သခင်ပြန်ကြွလာသည့်အချိန်တွင်၊ ကိုယ်တော်သည် တိမ်များဖြင့် ပထမကြွလာမည်လား သို့မဟုတ် တိတ်တဆိတ် ကြွလာမည်လား အားဂျင် တောင်ကိုးရီးယား
အပြာရောင်မိုးကောင်းကင်သည် အဖြူရောင် တိမ်တိုက်များ ဟိုတစ်စဒီတစ်စလွင့်မျောပြီး လူးလိမ့် နေသည်မှာ စီးဆင်းနေသည့် ရှုမျှော်ခင်းပန်းချီကား တစ်ချပ်ကားသို့ ဖြစ်နေခဲ့ပြီး၊ ကျွန်မမှာ “ နောက်ဆုံး သောကာလမှာ သခင်က တိမ်ဖြူနဲ့ပြန်ကြွလာပြီး၊ ကျွန်တော်တို့ ကိုယ်တော်ပြန်ကြွလာတာကို မပြတ် ကြည့်ပြီး စောင့်မျှော်နေသမျှကာလပတ်လုံး၊ သခင်က ကျွန်တော်တို့ကို အပေါ်ကိုမတင်ပြီး၊ ကောင်းကင် နိုင်ငံတော်ထဲကို ကြိုဆိုမှာဖြစ်တယ် …” ဟု သင်းအုပ် ဆရာ အမြဲတမ်း ပြောလေ့ရှိပုံကို မတွေးမိပဲမနေနိုင်ပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်မက ကြီးမားသည့် မျှော်လင့်ချက်များဖြင့် မိုးကောင်းကင်ကို ငေးကြည့် ခဲ့ကာ၊ သခင်ယေရှုက ကျွန်မတို့ကို ကောင်းကင်ထဲကို ယူဆောင်ဖို့ တိမ်ဖြူတစ်ခုနှင့် ရုတ်တရက် ပေါ်ထွန်း လာမည်ဟု အိပ်မက်မက်ခဲ့ဖူးသည်။ သို့သော်လည်း ထိုအချိန်မှ ၁၀ နှစ်သာကျော်လွန်သွားခဲ့ပြီး၊ ကျွန်မ သခင့်ကြွလာခြင်းကို လုံးဝ မမြင်ခဲ့ပါ။ “ အခုဆိုရင် ငါတို့တွေဟာ နောက်ဆုံးသောကာလကို ကောင်းကောင်းရောက်ရှိနေကြတာကြောင့် သခင်က ငါတို့ကို ကြိုဆိုဖို့ တိမ်တစ်ခုနဲ့ ဘယ်တော့ကြွ လာမှာလဲ။ တစ်နေ့မှာ တိမ်ဖြူတစ်ခုပေါ်က သခင်စီးလာတဲ့မြင်ကွင်းကို တွေ့ရဖို့ တကယ်ကို တောင့်တမိတာပဲ။ အဲဒါက အရမ်းကို ကောင်းမှာ” ဟု တွေးမိသည်နှင့်အညီ ကျွန်မမှာ ဝမ်းမနည်းပဲ မနေနိုင်ခဲ့ပါ။
0 Comments
ကျန်းဇီ တရုတ်ပြည်
ရှိယန်ရမ် သည် သခင့်ကို ယုံကြည်ခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီ။ စစ်မှန်သည့် ယုံကြည်သူများ ဖြစ်သည့် ညီအစ်ကို မောင်နှမများ အားလုံးကဲ့သို့ပင် သူသည်ကောင်းကင် နိုင်ငံတော်သို့ ချီဆောင်ခံရစေရန် ကိုယ်တော်ပြန်ကြွလာသည်ကို နိုးကြားစွာ ဆက်လက် စောင့်မျှော်နေခဲ့သည်။ တစ်ရက် နံနက်စာစားအပြီး သူသည် သူ့စာကြည့် စားပွဲတွင် ထိုင်နေခဲ့သည်။ အပြင်တွင် နေပူလျက်ရှိပြီး၊ တောက်ပသည့် နေရာင်ခြည်သည် ပြတင်းပေါက်မှ တစ်ဆင့် သူ့ပေါ်သို့ ထိုးနေသည်၊ သူက စိတ်ကောင်းဝင် နေခဲ့သည်။ သူကဓမ္မ သီချင်းစာအုပ်ကို ထပ်မံဖွင့်လိုက်ပြီး၊ ရင်းနှီးသော သံစဉ် များဖြင့် စတင်စိတ်ပြင်းပြစွာ လိုက် သီဆိုခဲ့ သည်။ “ လူကောင်းက တံခါး ခေါက်နေ တယ်၊ သူဆံပင်တွေက နှင်းစက်တွေနဲ့ စိုရွှဲနေတယ်၊ ငါတို့ အလျင်အမြန်ထပြီး တံခါးဖွင့်ကြပါစို့၊ ပြီးတော့ လူကောင်းကို လှည့်ထွက်မ သွားပါစေနဲ့ …” (“ ခါနန်ဓမ္မ သီချင်း” ) သူက ဓမ္မသီချင်းကို ထပ်ဆိုပြီး၊ သူ့ကိုယ်သူ ပညာရှိသတို့သမီးတစ်ဦးအဖြစ် တစ်ဖန် စိတ်ကူးကာ၊ ချစ်ရာသခင်၏ အသံကို ကြားနိုင်ရန်နှင့် ကိုယ်တော်က တံခါးခေါက်ရန် လာသည့်အချိန်တွင် ကြိုဆိုနိုင် ရန် တို့သည် နှစ်ပေါင်းများစွာ သူ၏ တစ်ခုတည်းသော ဆန္ဒဖြစ်ခဲ့ပါသည်။ သူအားနည်သည်ဟု ခံစားရသည့်အခါ တိုင်း သူက နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး၊ နှိုးဆော်ခြင်း ခံရရန်အတွက် ဤဓမ္မသီချင်းကို သီဆိုခဲ့ပါသည်။ သခင်သည် သစ္စာစောင့်သိပြီး၊ ကိုယ်တော်၏ ကတိတော် များသည် အလဟသ မဟုတ်ကြောင်းကို သူက ပြတ်သားစွာ ယုံကြည်ခဲ့ ပါသည်… သာယာနာ ပျော်ဖွယ် သီချင်းဆိုခြင်း သည် အခန်းအနှံ့တွင် ပဲ့တင်ထပ်ရင်းဖြင့် သူသည် အတွေးများ၌ နစ်မျော်နေကာ၊ ဗျာဒိတ်ကျမ်း အခန်းကြီး၁ ငယ် ၇ မှာ ပရောဖက်ပြုခြင်းသည် သူ့အတွေးထဲသို့ ဝင်ရောက်လာခဲ့ သည်၊ “ ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့် တကွ ကြွလာတော် မူသည် ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသော သူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့် မည်။ မြေကြီးသား အမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော် ကြောင့် ငိုကြွေးမည်တမ်း ရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။” သခင်ယေရှု |
|