ငွေကြေး၏ ချည်နှောင်မှုကို ဖယ်ရှားခြင်းအားဖြင့် ကျွန်မ စစ်မှန်သည့် ပျော်ရွှင်မှုကို တွေ့ရသည် ရှိအောက် အိုင်
ကျွန်မ ချမ်းသာသည့် ဘဝတစ်ခုကို အသက်ရှင် နေထိုင်နိုင်ဖို့ ငွေရှာရန် ပြင်းပြင်းထန်ထန် အလုပ် လုပ်သည် ကျွန်မခင်ပွန်းကို လက်ထပ်ခဲ့စဉ်က ကျွန်မ တို့က အလွန်ဆင်းရဲပြီး မကြာခဏ ဆိုသကဲ့သို့ အခြားသူများ၏ ဥပက္ခာပြုခြင်းကို ခံခဲ့ရသည်၊ ပြီးလျှင် ကျွန်မတို့ မကြာမီမှာ တိုက်ခန်းတစ်ခုကို ရွှေ့ပြောင်းနိုင်ပြီး ကျွန်မတို့ကို အထင်သေးခဲ့သူများ ကို အောင်နိုင်ဖို့ ကျွန်မ ငွေပိုရှာရန် သံဓိဌာန်ချမိ သွားခဲ့သည်။ ထို့ကြောင့် ကျွန်မက မြို့ပြင်ပမှ သိုးမွှေးချည်ထုတ်လုပ်သည့် စက်ရုံ သို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး၊ သိုးမွှေးချည်များကို စည်ပိုင်း ထဲမှ ရှင်းလင်းခြင်းကို လုပ်ကိုင်ခဲ့သည်။ စက်များ က အလွန်လျင်မြန်စွာ လှည့်သောကြောင့် ကျွန်မသာ လက်များဖြင့် လျင်မြန်မှု မရှိပါက၊ စက်ထဲသို့ညှပ်ပါသွားပြီး အသက်ပါသွားလိမ့်မည်။ သို့သော်လည်း ငွေပိုရှာရန် ကျွန်မက ထိုအသက် ဘေးအန္တရာယ်ကို အရဲစွန့်ပြီး အချိန်ပိုများ ဆက်လက်လုပ်ကိုင်ခဲ့သည်။ သာမာန်အားဖြင့် အချိန်ကုန်သက်သာပြီး ပိုအလုပ်ပြီးရန်၊ ကျွန်မက အလုပ်လုပ်ရင်း အစားစားခဲ့သည်၊ ပြီးလျှင် တစ်ညတွင် သုံးနာရီ သို့မဟုတ် လေးနာရီသာ အိပ်ခဲ့သည်။ တစ်ညနေတွင် ကျွန်မက အချိန်ပို လုပ်ကိုင်နေချိန် စက်လည်ပတ်နေစဉ်မှာ ကျွန်မ အိပ်ပျော်သွားခဲ့သည်။ ကံကောင်းထောက်မစွာပင်၊ ကျွန်မခင်ပွန်းက သူ့အလုပ်ဆိုင်းပြီးစဉ် ကျွန်မကို မြင်သွားခဲ့ပြီး၊ မတော်တဆဖြစ်မှုကိုလည်း ရှောင်ရှား ခဲ့သည်။
0 Comments
ကျောင်ကျန် အမေရိကန်ပြည်ထောင်စု
မကြာသေးမီက ယခုခေတ်အချိန်ကာလတွင် အလွန်လူသိများနေသော စကားတချို့ကို အွန်လိုင်းပေါ်တွင် ကျွန်ုပ်တွေ့ခဲ့သည်။ “ ငွေအတွက် အသက်ရှင်တယ်။ ငွေအတွက် သေတယ်။ တစ်ဘဝလုံး ငွေနောက်လိုက်တယ်။ ငွေကြောင့် ဆုံးရှုံးတယ်။ ငွေကြောင့် လှည့်စားခံရတယ်။ ဘဝအတွက် အသက်ရှင်ပြီး ငွေအတွက် သေဆုံးတယ်။” ထို့အပြင် “ အရာရာမှာ ငွေရှာဖို့ကြည့်ပြီး ဘဏ်မှတ်စုစာရွက်ကို ပိုထူအောင်လုပ်” ။ ငွေကို အရေးပေးသည့် ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ဘဏ်မှတ်စုစာရွက်များပိုပြီး ရှိခြင်းသည် ယနေ့ခေတ်လူတို့ ကြိုးပမ်းသည့် ပန်းတိုင်ဖြစ်သည်။ “ ငွေသာပထမ” ၊ “ ငွေက ကမ္ဘာကို လည်ပတ်စေတယ်။” ” အရာရာမှာ ငွေပဲတော့မဟုတ်ဘူး။ ဒါပေမဲ့ ငွေမရှိရင် ဘာမှလုပ်လို့မရဘူး။” ဆိုသည့်စကားတို့သည် ကျွန်ုပ်တို့၏ ဘဝလမ်းကြောင်းတွင် လမ်းပြပေးသည့် အလင်းတို့ ဖြစ်လာခဲ့ကြသည်။ ဤအဆိုတို့ကို ကျွန်ုပ်တို့ မေးခွန်းမထုတ်သည့်အပြင် မစွန့်လွှတ်ပါ။ ပြီးလျှင် ကျွန်ုပ်သည်လည်း ချွင်းချက်တစ်ခုမဟုတ်ခဲ့ပါ။ |
Click & Join usမော်ကွန်းတိုက်တံဆိပ်များ
All
|