ယေရှုခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းနှင့်ဆိုင်သော ကျမ်းစာပရောဖက်ပြုချက် ၅ ချက်တို့ ပြည့်စုံလေပြီ ဂျန်းရှန် ကျွန်တော်တို့က ယခုအခါတွင် နောက်ဆုံးသောကာလ၏ အဆုံးသတ်၌ ရောက်ရှိနေပြီ၊ ပြီးလျှင် သခင့်ကို ရိုးသားစွာ ယုံကြည်ပြီး ကိုယ်တော် ပြန်ကြွလာခြင်းကို စောင့်ဆိုင်းနေကြသူများသည် ဤမေးခွန်းကို ဧကန်မုချတွေးနေကြမည် ဖြစ်သော ညီအစ်ကို မောင်နှမများစွာ ရှိပါသည်၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ အငယ် ၁၂ တွင် သခင်ယေရှုက “ငါသည်အလျင်အမြန်လာမည်” ဟု ပရောဖက်ပြုတော်မူခဲ့သည်။ သခင်က နောက်ဆုံးသောကာလ၌ သူ တစ်ဖန် ပြန်ကြွလာသည့်လာမည်ဖြစ်ကြောင်း ကတိတော်ထားခဲ့သည်၊ထို့ကြောင့် ယခု သူ ပြန်ကြွလာခဲ့ပြီးဖြစ်ပါသလား။ ဤမေးခွန်းက ကျွန်တော်တို့ ခရစ်ယာန်များအတွက် အလွန်အရေးကြီးပါသည်၊ ထို့ကြောင့် သခင်က အမှန်တကယ် ပြန်ကြွပြီးသည်၊ မကြွပြီးသည်ကို ကျွန်တော်တို့ မည်သို့ အတိအကျသိရမည်နည်း။ အမှန်မှာမူ သခင်ယေရှုက သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများဖြင့် ကျွန်တော်တို့ကို ပြောပြနှင့်ပြီး ဖြစ်သည်၊ ကျွန်တော်တို့က အချက်အလက်များအားလုံးကို အတူတကွယူပြီး၊ အလွန်စိတ်ထက်သန်စွာ ချင့်ချိန်စဉ်းစားသမျှ ကာလပတ်လုံး အဖြေကို ရှာတွေ့ပါလိမ့်မည်။
0 Comments
ကျိုကျင်း တစ်နေ့ အွန်လိုင်းပေါ်တွင် အသက်ပါသော ဆွေးနွေးမှုတစ်ခုကို ကျွန်မ တွေ့ရသည်၊ ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် သွေးရောင်လွှမ်းသောလလေးလုံး ပေါ်ထွက်ခြင်းမှာ အဆုံးသတ်ကာလ၏ သတိပေးချက်တစ်ခုဖြစ်ပြီး၊ အကြီးစား ငလျင်များ တစ်ကမ္ဘာလုံးအနှံ့ မကြာခဏ ပိုမိုဖြစ်လာနေသည်ဟု လူများက ပြောဆိုနေကြလေသည်။ ကျွန်မ ကိုယ်ကိုယ်ကိုယ် တွေးမိသည်မှာ၊ “သွေးရောင်လွှမ်းတဲ့လလေးလုံးက ဖြစ်နှင့်ပြီးပြီ။ အာကာသဖြစ်စဉ်တွေ ပေါ်ထွက်ပြီးပြီ။ ကပ်ဘေးတွေက ကမ္ဘာတစ်ဝှမ်းလုံးမှာ မကြာခဏ ဖြစ်ပေါ်နေတယ်။ အကြမ်းဖက်တဲ့ အဖြစ်အပျက်တွေက တိုးလာနေတယ်၊ စစ်ပွဲတွေက စဉ်ဆက်မပြတ် ဖြစ်ပွားနေတယ်…။ နမိတ်တွေအားလုံးက သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေ အခြေခံကျကျ ပြည့်စုံနေပြီဆိုတာ ပြနေတယ်။ ဒီတော့ ငါတို့ကို တွေ့ဆုံဖို့ မိုးတိမ်ပေါ်မှာ သူ ကြွဆင်းလာတာကို ဘာလို့ ငါမတွေ့ရသေးတာလဲ။ သခင် ပြန်မကြွလာသေးတာလား ဒါမှမဟုတ် သူ ကြွပြီးပြီဖြစ်ပေမယ့် ငါ သူ့ကို မတွေ့သေးတာလား။ သူ့ရဲ့ ပြန်ကြွလာခြင်းကို ငါ ဘယ်လို ကြိုဆိုနိုင်မှာလဲ” ဟူ၍ ဖြစ်သည်။ ဤရှုတ်ထွေးမှုသည် ကျွန်မ စိတ်နှလုံးဝန်းကျင်ကို အလိုလို ထိခိုက်စေပြီး ကျွန်မကို ခေါင်းခြောက်စေခဲ့သည်။ ဤကိစ္စရပ်အပေါ် ရှင်းလင်းမှုအချို့ရအောင် ကြိုးစားရင်း၊ သခင့်ကို ကျွန်မ စတင်ပြီး ဆုတောင်းပြီးရင်း ဆုတောင်းနေခဲ့သည်။ သူ့ကို ကျွန်မ ကြိုဆိုနိုင်ဖို့ရန်နှင့် သူ၏ စွန့်ပစ်ခြင်းကို မခံရစေဖို့ရန်အလို့ငှာ ကျွန်မကို ဉာဏ်အလင်းပေးဖို့နှင့် လမ်းပြဖို့ သူ့ကို ကျွန်မ တောင်းလျှောက်နေခဲ့သည်။
|
Click & Join usမော်ကွန်းတိုက်
September 2019
တံဆိပ်များ
All
|