ယေရှုခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းနှင့်ဆိုင်သော ကျမ်းစာပရောဖက်ပြုချက် ၅ ချက်တို့ ပြည့်စုံလေပြီ ဂျန်းရှန် ကျွန်တော်တို့က ယခုအခါတွင် နောက်ဆုံးသောကာလ၏ အဆုံးသတ်၌ ရောက်ရှိနေပြီ၊ ပြီးလျှင် သခင့်ကို ရိုးသားစွာ ယုံကြည်ပြီး ကိုယ်တော် ပြန်ကြွလာခြင်းကို စောင့်ဆိုင်းနေကြသူများသည် ဤမေးခွန်းကို ဧကန်မုချတွေးနေကြမည် ဖြစ်သော ညီအစ်ကို မောင်နှမများစွာ ရှိပါသည်၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ အငယ် ၁၂ တွင် သခင်ယေရှုက “ငါသည်အလျင်အမြန်လာမည်” ဟု ပရောဖက်ပြုတော်မူခဲ့သည်။ သခင်က နောက်ဆုံးသောကာလ၌ သူ တစ်ဖန် ပြန်ကြွလာသည့်လာမည်ဖြစ်ကြောင်း ကတိတော်ထားခဲ့သည်၊ထို့ကြောင့် ယခု သူ ပြန်ကြွလာခဲ့ပြီးဖြစ်ပါသလား။ ဤမေးခွန်းက ကျွန်တော်တို့ ခရစ်ယာန်များအတွက် အလွန်အရေးကြီးပါသည်၊ ထို့ကြောင့် သခင်က အမှန်တကယ် ပြန်ကြွပြီးသည်၊ မကြွပြီးသည်ကို ကျွန်တော်တို့ မည်သို့ အတိအကျသိရမည်နည်း။ အမှန်မှာမူ သခင်ယေရှုက သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများဖြင့် ကျွန်တော်တို့ကို ပြောပြနှင့်ပြီး ဖြစ်သည်၊ ကျွန်တော်တို့က အချက်အလက်များအားလုံးကို အတူတကွယူပြီး၊ အလွန်စိတ်ထက်သန်စွာ ချင့်ချိန်စဉ်းစားသမျှ ကာလပတ်လုံး အဖြေကို ရှာတွေ့ပါလိမ့်မည်။
0 Comments
ဝမ်းဝေ တရုတ်ပြည် သမ္မာကျမ်းစာတွင် “ ကျမ်းစာ၌ပါသော အာနဂတ္တိ စကားမည်သည် ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူ အလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်၊ ဘုရားသင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်း သော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။” (ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၁:၂၀-၂၁) “ ထိုစာတို့၌ ခက်ခဲသောအရာအချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသောသူတို့သည်၊ ထိုအရာမှစ၍ ကြွင်းသော ကျမ်းစာ၏ အနက်ကို မှောက်လှန်၍၊ ကိုယ်ကိုကိုယ် ဖျက်ဆီးတတ်ကြ၏။” (၂ ရှင်ပေတရု ၃:၁၆) “ ကျမ်းဟောင်းတရားသည် အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။” (၂ ကော ၃:၆) ဟု ဆိုထားပါသည်။ ပရောဖက်ပြုခြင်းများသည် ဘုရားသခင်ထံမှ လာခြင်း ဖြစ်သည့်အပြင်၊ ၎င်းတို့အား သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်း တစ်ခုတည်း ဖြင့်သာလျှင် ကျွန်ုပ်တို့ နားလည်နိုင်မည် ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ပရောဖက်ပြုခြင်းများကို မိမိတို့၏ စိတ်ကူးများနှင့် အမြင်ရှုထောင့်များကို မှီခိုကာ မူရင်းအတိုင်း အဓိပ္ပါယ်ကောက်၍ မရနိုင်ကြောင်း ဤကျမ်းပိုဒ်များက ကျွန်ုပ်တို့အား ပြောထားပါသည်။ သို့သော်လည်း ပရောဖက်ပြုခြင်းများ ပြည့်စုံခြင်းမရှိမီ၊ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများကို မှီခိုပြီး၊ ၎င်းတို့အား မူရင်းအတိုင်း အဓိပ္ပါယ်ကောက်ရန်မှာ လွယ်ကူလှပါသည်။ ဤသည်မှာ ကျွန်ုပ်တို့အတွက် ပရောဖက်ပြုခြင်းများကို လွဲမှားစွာ အနက်ဖွင့်ဆိုရန် လွယ်ကူစေပါသည်။ ပြီးနောက် ကျွန်ုပ်တို့၏ ဖြစ်နိုင်ချေမရှိသော အဓိပ္ပါယ်ကောက်ယူခြင်းများသည် အခြားသူများကို လှည့်စားလိမ့်မည်။ ဥပမာအားဖြင့် မေရှိယ ဆိုက်ရောက်ခြင်း အကြောင်း ပရောဖက်ပြုခြင်းများနှင့် ပတ်သက်ပါက၊ ဖာရိရှဲများသည် ၎င်းတို့၏ ကိုယ်ပိုင်အကြံဉာဏ်များကိုသာ မှီခိုခဲ့ကြသည်။ သခင်ယေရှု မဖွားမြင်မီက ဟေရှာယ ၇:၁၄၊ ၉:၆-၇ နှင့် မိက္ခာ ၅:၂ တို့မှ ပရောဖက်ပြုခြင်းများ၏ မူရင်းစာ၏ အနက်အဓိပ္ပါယ်များကို အခြေခံကာ မေရှိယသည် ဗက်လင်မြို့တွင် ဖွားမြင်ကာ၊ ဧမာနွေလဟု အမည်တွင်ပြီး၊ သူသည် နန်းတော်တွင် ကြီးပြင်းကာ၊ ပလ္လင်ထက်တွင် ထိုင်တော်မူစဉ် ဣသရေလကို အုပ်စိုးမည်ဟု ၎င်းတို့က မေရှိယ၏ ဆိုက်ရောက်ခြင်းကို စိတ်ကူးခဲ့ကြသည်။ သို့သော်လည်း ပရောဖက်ပြုခြင်းများသည် ပြည့်စုံသည့်အချိန်တွင်၊ သူတို့ ကိုယ်တော့်ကို စိတ်ကူးခဲ့သည့် နည်းလမ်းများသည် အချက်အလက်များနှင့် လွဲချော်နေလေသည်။ သူတို့အမှန်တကယ် တွေ့မြင်ရသည့်အရာမှာ- သခင်သည် လက်ထပ်ထားသည့် မာရိနှင့် လက်သမား မိသားစုတွင် ဖွားမြင်ကာ၊ သခင်ယေရှုဟု ခေါ်ပြီး၊ ကိုယ်တော်သည် နာဇရတ်မြို့မှ လာပြီး၊ အဆုံးသတ်တွင် ကားတိုင်တင်ကာ သံမှိုစွဲခြင်း ခံရသည်ဟု ဖြစ်သည်။ ဤသည်မှာ ပရောဖက်ပြုခြင်းများ၏ မူရင်းအတိုင်း အဓိပ္ပါယ်များနှင့် အလွန်ပင် ကွဲပြားပါသည်။ ၎င်းအကြောင်းကြောင်းကြောင့် သူတို့သည် သခင်ယေရှု၏ အမှုတော်နှင့် တရားဟောကြားခြင်းတို့သည် သြဇာအာဏာ နှင့် တန်ခိုးတို့ရှိကြောင်း တွေ့မြင်သော်လည်း၊ ဖာရိရှဲ တို့က သခင်ယေရှုသည် ကတိတော်ထားသည့် မေရှိယဖြစ်ကြောင်းကို အသိအမှတ်မပြုခဲ့ကြပါ။ ထိုအစား သူတို့သည် သခင်ယေရှုကိုပင် ပြစ်မှားပြောဆိုခဲ့ကာ၊ ကိုယ်တော်သည် နတ်ဆိုးများကို မောင်းထုတ်ရန်အတွက် နတ်ဆိုးများ၏ မင်းသားဖြစ်သည့် စာတန်ကိုပင် မှီခိုအားထားရသည်ဟု ပြောကြသည်။ ထို့ကြောင့် ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ပြီး ပြစ်မှားပြောဆိုခြင်း အပြစ်ကို ကျူးလွန်ခဲ့ကာ၊ ဘုရားသခင်၏ စိတ်သဘောထားကို ထိခိုက်ပြစ်မှားသည့်အပြင်၊ သခင့်အပြစ်မှလွတ်ခြင်းကိုလည်း မည်သည့်အခါမျှ ရရှိမည် မဟုတ်ပါ။ ခွဲခြားသိမြင်နိုင်စွမ်း မရှိသည့် အပြင် ဖာရိရှဲတို့ပြောသည်ကို ယုံကြည်ခဲ့ကြသည့် သာမာန်လူများသည်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးခဲ့ကြရပါသည်။ ဤနမူနာမှကြည့်ပြီး၊ ဖာရိရှဲတို့သည် ၎င်းတို့၏ စိတ်ကူးများနှင့် ပရောဖက်ပြုခြင်းများ၏ မူရင်းအတိုင်းအဓိပ္ပါယ်တို့ကို ဆုပ်ကိုင်ထားကာ၊ သူတို့ကိုယ်သူတို့ နှင့် အခြားသူများကိုပါ ပျက်စီးစေခဲ့သည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ |
Click & Join usမော်ကွန်းတိုက်
September 2019
တံဆိပ်များ
All
|