ခရစ်ယာန်များသည် အခြားသူများနှင့် မည်သို့အပြန်အလှန်ဆက်ဆံသင့်ပုံနှင့်ဆိုင်သော အခြေခံသဘောတရား ၄ ခု ဟန်ကျိုး ဤရှုတ်ထွေးသော လူ့အဖွဲ့အစည်းထဲတွင်၊ နေ့စဉ် လူမျိုးစုံနှင့် ကျွန်မတို့ ဆက်ဆံရဖို့ ရှိပါသည်။ လူတစ်ဦးစီ၏ ပင်ကိုစရိုက်၊ ဝါသနာများ၊ အလေ့အကျင့်များ၊ နဂိုစိတ်ရင်း စသည်တို့သည် အားလုံးကွဲပြားကြသည်၊ ထို့ကြောင့် ကျွန်မတို့၏ ဆက်ဆံမှုများတွင် သဘောထားကွဲလွဲမှုနှင့် နားလည်မှုလွဲခြင်းများက မရှောင်လွဲနိုင်အောင် ပေါ်ပေါက်ကြပါလိမ့်မည်။ အခြားသူများနှင့် ကောင်းကောင်း အဆင်ပြေပြေနေဖို့ဆိုသည်မှာ မလွယ်ကူပါ-ဤအရာက ကျွန်မတို့၏ အလုပ်နှင့် ဘဝဆီ ကြီးမားသည့် အခက်အခဲများ ယူဆောင်လာပြီး အတိုင်းအတာ အမျိုးမျိုးထိ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်စေနိုင်သည်။ လူများစွာအတွက် ဤအရာက အလွန်စိတ်သောကရောက်စရာ ဖြစ်သော်လည်း၊ သူတို့၏ လက်များ ချည်နှောင်ခံထားရသကဲ့သို့လည်း သူတို့ ခံစားရပြီး၊ ခရစ်ယာန်အနည်းငယ်လည်း ခြွင်းချက်မရှိ ပါဝင်သည်။ ထို့ကြောင့် ကျွန်မတို့၏ အပြန်အလှန်ဆက်ဆံရေးများတွင် သယဇတဖြစ်ခြင်းကို ရရှိဖို့ရန် မည်သည့်အရာကို အတိအကျ လုပ်ဆောင်သင့်ပါသနည်း။ ဤနေရာတွင် အခြေခံသဘောတရား လေးခုအပေါ် ရိုးရှင်းသည့် မိတ်သဟာယကို ကျွန်မတို့ ဝေမျှပါမည်။ ကျွန်မတို့၏ လက်တွေ့လုပ်ဆောင်မှုသည် အောက်တွင်ရှိသည့် အခြေခံသဘောတရားလေးခုနှင့်ညီလျှင်၊ ဤခေါင်းခဲစေသည့် လူအချင်းချင်း ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များမှာ မုချ ပြေလည်သွားပါလိမ့်မည်။
0 Comments
|
Click & Join usမော်ကွန်းတိုက်
October 2019
တံဆိပ်များ
All
|