ငွေကြေး၏ ချည်နှောင်မှုကို ဖယ်ရှားခြင်းအားဖြင့် ကျွန်မ စစ်မှန်သည့် ပျော်ရွှင်မှုကို တွေ့ရသည် ရှိအောက် အိုင်
ကျွန်မ ချမ်းသာသည့် ဘဝတစ်ခုကို အသက်ရှင် နေထိုင်နိုင်ဖို့ ငွေရှာရန် ပြင်းပြင်းထန်ထန် အလုပ် လုပ်သည် ကျွန်မခင်ပွန်းကို လက်ထပ်ခဲ့စဉ်က ကျွန်မ တို့က အလွန်ဆင်းရဲပြီး မကြာခဏ ဆိုသကဲ့သို့ အခြားသူများ၏ ဥပက္ခာပြုခြင်းကို ခံခဲ့ရသည်၊ ပြီးလျှင် ကျွန်မတို့ မကြာမီမှာ တိုက်ခန်းတစ်ခုကို ရွှေ့ပြောင်းနိုင်ပြီး ကျွန်မတို့ကို အထင်သေးခဲ့သူများ ကို အောင်နိုင်ဖို့ ကျွန်မ ငွေပိုရှာရန် သံဓိဌာန်ချမိ သွားခဲ့သည်။ ထို့ကြောင့် ကျွန်မက မြို့ပြင်ပမှ သိုးမွှေးချည်ထုတ်လုပ်သည့် စက်ရုံ သို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး၊ သိုးမွှေးချည်များကို စည်ပိုင်း ထဲမှ ရှင်းလင်းခြင်းကို လုပ်ကိုင်ခဲ့သည်။ စက်များ က အလွန်လျင်မြန်စွာ လှည့်သောကြောင့် ကျွန်မသာ လက်များဖြင့် လျင်မြန်မှု မရှိပါက၊ စက်ထဲသို့ညှပ်ပါသွားပြီး အသက်ပါသွားလိမ့်မည်။ သို့သော်လည်း ငွေပိုရှာရန် ကျွန်မက ထိုအသက် ဘေးအန္တရာယ်ကို အရဲစွန့်ပြီး အချိန်ပိုများ ဆက်လက်လုပ်ကိုင်ခဲ့သည်။ သာမာန်အားဖြင့် အချိန်ကုန်သက်သာပြီး ပိုအလုပ်ပြီးရန်၊ ကျွန်မက အလုပ်လုပ်ရင်း အစားစားခဲ့သည်၊ ပြီးလျှင် တစ်ညတွင် သုံးနာရီ သို့မဟုတ် လေးနာရီသာ အိပ်ခဲ့သည်။ တစ်ညနေတွင် ကျွန်မက အချိန်ပို လုပ်ကိုင်နေချိန် စက်လည်ပတ်နေစဉ်မှာ ကျွန်မ အိပ်ပျော်သွားခဲ့သည်။ ကံကောင်းထောက်မစွာပင်၊ ကျွန်မခင်ပွန်းက သူ့အလုပ်ဆိုင်းပြီးစဉ် ကျွန်မကို မြင်သွားခဲ့ပြီး၊ မတော်တဆဖြစ်မှုကိုလည်း ရှောင်ရှား ခဲ့သည်။
0 Comments
အလုပ်နေရာ မဟာဗျူဟာများ- ကျွန်မတို့ အလုပ်များကို ထိန်းသိမ်းနိုင်ရန် အံ့ဖွယ်ကောင်းသည့် နည်းဗျူဟာ မာရိ အမေရိကန်နိုင်ငံ
အမေရိကန်နိုင်ငံသို့ ကျွန်မ ပထမဆုံး စတင်ရောက်ရှိ ချိန်က၊ ဘာသာစကား အဟန့်အတားကြောင့်၊ စားသောက်ဆိုင် မီးဖိုချောင်တစ်ခုတွင် အလုပ်တစ်ခု ရှာမရမီ အချိန် အတော်ကြာ ယူခဲ့ရပါသည်။ သို့သော် လည်း အလုပ်ရှင်၏ ဒေါသသည် အလွန် ကြမ်းကြုတ် လှသည်။ ဝန်ထမ်း အသစ် နှင့် အဟောင်း များ အားလုံးတွင် တစ်စုံတစ်ယောက်က အမှား လုပ်သည်ကို တွေ့ရှိပါက၊ သို့မဟုတ် ဝန်ထမ်း တစ်ယောက်သည် သူ့ကို စိတ်မချမ်းသာအောင် တစ်စုံတစ်ခု ပြုလုပ်ပါက၊ သူသည် အော်ဟစ်ခြင်း သို့မဟုတ် ထိုသူကို ချက်ခြင်း အလုပ်မှ ထုတ်ခြင်းများ ပြုပါသည်။ ပထမဆုံး ရောက် ရှိသည့်အချိန်က၊ သူ၏ အော်ဟစ်ခြင်းကို ကျွန်မ လည်း မကြာခဏ ခံခဲ့ရပါသည်။ |
Click & Join usမော်ကွန်းတိုက်တံဆိပ်များ
All
|