လင်းလင်း၊ တရုတ်နိုင်ငံ အယ်ဒီတာ့ မှတ်စု- နောက်ဆုံးသော ကာလတွင် သခင်ယေရှု ပြန်ကြွလာခြင်း နည်းဟန်နှင့် ပတ်သက်လာလျှင်၊ ညီအစ်ကို မောင်နှမ အများစုက သခင်ယေရှုသည် မိုးတိမ်ဖြူတစ်ခုပေါ်တွင် ကျွန်မတို့ထံ လူသိရှင်ကြား ပေါ်ထွန်းလိမ့်မည်ဟု ယုံကြည်ကြလေသည်။ သို့သော် ကျမ်းစာထဲတွင် သခင်သည် သူခိုးကဲ့သို့ တိတ်တဆိတ် ကြွလာမည်ဟု ပရောဖက်ပြုထားသောကြောင့် အချို့သော ညီအစ်ကို မောင်နှမများက ဤအရာကို တွေးရခက်ကြလေသည်။ သို့ဆိုလျှင်၊ ကမ္ဘာမြေပေါ်တွင် သခင်သည် နောက်ဆုံးသော ကာလ၌ မည်သို့ ပြန်ကြွလာလိမ့်မည်နည်း။ ဤကိစ္စရပ်သည် သခင့်၏ ပြန်ကြွလာခြင်းကို ကျွန်မတို့ ကြိုဆိုနိုင်၊ မကြိုဆိုနိုင် ဆိုသည်နှင့် ဆက်စပ်ပါသည်၊ ထို့ကြောင့် ယင်းကို ကျွန်မတို့ ရှာဖွေထိုက်ပါသည်။
0 Comments
|
|