အကြိတ်အနယ် ငြင်းခုံဆွေးနွေးပွဲ- ပညာသတိရှိသော သတို့သမီးတို့သည် မည်သည့်အရာဖြစ်သနည်း။ မိုက်သောသတို့သမီးတို့သည် မည်သည့်အရာဖြစ်သနည်း။ ကျင်းရှင်၊ တရုတ်နိုင်ငံ ပညာသတိရှိသောသတို့သမီးတစ်ယောက်ဖြစ်ရန်အတွက် စိတ်ပါဝင်စားစွာ အားထုတ်ရှာဖွေခြင်း
နေဝင်ရီတရောအချိန်ဖြစ်သည့် ညတစ်ညတွင် ကျားနန်သည် စာရေးစားပွဲခုံတစ်ခု၏ ဘေးတွင် ထိုင်နေသည်။ သမ္မာကျမ်းစာကိုဖွင့်လျက် သူ စတင်ဖတ်ရှုလိုက်သည်။ “ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသော သတို့သမီးတစ်ကျိပ်နှင့်တူ၏။ ထိုသတို့သမီးတို့တွင် ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။ မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကို မယူကြ။ ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။ မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍အိပ်ပျော်ကြ၏။ သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊ ထိုသတို့သမီးအပေါင်းတို့သည် ထ၍ မီးခွက်များကို ပြင်ဆင်ကြ၏။ မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ သင်တို့ဆီကို အနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။ ပညာရှိသောသူတို့ကလည်း သင်တို့အဖို့နှင့် ငါတို့အဖို့ ဆီမလောက်။ ထို့ကြောင့် ဆီရောင်းသောသူ ရှိရာသို့သွား၍ ကိုယ်သုံးဖို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။ ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅:၁-၁၀) ဤကျမ်းစာများကို ကြည့်ရှုပြီးနောက်တွင် ကျားနန်က သခင်ယေရှုသည် မည်ကဲ့သို့သောလူက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်သည်ဆိုသည်ကို ပြရန်အတွက် ရှင်းလင်းပြတ်သားသည့် တင်စားမှုတစ်ခု ငါတို့ကို ပေးခဲ့သည်ဟု ထင်မြင်ခဲ့သည်။ ဆီကို သူတို့နှင့်အတူ ယူဆောင်သောသူတို့သည် သတို့သားကို ကြိုဆိုနိုင်ပြီး ပညာသတိရှိသော သတို့သမီးများဖြစ်ကြသော်လည်း ဆီမရှိသော သူတို့သည် မိုက်သောသတို့သမီးများဖြစ်ကြပြီးသခင်၏ စွန့်ပစ်ခြင်းကို ခံရမည်ဖြစ်သည်။ ကျားနန်သည် သခင် ပြန်လည်ကြွလာခြင်းကို ကြိုဆိုပြီး သူနှင့်အတူ စားပွဲတက်ရောက်ရန်အတွက် အစဉ်သဖြင့် စိတ်ပိုင်းဖြတ်ထားလျှက်ရှိသည်။
0 Comments
ဝေချင်းမှ ရေးသားသည် သခင်ပေါ်ထွန်းသည့် နေ့ရက်ကို ကြုံဆုံရင်းဖြင့်၊ သခင်၌ စစ်မှန်သော ယုံကြည်မှုရှိသည့် ညီအစ်မောင်နှမတိုင်းက ကျွန်ုပ်တို့က ပညာရှိသော အပျိုကညာများ ဖြစ်နိုင်သည်၊ ပြီးလျှင် မင်္ဂလာဆောင်လုလင်ကို ကျွန်ုပ်တို့ ကြိုဆိုနိုင်ပြီး သခင်နှင့်အတူ စားပွဲတော် တည်နိုင်သည်ဟု မျှော်လင့်ကြပါလိမ့်မည်။ ကျွန်မတို့ထဲမှ အချို့က စောင့်ကြည့်ရင်းနှင့် ပြင်ဆင်ရင်း ကျမ်းစာကို မကြာခဏဖတ်ရှုကာ ဆုတောင်းကြသည်၊ အချို့က စွန့်လွှတ်ရင်းနှင့် မိမိကိုယ်ကိုယ် အသုံးတော်ခံရင်း မမောနိုင် မပန်းနိုင် အလုပ်လုပ်ဖို့ ရွေးချယ်ကြသည်။ အချို့မှာ အာရုံစိုက်စွာ သခင့်၏ ကြွရောက်ခြင်းအတွက် စောင့်ဆိုင်းရင်း…အစည်းအဝေးများကို ပုံမှန်တက်ကြသည်။ လူတိုင်းက မိမိတို့ကိုယ်ပိုင်နည်းလမ်းများဖြင့် သခင်၏ ဒုတိယအကြိမ် ကြွလာခြင်းအတွက် ပြင်ဆင်ရင်းနှင့် စောင့်ဆိုင်းရင်း သခင့်အတွက် အသုံးတော်ခံနေကြသည်၊ ပြီးလျှင် ကျွန်မတို့က ပညာရှိ အပျိုကညာများ ဖြစ်ကြပြီး ဤနည်းဖြင့်၊ သခင်၏ ပြန်ကြွလာခြင်းကို သေချာပေါက် ကျွန်မတို့ ကြိုဆိုနိုင်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်လက်ခံထားကြပါသည်။ သို့သော်၊ ဆီကို ဤသို့ ပြင်ဆင်ခြင်းသည် သခင့်စိတ်နှလုံးနှင့် ညီညွတ်ပါသလား။ တကယ်တော့ ပညာရှိ အပျိုကညာများဆိုသည်မှာ မည်သည့်အရာများဖြစ်ပါသနည်း။ ပညာရှိ အပျိုကညာများသည် သခင့်ကို ကြိုဆိုရန် ဆီကို မည်သို့ ပြင်ဆင်သင့်သနည်း။ ဂျန်ရှင်း တရုတ်ပြည် ကျွန်တော်သည် အသင်းတော်မှ တရားဟော ဆရာတစ်ယောက် ဖြစ်သော်လည်း၊ ကျွန်တော့်မှာ ဟောကြားရန် ထိုက်တန်သည့် အရာတစ်ခုမှ မရှိသည့်အပြင် ညီအစ်ကိုမောင်နှမများကို ထောက်ပံ့နိုင်ခြင်းလည်း မရှိဖြစ်နေပါသည်။ သူတို့၏ ယုံကြည်မှု သည် ယေဘူယျအားဖြင့် အားနည်းပြီး၊ အနှစ်အရသာ ကင်းမဲ့လာခဲ့ သည့်အပြင်၊ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ် အတွင်း၌ သူတို့သည် ငိုက်မျဉ်း၍ ဖြစ်စေ၊ သို့မဟုတ် တီးတိုးစကားစမြည်ပြော၍ ဖြစ်စေ ရှိကြသည်။ ထိုမြင်ကွင်းသည် အသင်းတော်တွင် ပုံမှန်ဖြစ်ပေါ် နေသည်ကို မြင်ရသည်မှာ ကျွန်တော့် ကို အလွန်ပင် စိတ်တို စေပါသည်။ ကျွန်တော်သည် သခင်ထံသို့ အကြိမ်ပေါင်းများစွာ ဆုတောင်းခဲ့ပြီး၊ အခါအခွင့်သင့်သည့် အချိန်များစွာတွင် ညီအစ်ကို မောင်နှမများအား နိုးကြားပြီး စောင့်ကြည့်မှု အပြည့်ရှိစေရန် သတိပေးခဲ့သော်လည်း၊ သူတို့ သည် သခင့်ပြန်ကြွလာခြင်းကို မကြိုဆိုနိုင်သေး သောကြောင့်၊ သူတို့ယုံကြည်မှုကိုလည်း ဆုံးရှုံးခဲ့ ကြရပါသည်။ ကျွန်တော်မည်သည့်အရာကိုပင် လုပ်ပါစေ၊ အသင်းတော်ကို အသက်ပြန်ဝင်လာ စေဖို့ မလုံလောက်ခဲ့ပါ။ ပြီးနောက် ယခုနောက်ဆုံး သောကာလကို ရောက်ခဲ့၍ မယုံကြည်သူ များကပင် ဘေးအန္တရာယ်ဆိုးကြီးများ ဖြစ်ပေါ် တော့မည်ကို သိကြသောကြောင့် သခင်ပြန်ကြွလာ သင့်ပြီ ဆိုသည့်အချက်မှာ အကျိုးသင့် အကြောင်းသင့်ရှိပါသည်။ သို့သော်လည်း ကျွန်တော်တို့က ကိုယ်တော့်ကို အဘယ့်ကြောင့် မကြိုဆိုနိုင်ရသနည်း။ ကျွန်တော်တို့သည် တိမ်များနှင့် မိုးကောင်းကင်ကို ကြည့်ခြင်း အားဖြင့် သခင့်ပြန်ကြွလာခြင်းကို အမှန်တကယ် ကြိုဆိုနိုင်မည်လား။ ကျွန်တော့်နှလုံးသားသည် အမှန်တကယ်ပင် မအီမသာဖြစ်ရပါသည်။
|