ဝေချင်းမှ ရေးသားသည် သခင်ပေါ်ထွန်းသည့် နေ့ရက်ကို ကြုံဆုံရင်းဖြင့်၊ သခင်၌ စစ်မှန်သော ယုံကြည်မှုရှိသည့် ညီအစ်မောင်နှမတိုင်းက ကျွန်ုပ်တို့က ပညာရှိသော အပျိုကညာများ ဖြစ်နိုင်သည်၊ ပြီးလျှင် မင်္ဂလာဆောင်လုလင်ကို ကျွန်ုပ်တို့ ကြိုဆိုနိုင်ပြီး သခင်နှင့်အတူ စားပွဲတော် တည်နိုင်သည်ဟု မျှော်လင့်ကြပါလိမ့်မည်။ ကျွန်မတို့ထဲမှ အချို့က စောင့်ကြည့်ရင်းနှင့် ပြင်ဆင်ရင်း ကျမ်းစာကို မကြာခဏဖတ်ရှုကာ ဆုတောင်းကြသည်၊ အချို့က စွန့်လွှတ်ရင်းနှင့် မိမိကိုယ်ကိုယ် အသုံးတော်ခံရင်း မမောနိုင် မပန်းနိုင် အလုပ်လုပ်ဖို့ ရွေးချယ်ကြသည်။ အချို့မှာ အာရုံစိုက်စွာ သခင့်၏ ကြွရောက်ခြင်းအတွက် စောင့်ဆိုင်းရင်း…အစည်းအဝေးများကို ပုံမှန်တက်ကြသည်။ လူတိုင်းက မိမိတို့ကိုယ်ပိုင်နည်းလမ်းများဖြင့် သခင်၏ ဒုတိယအကြိမ် ကြွလာခြင်းအတွက် ပြင်ဆင်ရင်းနှင့် စောင့်ဆိုင်းရင်း သခင့်အတွက် အသုံးတော်ခံနေကြသည်၊ ပြီးလျှင် ကျွန်မတို့က ပညာရှိ အပျိုကညာများ ဖြစ်ကြပြီး ဤနည်းဖြင့်၊ သခင်၏ ပြန်ကြွလာခြင်းကို သေချာပေါက် ကျွန်မတို့ ကြိုဆိုနိုင်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်လက်ခံထားကြပါသည်။ သို့သော်၊ ဆီကို ဤသို့ ပြင်ဆင်ခြင်းသည် သခင့်စိတ်နှလုံးနှင့် ညီညွတ်ပါသလား။ တကယ်တော့ ပညာရှိ အပျိုကညာများဆိုသည်မှာ မည်သည့်အရာများဖြစ်ပါသနည်း။ ပညာရှိ အပျိုကညာများသည် သခင့်ကို ကြိုဆိုရန် ဆီကို မည်သို့ ပြင်ဆင်သင့်သနည်း။ လွန်ခဲ့သည့် အနှစ် နှစ်ထောင်က သခင်ယေရှု အမှုပြုရန် ကြွလာခဲ့သည့် ခေတ်ကို ပြန်အမှတ်ရပါ။ ထိုအချိန်က ဗိမာန်တော်များသည် ခြောက်ကပ်ခဲ့ပြီး ဘုရားသခင်၏ ဘုန်းတော်မရှိဘဲ သူခိုးများ၏ အသိုက်အမြှုံတစ်ခုအဖြစ် ပြောင်းသွားခဲ့သည်။ ဂျူးလူမျိုးများသည် အမှောင်ထဲသို့ ကျရောက်ခဲ့ကြပြီး လှည့်ပြန်စရာနေရာမရှိဖြစ်ခဲ့ကြသည်၊ သခင်ယေရှု- မေရှိယသည် ကြွလာခဲ့ပြီး လူသားထံ နောင်တလမ်းကို ဆောင်ကျဉ်းရင်း လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းနှင့်ဆိုင်သော သူ၏ အမှုတော်ကို လုပ်ဆောင်ခဲ့သည်။ သမ္မာတရားကို စိတ်ရင်းအမှန်ဖြင့် ရှာဖွေပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းအတွက် တမ်းတကြသူတို့အတွက်၊ သူတို့သည် ရှာဖွေသော စိတ်နှလုံးသားတစ်ခုဖြင့် ဘုရားသခင်၏ အသံတော်ကို အာရုံစိုက်နိုင်ကြပြီး၊ ဤအကြောင်းကြောင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့သည် ဖန်ဆင်းရှင်၏ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်း ဖန်ဆင်းခြင်းကဲ့သို့ပင် သြဇာအာဏာနှင့် တန်ခိုးများဖြင့် ပြည့်လျှံနေသည်ကို သူတို့ မြင်ခဲ့ကြသည်။သခင်ယေရှုထံမှာ နှုတ်ထွက်စကားတစ်ခွန်းက လူသေကို အသက်ပြန်ရှင်စေနိုင်စွမ်းခဲ့သည်၊ လေနှင့် ပင်လယ်ကို ငြိမ်သက်စေဖို့ ကြိမ်းမောင်းရင်း၊ လူငါးထောင်ကို မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်တို့ဖြင့် ကျွေးမွေးရင်းနှင့် စသဖြင့် လုပ်ဆောင်နိုင်စွမ်းရှိလေသည်။ ပေတရု၊ နာသနေလ၊ မဿဲ နှင့် အခြားသူတို့သည် တစ်ကြိမ်တစ်ခါတွင် သခင်ယေရှု၏ စကားများမှတဆင့်၊ သခင်ယေရှုမှာ ကတိတော်ရှိသည့် မေရှိယဖြစ်သည်ကို သတိပြုမိခဲ့ကြပြီး၊ ထို့ကြောင့် သူ့နောက် လိုက်ခဲ့ကြလေသည်။ သခင်ယေရှုနှင့် စကားပြောဆိုနေချိန်တွင်၊ ရှာမာရိ အမျိုးသမီးသည် သူမနက်ရှိုင်းစွာ သိမ်းထားသည့် လျှို့ဝှက်ချက်များအား သူပြောသည်ကို ကြားခဲ့ပြီး ဘုရားသခင်ဟာ ကျွန်မတို့၏ အတွင်းအကျဆုံး လျှို့ဝှက်ချက်များကို ဖွင့်ပြနိုင်ပြီး၊ ထိုသို့သောအရာများကို လူသားတစ်ဦးက ထုတ်ဖော်မပြနိုင်ဟု နားလည်ခဲ့ရသည်။ ထို့ကြောင့်၊ သူမသည် သခင်ယေရှု၏ စကားများမှ၊ သူသည် ကတိထားတော်မူသော မေရှိယဖြစ်သည်ဟု သေချာသွားခဲ့ပြီးနောက်၊ သူ့နောက်လိုက်ခဲ့လေသည်။ ထိုသို့သော လူတို့သည် ပညာရှိ အပျိုကညာများ ဖြစ်ကြသည်။သို့သော် ယဇ်ပရောဟိတ် အကြီးအကဲများ၊ “ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲများနောက်လိုက်ခဲ့ကြသည့် ဂျူးလူမျိုးများက သင်သည် မေရှိယဟု အခေါ်မခံရလျှင် ဘုရားသခင်၏ ကြွလာခြင်း မဟုတ်” ဟူ၍ ထင်မြင်လျက် သူတို့၏ ကိုယ်ပိုင် ခံယူချက်များနှင့် စိတ်ကူးများကို ခေါင်းမာမာဖြင့် ထိန်းသိမ်းထားခဲ့ကြသည်။ ထို့ကြောင့် သခင်၏ မိန့်မြွက်ချက်များသည် မည်မျှပင် သြဇာအာဏာရှိပြီး တန်ခိုးကြီးမားပါစေ သူတို့သည် ရှာဖွေခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းတို့ မပြုလုပ်ကြပေ။ အကျိုးဆက်အနေဖြင့် သခင်ယေရှုကို သာမန်လူတစ်ဦးအဖြစ် သူတို့ ဆက်ဆံခဲ့ကြသည်၊ ဘုရားသခင်၏ မိန့်မြွက်ချက်များကို လူ၏ စကားများအဖြစ် ရည်ညွှန်းခဲ့ကြသည်။ နောက်ဆုံးတွင် သခင်ယေရှုကို ကားတိုင်မှာ သံမှိုရိုက်နှက်ရာတွင် ဂျူးခေါင်းဆောင်များကို သူတို့ ပူးပေါင်းခဲ့ကြပြီး၊ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်ခဲ့ကြသည့် မိုက်မဲသောအပျိုကညာများ ဖြစ်လာကြကာ၊ ဘုရားသခင်၏ အမျက်ဒေါသနှင့် ပြစ်ဒဏ်ပေးခြင်းအောက်သို့ ကျရောက်ခဲ့ကြသည်။ ဤအရာက ပညာရှိ အပျိုးကညာများ၏ ဉာဏ်ပညာမှာ ဘုရားသခင်၏ အသံတော်ကို အာရုံစိုက်ခြင်းနှင့် ဘုရားသခင်၏ အသံတော်ကို သိမှတ်ပြီးနောက် သမ္မာတရားကို လက်ခံနိုင်ခြင်းအဖြစ်တွင် ရှိသည်ကို ကျွန်မတို့ကို မြင်စေသည်။ ဤနည်းလမ်းအားဖြင့်သာ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သူတို့ ကြိုဆိုကြပါလိမ့်မည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ မိုက်မဲသော အပျိုကညာများသည် ဘုရားသခင်၏ အသံတော်အတွက် နားမထောင်ကြဘဲ သမ္မာတရားနှင့်ဆိုင်သော မိန့်ုမြွက်ချက်များကို ကြားပြီးနောက်တွင်ပင် မရှာဖွေကြပါ။ သူတို့သည် သူတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကို ခေါင်းမာစွာ ကိုင်စွဲကြပြီး၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို ငြင်းပယ်ကြသည်၊ ထိုသို့ဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးကြလေသည်။ ဤအရာက ကျွန်မကို အသိပေးသည်- သခင်၏ ဒုတိယအကြိမ် ကြွလာခြင်းနှင့် ပတ်သက်၍၊ သခင်ယေရှုက ကျွန်မတို့ဆီ ပေါ်ထွန်းပြီး အမှုပြုလျှင်၊ ကျွန်မတို့၏ သဘောထား မည်သို့ ဖြစ်လိမ့်မည်နည်း။ သခင့်၏ အသံတော်ကို ကျွန်မတို့ သတိပြုမိနိုင်ကြလိမ့်မည်လား။ သခင့်အသံတော်ကို ကျွန်မတို့ သတိမပြုမိနိုင်ဘဲ သမ္မတရားကို မရှာဖွေလျှင်၊ ကျွန်မတို့သည် မင်္ဂလာဆောင်လုလင်ကို ကြိုဆိုရန်နှင့် သခင်နှင့်အတူ စားသောက်ရန် အခွင့်အရေး လက်လွတ်သွားပါလိမ့်မည်။ သို့ဆိုလျှင်၊ ကျွန်မတို့ မိုက်မဲသော အပျိုကညာများ ဖြစ်ကြလိမ့်မည် မဟုတ်ပါလား။ သို့ဖြစ်၍၊ သခင့်ကို ကြိုဆိုရင် ကျွန်မတို့ မည်သို့ စောင့်ကြည့်ပြီး ဆီကို ပြင်ဆင်သင့်သနည်း။ သခင်ယေရှုက၊ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊” (ရှင်မဿဲ ၂၅:၆) “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ် ၃:၂၀) “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာဒိတ် ၂:၇) “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန် ၁ဝ:၂၇) ဟု ပြောခဲ့ပါသည်။ ဤပရောဖက်ပြုချက်များမှ ကျွန်မတို့ ရှင်းရှင်းလင်းလင်း မြင်ရသည်မှာ သခင်ယေရှုပြန်ကြွလာသည့်အချိန်တွင်၊ အသင်းတော်များကို သူ စကားပြောလိမ့်မည်ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်များမှတဆင့် အတိအကျ သူ၏သိုးများကို ရှာဖွေလိမ့်မည်ဟူ၍ ဖြစ်သည်။ ပညာရှိ အပျိုကညာများသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို တစ်စုံတစ်ဦးက သက်သေခံနေသည်ကို ကြားရင်းဖြင့် ဘုရားသခင်၏ အသံတော်ကို ရှာဖွေပြီး နားထောင်ကြလိမ့်မည်ဖြစ်ပြီး သခင့်ကို ကြိုဆိုရန် သူတို့၏ နှလုံးသားများကို ဖွင့်ကြပါလိမ့်မည်။ စာအုပ်တစ်အုပ်တွင်လည်း ပြောထားပါသည်၊ “သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိဖွင့်ဆိုချက်များကို နာခံနိုင်စွမ်းရှိသောသူများ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံရကြသည်။ ၎င်းတို့ မည်ကဲ့သို့ ဖြစ်ခဲ့ပါစေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အလုပ်လုပ်ခဲ့ပါစေ အကြောင်းမဟုတ်ပါ၊ နောက်ဆုံးသောအလုပ်ကို ရသောသူများမှာ ကောင်းချီးမင်္ဂလာကို အခံစားရဆုံးသောသူများဖြစ်ကြပြီး နောက်ဆုံးသော အလုပ်ကို ယနေ့လိုက်လျှောက်နိုင်စွမ်း မရှိသောသူများမှာ ပယ်ရှင်းခံကြရသည်။ အလင်းအသစ်ကို လက်ခံနိုင်စွမ်းရှိသော သူများကို ဘုရားသခင်အလိုရှိပြီး ဘုရားသခင်သည် သူ၏ နောက်ဆုံးအလုပ်ကို လက်ခံသူများနှင့် သိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဖွေရှာနိုင်စွမ်းရှိပြီး အသစ်သော အရာများကို နားလည်နိုင်စွမ်းရှိသည်သာမက အယူအဆအဟောင်းများကို ဘေးသို့ ဖယ်ထားနိုင်စွမ်းနှင့် ယနေ့ ဘုရားသခင်၏ အလုပ်ကို နာခံနိုင်စွမ်းရှိသည်။” “ဤအကြောင်းကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည်နှင့်အညီ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့်နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသောနေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။” ဤစကားလုံးများမှ ပညာရှိ အပျိုကညာများသည် သခင့်ကို ကြိုဆိုခြင်းနှင့် ပတ်သက်လာလျှင် သတိဝီရိယရှိပြီး ဆီများကို ပြင်ဆင်ကြသည်ကို တွေ့နိုင်သည်၊ တစ်နည်းအားဖြင့်၊ သူတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို သူတို့ ဘေးဖယ်ထားနိုင်သည်၊ ဘုရားသခင်၏ အသံတော်အတွက် နားထောင်ခြင်းကို အာရုံစိုက်နိုင်သည်၊ ဘုရားသခင်၏ ခြေလှမ်းများကို ရှာဖွေနိုင်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သောလုပ်ဆောင်ချက်ကို ရှာဖွေနိုင်သည်၊ ခေတ်သစ်နှင့်ဆိုင်သော ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်ကို လက်ခံပြီး နာခံနိုင်ကာ၊ သိုးသငယ်၏ ခြေလှမ်းများနောက်လိုက်နိုင်ကြလေသည်။ ထို့ကြောင့်၊ ဘုရားသခင်၏ အသံတော်ကို ကြားရသည်နှင့်တပြိုင်နက် ရှာဖွေပြီး ဆန်းစစ်ကြမည်သူများသည် ပညာရှိ အပျိုကညာများ ဖြစ်ကြလေသည်။ သူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ဆောင်ယူခံရလိမ့်မည်၊ အစဉ်စီးဆင်းနေသော ရှင်သန်သည့် အသက်ရေ၏ အထောက်အပံ့ကို မွေလျော်ကြလိမ့်မည်ဖြစ်ပြီး၊ သိုးသငယ်၏ မင်္ဂလာစားပွဲတော်ကို တက်ရောက်ကြပါလိမ့်မည်။ မိုက်မဲသော အပျိုကညာများကတော့၊ သူတို့၏ အသင်းတော်များမှာ အဘယ်မျှ ခြောက်ကပ်ပြီး မှောင်မိုက်လာကြပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်များကို ရှာဖွေသည်ထက် သူတို့၏ .ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးကို သူတို့အထဲတွင် ခိုင်ခိုင်မာမာ ရှိထားပြီး ခေါင်းမာစွာ စွဲကိုင်ထားကြလေသည်၊ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို ထာဝရ ဆုံးရှုံးကြပါလိမ့်မည်။
0 Comments
Leave a Reply. |