ကျိုကျင်း တစ်နေ့ အွန်လိုင်းပေါ်တွင် အသက်ပါသော ဆွေးနွေးမှုတစ်ခုကို ကျွန်မ တွေ့ရသည်၊ ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် သွေးရောင်လွှမ်းသောလလေးလုံး ပေါ်ထွက်ခြင်းမှာ အဆုံးသတ်ကာလ၏ သတိပေးချက်တစ်ခုဖြစ်ပြီး၊ အကြီးစား ငလျင်များ တစ်ကမ္ဘာလုံးအနှံ့ မကြာခဏ ပိုမိုဖြစ်လာနေသည်ဟု လူများက ပြောဆိုနေကြလေသည်။ ကျွန်မ ကိုယ်ကိုယ်ကိုယ် တွေးမိသည်မှာ၊ “သွေးရောင်လွှမ်းတဲ့လလေးလုံးက ဖြစ်နှင့်ပြီးပြီ။ အာကာသဖြစ်စဉ်တွေ ပေါ်ထွက်ပြီးပြီ။ ကပ်ဘေးတွေက ကမ္ဘာတစ်ဝှမ်းလုံးမှာ မကြာခဏ ဖြစ်ပေါ်နေတယ်။ အကြမ်းဖက်တဲ့ အဖြစ်အပျက်တွေက တိုးလာနေတယ်၊ စစ်ပွဲတွေက စဉ်ဆက်မပြတ် ဖြစ်ပွားနေတယ်…။ နမိတ်တွေအားလုံးက သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေ အခြေခံကျကျ ပြည့်စုံနေပြီဆိုတာ ပြနေတယ်။ ဒီတော့ ငါတို့ကို တွေ့ဆုံဖို့ မိုးတိမ်ပေါ်မှာ သူ ကြွဆင်းလာတာကို ဘာလို့ ငါမတွေ့ရသေးတာလဲ။ သခင် ပြန်မကြွလာသေးတာလား ဒါမှမဟုတ် သူ ကြွပြီးပြီဖြစ်ပေမယ့် ငါ သူ့ကို မတွေ့သေးတာလား။ သူ့ရဲ့ ပြန်ကြွလာခြင်းကို ငါ ဘယ်လို ကြိုဆိုနိုင်မှာလဲ” ဟူ၍ ဖြစ်သည်။ ဤရှုတ်ထွေးမှုသည် ကျွန်မ စိတ်နှလုံးဝန်းကျင်ကို အလိုလို ထိခိုက်စေပြီး ကျွန်မကို ခေါင်းခြောက်စေခဲ့သည်။ ဤကိစ္စရပ်အပေါ် ရှင်းလင်းမှုအချို့ရအောင် ကြိုးစားရင်း၊ သခင့်ကို ကျွန်မ စတင်ပြီး ဆုတောင်းပြီးရင်း ဆုတောင်းနေခဲ့သည်။ သူ့ကို ကျွန်မ ကြိုဆိုနိုင်ဖို့ရန်နှင့် သူ၏ စွန့်ပစ်ခြင်းကို မခံရစေဖို့ရန်အလို့ငှာ ကျွန်မကို ဉာဏ်အလင်းပေးဖို့နှင့် လမ်းပြဖို့ သူ့ကို ကျွန်မ တောင်းလျှောက်နေခဲ့သည်။
0 Comments
ချစ်စွာသောညီအစ်ကိုမောင်နှမများ၊ အားလုံးမင်္ဂလာပါ။ လွန်ခဲ့သောနှစ်နှစ်ထောင်က သခင်ယေရှုသည် သူတစ်ဖန်ကြွလာပြီး ကျွန်ုပ်တို့ကို ကောင်းကင်နိုင်ငံသို့ချီဆောင်သွားမည်ဟု ကတိတော်ပေးခဲ့သည်။ ထို့ကြောင့် ကိုယ်တော့်ကိုယုံကြည်သောခရစ်ယာန်များသည် ခေါင်းမော့လျက် ကိုယ်တော်ကိုစောင့်မျှော်နေကြသည်။ အချို့လူများသည် ကိုယ်တော်သည် သေရာမှရှင်ပြန်ထမြောက်ပြီးနာမ်ဝိဉာဉ်အသွင်ဖြင့် ကောင်းကင်သို့ကြွတက်သွားသောကြောင့် ထိုအတိုင်းသာ တစ်ဖန်ကြွဆင်းလာမည်ဟု ထင်မှတ်ကြသည်။ သို့သော်လည်း အချို့လူများက ကျမ်းစာထဲတွင် ကိုယ်တော်မိုးဃ်ဖြင့်ကြွလာပုံမှလွဲ၍ အခြားနည်းဘမ်းဖြင့်ကြွလာမည့်ပရောဖက်ချက်များလည်းဖော်ပြထားသေးသည်။ ဥပမာအားဖြင့် “အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း ၁၆:၁၆) "သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်" (ရှင်မဿဲ ၂၅:၆) ဝမ်းဝေ တရုတ်ပြည် သမ္မာကျမ်းစာတွင် “ ကျမ်းစာ၌ပါသော အာနဂတ္တိ စကားမည်သည် ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူ အလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်၊ ဘုရားသင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်း သော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။” (ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၁:၂၀-၂၁) “ ထိုစာတို့၌ ခက်ခဲသောအရာအချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသောသူတို့သည်၊ ထိုအရာမှစ၍ ကြွင်းသော ကျမ်းစာ၏ အနက်ကို မှောက်လှန်၍၊ ကိုယ်ကိုကိုယ် ဖျက်ဆီးတတ်ကြ၏။” (၂ ရှင်ပေတရု ၃:၁၆) “ ကျမ်းဟောင်းတရားသည် အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။” (၂ ကော ၃:၆) ဟု ဆိုထားပါသည်။ ပရောဖက်ပြုခြင်းများသည် ဘုရားသခင်ထံမှ လာခြင်း ဖြစ်သည့်အပြင်၊ ၎င်းတို့အား သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်း တစ်ခုတည်း ဖြင့်သာလျှင် ကျွန်ုပ်တို့ နားလည်နိုင်မည် ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ပရောဖက်ပြုခြင်းများကို မိမိတို့၏ စိတ်ကူးများနှင့် အမြင်ရှုထောင့်များကို မှီခိုကာ မူရင်းအတိုင်း အဓိပ္ပါယ်ကောက်၍ မရနိုင်ကြောင်း ဤကျမ်းပိုဒ်များက ကျွန်ုပ်တို့အား ပြောထားပါသည်။ သို့သော်လည်း ပရောဖက်ပြုခြင်းများ ပြည့်စုံခြင်းမရှိမီ၊ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများကို မှီခိုပြီး၊ ၎င်းတို့အား မူရင်းအတိုင်း အဓိပ္ပါယ်ကောက်ရန်မှာ လွယ်ကူလှပါသည်။ ဤသည်မှာ ကျွန်ုပ်တို့အတွက် ပရောဖက်ပြုခြင်းများကို လွဲမှားစွာ အနက်ဖွင့်ဆိုရန် လွယ်ကူစေပါသည်။ ပြီးနောက် ကျွန်ုပ်တို့၏ ဖြစ်နိုင်ချေမရှိသော အဓိပ္ပါယ်ကောက်ယူခြင်းများသည် အခြားသူများကို လှည့်စားလိမ့်မည်။ ဥပမာအားဖြင့် မေရှိယ ဆိုက်ရောက်ခြင်း အကြောင်း ပရောဖက်ပြုခြင်းများနှင့် ပတ်သက်ပါက၊ ဖာရိရှဲများသည် ၎င်းတို့၏ ကိုယ်ပိုင်အကြံဉာဏ်များကိုသာ မှီခိုခဲ့ကြသည်။ သခင်ယေရှု မဖွားမြင်မီက ဟေရှာယ ၇:၁၄၊ ၉:၆-၇ နှင့် မိက္ခာ ၅:၂ တို့မှ ပရောဖက်ပြုခြင်းများ၏ မူရင်းစာ၏ အနက်အဓိပ္ပါယ်များကို အခြေခံကာ မေရှိယသည် ဗက်လင်မြို့တွင် ဖွားမြင်ကာ၊ ဧမာနွေလဟု အမည်တွင်ပြီး၊ သူသည် နန်းတော်တွင် ကြီးပြင်းကာ၊ ပလ္လင်ထက်တွင် ထိုင်တော်မူစဉ် ဣသရေလကို အုပ်စိုးမည်ဟု ၎င်းတို့က မေရှိယ၏ ဆိုက်ရောက်ခြင်းကို စိတ်ကူးခဲ့ကြသည်။ သို့သော်လည်း ပရောဖက်ပြုခြင်းများသည် ပြည့်စုံသည့်အချိန်တွင်၊ သူတို့ ကိုယ်တော့်ကို စိတ်ကူးခဲ့သည့် နည်းလမ်းများသည် အချက်အလက်များနှင့် လွဲချော်နေလေသည်။ သူတို့အမှန်တကယ် တွေ့မြင်ရသည့်အရာမှာ- သခင်သည် လက်ထပ်ထားသည့် မာရိနှင့် လက်သမား မိသားစုတွင် ဖွားမြင်ကာ၊ သခင်ယေရှုဟု ခေါ်ပြီး၊ ကိုယ်တော်သည် နာဇရတ်မြို့မှ လာပြီး၊ အဆုံးသတ်တွင် ကားတိုင်တင်ကာ သံမှိုစွဲခြင်း ခံရသည်ဟု ဖြစ်သည်။ ဤသည်မှာ ပရောဖက်ပြုခြင်းများ၏ မူရင်းအတိုင်း အဓိပ္ပါယ်များနှင့် အလွန်ပင် ကွဲပြားပါသည်။ ၎င်းအကြောင်းကြောင်းကြောင့် သူတို့သည် သခင်ယေရှု၏ အမှုတော်နှင့် တရားဟောကြားခြင်းတို့သည် သြဇာအာဏာ နှင့် တန်ခိုးတို့ရှိကြောင်း တွေ့မြင်သော်လည်း၊ ဖာရိရှဲ တို့က သခင်ယေရှုသည် ကတိတော်ထားသည့် မေရှိယဖြစ်ကြောင်းကို အသိအမှတ်မပြုခဲ့ကြပါ။ ထိုအစား သူတို့သည် သခင်ယေရှုကိုပင် ပြစ်မှားပြောဆိုခဲ့ကာ၊ ကိုယ်တော်သည် နတ်ဆိုးများကို မောင်းထုတ်ရန်အတွက် နတ်ဆိုးများ၏ မင်းသားဖြစ်သည့် စာတန်ကိုပင် မှီခိုအားထားရသည်ဟု ပြောကြသည်။ ထို့ကြောင့် ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ပြီး ပြစ်မှားပြောဆိုခြင်း အပြစ်ကို ကျူးလွန်ခဲ့ကာ၊ ဘုရားသခင်၏ စိတ်သဘောထားကို ထိခိုက်ပြစ်မှားသည့်အပြင်၊ သခင့်အပြစ်မှလွတ်ခြင်းကိုလည်း မည်သည့်အခါမျှ ရရှိမည် မဟုတ်ပါ။ ခွဲခြားသိမြင်နိုင်စွမ်း မရှိသည့် အပြင် ဖာရိရှဲတို့ပြောသည်ကို ယုံကြည်ခဲ့ကြသည့် သာမာန်လူများသည်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးခဲ့ကြရပါသည်။ ဤနမူနာမှကြည့်ပြီး၊ ဖာရိရှဲတို့သည် ၎င်းတို့၏ စိတ်ကူးများနှင့် ပရောဖက်ပြုခြင်းများ၏ မူရင်းအတိုင်းအဓိပ္ပါယ်တို့ကို ဆုပ်ကိုင်ထားကာ၊ သူတို့ကိုယ်သူတို့ နှင့် အခြားသူများကိုပါ ပျက်စီးစေခဲ့သည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ |
Click & Join usမော်ကွန်းတိုက်
September 2019
တံဆိပ်များ
All
|