ဝူဝမ် တရုတ်နိုင်ငံ “ခုံးကောင်များအား စစ်ဆေးခြင်း” ဆိုသည့် ဆောင်းပါးတစ်ခုရှိသည်။ ဤဆောင်းပါးမှာ ခုံးကောင်များအား အလွန်ကြိုက်နှစ်သက်သည့် ကောင်လေးတစ်ယောက်၏ ဇာတ်လမ်းဖြစ်သည်။ တစ်နေ့တွင် သူ၏ အမေသည် ခုံးကောင်များပါသည့် အိတ်ကြီးတစ်အိတ်ကို အိမ်ကို သယ်လာခဲ့သည်။ အရသာရှိသော ခုံးကောင်များ ရရှိရန်အတွက် ခုံးကောင်များ ကောင်းမကောင်းကြည့်ရန်နှင့် မကောင်းသည့်အကောင်များအား ခွဲထုတ်ရန်အတွက် မချက်ပြုတ်ခင်တွင် ခုံးကောင်များအား စစ်ဆေးရန် သူ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် ခုံးကောင်တစ်ကောင်အား လတ်ဆတ်ပြီး အသက်ရှင်သည်ဟု ထင်မြင်လျှက် ထုတ်ယူလိုက်သည်။ ပြီးလျှင် အခြားခုံးကောင်များ မကောင်းမွန်ခြင်း ရှိမရှိ တိုင်းတာရန်အတွက် ၎င်းအား စံအနေဖြင့် အသုံးပြုခဲ့သည်။ ထို့နောက်တွင် သူသည် ခုံးကောင်များ၏ အခွံပေါ်သို့ ခပ်ဖျော့ဖျော့ပုတ်လိုက်ပြီး ၎င်းတို့အား စံသတ်မှတ်ထားသည့် အကောင်ဖြင့် ယှဉ်ကြည့်သည်။ သူသည် ထို ခုံးကောင်များအား တစ်ကောင်ပြီးတစ်ကောင်ပုတ်သည်။ သို့ရာတွင် သူ ပြီးဆုံးသွားသောအခါ၌ အခြားခုံးကောင်များအားလုံးမှာ မကောင်းခြင်း သို့မဟုတ် သေနေခြင်းဖြစ်နေသည်ကို သူ တွေ့ရှိရသည်။ သူ၏ မိခင်အား ဤအကြောင်းကို သူ ပြောပြလိုက်သည်။ သို့သော်လည်း သူ၏ မိခင်က ဤသည်မှာ မဖြစ်နိုင်ဟု ထင်သည်။ ထို့ကြောင့် မည်သို့ဖြစ်သည်ကို ကြည့်ရန်အတွက် သူမ သွားလိုက်သည်။ ထို့နောက်တွင် သူမသည် ဤသည်မှာ အခြားခုံးကောင်များက မလတ်ဆတ်ခြင်းကြောင့်မဟုတ်ဘဲ တိုင်းတာဖို့အတွက် သူ အသုံးပြုသည့် ခုံးကောင်မှာ အမှန်တကယ်တွင် မကောင်းသောကြောင့်ဖြစ်သည်ကို သူမ သဘောပေါက်လိုက်သည်။ ဤအခြေအနေတွင် သူသည် မကောင်းသည့် ခုံးကောင်အား စံအနေဖြင့် အသုံးပြုသည့်အခါ အခြားခုံးကောင်များ ကောင်းသည်၊ မကောင်းသည်ကို သူ မည်သို့ ပြောနိုင်ပါမည်နည်း။
0 Comments
|