့လျက် ကိုယ်တော်ကိုစောင့်မျှော်နေကြသည်။ အချို့လူများသည် ကိုယ်တော်သည် သေရာမှရှင်ပြန်ထမြောက်ပြီးနာမ်ဝိဉာဉ်အသွင်ဖြင့် ကောင်းကင်သို့ကြွတက်သွားသောကြောင့် ထိုအတိုင်းသာ တစ်ဖန်ကြွဆင်းလာမည်ဟု ထင်မှတ်ကြသည်။ သို့သော်လည်း အချို့လူများက ကျမ်းစာထဲတွင် ကိုယ်တော်မိုးဃ်ဖြင့်ကြွလာပုံမှလွဲ၍ အခြားနည်းဘမ်းဖြင့်ကြွလာမည့်ပရောဖက်ချက်များလည်းဖော်ပြထားသေးသည်။ ဥပမာအားဖြင့် “အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း ၁၆:၁၆) "သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်" (ရှင်မဿဲ ၂၅:၆) "ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။" (ဗျာဒိတ်ကျမ်း။ ၃:၂၀) ဤဖော်ပြချက်များကိုကြည့်ခြင်းဖြင့် ကိုယ်တော်တစ်ဖန်ကြွလာချိန်တွင် မိုးဃ်တိမ်ဖြင့်ကြွလာပုံမှလွဲ၍ တိတ်ဆိတ်စွာကြွလာမည်ကိုလည်းပရောဖက်ထားသေးသည်။ ထိုသို့ဆိုလျှင် ကိုယ်တော်တစ်ဖန်ကြွလာသော ပရောဖက်ချက်များ မည်သို့အကောင်အထည်ပေါ်လာမည်နည်း။ ကျွန်ုပ်တို့သည် ကို်ယ်တော်ကို မည်သို့ကြိုဆိုနိုင်မည်နည်း။ ယခုတိုက်ရိုက်ထုတ်လွင့်မည့်အစီအစဉ်တွင် မိတ်ဆွေအတွက်ညကိုယ်တော်တစ်ဖန်ကြွလာမည့်လျို့ဝှက်နက်နဲမှုကို ဖော်တုတ်ပေးသွားမည်ဖြစ်သည်။ စောင့်မျှော်ကြည့်ရှုရန် ဖိတ်ခေါ်ပါသည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
September 2019
တံဆိပ်များ
All
|