ဂျန်ရှင်း တရုတ်ပြည် ကျွန်တော်သည် အသင်းတော်မှ တရားဟော ဆရာတစ်ယောက် ဖြစ်သော်လည်း၊ ကျွန်တော့်မှာ ဟောကြားရန် ထိုက်တန်သည့် အရာတစ်ခုမှ မရှိသည့်အပြင် ညီအစ်ကိုမောင်နှမများကို ထောက်ပံ့နိုင်ခြင်းလည်း မရှိဖြစ်နေပါသည်။ သူတို့၏ ယုံကြည်မှု သည် ယေဘူယျအားဖြင့် အားနည်းပြီး၊ အနှစ်အရသာ ကင်းမဲ့လာခဲ့ သည့်အပြင်၊ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ် အတွင်း၌ သူတို့သည် ငိုက်မျဉ်း၍ ဖြစ်စေ၊ သို့မဟုတ် တီးတိုးစကားစမြည်ပြော၍ ဖြစ်စေ ရှိကြသည်။ ထိုမြင်ကွင်းသည် အသင်းတော်တွင် ပုံမှန်ဖြစ်ပေါ် နေသည်ကို မြင်ရသည်မှာ ကျွန်တော့် ကို အလွန်ပင် စိတ်တို စေပါသည်။ ကျွန်တော်သည် သခင်ထံသို့ အကြိမ်ပေါင်းများစွာ ဆုတောင်းခဲ့ပြီး၊ အခါအခွင့်သင့်သည့် အချိန်များစွာတွင် ညီအစ်ကို မောင်နှမများအား နိုးကြားပြီး စောင့်ကြည့်မှု အပြည့်ရှိစေရန် သတိပေးခဲ့သော်လည်း၊ သူတို့ သည် သခင့်ပြန်ကြွလာခြင်းကို မကြိုဆိုနိုင်သေး သောကြောင့်၊ သူတို့ယုံကြည်မှုကိုလည်း ဆုံးရှုံးခဲ့ ကြရပါသည်။ ကျွန်တော်မည်သည့်အရာကိုပင် လုပ်ပါစေ၊ အသင်းတော်ကို အသက်ပြန်ဝင်လာ စေဖို့ မလုံလောက်ခဲ့ပါ။ ပြီးနောက် ယခုနောက်ဆုံး သောကာလကို ရောက်ခဲ့၍ မယုံကြည်သူ များကပင် ဘေးအန္တရာယ်ဆိုးကြီးများ ဖြစ်ပေါ် တော့မည်ကို သိကြသောကြောင့် သခင်ပြန်ကြွလာ သင့်ပြီ ဆိုသည့်အချက်မှာ အကျိုးသင့် အကြောင်းသင့်ရှိပါသည်။ သို့သော်လည်း ကျွန်တော်တို့က ကိုယ်တော့်ကို အဘယ့်ကြောင့် မကြိုဆိုနိုင်ရသနည်း။ ကျွန်တော်တို့သည် တိမ်များနှင့် မိုးကောင်းကင်ကို ကြည့်ခြင်း အားဖြင့် သခင့်ပြန်ကြွလာခြင်းကို အမှန်တကယ် ကြိုဆိုနိုင်မည်လား။ ကျွန်တော့်နှလုံးသားသည် အမှန်တကယ်ပင် မအီမသာဖြစ်ရပါသည်။
0 Comments
|