အကြိတ်အနယ် ငြင်းခုံဆွေးနွေးပွဲ- ပညာသတိရှိသော သတို့သမီးတို့သည် မည်သည့်အရာဖြစ်သနည်း။ မိုက်သောသတို့သမီးတို့သည် မည်သည့်အရာဖြစ်သနည်း။ ကျင်းရှင်၊ တရုတ်နိုင်ငံ ပညာသတိရှိသောသတို့သမီးတစ်ယောက်ဖြစ်ရန်အတွက် စိတ်ပါဝင်စားစွာ အားထုတ်ရှာဖွေခြင်း
နေဝင်ရီတရောအချိန်ဖြစ်သည့် ညတစ်ညတွင် ကျားနန်သည် စာရေးစားပွဲခုံတစ်ခု၏ ဘေးတွင် ထိုင်နေသည်။ သမ္မာကျမ်းစာကိုဖွင့်လျက် သူ စတင်ဖတ်ရှုလိုက်သည်။ “ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသော သတို့သမီးတစ်ကျိပ်နှင့်တူ၏။ ထိုသတို့သမီးတို့တွင် ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။ မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကို မယူကြ။ ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။ မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍အိပ်ပျော်ကြ၏။ သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊ ထိုသတို့သမီးအပေါင်းတို့သည် ထ၍ မီးခွက်များကို ပြင်ဆင်ကြ၏။ မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ သင်တို့ဆီကို အနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။ ပညာရှိသောသူတို့ကလည်း သင်တို့အဖို့နှင့် ငါတို့အဖို့ ဆီမလောက်။ ထို့ကြောင့် ဆီရောင်းသောသူ ရှိရာသို့သွား၍ ကိုယ်သုံးဖို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။ ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅:၁-၁၀) ဤကျမ်းစာများကို ကြည့်ရှုပြီးနောက်တွင် ကျားနန်က သခင်ယေရှုသည် မည်ကဲ့သို့သောလူက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်သည်ဆိုသည်ကို ပြရန်အတွက် ရှင်းလင်းပြတ်သားသည့် တင်စားမှုတစ်ခု ငါတို့ကို ပေးခဲ့သည်ဟု ထင်မြင်ခဲ့သည်။ ဆီကို သူတို့နှင့်အတူ ယူဆောင်သောသူတို့သည် သတို့သားကို ကြိုဆိုနိုင်ပြီး ပညာသတိရှိသော သတို့သမီးများဖြစ်ကြသော်လည်း ဆီမရှိသော သူတို့သည် မိုက်သောသတို့သမီးများဖြစ်ကြပြီးသခင်၏ စွန့်ပစ်ခြင်းကို ခံရမည်ဖြစ်သည်။ ကျားနန်သည် သခင် ပြန်လည်ကြွလာခြင်းကို ကြိုဆိုပြီး သူနှင့်အတူ စားပွဲတက်ရောက်ရန်အတွက် အစဉ်သဖြင့် စိတ်ပိုင်းဖြတ်ထားလျှက်ရှိသည်။
0 Comments
|