သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို ရရှိရန် သမ္မာကျမ်းစာ ဖတ်ရှုခြင်းအတွက် အဓိက လမ်း (၃) သွယ် ရှောင်ရှောင်၊ ပြင်သစ် သမ္မာကျမ်းစာ ဖတ်ရှုခြင်းသည် ခရစ်ယာန်များ နေ့စဉ်လုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်ပြီး၊ သမ္မာတရားကို ရရှိခြင်းနှင့် ကျွန်မတို့ ဝိညာဉ်ရေးရာ အသက်တာများ၌ ကြီးထွားတိုးတက်ခြင်းဆီသို့ သွားရာလမ်းကြောင်းအပေါ်တွင် မရှိမဖြစ်သောအရာလည်း ဖြစ်ပါသည်။ သခင်ယေရှုက “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်။” (ရှင်မဿဲခရစ်ဝင် ၄:၄) ဟု ပြောခဲ့သည်။ သိသာထင်ရှားစွာပင်၊ သမ္မာကျမ်းစာထဲရှိ ဘုရားနှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုပြီး ကျွန်မတို့ နှလုံးသားများထဲတွင် ၎င်းတို့ကို ခိုင်ခိုင်မာမာ စွဲကိုင်ထားခြင်းက ခရစ်ယာန်တိုင်း လုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်သည်။ သို့သော်၊ ကျွန်မတို့ အယောက်စီတိုင်းသည် ကျွန်မတို့၏ ကျမ်းစာ ဖတ်ရှုရာတွင် အောက်ပါအတွေ့အကြုံ ရှိကြလေသည်။ တစ်ခါတစ်ရံ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့်အလင်းပြခြင်းတို့ကို ကျွန်မတို့ ရရှိနိုင်ကြသည်။ ကျွန်မတို့၏ စိတ်ဝိညာဉ် တို့ထိခံရသည်။ ဘုရားသခင်၏ အလိုတော်နှင့် သတ်မှတ်ချက်များကို ကျွန်မတို့ နားလည်သဘောပေါက်နိုင်ကြပြီး ကျွန်မတို့၏ နေ့စဉ်အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့ ယုံကြည်ခြင်း ရှိနိုင်ကြလေသည်။ အချိန်ကာလတစ်ခု ကြာပြီးနောက်တွင် ကျွန်မတို့၏ ဝိညာဉ်ရေးရာအသက်တာတို့ ကြီးထွားလာကြသည်။ သို့သော်၊ နောက်ပိုင်းတွင် တစ်ခါတစ်ရံ၌ ကျွန်မတို့ ကျမ်းစာ ဖတ်ရှုရာတွင် ခြောက်သွေ့မှုနှင့် မွေ့လျော်မှုကင်းမဲ့ခြင်းတို့ကို ကျွန်မတို့ ခံစားကြရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း သို့မဟုတ် အလင်းပြခြင်းတို့ကို မခံစားနိုင်ကြပေ။ ကျွန်မတို့၏ တစ်နေ့ချင်း အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရမည့်ပုံကို သိဖို့မပြောနှင့်၊ ဘုရား၏အလိုတော် နှင့် သတ်မှတ်ချက်များနှင့်ဆိုင်သော အသိပင် ကျွန်မတို့ မရှိကြပါ။ အချိန်တစ်ချို့ကြာပြီးနောက် ဝိညာဉ်ရေးရာ ကြီးထွားမှုကို ကျွန်မတို့ မကြုံကြရတော့ပါ။ တစ်ခါတစ်ရံ ကျမ်းစာဖတ်နေစဉ်တွင် ကျွန်မတို့ အိပ်ပင်အိပ်ငိုက်ချင်ကြပြီး ကျမ်းစာဖတ်ဖို့၊ ဝတ်ပြုအစည်းအဝေးတက်ဖို့နှင့် ဆုတောင်းဖို့တို့ကို ပိုပိုပြီး ဆန္ဒနည်းပါးလာကြသည်။ဤအရာက အလွန် စိတ်ရှုတ်စရာ ဖြစ်နိုင်သည်။ ခါတိုင်းလိုပင် ကျမ်းစာကို ကျွန်မတို့ ဖတ်ကြသည်ပဲ၊ သို့ဆိုလျှင် အဘယ်ကြောင့် လုံးဝမတူကွဲပြားသည့် ရလဒ်နှစ်ခု ရှိရပါသနည်း။ ကျွန်မတို့၏ ကျမ်းစာ ဖတ်ရှုခြင်းတွင် ရလဒ်ကောင်းများကို ရရှိနိုင်ဖို့ရန်အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ကျွန်မတို့ မည်သို့ ရရှိနိုင်သနည်း။ အမှန်တွင် အဓိကအချက်သုံးချက်ကို ကျွန်မတို့ သဘောပေါက်သရွေ့ ဤကိစ္စရပ်ကို ကျွန်မတို့ ဖြေရှင်းနိုင်ပါသည်။ ထို့နောက် ထိုအချက်များအပေါ် ကျွန်မကိုယ်တိုင်၏ ရိုးရှင်းစွာ သိနားလည်မှုကို ဖော်ပြချင်ပါသည်။
0 Comments
ယောင်ချင်း သခင့်ကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့တွင် ထာဝရအသက်လမ်း ရှိပါသလား။
သခင်ယေရှုက “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ဟု မိန့်တော်မူခဲ့ပါသည်။ သခင့်၌ ညီအစ်ကို မောင်နှမများစွာက သခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး သခင့်ထံတွင် ထာဝရအသက်လမ်း ရှိကာ ကျွန်ုပ်တို့ကို ဟိုးအရင်ကတည်းက ပေးခဲ့သည်ဟု ယုံကြည်ကြလေသည်။ ကျွန်ုပ်တို့၏ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များတွင် ကျွန်ုပ်တို့၏ အပြစ်များကို ဆက်လက်ဝန်ချခဲ့ကြပြီး ကိုယ်တော်၏ သွန်သင်ချက်များနှင့်အညီ နောင်တရခဲ့ကြသည်။ သခင့်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ဒုက္ခဝေဒနာခံစားပြီး အဖိုးအခပေးခဲ့ကြသည်။ ကိုယ်တော်၏ အသင်းတော်များကို ကျွန်ုပ်တို့ ထိန်းကျောင်းခဲ့ကြသည်။ သူ့နောက်လိုက်ရန် ကားတိုင်များကို ထမ်းရွက်ခဲ့ကြသည်။ အခြားသူများကို ကျွန်ုပ်တို့ သည်းခံပြီး စိတ်ရှည်ခဲ့ကြကာ ကပ်ဘေးများ သို့မဟုတ် ညှင်းပန်းနှိပ်စက်မှုများ ကျွန်ုပ်တို့အပေါ် ကျရောက်သည့်အခါ ကိုယ်တော်၏ အမည်နာမကို မငြင်းပယ်ခဲ့ကြပါ။ သခင့် လမ်းကို ကျွန်ုပ်တို့ ထိန်းသိမ်းနိုင်ကြသည်။ ထို့ကြောင့် ထာဝရအသက်လမ်းကို ကျွန်ုပ်တို့ ရှိထားနှင့်ကြပြီဖြစ်ပြီး သခင်ကြွလာသည့်အခါ ထာဝရအသက်ကို ကျွန်ုပ်တို့ ရရှိမည့်နေရာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ကို ချီမသွားပါလိမ့်မည်။ သို့သော် ဤရှုထောင့်အမြင်သည် မှန်ကန်ပါသလား။ သမ္မာတရားနှင့် ကိုက်ညီပါသလား။ တုံတုံ တရုတ်ပြည်
ကျွန်မတို့က သမ္မာကျမ်းစာအကြောင်း ပြောသည့် အခါတွင်၊ လူတိုင်းက ၎င်းကို ခရစ်ယာန် ဘာသာ၏ ကျမ်းရင်းအနေဖြင့် လူတိုင်းက သိထား ကြသည်။ ခရစ်ယာန်များအားလုံးတွင် သမ္မာကျမ်းစာ တစ်အုပ်ရှိပြီး၊ ကျွန်မတို့ နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်း ကာလအတွင်း နှင့် အစည်းအဝေးများတွင် ကျွန်မတို့က သမ္မာကျမ်းစာကို ဖတ်ရှုကြပြီး၊ အမှုတော်ဆောင်အလုပ် နှင့် တရားဟောကြား ခြင်းများကို ကျွန်မတို့သည် ၎င်းကို ပို၍ပင် မှီခိုအားထားကြသည်။ သမ္မာကျမ်းစာသည် ခရစ်ယာန် တိုင်း၏ အသက်တာတွင် ခွဲထုတ်မရ နိုင်သည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ဆိုနိုင် ပါသည်။ |
Click & Join usမော်ကွန်းတိုက်
October 2019
တံဆိပ်များ
All
|