ငွေကြေး၏ ချည်နှောင်မှုကို ဖယ်ရှားခြင်းအားဖြင့် ကျွန်မ စစ်မှန်သည့် ပျော်ရွှင်မှုကို တွေ့ရသည် ရှိအောက် အိုင် ကျွန်မ ချမ်းသာသည့် ဘဝတစ်ခုကို အသက်ရှင် နေထိုင်နိုင်ဖို့ ငွေရှာရန် ပြင်းပြင်းထန်ထန် အလုပ် လုပ်သည် ကျွန်မခင်ပွန်းကို လက်ထပ်ခဲ့စဉ်က ကျွန်မ တို့က အလွန်ဆင်းရဲပြီး မကြာခဏ ဆိုသကဲ့သို့ အခြားသူများ၏ ဥပက္ခာပြုခြင်းကို ခံခဲ့ရသည်၊ ပြီးလျှင် ကျွန်မတို့ မကြာမီမှာ တိုက်ခန်းတစ်ခုကို ရွှေ့ပြောင်းနိုင်ပြီး ကျွန်မတို့ကို အထင်သေးခဲ့သူများ ကို အောင်နိုင်ဖို့ ကျွန်မ ငွေပိုရှာရန် သံဓိဌာန်ချမိ သွားခဲ့သည်။ ထို့ကြောင့် ကျွန်မက မြို့ပြင်ပမှ သိုးမွှေးချည်ထုတ်လုပ်သည့် စက်ရုံ သို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး၊ သိုးမွှေးချည်များကို စည်ပိုင်း ထဲမှ ရှင်းလင်းခြင်းကို လုပ်ကိုင်ခဲ့သည်။ စက်များ က အလွန်လျင်မြန်စွာ လှည့်သောကြောင့် ကျွန်မသာ လက်များဖြင့် လျင်မြန်မှု မရှိပါက၊ စက်ထဲသို့ညှပ်ပါသွားပြီး အသက်ပါသွားလိမ့်မည်။ သို့သော်လည်း ငွေပိုရှာရန် ကျွန်မက ထိုအသက် ဘေးအန္တရာယ်ကို အရဲစွန့်ပြီး အချိန်ပိုများ ဆက်လက်လုပ်ကိုင်ခဲ့သည်။ သာမာန်အားဖြင့် အချိန်ကုန်သက်သာပြီး ပိုအလုပ်ပြီးရန်၊ ကျွန်မက အလုပ်လုပ်ရင်း အစားစားခဲ့သည်၊ ပြီးလျှင် တစ်ညတွင် သုံးနာရီ သို့မဟုတ် လေးနာရီသာ အိပ်ခဲ့သည်။ တစ်ညနေတွင် ကျွန်မက အချိန်ပို လုပ်ကိုင်နေချိန် စက်လည်ပတ်နေစဉ်မှာ ကျွန်မ အိပ်ပျော်သွားခဲ့သည်။ ကံကောင်းထောက်မစွာပင်၊ ကျွန်မခင်ပွန်းက သူ့အလုပ်ဆိုင်းပြီးစဉ် ကျွန်မကို မြင်သွားခဲ့ပြီး၊ မတော်တဆဖြစ်မှုကိုလည်း ရှောင်ရှား ခဲ့သည်။ ကျွန်မက တစ်ခါတစ်ရံ ခြေကုန်လက်ပန်း ကျခဲ့ရသော်လည်း၊ ကျွန်မ အလုပ်ကြိုးစားမှု အတွက် ရရှိခဲ့သည့် ငွေကိုကြည့်ရုံနှင့် ကျွန်မ နှလုံးသားက အေးဆေးသက်သာ ရှိခဲ့သည်။ ကျွန်မက အမြဲတမ်း “ ငွေသည် အဓိကမဟုတ် သော်လည်း၊ ငွေ မရှိလျှင် ဘာမှ လုပ်နိုင်မည် မဟုတ်” နှင့် “ ငွေကြေးသည် ကမ္ဘာကို လည်ပတ် စေသည်” ဟု တွေးခဲ့သည်။ မည်သည့် အရာမျှ ငွေရှာခြင်းလောက် အရေးမကြီးခဲ့ပါ။ ကျွန်မမှာ ပိုက်ဆံရှိသမျှ ကာလပတ်လုံး အခြားသူများ၏ လေးစားမှုကို ထိုက်တန်စွာ ရရှိနိုင်ပြီးလျှင်၊ ကျွန်မ လိုချင်ခဲ့သည့် ဘဝကိုလည်း နေထိုင်နိုင်သည်။ ကျွန်မမည်မျှပင် ဆင်းရဲဒုက္ခ ခံစားရပါစေ ဤအချက်ကို အောင်မြင်ရရှိ လိုသည်။ ဤနည်း အားဖြင့် ခုနှစ်နှစ်တာ ကာလ သည် လျှပ်တစ်ပြက်ကဲ့သို့ ကျော်ဖြတ်သွားပြီး ကျွန်မတို့ လည်း ယွမ်သောင်းဂဏန်းများစွာ စုဆောင်း ဖြစ်ခဲ့သည်။ ကျွန်မတို့ သားကလည်း အိမ်ထောင် ပြုပြီး၊ သူ့ဘာသာ သားလေးတစ်ယောက်ပင် ရရှိခဲ့သည်၊ ပြီးလျှင် ကျွန်မတို့နေ့ရက်များက ပျော်ရွှင်ခဲ့ရ ပါသည်။ သို့သော်လည်း ထိုအချိန်က ကျွန်မမှာ ဒုက္ခပေးနေသည့် မကျေနပ်ချက်တစ်ခုကို ခံစားနေရဆဲ ဖြစ်သည်။ ကျွန်မက မြို့ကြီးတွင် အခြားသူများ အိမ်များနှင့် ဇိမ်ခံကားများ ဝယ်သည်ကို မြင်သည့်အခါတွင်၊ ငွေပိုရှာရန် အလုပ်ဆက်ပြီး ကြိုးစားလိုခဲ့သည်၊ ပိုကြီးသော အိမ်ပြောင်းလဲရန် နှင့် ဇိမ်ခံကားမောင်းရန် ကြိုးပမ်းလိုခဲ့သည်။
ရေရှည်ခြေကုန်လက်ပန်းကျခြင်းက ကျွန်မကို နာမကျန်းဖြစ်စေခဲ့သည် ကျွန်မ စိတ်ကူးယဉ်ဘဝကို အောင်မြင်ရရှိရန် ရုန်းကန်လှုပ်ရှားပြီး အလုပ်ကြိုးစားစဉ် နာမကျန်း ဖြစ်ခြင်းမျိုးစုံ ဖိစီးနှိပ်စက်ခဲ့သည်။ အချိန်ကြာမြင့် စွာ အလုပ်ပိခြင်းက ကျွန်မကို လည်ပင်း ကြွက်သားများတွင် ပြင်းထန်သော ဒဏ်၊ ပခုံးတွင် လေးဖက်နာဖြစ်ခြင်း၊ လည်ပင်းလေးဖက်နာ နှင့် ဦးနှောက်သွေးကြောကျဉ်းရောဂါတို့ကဲ့သို့ နာမကျန်း ဖြစ်ခြင်းမျိုးစုံ ခံစားစေခဲ့သည်။ ကျွန်မအချိန် အကြာကြီးထိုင်မိလျှင်၊ ကျွန်မခါးက မခံနိုင်အောင် နာကျင်ခဲ့သည်၊ ပြီးလျှင် ကျွန်မ နာကျင်မှုသက်သာစေရန် အလုပ်ထဲတွင် မတ်တပ် ရပ်မြဲရပ်နေရုံသာ တတ်နိုင်ခဲ့သည်၊ ကျွန်မ လည်ပင်း လေးဖက်နာက ကျွန်မ လည်ပင်းကို အလွန်တောင့်တင်းလာစေပြီး ခေါင်းငုံ့ရန် အလွန်နာကျင်လာသည်၊ ပြီးလျှင် ကျွန်မက မကြာခဏဆိုသကဲ့သို့ မူးဝေခြင်းနှင့် အသက်ကြီး နားလေးရောဂါ တို့ကိုလည်း ခံစားနေရသည်။ တစ်ညပြီးတစ်ည ညပိုင်းအချိန်ပို အလုပ် ဆင်းခြင်း များကြောင့် ကျွန်မမှာ ဦးနှောက်သွေးကြောကျဉ်း ရောဂါ ကဲ့သို့ ရာသီအလိုက်ရောဂါမျိုး ဖြစ်ပေါ်စေ ခဲ့သည်။ ၎င်းရောဂါ ပြန်ထလာတိုင်း နာကျင်မှုကြောင့် ကျွန်မအိပ်မရနိုင်ပဲ၊ ကျွန်မခေါင်း ကိုသာ ကိုင်ပြီး၊ တစ်ညလုံး ငိုရပါတော့သည်၊ ကျွန်မခေါင်းကိုပင် မဖြီးရဲပါ။ ကျွန်မ နာကျင်မှုကို နာကျင်မှုကိုနောက်ထပ်မခံစားနိုင်တော့သောကြောင့် ဆေးရုံကိုသွားပြီး၊ အကိုက်အခဲပျောက်ဆေး တစ်ချို့ ဝယ်ခဲ့သည်။ ဆရာဝန်က “ ဒီရောဂါက ညဖက်တွေ အချိန်ပို အလုပ်လုပ်တာက ဖြစ်လာတာ၊ အဒေါ် အနားပိုယူသင့်တယ်” ဟုပြောရင်း သတိပေးခဲ့ သည်။ သို့သော်လည်း ကျွန်မ၏ ငွေရှာနိုင်စွမ်းကို မနှောင့်ယှက်စေရန် ဆရာဝန်၏ အကြံပြုချက်ကို နားထောင်ဖို့ ငြင်းဆန်ခဲ့သည်၊ ကျွန်မအလုပ်ကို မဆုတ်မနစ်ကြိုးစားပြီး၊ အနည်းငယ် ဖျားနာခြင်း များကို တောင့်ခံခဲ့သည်။ နောက်ဆုံးတွင် ကျွန်မပခုံးမှ လေးဖက်နာသည် အလွန်ဆိုးရွား လာသည်မှာ ကျွန်မ လက်ယာလက်ကို နောက်ထပ် လှုပ်ရှားနိုင်ခြင်းမရှိတော့ပါ၊ ပြီးလျှင် ကျွန်မ အလုပ်ကို မဖြစ်မနေထွက်ခဲ့ရသည်။ သို့သော်လည်း ကျွန်မက၊ ငါငွေအများကြီးမရှာနိုင်ရင်တောင်၊ နည်းနည်း တော့ အနည်းဆုံး ရှာနိုင်ပါတယ် ဟု မိမိဘာသာတွေးမိသည်။ ထို့ကြောင့် ကျွန်မက ပိုအေးဆေးသက်သာရှိသည့် အလုပ်ကို ရှာဖွေပြီး ဆက်အလုပ်လုပ်ခဲ့သည်။ အချိန်ကြာလာ သည်နှင့် အမျှ ကျွန်မ၏ နာမကျန်းဖြစ်ခြင်းက ပို၍ ဆိုးဆိုးလာခဲ့သည်။ ဆေးရုံတွင် စမ်းသပ်ခြင်း တစ်ခုအပြီးနောက် ဆရာဝန်က “ အဒေါ် ဒီနာမကျန်းဖြစ်တာ အရမ်းကြာလာလိုက်တာ ကုသဖို့ အကောင်းဆုံးအချိန် လွန်နေပြီ။ အခု ကျွန်တော်တို့ ကုသရင်တောင်မှ၊ အဒေါ်က လွယ်လွယ် နာလန်ထမှာ မဟုတ်ဘူး။ ကျွန်တော်တို့ လုပ်နိုင်တာက အဒေါ်ကို ကုပြီး၊ ဘယ်လိုနေလဲ ကြည့်ရုံပဲ၊ ပြီးတော့ အဒေါက ဗဟိဒ္ဓကုထုံးခံယူဖို့ ဆေးရုံကို တစ်ရက်ခြားတစ်ခါ လာရမယ်” ဟု ပြောခဲ့သည်။ ကုသမှု ရက်၂၀ ခန့်ပြီးနောက်ပိုင်းတွင် ကျွန်မသားက တင်းမာသည့်မျက်နှာဖြင့် “ အမေက ရောဂါတွေများလွန်းလို့၊ အမေ ကျွန်တော်တို့ ပိုက်ဆံတွေအားလုံး သုံးပစ်နေတယ်” ဟု တုံးတိ ပြောလိုက်သည်။ ကျွန်မခင်ပွန်းကလည်း ညဉ်းညူ ပြီး “ မင်းအခု ငွေမရှာနိုင်တော့ပေမဲ့ ဆက်ပြီးသုံး နေသေးတာပဲ” ဟု ပြောခဲ့သည်။ ကျွန်မကို အလွန်အေးစက်စွာ အပြစ်တင်ကြသည် ကြားရင်း ကျွန်မမှာ နာကျင်လွန်းသောကြောင့် မျက်ရည်များ ကျလာခဲ့သည်၊ ပြီးလျှင် ကျွန်မ အလွန် စိတ်မကောင်းဖြစ်လှသည်မှာ ကျွန်မနှလုံးကွဲ သွားခဲ့ သည့်အလားပင် ဖြစ်ပါသည်။ ထိုညနေတွင် ကျွန်မ အိပ်ရာပေါ်တွင် ထိုင်ပြီး ကျွန်မဘဝ၏ အချိန် အများစုကို ငွေရှာရန် အလုပ်ကြိုးစားလုပ်ခြင်းဖြင့် မည်သို့ကုန်ဆုံးစေခဲ့ကြောင်းကို စဉ်းစားခဲ့သည်။ ကျွန်မက ကျွန်မထံတွင် ပိုက်ဆံရှိပါက ပျော်ရွှင်သည့် ဘဝကို အသက်ရှင်နေထိုင်နိုင်မည်ဟု တွေးခဲ့မိသော်လည်း၊ အဆုံးသတ်တွင် ကျွန်မ ငွေအချို့ ရရှိခဲ့သော်လည်း၊ ကျွန်မခန္ဓာကိုယ်ကို ပျက်စီးစေသည့်အပြင်၊ နေ့စဉ်နေ့တိုင်း ကျွန်မနာမကျန်းဖြစ်ခြင်း၏ မခံနိုင်လောက်အောင် နှိပ်စက်မှုဒဏ်ကို ခံခဲ့ရသည်။ ကျွန်မသည် ငွေက သယ်ဆောင်လာပေးသည့် ပျော်ရွှင်သည့်ဘဝကို မပျော်မွေ့နိုင်ရုံမျှမက၊ ကျွန်မ နာမကျန်းဖြစ်ခြင်းကို ကုသရန် ကြိုးစားခြင်းအတွက် ကျွန်မကိုယ်ပိုင် မိသားစု၏ ပစ်ပယ်မှုကို ခံခဲ့ရသည်။ ကျွန်မ၏ နာကျင်မှု နှင့် မျှော်လင့်ချက်ပျက်သုဉ်းခြင်းတို့၌ ကျွန်မက သက်ပြင်းကြီးတစ်ခုကို ချကာ၊ ငါက ဘာအတွက်များ အသက်ရှင်နေတာလဲ၊ ဒီလိုဘဝ တစ်ခုရဲ့ အဓိပ္ပါယ်ကဘာလဲ ဟု တွေးမိခဲ့သည်။ ကျွန်မ၏ နာကျင်မှု နှင့် အမှန်အတိုင်း သိမြင် လာခြင်းတွင် ဘုရားသခင်က ကျွန်မကို နှစ်သိမ့်ဖို့ လာသည် ကျွန်မ အနာကျင်ဆုံးအချိန်တွင်၊ ဘုရားသခင် ၏နိုင်ငံတော်ဆိုင်ရာ ဧဝံဂေလိတရားဖြင့် ကြုံခဲ့ရ သည်။ ညီအစ်ကိုမောင်နှမများ ပေးသည့် မိတ်သဟာယများမှတစ်ဆင့် ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းသည့် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် ဖြစ်ကြောင်း၊ ကျွန်မတို့ အသက်တာများ ဘုရားသခင်ထံမှ လာကြောင်း နှင့် ဘုရားသခင် သာလျှင် ကျွန်မတို့ကို ကယ်တင် နိုင်ကြောင်း၊ ဘုရားသခင် သာလျှင် ကျွန်မတို့ကို အချစ်ဆုံးဖြစ်ကြောင်း ကျွန်မ နားလည်လာခဲ့သည်။ ကျွန်မတို့ နာမကျန်းဖြစ်ခြင်းများစွာကို ဆင်းရဲဒုက္ခ ခံစားရပြီး၊ ထိုကဲ့သို့ နာကျင်သည့် ဘဝများတွင် အသက်ရှင်နေထိုင်ရခြင်းမှာ ကျွန်မတို့က ဘုရား သခင်ကို ရှောင်ကြဉ်ပြီး၊ စာတန်၏ ဖောက်ပြန် ပျက်စီးစေခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်ကြောင်း ကိုလည်း ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ဘုရားသခင်၏ ဧဝံဂေလိတရားကို လက်ခံခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို ကြားနာခြင်း တို့ဖြင့် သာလျှင် ကျွန်မတို့က ဘုရားသခင်၏ စောင့်ရှောက်မှု နှင့် ကွယ်ကာခြင်းတို့ကို ရနိုင်ပြီး၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို တွေ့ကြုံ ခံစားနိုင်သည်။ ကျွန်မက ဤဘုရားသခင့် နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ရသည်၊ “ အနန္တ တန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲ ကို ခံဖူးသောဤလူများအပေါ် သနားကရုဏာ ရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေ ခဲ့ရ သည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ် ကင်းမဲ့သောဤလူများကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိ တော်မူ၏။ သင် ပင်ပန်းနွမ်းနယ် သောအခါ နှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီး ခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင် ခံစားရ သောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေး လေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တ တန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာ ခြင်းကို အချိန်မရွေး လက်ခံပွေ့ဖက်လေမည်။” ဘုရားသခင်၏နှုတ်ကပတ်တော် တစ်ခုချင်းစီက ကျွန်မနှလုံးသားကို နွေးထွေးစေခဲ့သည်၊ ပြီးလျှင် ကျွန်မက အတွေးထဲ နက်ရှိုင်းစွာ မစီးမျောပဲ မနေနိုင်ပါ။ ကျွန်မ မျှော်လင့်ချက်အားလုံး ဆုံးရှုံးပြီး အသက်ရှင်သန်နေထိုင်ရန် သတ္တိပျောက်ဆုံးသည့် အခါတွင် ဘုရားသခင်က ကျွန်မ၏ နာကျင်မှုကို သိရှိတော်မူပြီး၊ ကျွန်မကို ညီအစ်ကိုမောင်နှမများမှ တစ်ဆင့် ဧဝံဂေလိတရားဟောကြားခဲ့ကာ၊ သူ့ရှေ့တော်မှောက်သို့ ကျွန်မပြန်လာရန် စောင့်ဆိုင်း နေသည်၊ ကျွန်မမိသားစုက ကျွန်မကို ကျောခိုင်းပြီး၊ ကျွန်မဆွေမျိုးများက ကျွန်မကို ဥပက္ခာပြုချိန်တွင်၊ ဘုရားသခင်က ကျွန်မကို မပစ်ထားခဲ့ပါ၊ ထိုအစား သူက ကျွန်မ၏ တွေဝေထိုင်းမှိုင်းနေသည့် နှလုံးသား တံခါးဝတွင် တံခါးခေါက်ရန် သူ့ နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သည်၊ ပြီးလျှင် ကျွန်မက မိမိအတွက် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာကို နက်ရှိုင်းစွာ ကျေးဇူးတင်လာခဲ့သည်။ ဤအချက်ကိုတွေးရင်း ကျွန်မက ကျေးဇူးတင် ရှိခြင်းဖြင့် မျက်ရည်များကျ လာခဲ့သည်။ ကျွန်မက သူ့မိခင်၏ လက်ခံ ပွေ့ဖက်ခြင်းဆီသို့ ပြန်သွားခဲ့သည့် မိဘမဲ့တစ်ဦး ကဲ့သို့ ခံစားရသည်၊ ကျွန်မနှလုံးသားက ချစ်ခြင်း မေတ္တာနှင့် နွေးထွေးမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်၊ ပြီးလျှင် ကျွန်မက ဆက်ပြီး အသက်ရှင်နေထိုင်ဖို့ သတ္တိကို တွေ့ရှိခဲ့သည်။ နောက်ပိုင်းတွင် ကျွန်မက အသင်းတော် အသက်တာတွင် စတင်ပါဝင်လာခဲ့သည်။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများဖြင့် အတူတကွ ကျွန်မတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ သည်၊ ကျွန်မတို့ကိုယ်ပိုင် အတွေ့အကြုံများ အကြောင်း မိတ်သဟာယပြုခဲ့သည်၊ ပြီးလျှင် ကျွန်မတို့ အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ထောက်ပံ့ မှုများ ပြခဲ့သည်။ ကျွန်မနှလုံးသားက ပို၍ပို၍ လွတ်မြောက်လာခဲ့ပြီး၊ မိမိနာမကျန်း ဖြစ်ခြင်း အကြောင်းအားလုံးကို မေ့ပျောက်သွားခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များဆိုင်ရာ ထုတ်ဖော် ခြင်းမှတစ်ဆင့်၊ ကျွန်မ နာကျင်မှုများ အားလုံး၏ အခြေအမြစ်ကို တွေ့ရသည် တစ်နေ့တွင် ကျွန်က ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်ခဲ့ရသည်၊ “ ‘ငွေက ကမ္ဘာကို လည်ပတ်စေသည်’ ဆိုသည်မှာ စာတန်၏ အယူအဆဖြစ်ပြီး၊ လူသားမျိုးနွယ်တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်း၏ အကြားတွင် အနှံ့အပြားတည်ရှိသည်။ ယင်းသည် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲတွင် သွတ်သွင်းပေးပြီးဖြစ်ကာ၊ သူတို့၏ နှလုံးသားထဲတွင် ကပ်ငြိနေသည့်အတွက်၊ ၎င်းသည် ခေတ်ရေစီးကြောင်းတစ်ခုဟု သင်ပြောနိုင်ပါသည်။… လူကို ဖျက်ဆီးရန် စာတန်သည် ဤခေတ်ရေစီးကြောင်းကို အသုံးပြုပြီးနောက်တွင် ၎င်းသည် သူတို့အတွင်း၌ အဘယ်သို့ ပေါ်လွင် သနည်း။ ဤကမ္ဘာထဲတွင် ငွေအနည်းငယ်မျှမရှိဘဲ အသက်ရှင်မနေနိုင်၊ တစ်ရက်တစ်လေမျှပင် မဖြစ်နိုင်ဟု သင်တို့မခံစားသလော။ (ခံစားရပါ သည်။) လူတို့၏ အဆင့်အတန်းနှင့် ဂုဏ်သရေ ရှိမှုတို့သည် သူတို့တွင် ငွေမည်မျှရှိသည့်အပေါ်တွင် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျော သည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် သူတို့၏ မြင့်မားသည့် အဆင့် အတန်းတွင် သာယာနေကြသည်။ သူတို့သည် ရဲရင့်ပြီး ဂုဏ်မောက်ကြသည်၊ ကျယ်လောင်စွာ စကားပြော ကြပြီး၊ မောက်မာစွာဖြင့် နေထိုင်ကြ သည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီး ကြောင်း သည် လူသားတို့အား အဘယ်အရာကို ယူဆောင် လာ ပေးသနည်း။ ငွေရတတ်ခြင်းကို တန်ရာ တန်ကြေး ကုန်ကျမှုတစ်စုံတစ်ရာအဖြစ် လူအများ က မမြင်ကြသလော။ လူတို့သည် ငွေပိုရတတ် ခြင်းကို လိုက်ရာတွင် သူတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိကို မစွန့်လွှတ်သလော။… စာတန်က ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို အသုံးပြုခြင်းဖြင့် လူသားကို ထိုသို့သော အတိုင်းအတာအထိ အကျင့်ပျက်စေခြင်းက အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုတမာသည့် လှည့်ကွက်တစ်ခု မဟုတ်လော။ ယင်းလူသိများသည့် ဆိုရိုးစကားကို ကန့်ကွက်ရာမှ သင်သည် နောက်ဆုံးတွင် ယင်းကို သမ္မာတရားအဖြစ် လက်ခံလာသဖြင့်၊ သင်၏စိတ်နှလုံးသည် စာတန်၏ လက်အောက်တွင် လုံးဝကျရောက်သွား၍ သင်သည် အမှတ်တမဲ့ ၎င်းအားဖြင့် နေထိုင်လာသည်။” ဘုရားသခင်၏ နှုတ်ကပတ်တော်များက အလွန်မှန်ပြီး ကျွန်မ၏ စစ်မှန်သည့် ပြသမှု တစ်ခုဖြစ်ခဲ့သည်။ လတ်တလောနှစ်များကို ပြန် လည်တွေးရင် ကျွန်မက “ ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” နှင့် “ ငွေသည် အဓိက မဟုတ်သော်လည်း၊ ငွေ မရှိလျှင် ဘာမှ လုပ်နိုင် မည်မဟုတ်” ဆိုသည့် ဆိုးယုတ်သည့် ဒဿန အမြင်များအားဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ကျွန်မနားလည်သဘောပေါက် ခဲ့သည်။ ကျွန်မက ပိုက်ဆံကို အရာအားလုံးထက် ပိုအရေးကြီးသည်ဟု မှတ်ယူခဲ့ပြီး၊ ငွေများစွာရှာခြင်းအားဖြင့် ကျွန်မက စည်းစိမ်ကြွယ်ဝသော အသက်တာတစ်ခုကို ပျော်မွေ့နိုင်ပြီး၊ အခြားသူများ၏ လေးစားမှုကို ရရှိကာ မည်သူတစ်ဦးတစ်ယောက်၏ အထင်သေး ခြင်းကိုမျှ မခံရနိုင်ဟု ယုံကြည်ခဲ့သည်။ ဤအကြောင်းပြချက်ကြောင့် ကျွန်မက နေ့စဉ် နေ့တိုင်း တစ်နေ့လုံး ငွေလုပ်သည့်စက်ကဲ့သို့ အလုပ်လုပ်ခဲ့သည်၊ နေ့တိုင်း ညတိုင်း အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ကိုင်ခဲ့ပြီး မိမိကိုယ်ပိုင် ကျန်းမာရေးကို လုံးဝ အာရုံမစိုက်ခဲ့ပါ။ နာမကျန်းဖြစ်ခြင်းမျိုးစုံ ဝိုင်းရံဖိစီးလာသည့် အချိန်တွင်ပင် ကျွန်မက ငွေရှာရန် မည်သည့် အခွင့်အလမ်းကိုမျှ မစွန့်လွှတ်လိုသေးပါ။ အဆုံးသတ်တွင် ကျွန်မငွေအချို့ကို ရရှိလာပြီး၊ ကျွန်မ၏ ရုပ်ဝထ္ထုပိုင်းဆိုင်ရာ ဘဝတိုးတက်လာ ခဲ့သော်လည်း ကျွန်မ ခန္ဓာကိုယ်က ပျက်စီးခဲ့ပြီ၊ ကျွန်မက နာမကျန်းဖြစ်ခြင်းများ၏ နှိပ်စက်မှုကို ခံခဲ့ရသည်၊ ကျွန်မမိသားစုက ကျွန်မအတွက် မည်သည့်စာနာစိတ်မျှ မရှိ၊ ပြီးလျှင် ကျွန်မက မခံနိုင်သည့်နာကျင်မှုတွင် အသက်ရှင် နေထိုင်ခဲ့ သည်။ ကျွန်မက “ ငွေသာလျှင် ပထမ” ဆိုသည့် စကားဖြင့် ထိန်းချုပ်ခံရပြီး၊ ထိခိုက်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်၊ ကျွန်မက ငွေအတွက် ကျွန်မအသက်တာကို အရဲစွန့်လိုပြီး မည်သည့် ပေးဆပ်မှုမျှလည်း ပေးဖို့ တွေဝေတုံ့ဆိုင်း ခြင်းမရှိခဲ့ပါ၊ ကျွန်မက ငွေ၏ကျေးကျွန်အဖြစ် လုံးလုံး ပြောင်းလဲသွားခဲ့သည်။ ထို့နောက်တွင် ငွေရှာခြင်းအတွက် လူများစွာ မည်သို့ မမာမကျန်းဖြစ်ကြပြီး၊ တစ်နှစ်ပတ်လုံး ဆေးသောက်ရကာ၊ ငွေရှာရန် သူတို့ဘဝ၏ ပထမတစ်ဝက်ကို ကုန်ဆုံးစေခဲ့ပြီး၊ ထို့နောက် သူတို့ ကျန်သည့် ဘဝတစ်ခုလုံး သူတို့၏ ရောဂါမျိုးစုံကို ကုသရန် ထိုငွေကို သုံးစွဲရပုံကို တွေးမိသည်၊ ထို့ကြောင့် လူပေါင်းများစွာတို့သည် အလွန်ပင် အလုပ်ပိလွန်းပြီး ငွေရှာခြင်းအတွက် သူတို့အသက် များဆုံးရှုံးခဲ့ရသည် … ဤအရာများ အားလုံးသည် စာတန်၏ လှည့်စားမှု နှင့် လူသားတို့၏ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ အကျိုးဆက် ဖြစ် သည်။ စာတန်က လူများ၏ နှလုံးသားများကို ထိန်းချုပ်ပြီး ငွေရှာရာတွင် သူတို့၏ အချိန်များနှင့် အင်အားများအားလုံးကို သုံးစေခဲ့သည်မှာ ကျွန်မ တို့က မိမိတို့၏ ကျန်းမာရေးနှင့် အသက်ကို ပင် စတေးလိုကြသည့်တိုင်အောင် စာတန်က ဤအကြံဉာဏ်များကို အသုံးပြုခဲ့သည်။ ဝန်သယ် သည့်တိရစ္ဆာန်များကဲ့သို့၊ ကျွန်မတို့က ၎င်း၏ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက် များ အောက်တွင် အသက်ရှင်နေထိုင်ကြသည်။ ပြီးနောက် အဆုံးသတ်တွင် ကျွန်မတို့အားလုံး နာကျင်မှု တွင် အသက်ရှင်နေထိုင်ရခြင်းဖြင့် အဆုံးသတ်သည်။ စာတန်၏ ရည်ရွယ်ချက်များ သည် အမှန်တကယ်ပင် ဆိုးယုတ်ပြီး မလိုမုန်း ထားလှသည်။ ထို့ကြောင့် ကျွန်မက တိတ်တဆိတ် သံဓိဌာန်ချခဲ့သည်။ ယခုအချိန်မှစပြီး ကျွန်မက စာတန်၏ ဤယုတ္တိအမှားများကို စွဲမြဲခိုင်မာစွာ ငြင်းပယ်ပြီး၊ ၎င်းအားဖြင့် နောက်ထပ် လှည့်ဖြားခြင်းနှင့် ထိခိုက်ခြင်းခံတော့မည်မဟုတ်ပါ၊ ပြီးလျှင် ကျွန်မက ဘုရားသခင်ကိုယုံကြည်ပြီး၊ သူ့ကို စိတ်အားထက်သန်စွာ နောက်လိုက်မည်၊ ပြီးလျှင် ဘုရားသခင်၏ ဂရုစိုက်ကြည့်သော စောင့်ရှောက်မှုနှင့် ကွယ်ကာခြင်းတို့တွင် နေသင့် သည်။ စုံစမ်းသွေးဆောင်ခြင်းနှင့် ရင်ဆိုင်ပြီး မည်သည့် လမ်းကို ရွေးချယ်သင့်သနည်း ဘုရားသခင့်နှုတ်ကပတ်တော်များ၏ လမ်းပြမှု အောက်တွင် ကျွန်မက ယခင်ကကဲ့သို့ ငွေရှာရန် အလုပ်ကြိုးစား မလုပ်ကိုင်တော့ပါ၊ သို့သော်လည်း ထိုအစား ကျွန်မက ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပို၍ဖတ်ရှုခြင်းနှင့် ကျွန်မညီအစ်ကို မောင်နှမများဖြင့် နောက်ထပ် စုဝေးပွဲများကို တက်ရောက်ခြင်းတို့ကို ပြုလုပ်ခဲ့ သည်။ ကျွန်မက နေ့တိုင်း တိုးတက်လာပြီး ကျွန်မ၏ ဝိညာဉ်က ယခင်က တစ်ခါမျှ မခံစားဖူးသည့် တည်ငြိမ်မှုနှင့် လွတ်လပ်မှုတို့ကို ရရှိခဲ့သည်။ ကျွန်မကျန်းမာရေးကလည်း တဖြည်း ဖြည်းချင်း စတင်ပြန်လည်နာလန်ထလာခဲ့သည်၊ ပြီးလျှင် ကျွန်မက ရုပ်ပိုင်းဆိုင်ရာ လုပ်နိုင်စွမ်း ရှိသမျှ အသင်းတော်တွင် ကျွန်မတာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်ခဲ့သည်။ သို့သော်လည်း နွေဦးရာသီပွဲတော် ရောက်လာသည့် အချိန်တွင် ကျွန်မသားက နေအိမ်သို့ပြန်လာခဲ့ပြီး၊ ကျွန်မကို “ အမေ၊ ကျွန်တော် မြို့ပြင်က စီမံကိန်း နည်းနည်းကို စာချုပ်ချုပ်ခဲ့ပြီးပြီ။ ကျွန်တော်တို့နဲ့ လိုက်ပြီး၊ ကျွန်တော်တို့ကို အလုပ်ကူပေးပါ၊ ပြီးတော့ ကျွန်တော်တို့ လာမည့်နှစ်နည်းနည်းမှာ ငွေတစ်ချို့ရနိုင်တယ်။ ကျွန်တော်တို့ တောင်ပိုင်းမှာ အိမ်တစ်လုံးဝယ်မယ်၊ ဒါဆိုရင် ကျွန်တော်တို့ ဒီကို ပြန်မလာတော့ဘူး။ နှစ်ရက်အတွင်းမှာ ထွက်ကြမှာ မို့လို့ စပြီးထုတ်ပိုးတော့” ဟု ပြောလိုက် သည်။ သူဤသို့ပြောသည်ကို ကြားရင်းဖြင့် ကျွန်မအတွေး ထဲနစ်မျောသွားခဲ့သည်၊ အခု ငါလုပ်နေတဲ့အလုပ်က အတော်အတန် အေးဆေးသက်သာ ရှိတာမှန်ပေ မဲ့လည်း ငါငွေသိပ်မရဘူး။ အခု ငါ့သားက စီမံကိန်းတစ်ချို့ကို စာချုပ်ချုပ်ခဲ့ပြီးနှင့်ပြီ၊ ပြီးတော့ တောင်ပိုင်းဆိုတာကလည်း စက်မှုလုပ်ငန်း ဒေသ ဖြစ်တာကြောင့် ငါတို့တွေ ဧကန်မုချကို ငွေရမှာပဲ။ မြို့ကြီးတစ်ခုမှာ အိမ်ကြီးတစ်လုံးဝယ်ပြီး အဲဒီမှာ အခြေချဖို့ဆိုတာကလည်း ငါ့အိပ်မက်ပဲ။ သို့သော်လည်း ထို့နောက် ကျွန်မက၊ ငါနှစ်ပေါင်း များစွာ ငွေတွေ အများကြီး ရှာခဲ့ပြီးပြီ၊ ဒါပေမဲ့လည်း မကျန်းမာတာနဲ့ ငါ့မိသားစုရဲ့ အေးစက်စက် ဆက်ဆံခံရတာကလွဲရင် ငါဘာများအမှန်တကယ် ရခဲ့ပါလိမ့်။ ငါအခု ဘုရားသခင်ကို စပြီး ယုံကြည်လာပြီး၊ ငါ့ကျန်းမာရေးက စကောင်း လာပေမဲ့ ငါ့သားက ငါ့ကို ထပ်ပြီး ငွေသွားရှာ စေချင်တယ် … ဤအတွေးများတွေးရင်း ကျွန်မက ဘုရားသခင်ထံ တိတ်တဆိတ် ဆုတောင်းခြွေခဲ့သည်“ အိုဘုရားသခင် ကိုယ်တော်က ကျွန်မအပေါ် ကျေးဇူးတရားနဲ့ ကောင်းကြီးမင်္ဂလာတွေကို အတော် အတန် ပေးအပ်နှင်းခဲ့ပြီးပါပြီ။ အခုကျွန်မ သားက ငွေရှာဖို့ ကျွန်မကို တောင်ပိုင်း သွားစေ ချင်ပေမဲ့ ကျွန်မက စာတန်ရဲ့ စုံစမ်း သွေးဆောင်ခြင်းထဲ ကျရောက်ပြီး၊ အဲဒါရဲ့ ထိခိုက်မှု ကို ဆက်ပြီးမခံချင်တော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မ ကိုယ်တော်ရဲ့ မျက်မှောက်တော်မှာ အသက်ရှင်နေထိုင်နိုင်ဖို့ စာတန်ရဲ့ စုံစမ်း သွေးဆောင်မှုကို အောင်နိုင်စေပြီး၊ ကျွန်မနှလုံးသား ကို ကွယ်ကာတော်မူပါ။” ကျွန်မ ဆုတောင်းပြီး နောက် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို တွေးမိခဲ့သည်၊ “လူသား၏ကံကြမ္မာကို ဘုရားသခင် ၏လက်များမှ ထိန်းချုပ်ထား၏။ သင့်ကိုယ်သင် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသား သည် မိမိအဖို့ အမြဲအပြေးအလွှားနှင့် အလုပ်ရှုပ် နေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်ပါက၊ သင်၏ကံကြမ္မာကို ချုပ်ကိုင်နိုင်ပါက၊ သင်သည် သတ္တဝါတစ်ဦး ဖြစ်နေဦးမည်လော။” ဘုရားသခင့်နှုတ်ကပတ်တော်၏ သြဇာအာဏာ သည် ကျွန်မနှလုံးသား တံခါးကို ခေါက်ခဲ့သည်၊ ပြီးလျှင် ကျွန်မက ဟုတ်တယ်၊ ဘုရားသခင်က ဟိုးအယင်ကတည်းက ငါ့ဘဝမှာ ငွေဘယ်လောက် ရှိမယ်ဆိုတာကို ကြိုတင်ပြဌာန်းပြီး စီစဉ်ခဲ့ပြီးသား ဖြစ်တယ်၊ ပြီးတော့ ဘုရားသခင်ဘာကိုပဲ ကြိုတင် ပြဌာန်းပါစေ ဘယ်သူကမှ မပြောင်းလဲ နိုင်ဘူး ဟု တွေးမိခဲ့သည်။ ငါဘယ်လောက်ပဲ အလုပ်ရှုပ်ပြီး၊ ကြိုးစားပါစေ၊ ငါ့ကံကြမ္မာကို ငါလုံးဝ မပြောင်း နိုင်ဘူး။ ဆိုရိုးစကားတစ်ခုက “ သင့်ဘဝ တွင် အချိန်ကျလာလျှင် ဖြစ်လာလိမ့်မည်၊ အချိန်မကျ လျှင် အတင်းအကျပ်မလုပ်ပါနှင့်” ဟု ပြောထား သည်။ ကျွန်မသည် စာတန်၏ ထိခိုက်မှုမှ အတော် အတန် နာကျင်မှုကို ခံစားခဲ့ရသည်၊ ပြီးလျှင် ကျွန်မအနေဖြင့် စာတန်၏ ထောက်ခံသူများ တစ်စိတ် တစ်ပိုင်းအဖြစ် ပြန်သွား၍မဖြစ်ပါ။ ကျွန်မက ငွေရဲ့ ဘေးအန္တရာယ်ကနေ ကိုယ့်ကိုကိုယ် ဖယ်ရှားနိုင်ပြီး၊ ပျော်ရွှင်သော အသက်တာကို အသက်ရှင်နေထိုင်သည် နောက်ပိုင်းတွင် ကျွန်မ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည် “ သင်ဒါ ကို သိမြင်ပြီးနောက်မှာ သင့် ဘဝအပေါ် အမြင်ဟောင်းကို ဘေးမှာထားပြီး၊ ထောင်ချောက် အမျိုးမျိုး၏ အဝေးတွင်နေပါ။ သင့်ဘဝကို ဘုရား သခင်အား ဦးဆောင်စေပြီး သင့်အတွက် အစီအစဉ်များ ပြုလုပ်စေပါ။ ဘုရားသခင်၏ စီစဉ် ညွှန်ကြားမှုနှင့် လမ်းညွှန်မှုကိုပဲ လိုက်လျှောက်ဖို့ ကြိုးစားပါ။ ရွေးချယ်စရာမရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာဖို့ပါ။” ဘုရားသခင်၏နှုတ်ကပတ်တော်က ကျွန်မကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ပြခဲ့ပြီး၊ ကျွန်မအနေဖြင့် ဘုရားသခင်ကို မိမိအသက်တာ အား ယုံကြည်စွာ အပ်နှံပြီး သူ့ အချုပ်အခြာနှင့် စီစဉ်မှုများထံသို့ ဆက်ကပ်အပ်နှံသင့်ကြောင်း နားလည်သဘောပေါက်ခဲ့ပါသည်။ ကျွန်မဘဝသည် ယခင်က အလွန်နာကျင်ခဲ့ပြီး ကျွန်မ ဘဝ၏ အချိန်အများစုကို ငွေရှာခြင်းဖြင့် အချိန်ကုန်ဆုံးစေ ခဲ့သောကြောင့် ကျွန်မ၏ ခန္ဓာကိုယ်ကို ပျက်စီးစေ ခဲ့သည်။ ကျွန်မသည် ထိုလမ်းဟောင်းကို မည်သည့် နည်းနှင့်မျှ ဆက်လျှောက်နိုင်တော့မည် မဟုတ်ပါ။ ယခုအခါတွင် ကျွန်မက ဘဝတွင် အခြေခံ လိုအပ်ချက်များအတွက် လုံးဝပူပန်သောက မရှိ တော့ပဲ၊ ကျွန်မ၏ အေးဆေးသက်သာသည့် အလုပ်က အရာအားလုံးအတွက် ငွေကြေး ဖူလုံခဲ့သည်။ ထို့ထက်ပိုသည်မှာ ကျွန်မသည် စုဝေးပွဲ များကို တက်ရောက်ပြီး ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် များကို ဖတ်ရှုနိုင်ကာ၊ ကျွန်မအသက်တာကိုလည်း အလွန်ပျော်ရွှင်ဖွယ်ဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ဤအချက် ကိုတွေးရင်း ကျွန်မက ငွေနှင့် ပတ်သက်ပြီး ယုတ္တိတန်သည့် ကိုင်တွယ်ဖြေရှင်နည်း တစ်ခုယူရန် ဆုံးဖြတ်ခဲ့သည်၊ ပြီးလျှင် ကျွန်မက ငွေ၏ ကျေးကျွန် နောက်ထပ် လုံးဝမဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။ ကျွန်မ လုပ်ဆောင်ရမည့် အရာမှာ ကျွန်မအသက်တာပန်းတိုင်များကို ပြန်လည် သတ်မှတ်ခြင်း၊ ဘုရားသခင်ကို ချစ်ဖို့ ကြိုးစားခြင်း၊ အဓိပ္ပါယ်ရှိသော အသက်တာ တစ်ခုတွင် အသက်ရှင်နေထိုင်ခြင်း၊ ဖန်ဆင်းခံ သတ္တဝါတစ်ယောက် အနေဖြင့် ကျွန်မတာဝန်ကို ထမ်းဆောင်ခြင်း နှင့် စာတန်ကြောင့်ဖြစ်သည့် ဘေးအန္တရာယ်ကို ရှောင်ကြဉ်ခြင်း တို့ဖြစ်ခဲ့ပါ သည်။ထို့ကြောင့် ကျွန်မသား၏ တောင်းဆိုမှုကို ကျွန်မ ခြေငံစွာ ငြင်းဆန်ခဲ့သည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ပြီးနောက် ကျွန်မသည် ပြင်းပြသောဝမ်းမြောက်ခြင်း ကို ခံစားခဲ့ရပြီး၊ ဘုရားသခင်၏ ကွယ်ကာမှုကို ရရှိခြင်းနှင့် ကျွန်မနံဘေးတွင် ဘုရားသခင်ကို ရရှိခြင်းတို့မှ လာသည့် ပျော်ရွှင်မှုနှင့် ငြိမ်သက်ခြင်း ဆိုင်ရာ အသိစိတ်ကို အမှန်တကယ် တွေ့ကြုံ ခံစားခဲ့ရပါသည်။ နောက်ပိုင်းတွင် ကျွန်မက အသက်ရှင် နေထိုင်ခဲ့သည့် နည်းလမ်းအပြင်၊ ကျွန်မရှာဖွေခဲ့ သည့် မှားယွင်းသော ပန်းတိုင်များ တို့ကို တဖြည်းဖြည်းချင် အမှားပြင်ဆင်ခဲ့သည်။ ကျွန်မက ငွေအတွက် ရုန်းကန်လှုပ်ရှားပြီး ပင်ပန်းကြီးစွာ လုပ်ကိုင်ခြင်း သို့မဟုတ် ငွေကြေးအတွက် အသက်ရှင် နေထိုင်ခြင်း နောက်ထပ်လုံးဝ မရှိတော့ သော်လည်း ထိုအစား သမ္မာတရားကို ရှာဖွေရန် အသက်ရှင်နေထိုင်ခဲ့သည်။ ကျွန်မက ဖန်ဆင်းရှင် ၏ အချုပ်အခြာနှင့် စီစဉ်မှုများကို ဆက်ကပ် အပ်နှံရန် ကြိုးစားမည်၊ သာမာန် အသက်တာ တစ်ခုကို အသက်ရှင်နေထိုင်မည်၊ သာမာန်အလုပ် တစ်ခု လုပ်မည်၊ ကျွန်မ၏ ညီအစ်ကိုမောင်နှမ များနှင့်အတူတကွ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရှုမည်၊ ဘုရားသခင်ကို ချီးမွမ်းခြင်း သီချင်းဆိုမည်၊ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအဖြစ်နှင့် ကျွန်မတာဝန်ကို ထမ်းဆောင် မည်။ ဖြည်းဖြည်းချင်း ကျွန်မက သမ္မာတရား များစွာကို နားလည်သဘောပေါက်လာခဲ့ပြီး စာတန်၏ လှည့်စားသော အကြံအစည်များစွာကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိလာခဲ့သည်၊ ထိုသို့ဖြင့် စာတန်၏ ထိခိုက်မှုနှင့် လှည့်ဖြားခြင်း များစွာကို ရှောင်ရှားပြီး၊ အချိန်ကြာလာသည်နှင့်အမျှ ပို၍ပို၍ ပူပင်ကြောင့်ကြမဲ့သော အသက်တာတစ်ခုတွင် အသက်ရှင်နေထိုင်ခဲ့ပါသည်။ ကျွန်မကို နှစ်ပေါင်း များစွာ ထိန်းချုပ်ထားခဲ့သည့် နာမကျန်းဖြစ်ခြင်း မျိုးစုံဖြစ်သည့် ကျွန်မခါးမှ ကြွက်သားဒဏ်၊ ကျွန်မ၏ ဦးနှောက်သွေးကြောကျဉ်းရောဂါ နှင့် ကျွန်မပခုံးမှ လေးဖက်နာရောဂါတို့အားလုံး ပျောက်ကင်းသွားခဲ့သည်။ ကျွန်မကို သနားကရုဏာ နှင့် ကြင်နာမှုပြခြင်း၊ ပြီးနောက် စာတန်၏ ဘေးအန္တရာယ်မှ မိမိကိုယ်ကို ဖယ်ရှားစေနိုင်ခြင်းနှင့် အဓိပ္ပါယ်ရှိသော အသက်တာ တစ်ခုတွင် အသက်ရှင်နေထိုင်စေခြင်းတို့အတွက် ကျေးဇူးတော်ချီးမွမ်းပါသည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်တံဆိပ်များ
All
|