ယန်ရှောင် တရုတ်နိုင်ငံ အိမ်ထောင်ပြုပြီးဖြစ်သော စုံတွဲဖြစ်သည့် ကျောင်ချန်နှင့် ချန်ဟွာတို့သည် နံနက်စာစားပြီးနောက် တောင်စောင်းလမ်းတလျှောက်တွင် လမ်းလျှောက်လာခဲ့ကြသည်။ ချန်ဟွာသည် ကောင်းကင်ပေါ်မှ အဖြူရောင်တိမ်တိုက်များကို မော့ကြည့်ပြီး သက်ပြင်းချလျက်၊ “ ကျွန်မတို့ ကောင်းကင်ပေါ်ကို ငေးကြည့်ရင်းနဲ့ ဒီတောင်ကုန်းတွေပေါ်မှာ လမ်းလျှောက်လာတာ နှစ်နဲ့ချီနေပြီ။ ဒါပေမဲ့ ဘယ်တိမ်ပေါ်မှာမှ သခင်ယေရှုကို ကျွန်မတို့ လုံးဝ မတွေ့ခဲ့ရဘူး။ ကျွန်မတို့က အခု နောက်ဆုံးသောကာလမှာ ရောက်နေပြီ။ ကပ်ဘေးတွေက အတိုင်းအတာ ကြီးထွားလာနေတယ်။ ကျွန်မတို့က သခင့်ကို မကြိုဆိုနိုင်သေးဘူး။ ကျွန်မ တကယ် စိတ်ပူမိတယ်” ဟု ပြောသည်။
0 Comments
သခင်ပြန်ကြွလာသည့်အချိန်တွင်၊ ကိုယ်တော်သည် တိမ်များဖြင့် ပထမကြွလာမည်လား သို့မဟုတ် တိတ်တဆိတ် ကြွလာမည်လား အားဂျင် တောင်ကိုးရီးယား
အပြာရောင်မိုးကောင်းကင်သည် အဖြူရောင် တိမ်တိုက်များ ဟိုတစ်စဒီတစ်စလွင့်မျောပြီး လူးလိမ့် နေသည်မှာ စီးဆင်းနေသည့် ရှုမျှော်ခင်းပန်းချီကား တစ်ချပ်ကားသို့ ဖြစ်နေခဲ့ပြီး၊ ကျွန်မမှာ “ နောက်ဆုံး သောကာလမှာ သခင်က တိမ်ဖြူနဲ့ပြန်ကြွလာပြီး၊ ကျွန်တော်တို့ ကိုယ်တော်ပြန်ကြွလာတာကို မပြတ် ကြည့်ပြီး စောင့်မျှော်နေသမျှကာလပတ်လုံး၊ သခင်က ကျွန်တော်တို့ကို အပေါ်ကိုမတင်ပြီး၊ ကောင်းကင် နိုင်ငံတော်ထဲကို ကြိုဆိုမှာဖြစ်တယ် …” ဟု သင်းအုပ် ဆရာ အမြဲတမ်း ပြောလေ့ရှိပုံကို မတွေးမိပဲမနေနိုင်ပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်မက ကြီးမားသည့် မျှော်လင့်ချက်များဖြင့် မိုးကောင်းကင်ကို ငေးကြည့် ခဲ့ကာ၊ သခင်ယေရှုက ကျွန်မတို့ကို ကောင်းကင်ထဲကို ယူဆောင်ဖို့ တိမ်ဖြူတစ်ခုနှင့် ရုတ်တရက် ပေါ်ထွန်း လာမည်ဟု အိပ်မက်မက်ခဲ့ဖူးသည်။ သို့သော်လည်း ထိုအချိန်မှ ၁၀ နှစ်သာကျော်လွန်သွားခဲ့ပြီး၊ ကျွန်မ သခင့်ကြွလာခြင်းကို လုံးဝ မမြင်ခဲ့ပါ။ “ အခုဆိုရင် ငါတို့တွေဟာ နောက်ဆုံးသောကာလကို ကောင်းကောင်းရောက်ရှိနေကြတာကြောင့် သခင်က ငါတို့ကို ကြိုဆိုဖို့ တိမ်တစ်ခုနဲ့ ဘယ်တော့ကြွ လာမှာလဲ။ တစ်နေ့မှာ တိမ်ဖြူတစ်ခုပေါ်က သခင်စီးလာတဲ့မြင်ကွင်းကို တွေ့ရဖို့ တကယ်ကို တောင့်တမိတာပဲ။ အဲဒါက အရမ်းကို ကောင်းမှာ” ဟု တွေးမိသည်နှင့်အညီ ကျွန်မမှာ ဝမ်းမနည်းပဲ မနေနိုင်ခဲ့ပါ။ |
|