အလုပ်နေရာ မဟာဗျူဟာများ- ကျွန်မတို့ အလုပ်များကို ထိန်းသိမ်းနိုင်ရန် အံ့ဖွယ်ကောင်းသည့် နည်းဗျူဟာ မာရိ အမေရိကန်နိုင်ငံ အမေရိကန်နိုင်ငံသို့ ကျွန်မ ပထမဆုံး စတင်ရောက်ရှိ ချိန်က၊ ဘာသာစကား အဟန့်အတားကြောင့်၊ စားသောက်ဆိုင် မီးဖိုချောင်တစ်ခုတွင် အလုပ်တစ်ခု ရှာမရမီ အချိန် အတော်ကြာ ယူခဲ့ရပါသည်။ သို့သော် လည်း အလုပ်ရှင်၏ ဒေါသသည် အလွန် ကြမ်းကြုတ် လှသည်။ ဝန်ထမ်း အသစ် နှင့် အဟောင်း များ အားလုံးတွင် တစ်စုံတစ်ယောက်က အမှား လုပ်သည်ကို တွေ့ရှိပါက၊ သို့မဟုတ် ဝန်ထမ်း တစ်ယောက်သည် သူ့ကို စိတ်မချမ်းသာအောင် တစ်စုံတစ်ခု ပြုလုပ်ပါက၊ သူသည် အော်ဟစ်ခြင်း သို့မဟုတ် ထိုသူကို ချက်ခြင်း အလုပ်မှ ထုတ်ခြင်းများ ပြုပါသည်။ ပထမဆုံး ရောက် ရှိသည့်အချိန်က၊ သူ၏ အော်ဟစ်ခြင်းကို ကျွန်မ လည်း မကြာခဏ ခံခဲ့ရပါသည်။ ထိုစားသောက်ဆိုင်တွင် ကျွန်မသည် အချို့သော ဟင်းပွဲ အနည်းငယ်အတွက် တာဝန်ယူရပါသည်။ တစ်ခါက ကျွန်မကို စစ်ဆေးရန် အလုပ်ရှင်က “ မာရိ၊ ဝက်နံရိုးချိုချဉ်မှာ ပါတဲ့ပစ္စည်းတွေက ဘာတွေလဲ” ဟု မေးရာ ကျွန်မမှာ အလွန်စိတ်လှုပ်ရှားပြီး၊ အသံကလည်း အနည်းငယ် တုန်နေပြီးလျှင် ပါသည့် ပစ္စည်းတစ်ခုကို မေ့လျော့သွား သောကြောင့် ကျွန်မ အလုပ်ရှင်သည် ချက်ခြင်းပင် သူ့လက်ထဲမှ ယောက်မကို ပစ်ချလိုက်ပြီး “ ငါဘယ်လိုလုပ်ပြီး ဒီလောက်တုံးတဲ့ သူကို အလုပ် ခန့်ခဲ့မိပါလိမ့်” ဟု အော်ဟစ်ပါတော့သည်။ အလုပ်ရှင် ၏ စွပ်စွဲချက်သည် ကျွန်မကို ပြင်းပြင်း ထန်ထန် နာကျင်စေခဲ့ပြီး၊ ကျွန်မမှာ မည်သည့် အရာကိုမျှ မပြောဝံ့ခဲ့ပါ။ မီးဖိုချောင်ထဲတွင် ကျွန်မတို့ ၆ဦးရှိရာတွင် ကျွန်မတို့ထဲမှ အချို့သည် နေ့စဉ်နှင့် အမျှ ဆူပူခြင်း ခံရကာ၊ သူတို့ထဲမှ ၃ ဦးသည် အလုပ်ထဲ အမှား လုပ်မိသောကြောင့် ဖြစ်စေ၊ အလုပ်ရှင် ဆန္ဒနှင့် မကိုက်ညီ ခဲ့သောကြောင့် ဖြစ်စေ အလုပ်မှထုတ်ခြင်း ခံခဲ့ရပါသည်။ ကျွန်မသည် ဤအချက်ကို အထူးသဖြင့် စိတ်ပူလျက် ရှိသည်။ နေ့စဉ် ကျွန်မ အလုပ်သို့သွားသည့် အခါတွင်၊ ကျွန်မ အလွန်စိတ်လှုပ်ရှားကာ၊ လုပ်သမျှ အရာတိုင်း တွင် သတိထားခဲ့ပါသည်။ အကြောင်းမှာ အမှားလုပ်မိ သောကြောင့် အလုပ်ရှင်ဆူပူခြင်းကို လူများ အားလုံး ရှေ့တွင် ခံရမည်ကို လည်းကောင်း၊ အလုပ်ပင် ထုတ်ခံရမည်ကိုလည်းကောင်း စိုးရွံ့သောကြောင့် ဖြစ်ပါသည်။
တစ်နေ့တွင် ဆေးပြီးခါစ ပန်းကန်ပြားများတင်ထား သည့် လင်ဗန်းကို စင်ပေါ်တွင် တင်ရန် သွားသော်လည်း ရုတ်တရက် ချော်သွားပြီး ကျွန်မလက်ထဲမှ ပန်းကန်ပြား လင်ဗန်းကြီးကို မြေကြီးပေါ် ကျကွဲစေခဲ့ပါသည်။ ဒါဇင်နှင့် ချီသည့် ပန်းကန်ပြားကွဲများကို ကြည့်ရင်း ကျွန်မ အံ့အားသင့် နေခဲ့သည်။ ကျွန်မက “ အဲဒါပဲ။ သွားပြီ။ ငါပန်းကန်ပြား တွေအများကြီး ခွဲမိပြီ။ အလုပ်ရှင် သိလို့ ကတော့ ငါ့ကို အသေအချာကို အလုပ် ထုတ်ပစ်မှာပဲ။ ငါ့လုပ်ဖော်ကိုင်ဖက် တွေလည်း အရင်က ဒီလိုအမှားမျိုးတွေနဲ့ပဲ အလုပ်ထုတ်ခံ ခဲ့ရတာ။” ဟု တွေးမိသည်။ ဤအကြောင်း တွေးရသည်မှာ ကြောက်မက်ဖွယ်ကောင်း လှပြီး ကျွန်မသည် မည်သည့် အရာကို လုပ်ရမှန်း မသိပါ။ ကျွန်မ လုပ်ခဲ့သည့်အရာကို အခြားလုပ်ဖော်ကိုင်ဖက်များ ကြားသည့်အချိန်တွင်၊ အချို့က “ နင် ဘယ်လိုဖြစ်လို့ အဲလောက်တောင် နမော်နမဲ့နိုင် ရတာ လဲ။ နင်ဘယ်လောက်တောင် ပေးရ မယ်ဆိုတာ ငါတော့ မသိဘူး” ဟု ပြောသည်။ အခြား သူများက “ ဟုတ်ပါပြီ။ အဲဒါပါပဲ။ မာရိကတော့ သေအချာပေါက်ကို အလုပ်ကထုတ်ခံ ရတော့မှာပဲ” ဟု ပြောခဲ့သည်။ လူများအားလုံး ပြောသည့် စကားများကို ကြားရသည်မှာ ကျွန်မကို ပိုမိုကြောက်ရွံ့ စေသည်။ ဤအလုပ်သည် အလွန်ရှာရခက်ပြီး၊ အလုပ်ရှင်က အလုပ်ထုတ်သည်ကို အမှန်တကယ် ခံရပါက၊ ကျွန်မ မည်သည့်အလုပ်ကို လုပ်စားရမည်နည်း။ ကျွန်မ ဘာသာ စကားက သိပ်မကောင်းသည်ကိုလည်းကောင်း၊ အခြား မည်သည့်ကျွမ်းကျင်မှုမှ မရှိသည်ကို လည်း ကောင်း၊ ပြီးနောက် အခြား အလုပ်မရှာနိုင် သည်ကို လည်းကောင်း ကျွန်မသိပါသည်။ ကျွန်မ လုပ်ဖော် ကိုင်ဖက်တစ်ဦးက “ လာစမ်းပါ၊ ဒါတွေကို ရှင်းပစ် ရအောင်။ အလုပ်ရှင် မသိစေနဲ့ ဒါမှမဟုတ် နင့်ကို သူဘယ်လောက်တောင် ဒုက္ခပေးမယ် ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး၊ မာရိရေ” ဟု ပြောခဲ့သည်။ စားဖိုမှုး ခေါင်းဆောင်ကလည်း အလျင်အမြန် လာပြီး “ အားလုံးပဲ မြန်မြန်လုပ်ကြပြီး ကူရှင်းပေးကြစမ်း။ ငါတို့ အလုပ်ရှင် အသိခံလို့ မဖြစ်ဘူး” ဟုပြောခဲ့သည်။ ကျွန်မ လုပ်ဖော် ကိုင်ဖက်များအားလုံး အလုပ်များစတင် လုပ်ကိုင် ကြသည်။ အချို့က ကြမ်းပြင် တံမြက်စည်းလှည်းပြီး အလုပ်ရှုပ်နေသည်နှင့်အညီ အခြားလူများက ပန်းကန် ပြားကွဲများကို လိုက်ကောက်နေကြသည်။ ကျွန်မသည် ကြောက်စိတ်နှင့် စိတ်ရှုပ်ထွေးမှု နှစ်ခုလုံး ခံစားရကာ၊ ကျွန်မပါ လုပ်ဖော်ကိုင်ဖက်များကို ကူညီရှင်းလင်း ပေးခဲ့ပြီး “ ဒါကိုဖုံးနိုင်အောင် တတ်နိုင်သမျှ အကောင်းဆုံး ငါကြိုးစား ရမည်” ဟု တွေးနေပါသည်။ သို့သော်လည်း ကြမ်းပြင်ပေါ်ထိုင်လိုက်ပြီး မိနစ် အနည်းငယ် စတင်ရှင်းလင်းပြီးနောက်တွင်၊ ကျွန်မ စိတ် ထဲ၌ အလွန်မအီမသာ ဖြစ်လာခဲ့သည်။ ကျွန်မသည် ခရစ်ယာန် တစ်ယောက်ဖြစ်သည်။ ကျွန်မ ပန်းကန်ပြား များကို သိသိသာသာပင် ခွဲပစ်လိုက်ပြီး၊ ထို့နောက် အလုပ်ရှင်ကို လိမ်ညာလိုခဲ့သည်။ ဤသည်မှာ လှည့်စားခြင်း ဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် မညီပါ။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိပါသည်။ “ သာမန် သက်ရှိလူသား တစ်ဦးအဖြစ် စကားပြောခြင်း ဆိုသည်မှာ ယုတ္တိရှိရှိ လွယ်ကူ ရှင်းလင်း အောင် စကားပြောခြင်းဖြစ်သည်။ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်၏။ ဆီလျော်သောစကားနှင့် မှန်ကန်သော အကြောင်းအရာများကို ပြော၏။ မလှည့်စား၊ မုသားမပြော။” “ လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင် သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြု လုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှု တိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတွေ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။… လက်ရှိအချိန်မှာ သင်က ကြီးမားသည့် အရာများ ဘာမျှမဖြစ်။ ကြီးမားသည့် သက်သေခံမှုများ မရှိ။ သို့သော်လည်း သင်၏ နေ့စဉ်အသက်တာ အသေးစိတ်သည် ဘုရားသခင်အပေါ် သက်သေခံခြင်းနှင့် ဆက်စပ်နေသည်။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစု အဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်။” ကျွန်မက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချိန်ဆရင်းဖြင့် “ ငါက ခရစ်ယာန်တစ်ယောက် ဖြစ်တယ်။ ပြီးတော့ ရိုးသားစွာနေခြင်း နဲ့ မလိမ်ညာ ခြင်းတို့ဟာ ငါတို့ဆီက ဘုရားသခင်ရဲ့ လိုလားချက် ဖြစ်တယ်။ ငါတစ်ခုခု အမှားလုပ်တယ် ဆိုရင်၊ တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို အသက်ရှင်နေထိုင်ခြင်းနဲ့သာ ငါ့မှာ လူသား ပုံသဏ္ဌာန် နဲ့ ဂုဏ်သိက္ခာရှိမှာ ဖြစ်တယ်။ ဒီအဖြစ်အပျက်ရဲ့ အပြင်ပန်း သဏ္ဌာန်က ငါက ပန်းကန်ပြားတွေကို ခွဲလိုက်တယ်လို့ဖြစ်ပေမဲ့၊ ငါ့မှာ အခုလို ဖြစ်ရတာက ငါ့အတွက် စစ်ဆေးမှုတစ်ခု ဖြစ်တယ်။ ငါက သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်း နဲ့ ရိုးသားခြင်း ရှိမရှိကို ဘုရားသခင်က ငါ့နံဘေးကနေ ပြီး ကြည့်နေတယ်။ ပြီးတော့ ငါဘာကို ရွေးမလဲဆိုတာကို စာတန်ကလည်း စောင့်ကြည့် နေတယ်။ ငါက ကိုယ့်အကျိုးတွေ အတွက်သာ ကာကွယ်ဖို့ ကြိုးစားနေရင်၊ အလုပ်ရှင်ဆူမှာ ကြောက်နေ ရင် ဒါမှမဟုတ် ထုတ်ပယ် ခံရမှာကြောက်နေရင်၊ ဒါကို ငါက လှည့်စားမှုနဲ့ ကိုင်တွယ်သွားပြီး၊ သက်သေ ခံချက်လည်း ဆုံးရှုံးရမယ်။ စာတန်ကလည်း ငါ့ကို ဘုရားသခင် မျက်မှောက်တော်မှာ စွပ်စွဲမှာပဲ၊ အဲဒါ ကြောင့် ဘုရားသခင်ရဲ့ နာမတော်ကို အရှက်တကွဲ ဖြစ်စေနိုင်တယ်။ အဲဒီလိုဖြစ်တာက ငါဟာ ဘုရားသခင်ကို အမှန်ကတယ် ယုံကြည်သူ တစ်ယောက် မဟုတ်ဘူးဆိုတာလဲ ပြနေမယ်။” ဟု နားလည် သဘောပေါက် လာခဲ့သည်။ ဤအကြောင်းများကို တွေးတောပြီးနောက် ကျွန်မနှလုံးသား ရွှင်လန်း ဝမ်းမြောက် လာခဲ့သည်။ ကျွန်မသည် ပြတ်သားစွာ ရပ်တည်ပြီး ဘုရားသခင်အတွက် သက်သေခံရမည်။ အလုပ်ရှင်ပြန် လာသည့်အချိန်တွင် ကျွန်မသည် မိမိ အမှားများကို သူ့အား ဝန်ခံရန် အဆင်သင့်ဖြစ်နေခဲ့ပြီ။ ထိုအခိုက်အတန့်တွင် ကျွန်မလက်များ၏ လှုပ်ရှားမှုများ နှေးကွေးလာခဲ့ပြီး စားဖိုမှုးခေါင်းဆောင်က မြင်သွား သည့်အချိန်တွင် သူက “ မာရိ။ မြန်မြန်လုပ်ပြီး ဒါတွေရှင်း ပစ်လေ။ အလုပ်ရှင်က မကြာခင် လာတော့ မှာ” ဟု ပြောသည်။ စားဖိုမှုပြောသည်ကို ကျွန်မ ကြားသည့် အခါတွင် ကျွန်မနှလုံးသားထဲတွင် ကြောက်စိတ်ရှိနေ သေးသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း ပြုမူကာ၊ ရိုးသားစွာနေ လိုသေးကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။ ကျွန်မ အလုပ်ထုတ်ခြင်း သို့မဟုတ် ဆူပူခြင်း ခံရသည့်တိုင် ကျွန်မညဉ်းတွားမည် မဟုတ်ပါ။ ကျွန်မတို့ သန့်ရှင်းရေးလုပ် အပြီးတွင်၊ စားဖိုမှုး ခေါင်းဆောင် သည် အမှိုက်ပုံးအောက်ခြေတွင် ပန်းကန် ပြားကွဲစများကို ဝှက်ထားသည်ကို တွေ့ခဲ့သည်။ ကျွန်မ က “ အဲဒါတွေကို မဝှက်ထားပါနဲ့။ အလုပ်ရှင်လာရင် ကျွန်မ သူ့ကို အမှန်အတိုင်း ပြောလိုက်မယ်။ ပြီးတော့ ဘယ်လောက်ပဲ ကျပါစေ ကျွန်မပေးပါ့မယ်…” ဟု ပြော လိုက်သည်။ ကျွန်မ စကားမဆုံးမီတွင် စားဖိုမှုး ခေါင်းဆောင်က စိုးရိမ် တကြီးဖြင့် “ မာရိရယ်၊ နင် ဘာတွေဖြစ်နေတာလဲ။ နင်က အလုပ်ရှင်ကို သိစေချင် တယ်လား။ အဲဒါ အလုပ်ဖြုတ်ဖို့ တောင်းပန်နေ တာပဲလေ။ နင်ဒီအလုပ်ကို မလိုချင်ဘူးလား။ အခုအလုပ် တစ်ခုရှာရတာ ဘယ်လောက်ခက် တယ်ဆိုတာရော နင် မသိဘူးလား။ ဒါကို အလုပ်ရှင်မသိအောင် ငါတို့ ကူဝှက် ပေးမယ်။ ဒါဆို သူလည်း နင့်ကို ဘာဒုက္ခမှပေး မှာမဟုတ်ဘူး” ကြားဖြတ် ပြောလေသည်။ ကျွန်မက အလုပ်ရှင်ကို ပြောရန် စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်သောကြောင့် ပြန်မဖြေခဲ့ပါ။ အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည် ၁၀ မိနစ်၊ မိနစ် ၂၀… ကျွန်မစိတ်ထဲမှနေပြီး အလုပ်ရှင် ၏ရက်စက်သော အမူအရာကို စိတ်ကူးကြည့်နေခဲ့ပြီး၊ စိတ်လှုပ်ရှားကာ ထပ်မံ ကြောက်ရွံ့လာပြန်သည်။ ကျွန်မတို့ ရိုးသားသူများ ဖြစ်ခြင်းသည် ဘုရားသခင်၏ လိုလားချက်ဖြစ်မှန်း သိပြီး ကျွန်မ ပန်းကန်ပြားများစွာ ခွဲခဲ့ကြောင်း အလုပ်ရှင်ကို အလွန်ပင် ပြောလိုသော် လည်း၊ ကျွန်မ အလုပ်ထုတ်ခံရ မည်ကို စိတ်ပူနေခဲ့သည်။ ကျွန်မ ဤအကြောင်းကို အလုပ်ရှင်ကို မည်သို့ အကောင်းဆုံး ပြောပြမည်နည်း။ ကျွန်မ ချက်ခြင်း မပြောပါကလည်း၊ သူသည် ကျွန်မကို ချက်ခြင်းပြော သကဲ့သို့ပင် ဆိုးရွားစွာ ဆူပူခြင်း မည်မှာ သေချာ ပါသည်။ သို့မဟုတ် ယခင်ထက်ပင် ပိုဆိုးသွား နိုင်ပါသည်။ ဤအကြောင်းကို ကျွန်မ ပိုတွေးလေ၊ ပို၍စိတ်ရှုပ်ထွေးလာလေ ဖြစ်သည်။ တစ်နာရီသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး၊ အလုပ်ရှင် ကလည်း အလုပ်ကို မကြာမီရောက်လာတော့မည် ဖြစ် သော်လည်း ကျွန်မက အလုပ်ရှင်ကို မည်သို့ပြောရမည် ကို မတွေးရသေးပါ။ ကျွန်မ လုပ်နိုင်သည့်အရာမှာ ကျွန်မနှလုံးသားထဲမှ ဆုတောင်းရုံသာ ရှိပါသည်။ “ ဘုရားသခင်၊ ကျွန်မ ကြောက်နေပါတယ်။ ဒီနေ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ဆိုတာ အလုပ်ရှင် ကို ကျွန်မ ဖွင့်ပြောပြီး ရိုးရိုးသားသား ဆက်ဆံ ရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အဲဒီအချက်ကို ရင်ဆိုင်ရမဲ့အခါမှာ အလုပ် ထုတ်ခံရမှာကို စိတ်ပူနေ တုန်းပါပဲ။ ဘုရားသခင် ကျွန်မ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ နဲ့ ခွန်အားတို့ကို ပေးဖို့သာ တောင်းလျှောက်ပါတယ်။ ပြီးတော့ ကျွန်မ ကိုယ်ကျိုး တွေကို မတွေးစေပဲနဲ့ ကိုယ်တော့်ကို ဖြည့်ဆည်း ဖို့အတွက် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်နိုင်ဖို့ ကိုလည်း တောင်းလျှောက် ပါတယ်။” ဆုတောင်း ပြီးနောက် ကျွန်မစိတ်ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့ပါသည်။ “ လူတို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ ကိုင်ဆောင်ထားပြီး၊ လူသားအားလုံး၏ ဘဝကို ဘုရားသခင်သည် သူ၏ မျက်လုံးများဖြင့် ကြည့်ရှုလျက် ရှိပါသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိ သက်မဲ့ အရာအားလုံးသည် ဘုရားသခင်၏ အတွေးနှင့်အညီ ရွေ့လျား၊ ပြောင်းလဲ၊ ပြန်လည်စတင်ပြီး ကွယ်ပျောက် သွားရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အရာအားလုံးကို ထိန်းချုပ် အုပ်စိုးပုံ ဖြစ်ပါသည်။” ဘုရားသခင်၏ နှုတ်ကပတ်တော် ဆိုင်ရာ လမ်းပြခြင်းနှင့် အလင်းပေး ခြင်းတို့ဖြင့် ကျွန်မနှလုံးသားသည် ရွှင်လန်း ဝမ်းမြောက် လာခဲ့ပါသည်။ ဟုတ်ပါသည်။ ဘုရားသခင် သည် အရာများ၊ အမှုကိစ္စများနှင့် လူများ အားလုံးတို့ကို အုပ်စိုးပါသည်။ ထို့ကြောင့် ကျွန်မ အလုပ်ရှင်၏ အတွေးများနှင့် ကျွန်မ အလုပ်တို့သည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိပါသည်။ ဘုရားသခင်က ကျွန်မကို နေခွင့်ပေးပါက၊ အလုပ်ရှင်က ကျွန်မကို အလုပ် ထုတ်မည် မဟုတ်ပါ။ ပြီးနောက်တွင် ကျွန်မ ထုတ်ပယ်ခံ ရပါကလည်း၊ ၎င်းကိုလည်း ဘုရားသခင်က ခွင့်ပြုခြင်း ဖြစ်ပါ သည်။ ထို့ကြောင့် ကျွန်မသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများထံသို့ အပ်နှံသင့် ပါသည်။ ဤအချက်ကို နားလည်သဘောပေါက်ခြင်းဖြင့် ကျွန်မ နှလုံးသားသည် အထူးသဖြင့် အေးဆေးပြီး ငြိမ်သက် လာပါသည်။ တစ်နာရီကြာပြီးနောက် အလုပ်ရှင်ရောက်လာခဲ့သည်။ ပြီးနောက် ကျွန်မသည် စာတန်၏ မှောင်မိုက်သည့် စွမ်းအားမှ ဖောက်ထွက်နိုင်ရန် ခွန်အား နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း တို့အတွက် မိမိ နှလုံးသားထဲမှ ဘုရားသခင်ကို အဆက်မပြတ် တောင်းလျှောက်နေခဲ့သည်။ ဘုရားသခင်ကို ကျေးဇူး တင်ပါသည်။ ကျွန်မ အလုပ်ရှင်ကို တွေ့ပြီးနောက် မည်သည့်နေရာမှ ခွန်အားများ ရောက်လာသည်ကို မသိသော်လည်း ကျွန်မက “ သူဌေး၊ ကျွန်မဒီနေ့ အမှားတစ်ခု လုပ်မိတယ်” ဟု ပြောလိုက်သည်။ အလုပ်ရှင်က ကျွန်မကို ကြားပြီး နောက် စိတ်မဆိုးရုံမျှမက၊ “ နင်ဘာအမှား လုပ်လိုက် လဲ” ဟု မေးရင်းဖြင့် မျက်နှာက ပြုံးစစဖြစ်နေခဲ့သည်။ ကျွန်မက အမှိုက်ထုပ်ကို ဖြေပြီး “ ကျွန်မ ပန်းကန်ပြားတွေ အများကြီး မတော်တဆခွဲမိတယ်။ အဲဒါတွေ ဒီထဲမှာပါ။ အဲဒါကြောင့် ကျွန်မ သူဌေးကို ပိုက်ဆံဘယ်လောက် ကုန်အောင် လုပ်တယ်ဆိုတာ ကြည့် ပြီးတော့ ကျွန်မ လစာထဲက ပြန်နှုတ်လို့ရပါတယ်” ဟု ပြောပါသည်။ အလုပ်ရှင်က အနားကို လာပြီး၊ အိတ်ထဲမှ ပန်းကန်ပြား အကွဲများကို ကြည့်လိုက်ကာ ကျွန်မကို ပုံမှန်လေသံနှင့် ပြောခဲ့သည်။ “ ပေးစရာမလိုပါဘူး။ ဒါတွေက ပန်းကန်ပြားအကွဲတွေပါ။ ဒါတွေက အရေးမကြီးပါဘူး။ နင့်လက်တော့ မထိသွားဘူးလို့ မျှော်လင့်ရတာပဲ။ အခုအချိန်ကစပြီး ပိုပြီး သတိထားလေ။” ထို့နောက်တွင် သူက ကျွန်မမှာ ထိခိုက်ဒဏ်ရာ တစ်ခုတစ်လေ ရှိမရှိကို ထပ်မံ မေးမြန်းခဲ့သည်။ ကျွန်မသည် အလုပ်ရှင်၏ စကားများကို ကြားရသည့်အတွက် အံ့အားသင့်ပြီး ပျော်ရွှင်ခဲ့ရပါသည်။ ကြမ်းတမ်းခက်ထန်သည့် ပင်ကိုယ် စရိုက်ရှိသည့် အလုပ်ရှင်တစ်ယောက်က ကျွန်မ အမှားတစ်ခု လုပ်ပြီး သည့်တိုင် ထိုသို့သော အရာများကို ပြောနိုင်သည်မှာ အလွန်ပင် မယုံနိုင်ဖွယ်ရာ ဖြစ်ပါသည်။ ထိုအခိုက်အတန့်တွင် ကျွန်မ လုပ်ဖော်ကိုင်ဖက်များ အားလုံးက ကျွန်မကို ကြောင်ပြီး ကြည့်နေခဲ့ကြသည်။ ကျွန်မက မိမိအမှားကို အလုပ်ရှင်အား အမှန်တကယ်ပင် မိမိသဘောအလျောက် ဝန်ခံလိုက်မည်ဟု သူတို့ စိတ်မကူးနိုင်ခဲ့ပါ။ ပြီးနောက် အလုပ်ရှင်ကလည်း ကျွန်မကို အပြစ်ဒဏ် မပေးရုံမျှမက၊ အမှန်တကယ် သိမ်မွေ့နူးညံ့စွာ စကားပြောဆိုမည်ဟု ကျွန်မ မည်သည့် အခါကမျှ မမျှော်လင့်ထားခဲ့ပါ။ စားဖိုမှုး ခေါင်းဆောင် သည် ကျွန်မနှင့် အမှိုက်ထုပ်သွားပစ် ရင်းဖြင့်၊ ကျွန်မတို့ လမ်းလျှောက်လာသည့်အချိန်တွင် “ နင်ဘာတွေ တွေး နေလဲတော့ ငါလဲမသိဘူး။ ဒီအကြောင်းကို နင် အလုပ်ရှင်ကို ပြောစရာ မလိုပါဘူး။ ငါတို့အားလုံး နင့်ကို ကူညီမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နင့်ကို သူ ဘယ်လောက် ရက်စက်တယ်ဆိုတာ ငါတို့ သိတာပဲ။ ငါတို့က သူဌေးကို သွားပြောမှာကို နင်စိတ်ပူ နေခဲ့ လို့လား” ဟု မေးခဲ့သည်။ ကျွန်မက အလေးအနက်ပင် “ မဟုတ်ပါဘူး။ အစ်ကို ကျွန်မကို တကယ် ကူညီချင် တယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မက ခရစ်ယာန်တစ်ယောက်လေ။ ပြီးတော့ ဘုရားသခင်က ကျွန်မတို့ကို ရိုးရိုးသားသား နေဖို့၊ လက်တွေ့ကျ တာတွေ လုပ်ဖို့ နဲ့ လှည့်စားတာတွေ လုံးဝ မလုပ်ဖို့ ဆိုပြီး ပြောထားတယ်။ ကျွန်မတို့ အမှားတစ်ခုခု လုပ်ရင်လည် ရင်ဆိုင်ရဲ၊ ခံနိုင်ရဲတဲ့ သတ္တိရှိရမယ်လေ။ ဒါက ခရစ်ယာန်တွေ အသက်ရှင်နေထိုင်တဲ့ အခြေခံ သဘောတရား ပါပဲ” ဟု ပြောခဲ့ပါသည်။ စားဖိုမှုး ခေါင်းဆောင်က အံ့အားသင့်ပြီး “ ဪ နင်က ခရစ်ယာန်ပဲ။ နင်နဲ့ အချိန်အကြာကြီး တည့်နေခဲ့ပြီး နင်က လူကောင်း တစ်ယောက် ဖြစ်တယ်၊ တခြား လူတွေနဲ့ ကွာတယ်လို့ ငါအမြဲတွေး ခဲ့တာ အံ့သြစရာမှ မဟုတ်တာ။ ငါနင့်ကို အရမ်း အားကျတယ်။ ဘုရားသခင်ကို ယုံကြည်တာက ကောင်းတဲ့အလုပ်ပဲ၊ ပြီးတော့ ငါလည်း အနာဂတ်မှာ နင့်ဆီကနေ အဲဒီအကြောင်းတွေ ပိုပြီး သင်ယူခွင့်ရဖို့ မျှော်လင့်တာပဲ” ဟု ပြောသည်။ စားဖိုမှုးခေါင်းဆောင် ထိုသို့ပြောသည်ကို ကြားပြီးနောက်၊ ကျွန်မ အလွန်ပျော်ရွှင် ကာ ဘုရားသခင် ကို ရိုးသားစွာဖြင့် ကျေးဇူးတင်ခဲ့ပါသည်။ ဤသည်မှာ ကျွန်မအပေါ် ကျရောက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော် ဆိုင်ရာ အကျိုးသက်ရောက်မှုပင် ဖြစ်ပြီး၊ ကျွန်မက လူကောင်းတစ်ယောက် ဖြစ်သော ကြောင့် မဟုတ်ခဲ့ပါ။ ကျွန်မကို ပိုပြီး အံ့အားသင့်စေခဲ့သည့် အရာမှာ ထိုအချိန်ကတည်းက ကျွန်မ အလုပ်ရှင်က ကျွန်မကို အော်ဟစ်ခြင်း မရှိတော့ပဲနှင့် စတိုင်းဆိုင်တွင် ဝန်ထမ်းအသစ် များကို ခန့်အပ်လိုတိုင်း သူက ကျွန်မနှင့် ဆွေးနွေးပြီး ကျွန်မ၏ ထင်မြင်ချက်များကို ဆင်ခြင် သုံးသပ်ပါသည်။ သူက ကျွန်မကို လစာလည်း တိုးပေး ခဲ့သည်။ ကျွန်မတွေ့သမျှ အခြေအနေအားလုံး နှင့် လူအားလုံး၊ ကျွန်မ ကြုံကြိုက်ရသည့် အမှုကိစ္စများ နှင့် အရာများ အားလုံးတို့တွင် ဘုရားသခင်၏ အလိုတော် ပါဝင်နေ ကြောင်းနှင့် ဘုရားသခင်က ဤပတ်ဝန်ကျင် များကို အသုံးပြုပြီး ကျွန်မတို့ကို ပိုမိုများပြားသည့် သမ္မာတရား များကို ပေးကြောင်း တို့ကို ဤအဖြစ်အပျက် က ကျွန်မကို နားလည်သဘောပေါက် စေခဲ့ပါသည်။ ကျွန်မတို့သည် ဘုရားသခင်၏ လိုလားချက်များအတိုင်း လုပ်ဆောင်သည့် အခါတွင် ဘုရားသခင်၏ လမ်းပြမှု နှင့် ကောင်းကြီး မင်္ဂလာများကို ကျွန်မတို့ တွေ့မြင်နိုင် ပါသည်။ ဘုရားသခင် ကို ကျေးဇူးတင်ပါသည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်တံဆိပ်များ
All
|