ဟွဖေး မှ ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန် တစ်ဦးချင်းစီအပေါ်၌ ဘုရားသခင်လိုချင်သည့်အရာမှာ စစ်မှန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်ကြရန် ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင်လည်း ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များကို မြင်တွေ့ရပြီး ကောင်းချီးခံစားရသူတို့အကြောင်းကို မှတ်တမ်းတင်ထားသည့် သာဓကများ မြောက်များစွာရှိသည်။ မောရှေသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိခဲ့ပြီး ဖာရောဘုရင်၏ မရေမတွက်နိုင်သော အတားအဆီးများနှင့် ကန့်သတ်ချက်များကို ကိုယ်တော်၏ လမ်းပြမှုမှတစ်ဆင့် ကျော်လွှားနိုင်ခဲ့ပြီး ဣသရေလလူစုလူဝေးတို့ကို အီဂျစ်ပြည်မှ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့သည်။ အာဗြဟံသည်လည်း ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိခဲ့ပြီး သူ၏တစ်ဦးတည်းသောသား ဧသောကို ဘုရားသခင်ထံ ယစ်ပူဇော်ရန် အလိုဆန္ဒရှိခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ့အပေါ် ကောင်းချီးပေးပြီး သူ၏သားစဉ်မြေးဆက်များကို ပွားများစေကာ လူမျိုးကြီးများ ဖြစ်စေခဲ့သည်။ ယောဘသည် ဘုရားသခင်၌ ယုံကြည်မှုရှိပြီး ဘုရားသခင်၏ စမ်းသပ်မှုနှစ်ရပ်မှတဆင့် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ခဲ့သည်။ ဘုရားသခင်သည် သူ့အပေါ်တွင် ပို၍ပင် ကောင်းချီးပေးပြီး သူ့ထံ ထွက်ပေါ်လာခဲ့ကာ သူ့ကို မုန်တိုင်းထဲမှ စကားပြောခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းထဲတွင် ခါနန်အမျိုးသမီးလည်း သခင်ယေရှုအပေါ် ယုံကြည်မှုရှိခဲ့ပါသည်။ သူ၏သမီး၏ ခန္ဓာကိုယ်မှ နတ်ဆိုးကို ယေရှုက မောင်းထုတ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သခင်ယေရှုထံ တောင်းလျှောက်ခဲ့ပြီး သူ့သမီး၏ ဖျားနာမှုမှာ ပျောက်ကင်းခဲ့ရသည်။ ခရစ်ယာန်များအနေဖြင့် စစ်မှန်သော ယုံကြည်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားကို နားလည်သဘောပေါက်ရန် အရေးကြီးလှပါသည်။ သို့မှသာ စီးပွားရေးတွင် ကျရှုံးခြင်းများ၊ ဘဝတွင် ဆုတ်ဆိုင်းမှုများ၊ ကံအကြောင်းမလှသည့် မိသားစုဖြစ်ရပ်များ— စသည့် ဆင်းရဲဒုက္ခများကို ဘဝတွင် မည်သို့ပင် တွေ့ကြုံစေကာမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအပေါ် မှီခိုရပ်တည်ကာ ဘုရားသခင်၏နောက်သို့ မမှိတ်မသုန် လိုက်လျှောက်နိုင်မည်ဖြစ်သည်။ ကိုယ်တော့်အတွက် အံချီးဖွယ်သက်သေများခံရင်း ဘုရားသခင်၏ ချီးမွမ်းတော်မူခြင်းကိုလည်း ခံရမည်ဖြစ်ပါသည်။
0 Comments
ခရစ်ယာန်များသည် အခြားသူများနှင့် မည်သို့အပြန်အလှန်ဆက်ဆံသင့်ပုံနှင့်ဆိုင်သော အခြေခံသဘောတရား ၄ ခု ဟန်ကျိုး ဤရှုတ်ထွေးသော လူ့အဖွဲ့အစည်းထဲတွင်၊ နေ့စဉ် လူမျိုးစုံနှင့် ကျွန်မတို့ ဆက်ဆံရဖို့ ရှိပါသည်။ လူတစ်ဦးစီ၏ ပင်ကိုစရိုက်၊ ဝါသနာများ၊ အလေ့အကျင့်များ၊ နဂိုစိတ်ရင်း စသည်တို့သည် အားလုံးကွဲပြားကြသည်၊ ထို့ကြောင့် ကျွန်မတို့၏ ဆက်ဆံမှုများတွင် သဘောထားကွဲလွဲမှုနှင့် နားလည်မှုလွဲခြင်းများက မရှောင်လွဲနိုင်အောင် ပေါ်ပေါက်ကြပါလိမ့်မည်။ အခြားသူများနှင့် ကောင်းကောင်း အဆင်ပြေပြေနေဖို့ဆိုသည်မှာ မလွယ်ကူပါ-ဤအရာက ကျွန်မတို့၏ အလုပ်နှင့် ဘဝဆီ ကြီးမားသည့် အခက်အခဲများ ယူဆောင်လာပြီး အတိုင်းအတာ အမျိုးမျိုးထိ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်စေနိုင်သည်။ လူများစွာအတွက် ဤအရာက အလွန်စိတ်သောကရောက်စရာ ဖြစ်သော်လည်း၊ သူတို့၏ လက်များ ချည်နှောင်ခံထားရသကဲ့သို့လည်း သူတို့ ခံစားရပြီး၊ ခရစ်ယာန်အနည်းငယ်လည်း ခြွင်းချက်မရှိ ပါဝင်သည်။ ထို့ကြောင့် ကျွန်မတို့၏ အပြန်အလှန်ဆက်ဆံရေးများတွင် သယဇတဖြစ်ခြင်းကို ရရှိဖို့ရန် မည်သည့်အရာကို အတိအကျ လုပ်ဆောင်သင့်ပါသနည်း။ ဤနေရာတွင် အခြေခံသဘောတရား လေးခုအပေါ် ရိုးရှင်းသည့် မိတ်သဟာယကို ကျွန်မတို့ ဝေမျှပါမည်။ ကျွန်မတို့၏ လက်တွေ့လုပ်ဆောင်မှုသည် အောက်တွင်ရှိသည့် အခြေခံသဘောတရားလေးခုနှင့်ညီလျှင်၊ ဤခေါင်းခဲစေသည့် လူအချင်းချင်း ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များမှာ မုချ ပြေလည်သွားပါလိမ့်မည်။
ကိုင်ဟုန်၊ မလေးရှားနိုင်ငံ ကျွန်မ၏ ဝိညာဉ်သည် အမှောင်ထဲတွင် အားလျော့နေသော်လည်း အထူးကျမ်းစာလေ့လာမှု သင်တန်းတစ်ခုကို ကျွန်မ အမှတ်မထင် တက်ခဲ့ရသည် “မေမေ၊ မေမေ၊ မေမေဘာလို့ ပြန်အိပ်ရတာလဲ” ကျွန်မ သမီးလေးက ကျွန်မကို နိုးသည့်အချိန်တွင်၊ ဆုတောင်းစဉ်အတွင်း ကျွန်မ အိပ်မောကျခဲ့သည်ကို နားလည်လိုက်ပြီး၊ ကျွန်မ အပြစ်ရှိသလို အလွန်ခံစားခဲ့ရသည်။ အချိန်အလွန်ကြာညောင်းအောင် ဒူးထောက်ရခြင်းမှ ထုံသွားခဲ့ပြီဖြစ်သည့် ကျွန်မ၏ ခြေထောက်များကို ကျွန်မ ရိုက်ပုတ်လိုက်ပြီး မတ်တပ်ရပ်ကာ ပြတင်းပေါက်ဆီ လျှောက်သွားလိုက်သည်။ ကောင်းကင်တွင် တွဲလွဲခိုနေသည့် ကြည်လင်ပြီး တောက်ပသည့် လမင်းကို ကျွန်မ ငေးကြည့်သည်နှင့်အညီ၊ အတိတ်၏ အမှတ်ရစရာများထဲ ချွတ်ချော်မဝင်ရောက်ဘဲ မနေနိုင်ခဲ့ပါ။ |
Click & Join usမော်ကွန်းတိုက်
October 2019
တံဆိပ်များ
All
|