ဆီမင်း တောင်ကိုးရီးယား နံနက်အစောပိုင်းတွင် ကျွန်တော်က ပြတင်းပေါက်ဘေးမှ ကျွန်တော့် စာကြည့်စားပွဲငယ်လေးတွင် ထိုင်ကာ “ ကောင်းသော ခါနန်ပြည်၌ ပျော်ရွှင်မှု” ဆိုသည့် အကနှင့် သီချင်းဗီဒီယိုကို ဆိတ်ငြိမ်စွာ ကြည့်နေခဲ့သည်။ ကျွန်တော့်နှလုံးသားက တေးသွားဖြင့် ကွန့်မြူးနေပြီး၊ ကျွန်တော်က သတိမမူမိဘဲ ပြုံးမိသည်။ ကျွန်တော်သည် ဘုရားသခင်ရှေ့တော်မှောက်သို့ လာရောက်ခြင်း၏ ငြိမ်သက်ခြင်းနှင့် ယုံကြည်မှုကို အမှန်တကယ် ခံစားခဲ့ရပါသည်။ ကျွန်တော် အပြစ်ထဲကျရောက်ပြီး လစ်ဟာခြင်းနှင့် နာကျင်မှုတွင် အသက်ရှင်နေထိုင်သည်
ကျွန်တော် တောင်ကိုးရီးယားနိုင်ငံသို့ လွန်ခဲ့သည့်နှစ်အနည်းငယ်က ငွေပိုရှာရန် လာရောက်ခဲ့သည်။ အလုပ်ကြိုးစားသည့် ကာလ တစ်ခုအပြီးတွင် ကျွန်တော်သည် တဖြည်းဖြည်းချင်း စတင်ကာ ကြွယ်ဝချမ်းသာသည် ဘဝတစ်ခုကို အသက်ရှင်နေထိုင်လာခဲ့သော်လည်း ကျွန်တော့် နှလုံးသားတွင် မကြာခဏဆိုသကဲ့သို့ လစ်ဟာခြင်း နှင့် အနှစ်သာရမရှိခြင်းကို ခံစားခဲ့ရသည်။ ကျွန်တော့်မိတ်ဆွေများက ကျွန်တော့်ကို မကြာခဏ အပြင်မှာ စားရန်နှင့် အရက်သောက်ရန်၊ ပြီးလျှင် ကာရာအိုကေဘားများသို့ သွားပြီး သီချင်းဆိုရန်နှင့် ကခုန်ရန် တို့ကို မကြာခဏ ဖိတ်ခေါ်ကြသည်။ မကြာခဏဆိုသကဲ့သို့ပင် ကျွန်တော်တို့ ညဉ့်နက်မှအိမ်ပြန်ရောက်ကြသည်။ ထိုအချိန်က ကျွန်တော်တို့အကြားတွင် လူသိများသည့် ဆိုရိုးစကားများမှာ “ လူ့ဘဝသည် တိုတောင်းသဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင်အောင်အသုံးချပါ” “ ယနေ့အရက်မူးအောင်သောက်ပြီး အရေးကိစ္စတွေအတွက် မနက်ဖြန်မှ စိတ်ပူပါ” နှင့် “ ကျွန်ုပ်တို့ အသက်ကြီးလာလျှင် မည်သည့်အရာကိုမျှ ပျော်မွေ့နိုင်မည် မဟုတ်သည့်အားလျော်စွာ ငယ်ရွယ်ပြီး သောက်စားပျော်ပါးနိုင်တုန်း၊ မိမိဘဝကို ပျော်မွေ့နိုင်တုန်းမှာ အခွင့်ကောင်းယူပါ၊” တို့ဖြစ်ပါသည်။ ဤဆိုရိုးစကားများကို လက်ခံသဘောတူပြီး ဤသည်မှာ ကျွန်တော်တို့ ဘဝများတွင် အသက်ရှင်နေထိုင်သင့်သည့် ပုံစံဖြစ်ရမည်ဟု တွေးမိခဲ့သည်။ နောက်ပိုင်းတွင် ကျွန်တော့်မိတ်ဆွေများ အတူဆုံပြီး အပြင်ထွက်ကြတိုင်း သူတို့နှင့် အတူသွားရန် ကျွန်တော်တို့ခေါ်ခဲ့ကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျွန်တော်ကလည်း အလုပ်အပြီးတွင် မည်သည့်အရာမျှ လုပ်စရာမရှိပဲ၊ ပျင်းနေခဲ့သောကြောင့် ကျွန်တော်သူတို့နှင့် အမြဲတမ်း လိုက်သွားခဲ့သည်။ ကျွန်တော်တို့ တစ်နေရာရာသို့ စားသောက်ရန်သွားသည့်အခါတွင်၊ ကျွန်တော်တို့က သွေးသောက်ရဲဖော်ရဲဖက်များကဲ့သို့ သောက်စားကြပြီး၊ စကားပြောပြီး၊ ရယ်မောကာ အလွန်ပင် ပျော်ရွှင်ကြပါသည်။ စားသောက်ပြီးနောက်တွင် ကျွန်တော်တို့ သီချင်းဆိုကခုန်ရန် ကာရာအိုကေဘားများနှင့် အခြားနေရာများသို့ သွားရောက်ကြသည်။ ကျွန်တော်တို့၏ သောက်စားပျော်ပါးခြင်းနှင့် ဆူဆူညံညံမြူးထူးပျော်ရွှင်အပြီးနောက်၊ ထိုကဲ့သို့ မိတ်ဆွေများ တစ်အုပ်စုကြီးဖြင့် နေရခြင်း၊ စကားပြောခြင်း၊ ရယ်မောခြင်း၊ ၎င်းတို့နှင့် အတူနေပြီး ထိုမျှကြီးမားသောပျော်ရွှင်မှုကို ရရှိခြင်းသည် အလွန်ထူးကဲသည်ဟု ခံစားခဲ့ရသည်။ တစ်ခါတစ်ရံတွင် သူတို့က အပြင်မသွားလိုကြသော်လည်း ကျွန်တော်က သွားလိုခဲ့သည်။ ထိုသို့သော အခြေအနေမျိုးတွင် အလုပ်မှ ကျွန်တော်ခံစားရသည့် မည်သည့်ပင်ပန်းနွမ်းနယ်မှုမဆို၊ ဘဝတွင် မိမိ စိတ်ပျက်ခြင်းများ နှင့် ကျွန်တော် မပျော်သမျှ အရာမှန်သမျှတို့သည် ချက်ခြင်းပျောက်ကွယ်သွားခဲ့သည်။ တဖြည်းဖြည်းချင်း ကျွန်တော်က ဘဝတွင် မသောက်စားပဲ၊ မပျော်ပါးပဲနေခြင်းသည် မိုက်မဲရာရောက်သည်၊ ပြီးလျှင် ဤသို့သော ဘဝမျိုးသာလျှင် ပျော်ရွှင်ခြင်းကို ယူဆောင်လာပေးပြီး၊ ငြီးငွေ့ဖွယ်တကုပ်ကုပ် လုပ်ရခြင်းအလုပ်ကိုကျော်ကာ တက်ကြွစေမည့် တစ်ခုတည်းသော အရာဖြစ်သည်ဟု ယုံကြည်လာခဲ့သည်။ နေ့စဉ်နေ့တိုင်း အလုပ်ပြီးနောက်တွင် ကန့်သတ်ခြင်းမရှိ အရက်သောက်ခဲ့သည်၊ သို့သော်လည်း နောက်ပိုင်းတွင် ကျွန်တော့်အားလပ်ချိန်တွင် ကျွန်တော့် နှလုံးသားသည် လစ်ဟာနေပြီး အထီးကျန်နေဆဲဖြစ်သည်ဟု ခံစားရသည်။ ကျွန်တော်က လူတွေဘာဖြစ်လို့ အသက်ရှင်နေတာလဲ။ ငါ့ဝိညာဉ်ထဲက ဒီဟာကွက်ကြီးကို ဘယ်လိုဖြည့်ရမလဲ ဟု မတွေးပဲမနေနိုင်ခဲ့ပါ။ ကျွန်တော်က စိတ်ခံစားချက်မျိုးစုံ ခံစားနေခဲ့ရသော်လည်း၊ ဘဝနှင့်အလုပ်က ရှေ့ဆက်ရမည်။ အကြောင်းမှာ မိုးရွာသည့်အချိန်တိုင်း ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များနှင့် ကျွန်တော်တို့မှ အလုပ်ရပ်ရသည်၊ လူတိုင်းက သူတို့အားလပ်ချိန်တွင် မာဂျောင်းကစားခြင်းဖြင့် သူတို့ကိုယ်သူတို့ အာရုံပြောင်းဖို့ မာဂျောင်းကစားရုံသို့ သွားကြသည်။ သူတို့က ကျွန်တော့်ကိုလည်း လိုက်ရန်ခေါ်ကြသည်၊ ပြီးလျှင် ကျွန်တော်က “ ငါခဏလောက် သွားကစားလိုက်မယ်။ ငါ့မှာ အားလပ်ချိန်ရှိနေတာပဲလေ။ အချိန်ကုန်အောင် ငါမာဂျောင်းကစားမယ်၊ ဒီလိုပျင်းဖို့ကောင်းတဲ့ ရက်တွေမှာ ငါ့ကိုယ်ငါ မအားလပ်အောင်လုပ်ထားရမယ်” ဟု တွေးမိခဲ့သည်။ ထို့ကြောင့် ကျွန်တော်က မာဂျောင်းစားပွဲခုံတွင် တစ်နေ့လုံးအချိန်ကုန်စေပြီး၊ များစွာ ရှုံးသည့်အပြင် ထိုမျှလည်း နိုင်ခြင်းမရှိပါ။ တစ်ခါတစ်ရံ ကျွန်တော်က တစ်ရက်တွင် ကိုးရီးယားငွေ နှစ်သန်း နှင့် သုံးသန်းအကြား ရှုံးနိမ့်ခဲ့သည်။ ကျွန်တော်ကစားနေစဉ် အမှန်တကယ်ပျော်ရွှင်ပြီး၊ မိမိကိုယ့်ကို အပြည့်အဝ ပျော်မွေ့နေသည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ကျွန်တော် အိမ်ပြန်ရောက်ပြီးနောက်၊ အရာများအားလုံးသည် ယခင်အတိုင်းသာ ရှိဆဲဖြစ်သည်၊ ပြီးလျှင် ကျွန်တော်ဆုံးရှုံးခဲ့သည့် ပိုက်ဆံအတွက် အလွန် ဆိုးရွားစွာ ခံစားရပါသည်။ ကျွန်တော်က မာဂျောင်းနောက်ထပ် မကစားတော့ရန် မိမိကိုယ်ကို ပြောသော်ငြားလည်း နောက်တစ်နေ့တွင် မျှော်လင့်ထားသည့်အတိုင်းပင် ကျွန်တော် မာဂျောင်းကစားရုံသို့ ပြန်ရောက်နေသည်။ ကျွန်တော်က ပို၍ပို၍ ရှုံးခြင်းဖြင့်သာ အဆုံးခဲ့ရသည်၊ ပြီးလျှင် ကျွန်တော့်မိတ်ဆွေများကိုပင် ငွေများ အကြွေးတင်ခဲ့သည်။ ကျွန်တော်က မိမိကိုယ်ကို ထိန်းသိမ်းမှုကို မကျင့်သုံးနိုင်သည့်အတွက် မိမိကိုယ်ကို မုန်းတီးခဲ့သည်။ အစပိုင်းတွင် ကျွန်တော်က ပျင်းရိဖွယ်ကောင်းသည့် အချိန်များကျော်ဖြတ်ရန်သာ ကစားရန်နှင့် အပျော်အတွက် မာဂျောင်းအနည်းငယ် ကစားရန်သာ ရည်ရွယ်ခဲ့သည်။ ကျွန်တော်က မိမိလစ်ဟာခြင်းကို ထိုသို့သော နာကျင်မှုမျိုးကို ထပ်ပေါင်းထပ်ခြင်းဖြင့် အဆုံးသတ်မည်ဟု လုံးဝ စိတ်မကူးခဲ့ပါ။ နောက်ပိုင်းတွင် အလုပ်စီမံကိန်း အဆုံးသတ်သို့ ရောက်ခဲ့ပြီး၊ ကျွန်တော် တင်ထားသမျှ အကြွေးများအားလုံးနီးပါးကို ပေးဖြစ်ခဲ့သောကြောင့် ကျွန်တော် နောက်ထပ် အလုပ်တည်နေရာတစ်ခုကို ပြောင်းခဲ့သည်။ ထိုနေရာသို့ ရောက်ပြီးနောက် ကျွန်တော့်မိတ်ဆွေများဖြင့် ဆက်ပြီး အတူဆုံကာ ကျွန်တော် အလုပ်လုပ်ပြီးရရှိသည့်ငွေဖြင့် အပြင်ထွက် သောက်စားပြီး ပျော်ပါးကြသည်။ ၎င်းတို့အားလုံးက ကျွန်တော့်ကို ခဏတာပျော်ရွှင်မှု ဆောင်းကြဉ်းပေးခဲ့သည်၊ ထို့နောက် ကျွန်တော့်ဘဝသည် လစ်ဟာနေဆဲဖြစ်သည်မှာ ကျွန်တော်က မှားယွင်းသောလောကတွင် အသက်ရှင်နေထိုင်နေရသည်ဟု ခံစားခဲ့ရသည်။ စားသောက်၊ အတူတကွပျော်ပါးပြီး၊ ဘဝကို ပျော်မွေ့ကာ လူတိုင်းက အပေါ်ယံတွင် မိတ်ဆွေများဖြစ်သော်လည်း၊ အမှန်တကယ်မှာမူ လူတိုင်းက သူတို့ကိုယ်သူသာ ဂရုစိုက်ကြသည်။ အထူးသဖြင့် သူတို့အကျိုးစီးပွားအပေါ် အရေးကိစ္စတစ်ခု က ထိပါးလာချိန်တွင် သူတို့က အချင်းချင်း နောက်ကျောမှနေ တိုက်ခိုက်ပြီး ဝေဖန်ကြသည်။ ကျွန်တော့်အားလပ်ချိန်တွင် ကျွန်တော်က “ ငါ့ဘဝကို ဒီလိုပဲနေရမှာလား။ ငါ့ဘေးနားက မရေမတွက်နိုင်တဲ့လူတွေက တခြားလူတွေရဲ့ လမ်းတွေနောက်လိုက်နေကြတယ်။ ဒီလိုထက်ပိုပြီး အသက်ရှင်နေထိုင်ဖို့ တခြားနည်းလမ်းကို မရှိတော့လို့များလား” ဟု မကြာခဏ တွေးမိခဲ့ပါသည်။ လူ့ဘဝ၏ လစ်ဟာခြင်း ကို ဖြစ်စေသည့် အကြောင်းအရင်းမှာ အဘယ်နည်း တစ်ရက်တွင် အလုပ်၌ ကျွန်တော် အန်းဟောင်းနှင့် ဆုံခဲ့ရသည်။ ကျွန်တော်တို့ အချင်းချင်း သိကျွမ်းလာပြီး၊ အချင်းချင်း အရာအားလုံး ပြောပြကြသည်၊ ပြီးလျှင် ကျွန်တော်တို့ ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာ ကြသည်။ တစ်ခါက စကားစမြည်ပြောရာတွင် ကျွန်တော်က မိမိနှလုံးသားတွင် ခံစားနေခဲ့ရသည့် စိတ်ဓါတ်ကျခြင်းအားလုံးကို သူ့ကို ရင်ဖွင့်ခဲ့သည်။ သူက ကျွန်တော့်ကို “ အစ်ကို့ကို ကျွန်တော် တစ်နေရာကို ခေါ်သွားမယ်၊ ပြီးတော့ အစ်ကို့ ပြဿနာ အားလုံး ပြေလည်သွားလိမ့်မယ်” ဟု ပြောခဲ့သည်။ ဤသည်မှာ ကျွန်တော် သူနှင့် ဘုရားကျောင်းသို့သွားခြင်းဖြင့် အဆုံးသတ်ခဲ့ ပုံဖြစ်သည်။ ကျွန်တော်က ကျွန်တော့် အတွေ့အကြုံ များ အားလုံးအကြောင်းကို ညီအစ်ကိုမောင်နှမများ ကို ပြောပြခဲ့သည်၊ ပြီးလျှင် ကျွန်တော်က “ လူ့ဘဝက ဘာဖြစ်လို့အရမ်းလစ်ဟာနေရတာလဲ။ ကျွန်တော်တို့က ဘဝရဲ့လစ်ဟာခြင်းနဲ့ နာကျင်မှုကို ကိုယ့်ဘာသာ ဘယ်လိုဖယ်ရှားကြမလဲ” ဆိုသည့် မေးခွန်းများ အလျင်ဦးအောင် မေးခဲ့သည်။ ထို့နောက်တွင် အစ်မတစ်ယောက်က “ အစ်ကို၊ အစ်ကိုမေးခဲ့တဲ့ ဒီမေးခွန်းတွေက လူတော်တော်များများကို ဦးနှောက်ခြောက်စေတယ်။ လူတွေရဲ့ ဘဝစံနှုန်းက အခုဆိုရင် ပိုပြီးကောင်းမွန်လာတယ်၊ ပြီးတော့ ကျွန်မတို့က ရုပ်ဝထ္ထုဆိုင်ရာ သာယာမှုတွေကို ပိုပိုပြီး နှစ်သက်ခံစားလာကြတယ်၊ ဒါပေမဲ့ ကျွန်မတို့ဝိညာဉ်တွေထဲက ဟာကွက်ကာလည်း နေ့စဉ်နဲ့အမျှ ပိုကြီးလာတယ်။ ဒါဘာကြောင့်လဲဆိုတာ ဘယ်သူမှ နားမလည်ကြဘူး၊ ဒါပေမဲ့ ဘုရားသခင့်နှုတ်ကပတ်တော်တွေက လူသားမျိုးနွယ်ရဲ့ နာကျင်မှု နဲ့ လစ်ဟာခြင်း ဖြစ်စေတဲ့ အကြောင်းအရင်းကို ထုတ်ဖော်ထားတယ်။ ဘုရားသခင့်နှုတ်ကပတ်တော်တွေရဲ့ ကျမ်းပိုဒ်တစ်ပိုဒ်လောက် ဖတ်ကြရအောင် ‘ဘုရားသခင်အတွက် နေရာမရှိသော လူတို့၏ စိတ်နှလုံးထဲရှိ ကမ္ဘာမှာ မှောင်မိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့ကာ အချည်းနှီးပင် ဖြစ်လေသည်။… အကြောင်းမှာ ဘုရားသခင်၏ ဦးဆောင်လမ်းပြမှု မရှိပါက၊ အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် ယဉ်ကျေးမှုလူ့အဖွဲ့အစည်းကို ထိန်းသိမ်းထားရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ အချည်းနှီးပင်ဖြစ်သည်။ လူသားတို့၏ နှလုံးသားထဲရှိ လစ်ဟာမှုကို ဖြည့်ဆည်းခြင်းငှာ မည်သူမျှမစွမ်းသာပါ။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ လူသား၏အသက် မဖြစ်နိုင်၊ သူ့အား ဖိစီးနှိပ်စက်နေသော ဤလစ်ဟာနေမှုကို မည်သည့်လူမှုသီအိုရီကမျှ မလွတ်ငြိမ်းစေနိုင်သောကြောင့် ဖြစ်ပါသည်။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ သက်သောင့်သက်သာရှိခြင်း၊ ယင်းတို့မှာ ယာယီအနားရခြင်းသာ ဖြစ်သည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားတို့သည် မလွဲဧကန် အပြစ်ကျူးလွန်ကြလိမ့်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားကြလိမ့်မည်။ ဤအရာများက လူသားတို့၏ တောင့်တမှုနှင့် စူးစမ်းစစ်ဆေးလိုသည့်ဆန္ဒကို မချုပ်ထိန်းနိုင်ပေ။ အကြောင်းမှာ လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး လူသားများ၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍ပင် စိတ်သောကများစေနိုင်ပါသည်။ လူသားတို့သည် အမြဲကြောက်ရွံ့နေမည်ဖြစ်ပြီး လူသားတို့၏ နောင်လာမည့်အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို သိလိမ့်မည်မဟုတ်ပေ။ လူသားတို့သည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာမည်ဖြစ်ပြီး မိမိအထဲ၌ လစ်ဟာနေခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာမည်ဖြစ်သည်။… အဆုံးမှာတော့ လူသားဆိုသည်မှာ လူသားသာ ဖြစ်ပေသည်။ ဘုရားသခင်၏နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူတိုင်းအစာရေစာဝလင်လျက် သာတူညီမျှပြီး လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လူသားတို့အနေဖြင့် လိုအပ်သည်မဟုတ်၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အတွက် ဘုရားသခင်၏ အသက်အထောက်အပံ့ကိုလည်း လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် သူတို့အတွက် အသက်အထောက်အပံ့တို့ကို လက်ခံရရှိသောအခါမှသာ လူသားတို့၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန်ဆန္ဒနှင့် ဝိညာဉ်ရေးရာလစ်ဟာမှုတို့မှာ ပြေလည်သွားမည်ဖြစ်သည်။’” ဟု ပြောခဲ့သည်။ ဘုရားသခင့်နှုတ်ကပတ်တော်များကို ဖတ်ပြအပြီးတွင်၊ ထိုအစ်က “ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်က ကျွန်မတို့ရဲ့ လစ်ဟာမှုနဲ့ နာကျင်မှုတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းကို နှံ့နှံ့စပ်စပ်ရှင်းပြခဲ့တယ်။ ကျွန်မတို့က စာတန်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ခံရအပြီးမှာ၊ ဘုရားသခင်ကို စပြီး ရှောင်ကြဉ်တယ်၊ ပြီးတော့ ကျွန်မတို့က ဘုရားသခင့်နှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုနဲ့ ထောက်ပံ့မှုတို့ကို ဆုံးရှုံးခဲ့ပြီး ကျွန်မတို့က စာတန်ရဲ့တန်ခိုးအောက်မှာ အသက်ရှင်နေထိုင်ကြတယ်၊ ပြီးတော့ ဒါဟာ လူသားမျိုးနွယ်အနေနဲ့ အဲဒီလို လစ်ဟာပြီး၊ နာကျင်ရတဲ့ ဘဝတွေမှာ အသက်ရှင်နေထိုင်ရတဲ့ အကြောင်းအရင်းပဲဖြစ်တယ်။ ကျွန်မတို့ဘဝတွေမှာ ကျွန်မတို့အားလုံးက ငွေ၊ ကျော်ကြားမှု နဲ့ ကြွယ်ဝမှုအပြင် ရိုပ်ပိုင်းဆိုင်ရာ သာယာမှုတွေအတွက် ရုန်းကန်လှုပ်ရှားပြီး အပြေးအလွှားသွားနေရတယ်၊ ပြီးတော့ ကျွန်မတို့က အဲဒီအရာတွေကို ပိုပြီး ရှာဖွေလေ၊ ကျွန်မတို့မှာ ပိုပြီး စိတ်မကျေနပ်ဖြစ်ပြီး လောဘပိုကြီးလာတယ်။ ကျွန်မတို့က ဒီအရာတွေကို ရရှိတဲ့အခါမှာ ကျွန်မတို့ ဘဝရဲ့ ရုပ်ဝထ္ထုဆိုင်ရာ အဆင့်အတန်းက တိုးတက်လာပြီး၊ ကျွန်မတို့ သွေးသားက ပျော်မွေ့မှုကို ရရှိတယ်၊ ဒါပေမဲ့ အဲဒါတွေကို ကျွန်မတို့ နှစ်သက်ခံစားပြီးနောက်မှာ ကျွန်မတို့နှလုံးသားက တစ်ဖန် လစ်ဟာတယ်လို့ ခံစားရပြန်တယ်။ ဒီအရာတွေကို မရနိုင်တဲ့အခါကျပြန်တော့လည်း၊ ကျွန်မတို့က နာကျင်မှုနဲ့ ကူညီရာမဲ့မှုကို ပိုလို့တောင် ခံစားရပါတယ်။ ဒါ့ကြောင့် ငွေကြေး ဒါမှမဟုတ် အဆင့်အတန်းမရှိတဲ့ လူတွေက ဘဝမှာ သူတို့မှာ ဘာတွန်းအားပေးမှုမှ မရှိဘူး၊ ပြီးတော့ ဒါက ဘဝမှာ ငွေကြေးနဲ့ အဆင့်အတန်းနဲ့ ကြီးမားတဲ့ ပျော်မွေ့မှု မရှိတဲ့ လူတွေ ခံစားရပုံအတိအကျပါပဲ၊ လစ်ဟာပြီး ဘာတွန်းအားမှ မရှိပါဘူး။ တစ်ချို့လူတွေက သူတို့ဝိညာဉ်ထဲက ဟာကွက်ကာ ဖြည့်ဆည်းဖို့ နည်းလမ်းပေါင်းများစွာကြိုးစားခဲ့ကြတယ်၊ သူတို့က အကကလပ်တွေသွားတယ်၊ သူတို့ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ စျေးဝယ်ထွက် ကြတယ်၊ ခရီးသွားကြတယ်၊ ပြီးတော့ တစ်ချို့လူတွေက မူးယစ်ဆေးဝါးတောင် စမ်းကြည့်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ ဘာပဲလုပ်လုပ်၊ အဲဒါတွေအားလုံးက အကျိုးမရှိပါဘူး။ ဒါက ငွေ၊ ကျော်ကြားမှု နဲ့ ကြွယ်ဝမှုအပြင် ရုပ်ပိုင်းဆိုင်ရာ သာယာမှုတွေက လူသားမျိုးနွယ်ရဲ့ လစ်ဟာမှုကို မဖြေရှင်းနိုင်သလို၊ ကျွန်မတို့ကို ပျော်ရွှင်အောင် နဲ့ ဝမ်းမြောက်အောင် မလုပ်နိုင်ဘူးဆိုတာ ပြနေပါတယ်။ ကျွန်မတို့ လူသားမျိုးနွယ်ဟာ ဘုရားသခင်က ဖန်ဆင်းထားတာပါ၊ ပြီးတော့ ဘုရားသခင်ရှေ့တော်မှောက်ကို လာပြီး၊ သူ့ကယ်တင်ခြင်းကို လက်ခံတဲ့အပြင် သူ့နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နေထိုင်ခြင်းသာလျှင် ကျွန်မတို့နှလုံးသားတွေကို ငြိမ်းအေးစေပြီး ငြိမ်သက်စေပါတယ်၊ ပြီးတော့ ကျွန်မတို့လည်း ကိုယ့်ကိုကိုယ် ဒီလစ်ဟာမှုကို ဖယ်ရှားနိုင်မယ်” ဟု ပြောရင်း ဆက်၍ မိတ်သဟာယပြုခဲ့သည်။ ထိုအစ်မ၏ မိတ်သဟာယပြုခြင်းကို နားထောင်အပြီးနောက်တွင် ကျွန်တော်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ဖန် တွေးမိပြီး သူ့နှုတ်ကပတ်တော်များသည် ကျွန်မနှလုံးသားတည့်တည့်ကို စကားပြောနေခဲ့သည့်အလား ခံစားခဲ့ရသည်။ ကျွန်တော့်မှာ ထိုအချိန်က အစားအစာအတွက် သို့မဟုတ် အဝတ်အထည်အတွက် တတ်နိုင်ဖို့ ပူပန်သောက မရှိခဲ့သော်လည်း ကျွန်တော့်မှာ ဘဝတွင် မပျော်ရွှင်သေးပါ။ အချိန်ကုန်စေဖို့နှင့် မိမိလစ်ဟာမှုကို ဖယ်ရှားဖို့အတွက် ကျွန်တော်က မိမိမိတ်ဆွေများနှင့် မကြာခဏ စားသောက်ပြီး ပျော်ပါးကြသည်။ ထိုအချိန်များက ကျွန်တော်က ရုပ်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုရှိပြီး၊ အပေါ်ယံတွင် အလွန်ပျော်ရွှင်သည့် အသွင်ပေါက်သည်။ သို့သော်လည်း ကျွန်တော် အိမ်ပြန်ရောက်သည့်အချိန်တွင်၊ အထူးသဖြင့် ကျွန်တော်တစ်ယောက်တည်းရှိခဲ့ချိန်တွင်၊ ကျွန်တော်က အလွန့်အလွန် လစ်ဟာပြီးကူညီရာမဲ့သည်ဟု ခံစားရသည်မှာ ကျွန်တော့်မှာ ဘဝတွင် မည်သည့်ပန်းတိုင်မှ မရှိသည့်အပြင် ဘဝကိုက အဓိပ္ပါယ်မဲ့သည်ဟု ခံစားရသည်။ ကျွန်တော့်ဘဝ၏ ဖောဖောသီသီ သုံးစွဲခြင်း၊ ကာမရာဂလိုက်စားမှု နှင့် အထိန်းအကွပ်မဲ့ သောက်စားခြင်းတို့က ကျွန်တော့်ကို ခဏတာ ပျော်ရွှင်မှုသာ ဆောင်ကြဉ်းပေးခဲ့သည်၊ သို့သော်လည်း ကျွန်တော် စစ်မှန်သည့် ပျော်ရွှင်မှုကို လုံးဝ မခံစားရခဲ့ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အမှန်တကယ်ပင် ကျွန်မ၏ ဝိညာဉ်ရေးရာ လစ်ဟာမှုကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်နိုင်ပါသည်။ ကျွန်တော်က မိမိကိုယ်ကို လစ်ဟာခြင်းမှ ဖယ်ရှားဖို့ မျှော်လင့်ခြင်းရှိသည် ထို့နောက်တွင် ထိုအစ်မက “ ကျွန်ုပ်သာ ဘုရားသခင်၏ ကယ်တင်မခံခဲ့ရပါက” ဆိုသည့် ဓမ္မသီချင်းဗီဒီယိုကို ဖွင့်ပြခဲ့သည်။ ဤဓမ္မသီချင်းက ကျွန်တော်ကိုယ်တိုင် စာသားများကို တွေ့ကြုံခံစားရသည့်အလား ခံစားရစေသည်၊ ကျွန်တော် သီဆိုနေစဉ် ကျွန်တော့် ဘဝ၏ အဖြစ်အပျက်များသည် ကျွန်တော့်စိတ်ထဲတွင် ရုပ်ရှင်တစ်ကားကဲ့သို့ ပြသသွားခဲ့သည်။ ကျွန်တော့် အရင်ဘဝသည် အထိန်းအကွပ်မဲ့သော သောက်စားခြင်း၊ လူသားမျိုးနွယ်က မည်သည့်နေရာမှလာမှန်း သို့မဟုတ် ကျွန်တော်တို့ မည်သို့ အသက်ရှင်နေထိုင်သင့်မှန်း မသိခြင်း၊ ဘဝတွင် မည်သည့်ပန်းတိုင်းမှ မရှိခြင်းနှင့် မျှော်လင့်စရာ ဘာမှမရှိသော်လည်း တစ်နေ့လုံး စိတ်ရှုပ်ဖွယ် ရောက်တတ်ရာရာ ဖြစ်သည်မှာ “ အပြစ်တွင် နာကျင်စွာ ရုန်းကန်လှုပ်ရှားခြင်း၊ မျှော်လင့်ချက်တစ်ခုမှ မရှိပဲ အသက်ရှင် နေထိုင်ခြင်း” ဆိုသည့် ဓမ္မသီချင်းတွင် ပြောထားသကဲ့သို့ပင် ဖြစ်ပါသည်။ ထို့အပြင် ဗီဒီယိုထဲမှ ညီအစ်ကိုမောင်နှမများ ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက် သူတို့က လွတ်လပ်ပြီး လွတ်မြောက်သည့် အသက်တာများတွင် အသက်ရှင် နေထိုင်ခဲ့ကြောင်းကို ကျွန်တော် တွေ့မြင်ခဲ့ရသည်။ ဤသည်ကို ကျွန်တော့်နှလုံးသား အား ပြင်းပြင်းထန်ထန်လှုပ်ရှားစေသည်ဟု တွေ့ရှိရပြီး၊ ထိုအခိုက်အတန့်တွင်ပင် ဘုရားသခင်က ကျွန်တော် တို့၏ လစ်ဟာပြီးနာကျင်သည့် အသက်တာများ မှ ကျွန်တော်တို့ကို ကယ်တင်နိုင်စွမ်းအမှန်တကယ် ရှိကြောင်း ကျွန်တော်ခဲ့စားခဲ့ရသည်၊ ထို့အပြင် ကျွန်တော်က ဘုရားသခင်၏ အမှုတော်ကို ဆက်လက်လေ့လာရန် ဆန္ဒရှိခဲ့ပါသည်။ နောက်ပိုင်းတွင် ဘုရားသခင့်နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်းတို့မှ တစ်ဆင့် ကျွန်တော်က ထိုသို့သော သမ္မာတရားဆိုင်ရာ ရှုထောင့်များကို လူသားမျိုးနွယ်၏ ဆုတ်ယုတ်ခြင်းဆိုင်ရာ အရင်းအမြစ်အဖြစ်လည်းကောင်း၊ စာတန်က လူကို မည်သို့ ဖောက်ပြန်ပျက်စီးစေကြောင်းကိုလည်းကောင်း၊ ဘုရားသခင်က လူကို မည်သို့ကယ်တင် ခဲ့ပုံကိုလည်းကောင်း၊ ထို့အပြင် စစ်မှန်သည့် လူသားပုံသဏ္ဍာန်ကို မည်သို့ အသက်ရှင် နေထိုင်ရန်ကိုလည်းကောင်း နားလည်သဘောပေါက်လာခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့်နှုတ်ကပတ်တော်များသည် မည်သည့်လူသားတစ်ယောက်မျှ မပြောခဲ့နိုင် ကြောင်းကို ကျွန်တော်တွေ့ခဲ့သည်၊ ပြီးလျှင် သူ့နှုတ်ကပတ်တော်များက အသက်တာတွင် သွားရမည့် ဦးတည်ချက် ကို ပြခဲ့ပြီး၊ အဓိပ္ပါယ်ရှိသည့် အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ရန် ရှာဖွေရမည့်အရာကို သင်ကြားခဲ့သည်၊ ၎င်းတို့က ကျွန်တော့်အတွက် အလွန် ကြီးစွာပင် အထောက်အကူ ဖြစ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျွန်တော် အသင်းတော်ကို ပူးပေါင်းခဲ့ပြီး မကြာခဏ ဆိုသကဲ့သို့ အစည်းအဝေးများ တက်ရောက်ပြီး ညီအစ်ကိုမောင်နှမများနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မိတ်သဟာယပြုခဲ့သည်။ ဤနည်းလမ်းဖြင့် အသက်ရှင်နေထိုင်ခြင်းအားဖြင့် ကျွန်တော် အလွန်ပင် စိတ်ချမ်းသာခဲ့သည်၊ ပြီးလျှင် ကျွန်တော့် ဝိညာဉ်က ယခင်က လုံးဝမခံစားခဲ့ရဖူးသည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားခဲ့ရပါသည်။ စုံစမ်းသွေးဆောင်ခြင်းကို ကျွန်တော်၏ ခုခံနိုင်စွမ်းမရှိခြင်း၏ အကြောင်းခံ တစ်နေ့တွင် ကျွန်တော်အလုပ်ပြီးသည့် နောက်ပိုင်း ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များက သူတို့နှင့် အပြင်ထွက်ဖို့ခေါ်ခဲ့ကြသည်။ ကျွန်တော် က သူတို့နှင့် စားသောက်ခြင်း မရှိခဲ့သည်မှာ မည်မျှကြာခဲ့ကြောင်းနှင့် ကျွန်တော့် ဘဝသည် အနည်းငယ် မည်သို့ ပေါပြက်ပြက်ဖြစ်လာ ခဲ့ကြောင်းတို့ကို တွေးမိခဲ့သည်၊ ပြီးလျှင် သူတို့နှင့် အပြင်သွားပြီး၊ ခဏတာ အာရုံပြောင်းမှုအချို့ကို ရှာဖွေပါက ကောင်းမည်ဟု တွေးမိခဲ့သည်။ ထို့ကြောင့် ကျွန်တော် သူတို့နှင့် အပြင်သို့သွားခဲ့ သည်။ ထိုညနေတွင် အိမ်ပြန်ရောက်ပြီးနောက်၊ ကျွန်တော့်က မိမိနှလုံးသားကို ဆိတ်ငြိမ်စေပြီး ချင့်ချိန်စဉ်းစားခဲ့သည်၊ “ ငါက အခု ဘုရားသခင်ကို ယုံကြည်လာပြီ၊ ဒါပေမဲ့ ဒီလိုမျိုး ဖြုန်းတီးတဲ့ ဘဝတစ်ခုမှာ မယုံကြည်သူတွေလိုမျိုး အသက်ရှင် နေထိုင်နေတာ ဘုရားသခင်ကို ကျေနပ်စေရဲ့လား။ ဒါက ခရစ်ယာန်တစ်ယောက် လုပ်သင့်တဲ့ အလုပ်မဟုတ်ဘူး” ထို့ကြောင့် ကျွန်တော်က ဘုရားသခင် ရှေ့တော်မှောက်သို့ ဆုတောင်းရန် လာခဲ့သည်၊ “ အိုဘုရားသခင်၊ ကျွန်တော် ဆုတ်ယုတ်မှုထဲကိုနောက်ထပ် မကျရောက်လို တော့ပါဘူး၊ ဒါပေမဲ့ ကျွန်တော် စုံစမ်း သွေးဆောင်ခြင်းကို မရှောင်နိုင်ဘူး။ ကျေးဇူးပြု ပြီးတော့ ဒီရုပ်ပိုင်းဆိုင်ရာ ဆန္ဒတွေနဲ့ စုံစမ်း သွေးဆောင်ခြင်းတွေကို အောင်နိုင်ဖို့ ကျွန်တော့်ကို ကူညီတော်မူပါ” နောက်ပိုင်းတွင် ကျွန်တော် ဘုရားသခင့်နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည်။ “ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသောလူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ လူသားသည် ပဒေသရာဇ်စနစ်ဆိုင်ရာ ကိုယ်ကျင့်တရားများ၏ လွှမ်းမိုးခြင်းခံရကာ ‘အဆင့်မြင့်ပညာသင်ကျောင်းများ’ တွင် သင်ယူခဲ့ကြသည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ပျက်စီးယိုယွင်းသော စာရိတ္တ၊ လူ့ဘဝကို တန်ဖိုးမထားခြင်း၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော ဘဝ၊ စာရိတ္တပျက်ပြားသော အသက်ရှင်ပုံနှင့် ဓလေ့စရိုက်များ၊ စသည်တို့ အားလုံးသည် လူ့နှလုံးသားအတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ တိုက်ခိုက်၍ အားလျော့စေခဲ့သည်။ အကျိုးဆက်မှာ လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ဆန့်ကျင်မှု ပိုမိုဆိုးရွားလာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုချင်ချင် စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်၏ စကားကို လိုလိုချင်ချင် နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ အသွင်သဏ္ဌာန်ကို လိုလိုချင်ချင် ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုသို့ပြုမည့်အစား လူသားသည် စာတန်၏ အုပ်စိုးမှုအောက်တွင် ပျော်ပါးကာ မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိပဲ၊ ရွှံ့နွံတောထဲ၌ ဇာတိပကတိ၏ ပျက်ဆီးယိုယွင်းခြင်းထံ မိမိကိုယ်ကို လုံးလုံးမြှုပ်နှံထားသည်။ အမှောင်ထုတွင် ကျင်လည်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါပင် လက်တွေ့ကျင့်သုံးရန် စိတ်မကူးကြပေ။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုသည့် ဆန္ဒပြင်းပြမှုလည်း မဖြစ်ပေါ်ကြပေ။ ထိုမျှလောက် အကျင့်ပျက်ပြီးသော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းရယူရန် မည်သို့ဖြစ်နိုင်မည်နည်း။ ထိုမျှ ကိုယ်ကျင့်တရား နိမ့်ကျသော လူသားမျိုးနွယ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။” ကျွန်တော် က ဘုရားသခင်ကို ယုံကြည်နိုင် သော်လည်း ကျွန်တော့် လုပ်ဖော်ကိုင်ဖက် များ၏ စုံစမ်းသွေးဆောင်ခံရခြင်းကို သည်းခံနိုင်စွမ်း မရှိသည့်အပြင် ကျွန်တော့်နှလုံးသားသည် သူတို့နှင့် ထိုကဲ့သို့ ဖြုန်းတီးသော အသက်တာတစ်ခုတွင် အသက်ရှင်နေထိုင်ရသည်ကို ပျော်မွေ့နေရခြင်း အကြောင်းအရင်း တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်တော် နားလည် သဘောပေါက် လာခဲ့ရပါသည်။ “ လူ့ဘဝသည် တိုတောင်းသဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင် အောင်အသုံးချပါ” နှင့် “ ဘဝသည် တိုတောင်း၏။ ဘဝတွင် ပျော်နိုင်တုန်း ပျော်ပါ။” တို့ကဲ့သို့ ယွင်းမှားသော နဂိုမှန်အဆိုလို လူ့အဖွဲ့အစည်းထဲမှ လူသိများသည် ဆိုရိုးများ၏ နည်းဟန်များ အားလုံးက ကျွန်တော်တို့ နှလုံးသားထဲတွင် ၎င်းတို့ဘာသာ အခြေအမြစ်စွဲနေကြသည်။ လူများ က ဘဝတွင် ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့မှုများကို ရှာဖွေပြီး စားသောက်ခြင်းနှင့် ပျော်ပါးခြင်း တို့အပေါ် အာရုံစိုက်သင့်ကြောင်းကို ကျွန်တော် ယုံကြည်ခဲ့သည်၊ ထို့အပြင် ထိုသို့သော ဘဝမျိုးသာလျှင် လူများကို ပျော်ရွှင်မှု ဆောင်ကြဉ်းပေးနိုင်ပြီး ၎င်းတို့ကို ငြီးငွေ့ဖွယ် ကောင်းသည့်လောကအထက်သို့ ချီခံရနိုင်သည်ဟု တွေးမိခဲ့သည်၊ ထို့နောက်တွင် လူတစ်ယောက်၏ တစ်ဘဝလုံးသည် အချည်းနှီးသာ ကုန်ဆုံးရမည် ဖြစ်သည်။ ထိုအရာများမရှိပါက ဘဝသည် လုံးဝ အဓိပ္ပါယ်မရှိဟု ခံစားရသောကြောင့် ကျွန်တော် အချိန်ခဏတာ အပြင်ထွက် စားသောက်ခြင်းနှင့် ပျော်ပါးခြင်းမရှိပါက ကျွန်တော့်နှလုံးသားက ထိုအရာကို စတင်တောင့်တလာခဲ့သည်။ အကြောင်း မှာ ကျွန်တော်က သမ္မာတရားမရှိသည့်အပြင် အပြုသဘောဆောင်သည့်အရာနှင့် အပျက် သဘောဆောင်သည့် အရာတို့ကိုလည်း မသိခဲ့ သောကြောင့် ကျွန်တော်က ဤဆိုးယုတ်သော ရေပန်းစားမှုများတွင် ပိတ်မိကာ၊ အပြစ်ရှိသော သာယာမှုများကို ပျော်မွေ့ပြီး၊ အထိန်းအကွပ်မဲ့ အရက်သောခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယိုယွင်းကျ ဆင်းခြင်း ဘဝတွင် အသက်ရှင်နေထိုင် ခဲ့သောကြောင့် ဖြစ်သည်။ ကျွန်တော်အသွေး အသားသည် ခဏတာ ပျော်မွေ့မှုကိုသာ ရရှိသော်လည်း ဘဝတွင် ရှာဖွေရန် မှန်ကန်သည့်ပန်းတိုင်များမရှိသည့်အပြင် ဘဝ၏ အဓိပ္ပါယ်ကို သတိမပြုမိပဲနှင့် ကျွန်တော့် ဝိညာဉ်က ဆက်ပြီး လစ်ဟာကာ၊ နာကျင်နေခဲ့သည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ထုတ်ဖော် ခြင်းများမှ တစ်ဆင့် ကျွန်တော်က ဤဘဝ နဂိုမှန်အဆိုများသည် စာတန်နှင့် သက်ဆိုင် ကြောင်း၊ ဤအကြံဉာဏ်များနှင့် အမြင်ရှုထောင့် များဖြင့် ကျွန်တော့်ဘဝကို အသက်ရှင်နေထိုင် ခြင်းသည် မိမိဦးတည်ချက်ကိုသာ ဆုံးရှုံးစေကြောင်း ကျွန်တော် နောက်ဆုံးတွင် နားလည်ခဲ့ရသည်။ ကျွန်တော် ထိုနည်းအတိုင်း အသက်ရှင်နေထိုင် ခဲ့ပါက အပြစ်၏သာယာမှုကို အပြုသဘောဆောင် သည့် အရာ တစ်ခုအနေဖြင့် ငမ်းငမ်းတက် လိုချင်နေပြီး သမ္မာတရားကို ရှာဖွေရန် နှလုံးသားမရှိသကဲ့သို့ ဘဝတွင် မှန်ကန်သည့် လမ်းကြောင်း နောက်လိုက် မည်လည်းမဟုတ်ပါ၊ ထို့အပြင် နောက်ဆုံးတွင် ကျွန်တော်က စာတန်၏ အန္တရာယ်ပြုခြင်းနှင့် ဝါးမျိုခြင်းတို့ကို ခံရခြင်းဖြင့် အဆုံးသတ်လိမ့်မည်။ ကျွန်တော့်အား အကြောင်းခံကို မြင်တွေစေသည့်အတွက် ဘုရားသခင် ကို ကျေးဇူးတော်ချီးမွမ်းပါသည်။ ဘဝတွင် ကျွန်တော့်ဦးတည်ချက်ကို တွေ့ခဲ့သည် ကျွန်တော်က ဘုရားသခင့်နှုတ်ကပတ်တော်များ၏ နောက်ထပ်ကျမ်းပိုဒ်တစ်ခုကို ဖတ်ခဲ့ရသည်၊ “ လူတို့ ကြိုးစားအားထုတ်သည့် ဘဝပန်းတိုင် အမျိုးမျိုးကို သင် ခဏခဏ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသည့် အချိန်က သူ၏ နဂိုမူရင်း ရည်ရွယ်ချက်နှင့် မည်သူကမှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ဤအရာတွေအားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏အဝေးသို့ လူတွေကို ဆွဲခေါ်သွားသည်။ သူတို့အားလုံးသည် လူသားမျိုးနွယ်ကျဆင်းသည့် ငရဲကိုရောက်သည့် ကျင်းများ ဖြစ်သည်။ သင်ဒါကို သိမြင်ပြီးနောက်မှာ သင့် ဘဝအပေါ် အမြင်ဟောင်းကို ဘေးမှာထားပြီး၊ ထောင်ချောက် အမျိုးမျိုး၏ အဝေးတွင်နေပါ။ သင့်ဘဝကို ဘုရားသခင်အား ဦးဆောင်စေပြီး သင့်အတွက် အစီအစဉ်များ ပြုလုပ်စေပါ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် လမ်းညွှန်မှုကိုပဲ လိုက်လျှောက်ဖို့ ကြိုးစားပါ။ ရွေးချယ်စရာမရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာဖို့ပါ။” ဘဝတွင် သွားရမည့် ဦးတည်ချက်ကို ဘုရားသခင့်နှုတ်ကပတ်တော်များက ကျွန်တော့်ကို ပြခဲ့သည်။ ကျွန်တော်က ရုပ်ပိုင်းဆိုင်ရာ သာယာမှုများကို ရှာဖွေခြင်းသည် ဆုတ်ယုတ်ခြင်းလမ်းကြောင်း ဖြစ်ကြောင်းကို နားလည်ခဲ့ပြီးဖြစ်သည့်အားလျော်စွာ၊ ကျွန်တော်က ၎င်းကို စွန့်လွှတ်သင့်ကြောင်း၊ ဘုရားသခင် နောက်လိုက်ဖို့ရွေးချယ်သင့်ကြောင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းလမ်းကြောင်းကို လျှောက်ပြီးဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်ကြောင်း ကျွန်တော်သိခဲ့သည်။ ထို့နောက် ကျွန်တော်က သမ္မာတရားကို ဝီရိယဖြင့် ရှာဖွေရန်၊ လူ့အဖွဲ့အစည်း၏ဆိုးယုတ်သော ရေပန်းစားမှုများကို ရှောင်ကြဉ်ရန် နှင့် ကျွန်တော် တစ်ခါမျှ မနေခဲ့ဖူးသည့် ထိုကဲ့သို့ ဖြန်းတီးသော အသက်တာဖြင့် ထပ်ပြီးလုံးဝ အသက်ရှင်နေထိုင်ခြင်းမပြုရန် သံဓိဌာန်ချခဲ့သည်။ အချိန်အတော်ကြာခဲ့ပြီးနောက် ဆောင်းလယ်ပွဲတော်က နီးကပ်လာပြီး ကျွန်တော်မိတ်ဆွေများနှင့် ဆွေမျိုးများက ကျွန်တော့်ကို ဖုန်းခေါ်ပြီး သူတို့နှင့် အပြင်ထွက်ဖို့ခေါ်ကြသည်။ ယခင်က ကျွန်တော့်အနေဖြင့် ထိုကဲ့သို့ပွဲတော်တစ်ခုတွင် မိတ်ဆွေများနှင့် ဆွေမျိုးများဖြင့် စားသောက်ပြီး ပျော်ပါးရန် အခွင့်ရခြင်းကို လက်ခံမည် ဖြစ်သည်၊ ပြီးလျှင် ၎င်းက ကျွန်တော့်ကို ပျော်ရွှင်စေမည်ဟု ယုံကြည်ကာမိမိကိုယ်ကို အလိုလိုက်ရန် စွမ်းအားအကုန်သုံးမည် ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင်မူ ကျွန်တော်က သမ္မာတရားကို ရှာဖွေခြင်းသည်သာလျှင် ငြိမ်သက်ခြင်းနှင့် ယုံကြည်ခြင်း အသိစိတ်ကို ရရှိနိုင်ကြောင်း နားလည်သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။ သူတို့နှင့် ကျွန်တော် အပြင်ထွက်ခဲ့ပါက၊ ကျွန်တော်သည် ခဏတာ ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့မှုကိုသာ ရရှိပြီး၊ ကျွန်တော့်နှလုံးသားကို ဘုရားသခင်အား ရှောင်ကြဉ်စေပြီး၊ ကျွန်တော်သည် နောက်ပိုင်းတွင် လစ်ဟာမှုကို ခံစားရဆဲသာ ဖြစ်မည်။ ထို့ကြောင့် ကျွန်တော်က ခြေငံစွာငြင်းဆိုပြီး၊ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရန်နှင့် ကျွန်တော့် ညီအစ်ကိုမောင်နှမများဖြင့် မိတ်သဟာယပြုရန် အသင်းတော်ကိုသွားခဲ့သည်၊ ပြီးလျှင် ကျွန်တော် ယခင်က တစ်ခါမျှ မခံစားခဲ့ဖူးသည့် ပျော်ရွှင်မှုနှင့် ယုံကြည်မှုတို့ကို ရရှိခဲ့ပါသည်။ ယခင်က ကျွန်တော် မှားယွင်းသောလမ်းကြောင်းကို ရွေးချယ်ခဲ့ပုံ၊ လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော ရေပန်းစားမှုများတွင် နစ်မြုပ်ခဲ့ပုံ၊ အပြစ်၏ သာယာမှုများကို ငမ်းငမ်းတက် လိုလားခဲ့ပုံ၊ ပို၍ပို၍ ယုတ်ညံ့ပြီး၊ လူသားတစ်ယောက်၏ ပုံပန်းအားလုံး ပျောက်ခဲ့ရပုံ၊ အားလုံးတို့သည် ကျွန်တော့် လစ်ဟာမှုကို ဖြည့်ဆည်းခြင်းအတွက်ဖြစ်ပုံ ကို ကျွန်တော် တွေးမိခဲ့သည်။ ကျွန်တော့်ကို ကိုယ်တော့်မိသားစုထဲသို့ ပြန်လည်ခေါ်ဆောင်လာသည်မှာ ဘုရားသခင်၏ သနားကရုဏာတော်ဖြစ်သည်။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကို ကျွန်တော် လက်ခံပြီးနောက်တွင်မှ ကျွန်တော်က ဤဆိုးယုတ်သော လူမှုရေးဆိုင်ရာ ရေပန်းစားမှုများနှင့် စာတန်၏ ဘဝ နဂိုမှန်အဆိုတို့ကို ထိုးထွင်းသိမြင်မှုအချို့ကို ရရှိလာခဲ့သည်၊ ကျွန်တော်က စစ်မှန်သည့်ပျော်ရွှင်မှုဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ကျွန်တော်တို့အသက်တာများတွင် ရှာဖွေရန် ကျွန်တော်တို့အတွက် တန်ဖိုးအရှိဆုံးအရာမှာ မည်သည့်အရာ ဖြစ်ကြောင်း သိလာခဲ့သည်၊ ပြီးလျှင် အသက်တာတွင် စစ်မှန်သည့် ဦးတည်ချက်ကို ကျွန်တော် တွေ့ရှိခဲ့သည်။ ကျွန်တော်က ဘုရားသခင်ကို ကျွန်တော့် အူလှိုက်အသည်းလှိုက်း ကျေးဇူးတင်ရှိခြင်းအား ဆက်ကပ်ပူဇော်ပါသည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်တံဆိပ်များ
All
|