【Live】Myanmar Movie 2019 | သခင်ပြန်ကြွလာမည်ကို သမ္မာသတိရှိစွာနှင့် မည်သို့စောင့်မျှော်နေရမည်နည်း။11/3/2019
ကြည့်ပြီးနောက် အတွေ့အကြုံ
နှစ်နှစ်ထောင်အတွင်းတွင် ဘုရားသခင်ကို စစ်မှန်စွာယုံကြည်သောသူအားလုံးသည် သခင်ပြန်ကြွလာပြီး ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခံရမည်ကို မျှော်လင့်နေကြသည်။ ယခုအချိန်သည် နောက်ဆုံးသောကာလရောက်နေပါပြီ။ သမ္မာကျမ်းစာထဲမှ သခင်ပြန်ကြွလာခြင်းနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များသည်လည်း အားလုံးနီးပါးပြည့်စုံနေပါပြီ။ သခင်ပြန်ကြွလာမည့် အဓိကအချိန်ကာလတွင် ကျွနု်ပ်တို့သည် သမ္မာသတိရှိစွာနှင့် မည်ကဲ့သို့စောင့်မျှော်နေမှသာ သခင်ပြန်ကြွလာခြင်းကို ကြိုဆိုမိနိုင်မည်နည်း။ သမ္မာကျမ်းစာထဲတွင် ဤကဲ့့သို့ ပရောဖက်ပြုထားသည်။
0 Comments
ယန်ရှောင် တရုတ်နိုင်ငံ အိမ်ထောင်ပြုပြီးဖြစ်သော စုံတွဲဖြစ်သည့် ကျောင်ချန်နှင့် ချန်ဟွာတို့သည် နံနက်စာစားပြီးနောက် တောင်စောင်းလမ်းတလျှောက်တွင် လမ်းလျှောက်လာခဲ့ကြသည်။ ချန်ဟွာသည် ကောင်းကင်ပေါ်မှ အဖြူရောင်တိမ်တိုက်များကို မော့ကြည့်ပြီး သက်ပြင်းချလျက်၊ “ ကျွန်မတို့ ကောင်းကင်ပေါ်ကို ငေးကြည့်ရင်းနဲ့ ဒီတောင်ကုန်းတွေပေါ်မှာ လမ်းလျှောက်လာတာ နှစ်နဲ့ချီနေပြီ။ ဒါပေမဲ့ ဘယ်တိမ်ပေါ်မှာမှ သခင်ယေရှုကို ကျွန်မတို့ လုံးဝ မတွေ့ခဲ့ရဘူး။ ကျွန်မတို့က အခု နောက်ဆုံးသောကာလမှာ ရောက်နေပြီ။ ကပ်ဘေးတွေက အတိုင်းအတာ ကြီးထွားလာနေတယ်။ ကျွန်မတို့က သခင့်ကို မကြိုဆိုနိုင်သေးဘူး။ ကျွန်မ တကယ် စိတ်ပူမိတယ်” ဟု ပြောသည်။ |
|