ကျောင်ကျန် အမေရိကန်ပြည်ထောင်စု
မကြာသေးမီက ယခုခေတ်အချိန်ကာလတွင် အလွန်လူသိများနေသော စကားတချို့ကို အွန်လိုင်းပေါ်တွင် ကျွန်ုပ်တွေ့ခဲ့သည်။ “ ငွေအတွက် အသက်ရှင်တယ်။ ငွေအတွက် သေတယ်။ တစ်ဘဝလုံး ငွေနောက်လိုက်တယ်။ ငွေကြောင့် ဆုံးရှုံးတယ်။ ငွေကြောင့် လှည့်စားခံရတယ်။ ဘဝအတွက် အသက်ရှင်ပြီး ငွေအတွက် သေဆုံးတယ်။” ထို့အပြင် “ အရာရာမှာ ငွေရှာဖို့ကြည့်ပြီး ဘဏ်မှတ်စုစာရွက်ကို ပိုထူအောင်လုပ်” ။ ငွေကို အရေးပေးသည့် ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ဘဏ်မှတ်စုစာရွက်များပိုပြီး ရှိခြင်းသည် ယနေ့ခေတ်လူတို့ ကြိုးပမ်းသည့် ပန်းတိုင်ဖြစ်သည်။ “ ငွေသာပထမ” ၊ “ ငွေက ကမ္ဘာကို လည်ပတ်စေတယ်။” ” အရာရာမှာ ငွေပဲတော့မဟုတ်ဘူး။ ဒါပေမဲ့ ငွေမရှိရင် ဘာမှလုပ်လို့မရဘူး။” ဆိုသည့်စကားတို့သည် ကျွန်ုပ်တို့၏ ဘဝလမ်းကြောင်းတွင် လမ်းပြပေးသည့် အလင်းတို့ ဖြစ်လာခဲ့ကြသည်။ ဤအဆိုတို့ကို ကျွန်ုပ်တို့ မေးခွန်းမထုတ်သည့်အပြင် မစွန့်လွှတ်ပါ။ ပြီးလျှင် ကျွန်ုပ်သည်လည်း ချွင်းချက်တစ်ခုမဟုတ်ခဲ့ပါ။
0 Comments
|
Click & Join usမော်ကွန်းတိုက်တံဆိပ်များ
All
|