ယောင်ချင်း သခင့်ကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့တွင် ထာဝရအသက်လမ်း ရှိပါသလား။
သခင်ယေရှုက “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ဟု မိန့်တော်မူခဲ့ပါသည်။ သခင့်၌ ညီအစ်ကို မောင်နှမများစွာက သခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး သခင့်ထံတွင် ထာဝရအသက်လမ်း ရှိကာ ကျွန်ုပ်တို့ကို ဟိုးအရင်ကတည်းက ပေးခဲ့သည်ဟု ယုံကြည်ကြလေသည်။ ကျွန်ုပ်တို့၏ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များတွင် ကျွန်ုပ်တို့၏ အပြစ်များကို ဆက်လက်ဝန်ချခဲ့ကြပြီး ကိုယ်တော်၏ သွန်သင်ချက်များနှင့်အညီ နောင်တရခဲ့ကြသည်။ သခင့်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ဒုက္ခဝေဒနာခံစားပြီး အဖိုးအခပေးခဲ့ကြသည်။ ကိုယ်တော်၏ အသင်းတော်များကို ကျွန်ုပ်တို့ ထိန်းကျောင်းခဲ့ကြသည်။ သူ့နောက်လိုက်ရန် ကားတိုင်များကို ထမ်းရွက်ခဲ့ကြသည်။ အခြားသူများကို ကျွန်ုပ်တို့ သည်းခံပြီး စိတ်ရှည်ခဲ့ကြကာ ကပ်ဘေးများ သို့မဟုတ် ညှင်းပန်းနှိပ်စက်မှုများ ကျွန်ုပ်တို့အပေါ် ကျရောက်သည့်အခါ ကိုယ်တော်၏ အမည်နာမကို မငြင်းပယ်ခဲ့ကြပါ။ သခင့် လမ်းကို ကျွန်ုပ်တို့ ထိန်းသိမ်းနိုင်ကြသည်။ ထို့ကြောင့် ထာဝရအသက်လမ်းကို ကျွန်ုပ်တို့ ရှိထားနှင့်ကြပြီဖြစ်ပြီး သခင်ကြွလာသည့်အခါ ထာဝရအသက်ကို ကျွန်ုပ်တို့ ရရှိမည့်နေရာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ကို ချီမသွားပါလိမ့်မည်။ သို့သော် ဤရှုထောင့်အမြင်သည် မှန်ကန်ပါသလား။ သမ္မာတရားနှင့် ကိုက်ညီပါသလား။
0 Comments
ဝိညာဉ်ရေးရာ အမေးအဖြေမှ ညီအစ်ကို မောင်နှမများ မင်္ဂလာပါခင်ဗျာ။ ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ၊ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက၊ “ခုချိန် ငါတို့က နောက်ဆုံးသော ကာလရဲ့ နှောင်းပိုင်းကို ရောက်နေပြီ။ ကပ်ဘေးမျိုးစုံက ပိုပြီး မကြာခဏဖြစ်ပျက်နေသလို ပိုပိုပြီး ဆိုးလာနေတယ်၊ ပြီးတော့ သခင်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက အခြေခံကျကျ ပြည့်စုံနှင့်ပြီးပြီ။ ဒါက သခင်ဟာ မကြာခင် ပြန်လာတော့မယ်ဆိုတာကို ပြတယ်။ ဒါပေမယ့် မိစ္ဆာဒိဋ္ဌိအယူတွေနဲ့ မှားတဲ့လမ်းတွေကလည်း ပိုပိုပြီး ပေါ်ထွက်နေတယ်၊ ဒါကြောင့် ငါတို့အနေနဲ့ စောင့်ကြည့်ပြီး ဆုတောင်းရမယ်၊ ပြီးတော့ သခင့်ရဲ့ လမ်းကိုစောင့်ထိန်းလိုက်နာရမယ်။ သခင် ပြန်လာပြီးပြီလို့ တစ်ယောက်ယောက်က ဟောရင် ငါတို့ လှည့်ဖြားခံရပြီး ဒီလိုနဲ့ သခင် စွန့်ပစ်တာခံရမှာစိုးလို့ နားထောင်ဖို့၊ ဖတ်ဖို့ ဒါမှမဟုတ် အဲဒါနဲ့ အဆက်အသွယ်လုပ်ဖို့ ငြင်းရမယ်” လို့ ကျွန်တော်တို့ကို ပြောခဲ့ကြတယ်။ ဒါပေမယ့် ညီအစ်ကို မောင်နှမများစွာက၊ “အလှည့်ဖြားခံရမှာ ကြောက်တဲ့အတွက် သခင့်ရဲ့ ပြန်ကြွလာခြင်း သတင်းစကားကို ငါတို့ နားမထောင်ရင်၊ မဖတ်ရင် ဒါမှမဟုတ် အဆက်အသွယ်မလုပ်ရင် ငါတို့က တံခါးကို ပိတ်နေတာ၊ သခင့်ကို ဝင်ခွင့်ပေးဖို့ ငြင်းနေတာ မဟုတ်လား။ ဒီလို ဆို့နှင်တာကို ကြောက်တဲ့အတွက် အစာစားဖို့ ငါတို့ လက်လျှော့ရင် သခင့်ရဲ့ ပြန်ကြွလာခြင်းကို ငါတို့ ကြိုဆိုနိုင်မှာလား” လို့ မရှင်းမလင်း ဖြစ်နေကြပါတယ်။ ဒီတော့ ကျွန်တော် မေးခွန်းတစ်ခု မေးချင်ပါတယ်- လှည့်ဖြားခံရမှာကြောက်တဲ့အတွက် ကျွန်တော်တို့ တံခါးတွေကို ပိတ်ပြီး တစ်ယောက်တည်းစောင့်တာက မှန်ပါသလား။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ အယူအဆ ဘယ်လိုများပါလဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဝေမျှပါ။
ရိုးသားစွာဖြင့် ကွမ်းမင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁ ရက် ကိုင်ဟုန်၊ မလေးရှားနိုင်ငံ ကျွန်မ၏ ဝိညာဉ်သည် အမှောင်ထဲတွင် အားလျော့နေသော်လည်း အထူးကျမ်းစာလေ့လာမှု သင်တန်းတစ်ခုကို ကျွန်မ အမှတ်မထင် တက်ခဲ့ရသည် “မေမေ၊ မေမေ၊ မေမေဘာလို့ ပြန်အိပ်ရတာလဲ” ကျွန်မ သမီးလေးက ကျွန်မကို နိုးသည့်အချိန်တွင်၊ ဆုတောင်းစဉ်အတွင်း ကျွန်မ အိပ်မောကျခဲ့သည်ကို နားလည်လိုက်ပြီး၊ ကျွန်မ အပြစ်ရှိသလို အလွန်ခံစားခဲ့ရသည်။ အချိန်အလွန်ကြာညောင်းအောင် ဒူးထောက်ရခြင်းမှ ထုံသွားခဲ့ပြီဖြစ်သည့် ကျွန်မ၏ ခြေထောက်များကို ကျွန်မ ရိုက်ပုတ်လိုက်ပြီး မတ်တပ်ရပ်ကာ ပြတင်းပေါက်ဆီ လျှောက်သွားလိုက်သည်။ ကောင်းကင်တွင် တွဲလွဲခိုနေသည့် ကြည်လင်ပြီး တောက်ပသည့် လမင်းကို ကျွန်မ ငေးကြည့်သည်နှင့်အညီ၊ အတိတ်၏ အမှတ်ရစရာများထဲ ချွတ်ချော်မဝင်ရောက်ဘဲ မနေနိုင်ခဲ့ပါ။ ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့ မည်သူတစ်ဦးတစ်ယောက်မျှ စမ်းသပ်မှုများ နှင့် သူစိမ်းပြင်ပြင်မဟုတ်ကြပါ။ သမ္မာကျမ်းစာတွင် “ တတိယအပိုင်းကို မီးကိုဖြတ်၍ ငါယူဆောင်လာပြီး ငွေကို သန့်စင်သကဲ့သို့ သူတို့ကို သန့်စင်မည်။ ရွှေကို စစ်သကဲ့သို့ သူတို့ကို ငါစစ်မည်။ သူတို့သည် ငါ့နာမကို ပဌနာပြုကြလိမ့်မည်ဖြစ်ပြီး သူတို့ကို ငါ နားညောင်းမည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါပြောမည်။ သူတို့ကလည်း၊ ယေဟောဝါသည် ငါ၏ဘုရားသခင် ဖြစ်တော်မူ၏ဟု ဆိုကြလိမ့်မည်။” (ဇာခရိအနာဂတ္တိကျမ်း ၁၃:၉) ဟု ဆိုထားပါသည်။ သမ္မာကျမ်းစာတွင် “ ငါ့ညီအစ်ကိုတို့၊… အထူးထူးအပြားပြား စုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။” (ရှင်ယာကုပ်ဩဝါဒစာ ၁:၂-၃) ဟုလည်းဆိုထားပါသည်။ ဘုရားသခင်သည် ကိုယ်တော်၏ ရွေးကောက်ခံလူများကို ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သို့မဟုတ် ကျွန်ုပ်တို့၏ ယုံကြည်မှုများမှ အမည်းစက်များကို ဖြေရှင်းရန်၊ ကျွန်ုပ်တို့၏ မှားယွင်းသော အမြင်ရှုထောင့်များကို ကုစားပြီး၊ ကျွန်ုပ်တို့ သန့်စင်ခြင်းကို ခံရစေရန် တို့အတွက် စစ်ဆေးခြင်းနှင့် စမ်းသပ်မှုများကို ပေးလိုကြောင်း ဤအချက်မှနေပြီး ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့အယူအဆများနှင့် မကိုက်ညီသည့် ပတ်ဝန်းကျင်အမျိုးအစား အားလုံးကို ကြုံတွေ့နိုင်ပါသည်။ ဤပတ်ဝန်းကျင်များ၏ နမူနာများ၌ တစ်ခါတစ်ရံ နာမကျန်းခြင်းဖြင့် စစ်ဆေးခြင်းကို ကြုံတွေ့ရခြင်းနှင့် တစ်ခါတစ်ရံ ကျွန်ုပ်တို့ မိသားစုများသည် ဆွေမျိုးတစ်ယောက် သို့မဟုတ် မိမိနေအိမ်တွင် ခိုးယူခံရခြင်းကဲ့သို့ ဆင်းရဲဒုက္ခကို ခံစားရခြင်းမျိုး ကံမကောင်း အကြောင်းမလှခြင်းဖြင့် ကြုံတွေ့ရနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့ အလုပ်များတွင် အခက်အခဲများ ကြုံတွေ့ရခြင်း သို့မဟုတ် ကျွန်ုပ်တို့ ၏ အသက်တာများသည် ကျွန်ုပ်တို့ ဆန္ဒရှိသကဲ့သို့ မဖြစ်လာခြင်းအပြင်၊ နောက်ထပ် နမူနာတစ်ခုမှာ ကျွန်ုပ်တို့ ဇာတိပကတိ၏ အကျိုးစီးပွားများသည် အသင်းတော်၏ အကျိုးစီးပွားများ နှင့် လာရောက်တိုက်ဆိုင်နေသည့် အခါတွင် ကျွန်ုပ်တို့သည် မည်သည့်အရာကိုဆောင်ရွက်မည်ကို ဆုံးဖြတ်သည့် ဆုံးဖြတ်ချက် ဖြစ်ပါသည်။ ထိုနမူနာများအားလုံးသည် ကျွန်ုပ်တို့အတွက် စမ်းသပ်မှုများဖြစ်သည်မှာ သံသယရှိစရာပင် မလိုပါ။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် ဘုရားသခင် သတ်မှတ်ပေးသည့် စမ်းသပ်မှုများအတွက် ကျွန်ုပ်တို့သည် မည်သည့်နည်းလမ်းဖြင့် ချဉ်းကပ်သင့် သနည်း။ ပြီးနောက် ကျွန်ုပ်တို့ကို စမ်းသပ်မှုများ ကျရောက်သည့်အခါတွင် ဘုရားသခင်၏ အလိုတော်မှာ အဘယ်နည်း။
ချန်းရှန်း အမေရိကန်နိုင်ငံ
လက်ရှိတွင် ညီအစ်ကိုမောင်နှမ အများစုတို့သည် ခရစ်တော် အတုအယောင်၏ လှည့်စားခြင်း ခံရမည်ကို ကြောက်သောကြောင့် သတိမပြုပဲနှင့် ဒေသနာများကို နားမထောင်ဝံ့ကြပါ။ သို့သော်လည်း ကျွန်မတို့၏ တံခါးများကို ပိတ်ထားပြီး၊ ဤကဲ့သို့ မိမိတို့ကိုယ်ကို ထိန်းသိမ်းထားခြင်းသည် ကျွန်မတို့ အသက်တာ တိုးတက်မှု ကို နှောင့်နှေးစေမည့်အပြင်၊ ကျွန်မတို့သည် သခင့်ကို ကြိုဆိုရန် အခွင့်အလမ်းပင် ဆုံးရှုံးနိုင်ပါသည်။ ကျွန်မတို့သည် ကိုယ်တော်၏ စွန့်ခွာခြင်းကိုပင် ခံရနိုင် ပါသည်။ အမှန်မှာမူ ကျွန်မတို့သည် ခရစ်တော် အတု အယောင်ကို ပိုင်းခြားသိမြင်ခြင်းဆိုင်ရာ အခြေခံမူများအား နားလည်နေ သမျှ ကာလပတ်လုံး၊ ၎င်းတို့၏ လှည့်စားခြင်းကို အလို အလျောက် ခံရမည် မဟုတ်ပါ။ သမ္မာကျမ်းစာလေ့လာမှု အစည်းအဝေး အချို့ကို တက်ရောက်ပြီးနောက်၊ ကျွန်မက ခရစ်တော် အတုအယောင်များကို ပိုင်းခြားသိမြင်ခြင်းဆိုင်ရာ အခြေခံမူများကို နားလည်ရုံသာမက၊ သတင်းကောင်း ကိုလည်း ရရှိလာခဲ့ပါသည်။ |
Click & Join usမော်ကွန်းတိုက်
October 2019
တံဆိပ်များ
All
|