ယေရှုခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းနှင့်ဆိုင်သော ကျမ်းစာပရောဖက်ပြုချက် ၅ ချက်တို့ ပြည့်စုံလေပြီ ဂျန်းရှန် ကျွန်တော်တို့က ယခုအခါတွင် နောက်ဆုံးသောကာလ၏ အဆုံးသတ်၌ ရောက်ရှိနေပြီ၊ ပြီးလျှင် သခင့်ကို ရိုးသားစွာ ယုံကြည်ပြီး ကိုယ်တော် ပြန်ကြွလာခြင်းကို စောင့်ဆိုင်းနေကြသူများသည် ဤမေးခွန်းကို ဧကန်မုချတွေးနေကြမည် ဖြစ်သော ညီအစ်ကို မောင်နှမများစွာ ရှိပါသည်၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ အငယ် ၁၂ တွင် သခင်ယေရှုက “ငါသည်အလျင်အမြန်လာမည်” ဟု ပရောဖက်ပြုတော်မူခဲ့သည်။ သခင်က နောက်ဆုံးသောကာလ၌ သူ တစ်ဖန် ပြန်ကြွလာသည့်လာမည်ဖြစ်ကြောင်း ကတိတော်ထားခဲ့သည်၊ထို့ကြောင့် ယခု သူ ပြန်ကြွလာခဲ့ပြီးဖြစ်ပါသလား။ ဤမေးခွန်းက ကျွန်တော်တို့ ခရစ်ယာန်များအတွက် အလွန်အရေးကြီးပါသည်၊ ထို့ကြောင့် သခင်က အမှန်တကယ် ပြန်ကြွပြီးသည်၊ မကြွပြီးသည်ကို ကျွန်တော်တို့ မည်သို့ အတိအကျသိရမည်နည်း။ အမှန်မှာမူ သခင်ယေရှုက သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများဖြင့် ကျွန်တော်တို့ကို ပြောပြနှင့်ပြီး ဖြစ်သည်၊ ကျွန်တော်တို့က အချက်အလက်များအားလုံးကို အတူတကွယူပြီး၊ အလွန်စိတ်ထက်သန်စွာ ချင့်ချိန်စဉ်းစားသမျှ ကာလပတ်လုံး အဖြေကို ရှာတွေ့ပါလိမ့်မည်။
0 Comments
ချစ်စွာသောညီအစ်ကိုမောင်နှမများ၊ အားလုံးမင်္ဂလာပါ။ လွန်ခဲ့သောနှစ်နှစ်ထောင်က သခင်ယေရှုသည် သူတစ်ဖန်ကြွလာပြီး ကျွန်ုပ်တို့ကို ကောင်းကင်နိုင်ငံသို့ချီဆောင်သွားမည်ဟု ကတိတော်ပေးခဲ့သည်။ ထို့ကြောင့် ကိုယ်တော့်ကိုယုံကြည်သောခရစ်ယာန်များသည် ခေါင်းမော့လျက် ကိုယ်တော်ကိုစောင့်မျှော်နေကြသည်။ အချို့လူများသည် ကိုယ်တော်သည် သေရာမှရှင်ပြန်ထမြောက်ပြီးနာမ်ဝိဉာဉ်အသွင်ဖြင့် ကောင်းကင်သို့ကြွတက်သွားသောကြောင့် ထိုအတိုင်းသာ တစ်ဖန်ကြွဆင်းလာမည်ဟု ထင်မှတ်ကြသည်။ သို့သော်လည်း အချို့လူများက ကျမ်းစာထဲတွင် ကိုယ်တော်မိုးဃ်ဖြင့်ကြွလာပုံမှလွဲ၍ အခြားနည်းဘမ်းဖြင့်ကြွလာမည့်ပရောဖက်ချက်များလည်းဖော်ပြထားသေးသည်။ ဥပမာအားဖြင့် “အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း ၁၆:၁၆) "သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်" (ရှင်မဿဲ ၂၅:၆) |
Click & Join usမော်ကွန်းတိုက်
September 2019
တံဆိပ်များ
All
|