ဝိညာဉ်ရေးရာ အမေးအဖြေမှ ညီအစ်ကို မောင်နှမများ မင်္ဂလာပါခင်ဗျာ။ ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ၊ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက၊ “ခုချိန် ငါတို့က နောက်ဆုံးသော ကာလရဲ့ နှောင်းပိုင်းကို ရောက်နေပြီ။ ကပ်ဘေးမျိုးစုံက ပိုပြီး မကြာခဏဖြစ်ပျက်နေသလို ပိုပိုပြီး ဆိုးလာနေတယ်၊ ပြီးတော့ သခင်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက အခြေခံကျကျ ပြည့်စုံနှင့်ပြီးပြီ။ ဒါက သခင်ဟာ မကြာခင် ပြန်လာတော့မယ်ဆိုတာကို ပြတယ်။ ဒါပေမယ့် မိစ္ဆာဒိဋ္ဌိအယူတွေနဲ့ မှားတဲ့လမ်းတွေကလည်း ပိုပိုပြီး ပေါ်ထွက်နေတယ်၊ ဒါကြောင့် ငါတို့အနေနဲ့ စောင့်ကြည့်ပြီး ဆုတောင်းရမယ်၊ ပြီးတော့ သခင့်ရဲ့ လမ်းကိုစောင့်ထိန်းလိုက်နာရမယ်။ သခင် ပြန်လာပြီးပြီလို့ တစ်ယောက်ယောက်က ဟောရင် ငါတို့ လှည့်ဖြားခံရပြီး ဒီလိုနဲ့ သခင် စွန့်ပစ်တာခံရမှာစိုးလို့ နားထောင်ဖို့၊ ဖတ်ဖို့ ဒါမှမဟုတ် အဲဒါနဲ့ အဆက်အသွယ်လုပ်ဖို့ ငြင်းရမယ်” လို့ ကျွန်တော်တို့ကို ပြောခဲ့ကြတယ်။ ဒါပေမယ့် ညီအစ်ကို မောင်နှမများစွာက၊ “အလှည့်ဖြားခံရမှာ ကြောက်တဲ့အတွက် သခင့်ရဲ့ ပြန်ကြွလာခြင်း သတင်းစကားကို ငါတို့ နားမထောင်ရင်၊ မဖတ်ရင် ဒါမှမဟုတ် အဆက်အသွယ်မလုပ်ရင် ငါတို့က တံခါးကို ပိတ်နေတာ၊ သခင့်ကို ဝင်ခွင့်ပေးဖို့ ငြင်းနေတာ မဟုတ်လား။ ဒီလို ဆို့နှင်တာကို ကြောက်တဲ့အတွက် အစာစားဖို့ ငါတို့ လက်လျှော့ရင် သခင့်ရဲ့ ပြန်ကြွလာခြင်းကို ငါတို့ ကြိုဆိုနိုင်မှာလား” လို့ မရှင်းမလင်း ဖြစ်နေကြပါတယ်။ ဒီတော့ ကျွန်တော် မေးခွန်းတစ်ခု မေးချင်ပါတယ်- လှည့်ဖြားခံရမှာကြောက်တဲ့အတွက် ကျွန်တော်တို့ တံခါးတွေကို ပိတ်ပြီး တစ်ယောက်တည်းစောင့်တာက မှန်ပါသလား။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ အယူအဆ ဘယ်လိုများပါလဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဝေမျှပါ။
ရိုးသားစွာဖြင့် ကွမ်းမင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်
0 Comments
|
Click & Join usမော်ကွန်းတိုက်
October 2019
တံဆိပ်များ
All
|