ဝမ်းဝေ တရုတ်ပြည် သမ္မာကျမ်းစာတွင် “ ကျမ်းစာ၌ပါသော အာနဂတ္တိ စကားမည်သည် ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူ အလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်၊ ဘုရားသင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်း သော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။” (ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၁:၂၀-၂၁) “ ထိုစာတို့၌ ခက်ခဲသောအရာအချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသောသူတို့သည်၊ ထိုအရာမှစ၍ ကြွင်းသော ကျမ်းစာ၏ အနက်ကို မှောက်လှန်၍၊ ကိုယ်ကိုကိုယ် ဖျက်ဆီးတတ်ကြ၏။” (၂ ရှင်ပေတရု ၃:၁၆) “ ကျမ်းဟောင်းတရားသည် အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။” (၂ ကော ၃:၆) ဟု ဆိုထားပါသည်။ ပရောဖက်ပြုခြင်းများသည် ဘုရားသခင်ထံမှ လာခြင်း ဖြစ်သည့်အပြင်၊ ၎င်းတို့အား သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်း တစ်ခုတည်း ဖြင့်သာလျှင် ကျွန်ုပ်တို့ နားလည်နိုင်မည် ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ပရောဖက်ပြုခြင်းများကို မိမိတို့၏ စိတ်ကူးများနှင့် အမြင်ရှုထောင့်များကို မှီခိုကာ မူရင်းအတိုင်း အဓိပ္ပါယ်ကောက်၍ မရနိုင်ကြောင်း ဤကျမ်းပိုဒ်များက ကျွန်ုပ်တို့အား ပြောထားပါသည်။ သို့သော်လည်း ပရောဖက်ပြုခြင်းများ ပြည့်စုံခြင်းမရှိမီ၊ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများကို မှီခိုပြီး၊ ၎င်းတို့အား မူရင်းအတိုင်း အဓိပ္ပါယ်ကောက်ရန်မှာ လွယ်ကူလှပါသည်။ ဤသည်မှာ ကျွန်ုပ်တို့အတွက် ပရောဖက်ပြုခြင်းများကို လွဲမှားစွာ အနက်ဖွင့်ဆိုရန် လွယ်ကူစေပါသည်။ ပြီးနောက် ကျွန်ုပ်တို့၏ ဖြစ်နိုင်ချေမရှိသော အဓိပ္ပါယ်ကောက်ယူခြင်းများသည် အခြားသူများကို လှည့်စားလိမ့်မည်။ ဥပမာအားဖြင့် မေရှိယ ဆိုက်ရောက်ခြင်း အကြောင်း ပရောဖက်ပြုခြင်းများနှင့် ပတ်သက်ပါက၊ ဖာရိရှဲများသည် ၎င်းတို့၏ ကိုယ်ပိုင်အကြံဉာဏ်များကိုသာ မှီခိုခဲ့ကြသည်။ သခင်ယေရှု မဖွားမြင်မီက ဟေရှာယ ၇:၁၄၊ ၉:၆-၇ နှင့် မိက္ခာ ၅:၂ တို့မှ ပရောဖက်ပြုခြင်းများ၏ မူရင်းစာ၏ အနက်အဓိပ္ပါယ်များကို အခြေခံကာ မေရှိယသည် ဗက်လင်မြို့တွင် ဖွားမြင်ကာ၊ ဧမာနွေလဟု အမည်တွင်ပြီး၊ သူသည် နန်းတော်တွင် ကြီးပြင်းကာ၊ ပလ္လင်ထက်တွင် ထိုင်တော်မူစဉ် ဣသရေလကို အုပ်စိုးမည်ဟု ၎င်းတို့က မေရှိယ၏ ဆိုက်ရောက်ခြင်းကို စိတ်ကူးခဲ့ကြသည်။ သို့သော်လည်း ပရောဖက်ပြုခြင်းများသည် ပြည့်စုံသည့်အချိန်တွင်၊ သူတို့ ကိုယ်တော့်ကို စိတ်ကူးခဲ့သည့် နည်းလမ်းများသည် အချက်အလက်များနှင့် လွဲချော်နေလေသည်။ သူတို့အမှန်တကယ် တွေ့မြင်ရသည့်အရာမှာ- သခင်သည် လက်ထပ်ထားသည့် မာရိနှင့် လက်သမား မိသားစုတွင် ဖွားမြင်ကာ၊ သခင်ယေရှုဟု ခေါ်ပြီး၊ ကိုယ်တော်သည် နာဇရတ်မြို့မှ လာပြီး၊ အဆုံးသတ်တွင် ကားတိုင်တင်ကာ သံမှိုစွဲခြင်း ခံရသည်ဟု ဖြစ်သည်။ ဤသည်မှာ ပရောဖက်ပြုခြင်းများ၏ မူရင်းအတိုင်း အဓိပ္ပါယ်များနှင့် အလွန်ပင် ကွဲပြားပါသည်။ ၎င်းအကြောင်းကြောင်းကြောင့် သူတို့သည် သခင်ယေရှု၏ အမှုတော်နှင့် တရားဟောကြားခြင်းတို့သည် သြဇာအာဏာ နှင့် တန်ခိုးတို့ရှိကြောင်း တွေ့မြင်သော်လည်း၊ ဖာရိရှဲ တို့က သခင်ယေရှုသည် ကတိတော်ထားသည့် မေရှိယဖြစ်ကြောင်းကို အသိအမှတ်မပြုခဲ့ကြပါ။ ထိုအစား သူတို့သည် သခင်ယေရှုကိုပင် ပြစ်မှားပြောဆိုခဲ့ကာ၊ ကိုယ်တော်သည် နတ်ဆိုးများကို မောင်းထုတ်ရန်အတွက် နတ်ဆိုးများ၏ မင်းသားဖြစ်သည့် စာတန်ကိုပင် မှီခိုအားထားရသည်ဟု ပြောကြသည်။ ထို့ကြောင့် ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ပြီး ပြစ်မှားပြောဆိုခြင်း အပြစ်ကို ကျူးလွန်ခဲ့ကာ၊ ဘုရားသခင်၏ စိတ်သဘောထားကို ထိခိုက်ပြစ်မှားသည့်အပြင်၊ သခင့်အပြစ်မှလွတ်ခြင်းကိုလည်း မည်သည့်အခါမျှ ရရှိမည် မဟုတ်ပါ။ ခွဲခြားသိမြင်နိုင်စွမ်း မရှိသည့် အပြင် ဖာရိရှဲတို့ပြောသည်ကို ယုံကြည်ခဲ့ကြသည့် သာမာန်လူများသည်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးခဲ့ကြရပါသည်။ ဤနမူနာမှကြည့်ပြီး၊ ဖာရိရှဲတို့သည် ၎င်းတို့၏ စိတ်ကူးများနှင့် ပရောဖက်ပြုခြင်းများ၏ မူရင်းအတိုင်းအဓိပ္ပါယ်တို့ကို ဆုပ်ကိုင်ထားကာ၊ သူတို့ကိုယ်သူတို့ နှင့် အခြားသူများကိုပါ ပျက်စီးစေခဲ့သည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။
0 Comments
ကီယမ်းဟီ တရုတ်ပြည် ပရောဖက်ပြုခြင်းများ ဆိုသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့အား ပြောပြပြီးသည့် မဖြစ်သေးသည့် အရာများ အကြောင်း ဖြစ်ပါသည်။ ၎င်းတို့ထဲမှ အချို့သည် ဟေရှာယ အနာဂတ္တိကျမ်း နှင့် ဒံယေလ အနာဂတ္တိကျမ်းတို့ကဲ့သို့ ပရောဖက်များ ရေးချနိုင်ဖို့ ၎င်းတို့အား ကိုယ်တော်ပေးခဲ့သည့် နိမိတ်လက္ခဏာများ ဖြစ်ပါသည်။ အချို့မှာ နောက်ဆုံးသောကာလအကြောင်း သခင်ယေရှု၏ ပရောဖက်ပြုခြင်း များကဲ့သို့ပင် ဘုရားသခင်က လူများအား လူ့ဇာတိအားဖြင့် တိုက်ရိုက် ပြောခြင်း ဖြစ်ပါသည်။ ပရောဖက်ပြုခြင်းကို မည်သို့အမှန်တကယ် ပြည့်စုံရမည်ဆိုသည်မှာမူ လူသားများဖြစ်သည့် ကျွန်ုပ်တို့အနေဖြင့် ဉာဏ်မှီနိုင်သည့်အရာမဟုတ်ပါ။ ဤနေရာတွင် ကျွန်ုပ် ဖော်ပြလိုသည့် အချက်မှာ ပရောဖက်ပြုခြင်းများသည် လူသားများအနေဖြင့် အပြည့် အဝ နားလည်နိုင်သည့် အရာတစ်ခုမဟုတ်သည်ကို ကျွန်ုပ်တို့အားလုံး သိသော်လည်း လူများစွာတို့သည် သမ္မာကျမ်းစာဆိုင်ရာ ပရောဖက် ပြုခြင်းများကို ကြည့်ခြင်း၌ ၎င်းတို့၏ ကိုယ်ပိုင်အတွေးများနှင့် စိတ်ကူး များပေါ်တွင် မှီခိုရန် ကြိုးစားနေသည်ကို ကျွန်ုပ်တို့ အားလုံးသိကြ ကြောင်း ဖြစ်ပါသည်။ ၎င်းတို့သည် ပရောဖက်ပြုခြင်းများကို တိုက်ရိုက် အဓိပ္ပါယ်ပြန်ခြင်းများအား အခြေခံပြီး မည်သည့် ကန့်သတ်ချက်မျှ မထားပဲ ဒေသနာများ ဟောကြားကြသည်။ ဤသည်မှာ အလွန်ပင် လေးနက်သည့် ပြဿနာတစ်ခု ဖြစ်ပါသည်။ ဤသည်မှာ အခြားလူများ ကို ထိခိုက်နစ် နာစေရုံမျှ မက၊ အခြားလူများအနေဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် လွဲချော်ခြင်း သို့မဟုတ် ဘုရားသခင်ကိုပင် ခုခံခြင်း များ ဖြစ်လာအောင် အထင်လွဲမှားစေနိုင်ပါသည်။ ဝူရန်း တရုတ်ပြည် “ အနားယူခြင်း” ဆိုသည့် စကားလုံးသည် မူရင်းအတိုင်းပင် ငြိမ်သက်ခြင်းတွင် အနားယူရန် ဖြစ်သည်၊ ထို့အပြင် ကွယ်လွန်ပြီးသော သူများအတွက် လူများ၏ ဝမ်းနည်းပူဆွေးခြင်း ကိုလည်း သွယ်ဝိုက် ညွှန်းဆိုထားပါသည်။ သမ္မာကျမ်းစာတွင် “ အနားယူခြင်း” ဆိုသည့်စကားလုံးသည် အကြိမ်ပေါင်း နှစ်ရာကျော် ပေါ်ပေါက်ခဲ့ပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲတွင် အနားယူခြင်း ဆိုသည်မှာ မည်သည့် အဓိပ္ပါယ်များ ဖြစ်လေမည်နည်း။
|
Click & Join usမော်ကွန်းတိုက်
September 2019
တံဆိပ်များ
All
|