ကီယမ်းဟီ တရုတ်ပြည် ပရောဖက်ပြုခြင်းများ ဆိုသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့အား ပြောပြပြီးသည့် မဖြစ်သေးသည့် အရာများ အကြောင်း ဖြစ်ပါသည်။ ၎င်းတို့ထဲမှ အချို့သည် ဟေရှာယ အနာဂတ္တိကျမ်း နှင့် ဒံယေလ အနာဂတ္တိကျမ်းတို့ကဲ့သို့ ပရောဖက်များ ရေးချနိုင်ဖို့ ၎င်းတို့အား ကိုယ်တော်ပေးခဲ့သည့် နိမိတ်လက္ခဏာများ ဖြစ်ပါသည်။ အချို့မှာ နောက်ဆုံးသောကာလအကြောင်း သခင်ယေရှု၏ ပရောဖက်ပြုခြင်း များကဲ့သို့ပင် ဘုရားသခင်က လူများအား လူ့ဇာတိအားဖြင့် တိုက်ရိုက် ပြောခြင်း ဖြစ်ပါသည်။ ပရောဖက်ပြုခြင်းကို မည်သို့အမှန်တကယ် ပြည့်စုံရမည်ဆိုသည်မှာမူ လူသားများဖြစ်သည့် ကျွန်ုပ်တို့အနေဖြင့် ဉာဏ်မှီနိုင်သည့်အရာမဟုတ်ပါ။ ဤနေရာတွင် ကျွန်ုပ် ဖော်ပြလိုသည့် အချက်မှာ ပရောဖက်ပြုခြင်းများသည် လူသားများအနေဖြင့် အပြည့် အဝ နားလည်နိုင်သည့် အရာတစ်ခုမဟုတ်သည်ကို ကျွန်ုပ်တို့အားလုံး သိသော်လည်း လူများစွာတို့သည် သမ္မာကျမ်းစာဆိုင်ရာ ပရောဖက် ပြုခြင်းများကို ကြည့်ခြင်း၌ ၎င်းတို့၏ ကိုယ်ပိုင်အတွေးများနှင့် စိတ်ကူး များပေါ်တွင် မှီခိုရန် ကြိုးစားနေသည်ကို ကျွန်ုပ်တို့ အားလုံးသိကြ ကြောင်း ဖြစ်ပါသည်။ ၎င်းတို့သည် ပရောဖက်ပြုခြင်းများကို တိုက်ရိုက် အဓိပ္ပါယ်ပြန်ခြင်းများအား အခြေခံပြီး မည်သည့် ကန့်သတ်ချက်မျှ မထားပဲ ဒေသနာများ ဟောကြားကြသည်။ ဤသည်မှာ အလွန်ပင် လေးနက်သည့် ပြဿနာတစ်ခု ဖြစ်ပါသည်။ ဤသည်မှာ အခြားလူများ ကို ထိခိုက်နစ် နာစေရုံမျှ မက၊ အခြားလူများအနေဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် လွဲချော်ခြင်း သို့မဟုတ် ဘုရားသခင်ကိုပင် ခုခံခြင်း များ ဖြစ်လာအောင် အထင်လွဲမှားစေနိုင်ပါသည်။
0 Comments
|
Click & Join usမော်ကွန်းတိုက်
September 2019
တံဆိပ်များ
All
|