【Live】Myanmar Movie 2019 | သခင်ပြန်ကြွလာမည်ကို သမ္မာသတိရှိစွာနှင့် မည်သို့စောင့်မျှော်နေရမည်နည်း။11/3/2019
ကြည့်ပြီးနောက် အတွေ့အကြုံ
နှစ်နှစ်ထောင်အတွင်းတွင် ဘုရားသခင်ကို စစ်မှန်စွာယုံကြည်သောသူအားလုံးသည် သခင်ပြန်ကြွလာပြီး ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခံရမည်ကို မျှော်လင့်နေကြသည်။ ယခုအချိန်သည် နောက်ဆုံးသောကာလရောက်နေပါပြီ။ သမ္မာကျမ်းစာထဲမှ သခင်ပြန်ကြွလာခြင်းနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များသည်လည်း အားလုံးနီးပါးပြည့်စုံနေပါပြီ။ သခင်ပြန်ကြွလာမည့် အဓိကအချိန်ကာလတွင် ကျွနု်ပ်တို့သည် သမ္မာသတိရှိစွာနှင့် မည်ကဲ့သို့စောင့်မျှော်နေမှသာ သခင်ပြန်ကြွလာခြင်းကို ကြိုဆိုမိနိုင်မည်နည်း။ သမ္မာကျမ်းစာထဲတွင် ဤကဲ့့သို့ ပရောဖက်ပြုထားသည်။
"ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေဟုမိန့်တော်မူ၏။" (ဗျာဒိတ်ကျမ်း ၃:၂၂) "ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။" (ဗျာဒိတ်ကျမ်း။ ၃:၂၀) ဤကျမ်းပိုဒ်များမှတစ်ဆင့် ကျွနု်ပ်တို့တွေ့ရသည်မှာ သခင်ပြန်ကြွလာလျှင် အသင်းတော်များအား စကားတော်များ မိန့်မြွတ်တော်မူဦးမည်ကိုတွေ့ရသည်။ ဘုရားသခင်၏အသံတော်ကို သိရှိသောသူမှသာလျှင် ဘုရားသခင်၏ခြေရာတော်ကို လိုက်နိုင်မည်ဖြစ်ပြီး၊ သခင်နှင့်အတူ မင်္ဂလာပွဲတော်ထဲသို့ဝင်စားနိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျွနု်ပ်တို့သည် ဘုရားသခင်၏အသံတော်ကို မည်သို့ခွဲခြားရမည်နည်း။ ဤအပတ် တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ်မှ အားလုံးကိုဖော်ပြပေးသွားမည်ဖြစ်သည်။ ကြည့်ရှုရန်ဖိတ်ခေါ်ပါသည်။ ရုပ်ရှင်ဝေဌာမယ် Myanmar Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်) ပညာသတိရှိသော သတို့သမီးများသည် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံကြရသည်
0 Comments
Leave a Reply. |
|