ရန်းစင်း ရှန်ဒေါင်း ပြည်နယ် နေက အနောက်ဖက်သို့ ဝင်ရောက်သွားပြီး၊ ဝင်သည့် နေ၏ နောက်ဆုံးအလင်းရောင်က ကမ္ဘာလောကအနှံ့ ဖြန့်ကျက်လျက်ရှိစဉ်၊ ကျွန်တော် အစည်းအဝေးတစ်ခုပြီးနောက် အိမ်သို့ လမ်းလျှောက် လာရင်း သင်းအုပ်ဆရာ “ သမ္မာကျမ်းစာမှာ ‘သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။‘ (ရောမ ၁၀:၉-၁၁) လို့ ပြောထားတဲ့အတွက် တစ်ခါကယ်တင်ခံရဖူးရင် ကျွန်တော် တို့တွေဟာ အမြဲတမ်း ကယ်တင်ခံရတယ်။ ကျွန်တော်တို့က သခင်ယေရှုကို ယုံကြည်တာနဲ့အညီ၊ ကျွန်တော်တို့ နှလုံးသားထဲက ယုံကြည်ပြီး၊ ကိုယ်တော့်ကို ကျွန်တော်တို့ နှုတ်တွေနဲ့ အသိအမှတ်ပြုသမျှကာလပတ်လုံး၊ ကျွန်တော်တို့က ကယ်တင်ခံရပြီး၊ ကျွန်တော်တို့ တစ်ကြိမ် ကယ်တင်ခံရရင် အမြဲတမ်း ကယ်တင်ခံရတယ်။ ကျွန်တော်တို့က သခင့် အတွက် အလုပ်ဆက်လုပ်နေပြီး၊ အသုံးခံနေတဲ့အပြင် အဆုံးသတ်အထိ သည်းခံသမျှကာလပတ်လုံး၊ သခင်ပြန်ကြွ လာတဲ့အချိန်မှာ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ကို ချက်ခြင်း ချီဆောင်ခံရလိမ့်မယ်” ဟု ပြောခဲ့သည်ကို တွေးနေမိသည်။ ကျွန်တော်က သင်းအုပ်ဆရာ၏ စကားများကို အာမင်ဟု ပြောခဲ့ သည်၊” ဟုတ်ပါတယ်၊ ကျွန်တော်တို့ ရွေးနှုတ်ခံရဖို့အတွက် သခင်ယေရှုက ကားတိုင်မှာ သံမှိုစွဲခံခဲ့ရတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့က သခင့်နာမတော်ကို ခေါ်၊ သခင့်ဆီမှာ ကျွန်တော်တို့အပြစ်တွေကို ဝန်ခံပြီး၊ နောင်တရရင်၊ ကျွန်တော်တို့ အပြစ်တွေလည်း လွတ်ငြိမ်းမှာဖြစ်ပြီး၊ ကျွန်တော်တို့ကလည်း ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရလိမ့်မယ်၊ တစ်ခါကယ်တင်ခံရဖူးရင်၊ အမြဲတမ်းကယ်တင်ခံရတယ်၊ ပြီးတော့ နောက်ပိုင်းမှာ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲကို ဧကန်မုချ ချီဆောင်ခံရမယ်” ကျွန်တော်၏ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များအတွင်း ဤအမြင်ရှုထောင့်သည် မှန်ကန်သည်ဟု ကျွန်တော် အမြဲတမ်း ခိုင်မာစွာ ယုံကြည်ခဲ့သည့်အပြင်၊ တစ်ခါမျှ လုံးဝ သံသယ မဖြစ်ခဲ့ဖူးပါ။ သို့သော်လည်း တစ်နေ့တွင် ကျွန်တော် နှုတ်ကပတ်တော်များကို ဆွေးနွေးတိုင်ပင်သည်နှင့်အညီ၊ “ သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင် နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲ ၇:၂၁) “ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။” (ရှင်ယောဟန် ၈:၃၁) ဟု သခင်ယေရှု မိန့်တော်မူခဲ့သည့် ဤနှုတ်ကပတ်တော်များကို ကျွန်တော်ဖတ်ခဲ့ရသည်။ ဤနှုတ်ကပတ်တော်များကို ကျွန်တော် သေချာစွာ ချင့်ချိန်စဉ်းစားပြီး၊ သခင်ယေရှုက ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်သူနှင့် သခင့်နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သူသာလျှင် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီကြောင်းကို ပြောနေခဲ့ခြင်း ဖြစ်ကြောင်း ကျွန်တော်တွေ့ခဲ့သည်၊ လူများက ယုံကြည်မှုရှိရုံ သက်သက်အားဖြင့် ကယ်တင်ခံရ နိုင်ကြောင်း သို့မဟုတ် လူများက တစ်ကြိမ် ကယ်တင်ခံရ သောကြောင့် အမြဲတမ်း ကယ်တင်ခံရကြောင်း သို့မဟုတ် လူများသည် သခင်ပြန်ကြွလာသည်နှင့်တပြိုင်နက် ကောင်းကင် နိုင်ငံတော် ထဲသို့ ချက်ခြင်း ချီဆောင်ခံရမည် ဖြစ်ကြောင်းတို့ကို ကိုယ်တော်က ပြောနေခဲ့ခြင်းမဟုတ်ပါ။ ကျွန်တော့်ရှုထောင့်များ သည် သခင့်နှုတ်ကပတ်တော်များနှင့် မကိုက်ညီသည့် အသွင်စပေါက်လာခဲ့သည်။ ဤနှစ်များ တလျှောက်လုံးကျွန်တော် ဆုပ်ကိုင်ထားသည့် အမြင်ရှုထောင့်များသည် မှားယွင်းနေ ခြင်းများ ဖြစ်နိုင်သလား။ ထိုနှစ်များအားလုံးအတွင်း ကျွန်တော်သည် သခင့်ကို ယုံကြည်ခြင်းဖြင့်သာ အချိန်ကုန်ခဲ့ပြီး၊ သခင်ယေရှုက ကျွန်တော်တို့ကို ရွေးနှုတ်ခဲ့ကြောင်းကို သံသယတစ်စက်မျှမရှိပဲ ကျွန်တော် ယုံကြည်သော်ငြားလည်း၊ ကျွန်တော့်အသက်တာတွင် သခင့် သွန်သင်ချက်များကို မကြာခဏ လက်တွေ့လုပ်ဆောင်ခြင်း မရှိခဲ့ပါ၊ ကျွန်တော်က ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သူတစ်ယောက် မဟုတ်ခဲ့သည်နှင့်အညီ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်တော် မည်သို့ဝင်ရောက် နိုင်မည်နည်း။ ဤသည်ကိုတွေးရင်းဖြင့် ကျွန်တော်သည် မစိုးရိမ်မကြောင့်ကြပဲ မနေနိုင်ခဲ့ပါ၊ သို့သော်လည်း ထို့နောက် ကျွန်တော်က “ သခင်ယေရှုက ငါတို့အတွက် အပြစ်ဖြေရာ ယဇ် ဖြစ်လာခဲ့ပြီး၊ ငါတို့အပြစ်တွေ အားလုံးကို လွတ်ငြိမ်း ခဲ့ပြီးတဲ့အားလျော်စွာ ငါတို့က ကိုယ်တော့် ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရခဲ့ပြီးဖြစ်တာကြောင့် ငါတို့ ကောင်းကင်နိုင်ငံတော်ကို ဘာဖြစ်လို့ မဝင်ရောက်နိုင်ရမှာလဲ။ ကိုယ်တော့်ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရခြင်းဆိုတာ ထာဝရကယ်တင်ခြင်းကို ရတာကို ဆိုလိုတာမဟုတ်ဘူးလား” ဟု တွေးမိသည်။ ကျွန်တော် အမှန်တကယ် ခေါင်းခြောက်ခဲ့ သောကြောင့် ဤစိတ်ရှုပ်ထွေး ခြင်းကို ယူကာ၊ သခင့်ကို မကြာခဏ ရှာဖွေပြီး ဆုတောင်းခဲ့ကာ၊ ဝိညာဉ်ရေးရာ စာအုပ်များစွာကိုလည်း အကြံဉာဏ် ရှာဖွေခဲ့သော်လည်း၊ အဖြေကို ရှာမတွေ့နိုင်ခဲ့ပါ။ နောက်ပိုင်းတွင် လုပ်ဖော်ဆောင်ဖက် အစည်းအဝေး၌ ကျွန်တော် မဆုံတွေ့ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သည့် အစ်ကိုဂျွန်းနှင့် ဆုံခဲ့ရသည်။ သူက သင်းအုပ်ဆရာ တစ်ယောက်ဖြစ်ပြီး၊ သမ္မာကျမ်းစာကိုလည်း အလွန်စစ်မှန်သည့် နားလည်သဘောပေါက်ခြင်းတစ်ခု ရှိလေသည်။ အစည်းအဝေး တိုင်းတွင် သူက အသစ်သော သိနားလည်မှု အချို့ကို မိတ်သဟာယပြုနိုင်ပြီး၊ ကျွန်တော်လည်း ၎င်းအားဖြင့် အကျိုးကြီးမားစွာ ခံစားရသည်။ ဤတစ်ကြိမ် ကျွန်တော်သူ့ကို တွေ့သည့်အချိန်တွင်၊ သူ့အား ပျော်ရွှင်စွာ နှုတ်ခွန်းဆက်သကာ၊ ကျွန်တော်တို့ စကားစမြည် ပြောသည်နှင့်အညီ ကျွန်တော့်ကို အချိန်အတော်ကြာ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည့် ပြဿနာကို ပြောပြခဲ့သည်။ အစ်ကိုဂျွန်းက ပြုံးရင်းဖြင့် “ အစ်ကိုရန်း၊ အစ်ကိုပြောပြတဲ့ ဒီပြဿနာက ကျွန်တော်တို့ ကောင်းကင် နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်၊ မဝင်ရောက်နိုင်ဘူး ဆိုတဲ့ အရေးကြီးတဲ့ ပြဿနာနဲ့ ဆက်နွယ်နေတယ်။ ကျွန်တော်လည်း အရင်က ဒါကြောင့်ပဲ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်၊ ဒါပေမဲ့ သခင့်လမ်းပြမှုကျေးဇူးနဲ့ အချိန်တစ်ခု တန်သည် ရှာဖွေခြင်း တို့ကြောင့် အခု စစ်မှန်တဲ့ ကယ်တင်ခြင်းဆိုတာ ဘာလဲ ဆိုတဲ့အကြောင်း ရိုးရှင်းတဲ့ နားလည်သဘောပေါက်မှုတစ်ချို့ ရှိလာပြီ” ဟု ပြောခဲ့သည်။ ကျွန်တော်က ကမန်းကတန်းဖြင့် သူ့အား “ ဒါဆို ကျွန်တော့်ကို မြန်မြန်ပြောပြလေဗျာ” ဟု ပြောလိုက်သည်။ သူက ရယ်ပြီး “ ကျွန်တော်တို့အားလုံး သိထားတဲ့အတိုင်းပဲ ယောလ အနာဂတ္တိကျမ်း အခန်းကြီး ၂ အငယ် ၃၂ မှာ သမ္မာကျမ်းစာ က‘ယေဟောဝါ၏ အမည်နာမကို ပန်ကြားသောသူ မည်သူမဆို ကယ်နုတ်ခံရလိမ်မည်။‘ လို့ပြောထားတယ်။ အဲဒီ အစောပိုင်းကာလတွေမှာ ယေဟောဝါဘုရားသခင်က သူ့ပညတ်တော်တွေကို ကြေညာပြီး၊ အဲဒါတွေကို လိုက်နာဖို့ ဣသရေလလူမျိုးတွေကို ညွှန်ကြားခဲ့တယ်။ လူတွေက ပညတ်တော်တွေကို သူတို့ ထိန်းသိမ်းံပြီး၊ စီရင်မခံရသမျှ ကာလပတ်လုံး သူတို့က ကယ်တင်ခံရမယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ ပညတ်တော်ခေတ် အကုန်မှာ လူသား မျိုးနွယ်က စာတန်အားဖြင့် ပိုပြီး အလွန်အမင်း ဖောက်ပြန်ပျက်စီးလာတာကြောင့် ဣသရေလလူမျိုးတွေက ပညတ်တော်တွေကို မထိန်းသိမ်းနိုင် တော့ပဲ အပြစ်တွေကို ပိုပိုပြီး ကျူးလွန်ခဲ့ကြတယ်၊ သူတို့အပြစ်တွေကို လုံလောက်အောင် ချေပနိုင်ဖို့ သူတို့မှာ အပြစ်ဖြေရာ ယဇ် နောက်ထပ် မရှိတော့ဘူး၊ ဒါ့ကြောင့် သူတို့က ဒီပညတ်တော်တွေအားဖြင့် စီရင်ခံရခြင်း နဲ့ သေဒဏ်အပြစ်ပေးခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ ကြရတယ်။ ဒါပေမဲ့ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် သနားကရုဏာထားခဲ့တယ်၊ ပြီးတော့ လူသားမျိုးနွယ်က ကယ်တင်ခံရပြီး ပညတ်တော်တွေရဲ့ စီရင်ခြင်းက လွတ်မြောက်ဖို့ ဘုရားသခင်က ယေရှု ဆိုတဲ့နာမည်နဲ့ ဇာတိ ပကတိဖြစ်လာခဲ့ပြီး၊ ရွေးနှုတ်ခြင်းအမှုတော်ကို ပြုတော်မူ ခဲ့တယ်၊ အပြစ်မရှိတဲ့ ဇာတိပကတိအနေနဲ့ ကားစင်တင်ခံရပြီး၊ ကျွန်တော်တို့ လူသားတွေကို ပညတ်တော်ကနေ အခမဲ့ ရွေးနှုတ်တော်မူခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့က သခင်ယေရှုရဲ့ နာမတော်ကို လက်ခံခဲ့ပြီး၊ ခေါ်ခဲ့တဲ့အပြင်၊ ကျွန်တော်တို့အပြစ်တွေကို ဝန်ခံဖို့ နဲ့ နောင်တရဖို့ ကိုယ်တော့်ရှေ့တော်မှောက်ကို လာသမျှ ကာလပတ်လုံး၊ ကျွန်တော်တို့အပြစ်တွေက လွတ်ငြိမ်းခံရ မှာဖြစ်ပြီး အဲဒီပညတ်တော်တွေနဲ႔ နောက်ထပ် စီရင်တာ ဒါမှမဟုတ် အပြစ်ဒဏ်ပေးတာကို ခံရမှာမဟုတ်တော့ဘူး။ ကျွန်တော်တို့ကို သခင်ယေရှုက ရွေးနှုတ်ခဲ့လို့ ကျွန်တော်တို့ ကယ်တင်ခြင်းရခဲ့တယ်” ဟု ပြောခဲ့သည်။ အစ်ကိုဂျွန်းက ဤသို့ပြောသည်ကို ကြားပြီးနောက် ကျွန်တော် ရုတ်တရက် အသိဉာဏ်ပွင့်လင်းသွားပြီး၊ အံ့သြတကြီး ဖြင့် “ ဒါဆိုရင် ပညတ်တော်ခေတ်မှာ လူတွေက ယေဟောဝါဘုရားသခင်ရဲ့ ပညတ်တော်တွေကို ထိန်းသိမ်း သမျှကာလပတ်လုံး သူတို့ဟာ ကယ်တင်ခံခဲ့ရတယ်၊ ပြီးတော့ ကျေးဇူးတော်ခေတ်မှာ လူတွေဟာ သခင်ယေရှုကို ယုံကြည်၊ သခင့်ဆီမှာ သူတို့အပြစ်တွေကို ဝန်ခံပြီး နောင်တရသမျှ ကာလပတ်လုံး၊ သူတို့ကလည်း ကယ်တင်ခံခဲ့ရတယ်လို့ အစ်ကိုက ဆိုလိုတာပေါ့” ဟု ပြောလိုက်သည်။ အစ်ကိုဂျွန်းက” ဟုတ်တယ်။ ဘုရားသခင်က အမှုတော် အဆင့်အသစ်ကို ပြုတဲ့အခါတိုင်း ကျွန်တော်တို့က ဘုရားသခင်ရဲ့ အမှုတော် ခြေလှမ်းအတိုင်းအမှီလိုက်နိုင်ပြီး၊ ခေတ်သစ်မှာ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကို လိုက်နာနိုင် တယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အတိုင်း လက်တွေ့လုပ်ဆောင်နိုင်တယ်၊ ဒါ့ကြောင့် ကယ်တင်ခံရပြီး၊ ဘုရားသခင်အားဖြင့် နောက်ထပ် စီရင်တာမခံရတော့ဘူး။ အမှန်ကတော့ ကိုယ်တော့်ကို ကျွန်တော်တို့ရဲ့ ယုံကြည်မှုမှာ သခင်ယေရှုရဲ့ ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရ တယ်ဆိုတာက ကျွန်တော်တို့ အပြစ်တွေ လွတ်ငြိမ်းသွားတာ၊ ပြီးတော့ ကျွန်တော်တို့က ပညတ်တော်အားဖြင့် စီရင်ခံရမှာ ဒါမှမဟုတ် အပြစ်ဒဏ်ပေးခံရမှာ မဟုတ်တာကိုပဲ ဆိုလိုတာပါ၊၊ ဒါပေမဲ့ ကျွန်တော်တို့က တစ်ကြိမ်ကယ်တင်ခံရပြီးရင် အမြဲတမ်း ကယ်တင်ခံရတာကို ဆိုလိုဖို့ နေနေသာသာ၊ ကျွန်တော်တို့က ဘုရားသခင်ရဲ့ လမ်းခရီး နောက်လိုက်နေကြောင်း၊ နဲ့ ကျွန်တော်တို့က အပြစ်အားလုံးကို ဖယ်ရှားပြီးကြောင်းကို ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော်တို့က သခင်ယေရှုကို ယုံကြည်ပြီး၊ ဘုရားသခင်ရဲ့ ရွေးနှုတ်ခြင်းကို ခံရပြီး၊ ကျွန်တော်တို့အပြစ်တွေ လွတ်ငြိမ်းခံခဲ့ရပြီးဖြစ်ပေမဲ့လည်း၊ ကျွန်တော်တို့က မကြာခဏ အပြစ်ကျူးလွန်ပြီး၊ ဘုရားသခင်ကို အာခံနေနိုင်တုန်းပဲ ဖြစ်တဲ့အပြင်၊ ကျွန်တော်တို့က နေ့ပိုင်းမှာ အပြစ်တွေကျူးလွန်ခြင်း နဲ့ ညပိုင်းမှာ အဲဒါတွေကို ဝန်ခံတဲ့ ဆိုးကျိုးသံသရာထဲမှာ အသက်ရှင်နေထိုင်နေကြပြီး၊ အပြစ်ရဲ့ ချည်နှောင်ခြင်းနဲ့ ချုပ်ချယ်မှုတွေကနေ ကိုယ့်ကိုကိုယ် မဖယ်ရှားနိုင်ပါဘူး။ ဥပမာအားဖြင့် ကျွန်တော်တို့က ပြဿနာတစ်ခုကို ကြုံတွေ့တဲ့အခါမှာ ကျွန်တော်တို့ အသွင်အပြင်နဲ့ အဆင့်အတန်းတွေကို ကာကွယ်ဖို့၊ ပြီးတော့ လူတွေက ကျွန်တော်တို့ကို လေးစားစေဖို့နဲ့ အထင်ကြီးစေဖို့၊ ကျွန်တော်တို့က မကြာခဏ အယောင်ဆောင်ပြီး၊ မုသားတွေပြောတဲ့အပြင်၊ ပရိယာယ်နဲ့ ဆက်ဆံကြတယ်၊ ကျွန်တော်တို့က အရေးကိစ္စတွေ လုပ်တဲ့အချိန်မှာ ကြွားဝါရတာကို နှစ်သက်တယ်၊ ပြီးတော့ ကျွန်တော်တို့က ရာထူးအတွက် အခြားသူတွေကို အကောက်ကြံပြီး၊ သူတို့ကို ယှဉ်ပြိုင်ကြတယ်၊ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေက အပျက်သဘောဆောင်ပြီး အားနည်းလာတဲ့အပြင်၊ သူတို့ယုံကြည်မှုကို ဆုံးရှုံးတာတို့ကို ကျွန်တော်တို့ မြင်တဲ့အချိန်မှာ အကြိမ်နည်းနည်းလောက် သူတို့ကို ကျွန်တော်တို့ သွားကူညီပြီး၊ အားပေးပေးမဲ့လည်း အကျိုးသက်ရောက်မှု မရှိတာကို တွေ့ကြတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့ ကိုယ်တိုင်ပါ ကိုယ့်သနားကရုဏာနဲ့ စိတ်ရှည်မှုတွေ ပျောက်ဆုံးသွားပြီး၊ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေကို စပြီးရှောင်ဖို့ကြိုးစားတဲ့အပြင်၊ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ချစ်သလို တခြားသူတွေကို မချစ်နိုင်ဘူး ဖြစ်လာတယ်။ အထူးသဖြင့် ကျွန်တော်တို့အပေါ်ကို စမ်းသပ်မှုတွေ ကျရောက်တဲ့အခါမှာ ကျွန်တော်တို့က ညဉ်းတွားပြီး သခင့်ကို အပြစ်တင်တဲ့အပြင် ဝေဖန်လိုက်ကြတာဆိုတာ သခင့်ကို သစ္စာဖောက်ဖို့ အတွေးတွေ နဲ့ အကြံဉာဏ်တွေကိုပါ စပြီး တေးထားလာကြတယ်၊ ကျွန်တော်တို့က သခင့် နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဆောင်နိုင်တဲ့ အပြင်၊ သခင့်ကို စစ်မှန်တဲ့ယုံကြည်မှု မရှိဘူး၊ ပြီးတော့ ကျွန်တော်တို့က သူ့ကို အမှန်တကယ် နာခံနေကြတာ မဟုတ်ဘူး။ မယုံကြည်သူတွေ လုပ်သလိုမျိုး လောကီဆိုင်ရာ ရေပန်းစားမှုတွေ နောက်လိုက်တဲ့၊ အပြစ်ရှိတဲ့ သာယာမှုတွေကို ငမ်းငမ်းတက်လိုချင်တဲ့၊ ပြီးတော့ စားခြင်း၊ သောက်ခြင်း နှင့် အပျော်ကြူးခြင်း ဘဝတွေကိုသာ အသက်ရှင်နေထိုင်တဲ့ ညီအစ်ကိုမောင်နှမတွေလည်း အများကြီးရှိတယ်။ဘုရားသခင်က ‘ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။‘ (ရှင်ယောဟန် ၈:၃၃-၃၅) ‘ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။‘ (ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) လို့ မိန့်တော်မူခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းကို ရှင်းလင်းပါတယ်။ ဘုရားသခင်က သန့်ရှင်းတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး၊ အစဉ်လေးစားလိုက်နာအပ်တယ်၊ ပြီးတော့ လူတစ်ယောက်က ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်ချင်တယ်ဆိုရင်၊ သူတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝကို သူတို့ကိုယ်တိုင်ဖယ်ရှားပြီး သန့်စင်ခံရမယ်၊ ပြီးတော့ နောက်ထပ် အပြစ်ကျူးလွန်တာ ဒါမှမဟုတ် ဘုရားသခင်ကို အာခံတာတွေ မလုပ်ရတော့ဘူး၊ ဒီလိုလူမျိုးတွေသာ ဘုရားသခင်ရဲ့ ကတိတော်ကို အမွေဆက်ခံဖို့ အရည်အချင်း ပြည့်မီတယ်။ နေ့ပိုင်းမှာ အပြစ်ကျူးလွန်ပြီး ညပိုင်းမှာ ဝန်ခံတဲ့၊ ပြီးတော့ မလွတ်မြောက်နိုင်တဲ့ အပြစ်မှာ အသက်ရှင်နေထိုင်တဲ့ ကျွန်တော်တို့တွေက ကောင်းကင် နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ ဘယ်လို အရည်အချင်းပြည့်မီ နိုင်မှာလဲ။ ကျွန်တော်တို့အပြစ်တွေကို ဖြစ်ဖျားခံရာကနေ မဖြေရှင်း ဘူးဆိုရင်၊ ကျွန်တော်တို့အပြစ်တွေ အကြိမ်ပေါင်း ထောင်နဲ့ချီအောင်၊ သောင်းနဲ့ချီအောင် လွတ်ငြိမ်းခံရရင်တောင်၊ ကျွန်တော်တို့က စာတန်နဲ့ပဲ သက်ဆိုင်နေဆဲဖြစ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်နေတုန်းပဲ ဖြစ်ပါတယ်။ တွေးကြည့်လိုက်ပါ၊ ဘုရားသခင်က ကျွန်တော်တို့လို ကိုယ့်ဆိုးယုတ်တဲ့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နေတဲ့၊ ဘုရားသခင်ကို အာခံနိုင်ပြီး၊ သစ္စာဖောက်နိုင်တဲ့ လူတွေကို ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ခွင့်ပေးခဲ့ရင်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်က သန့်ရှင်းသော နိုင်ငံတော် လို့ ဘယ်လိုခေါ်နိုင်ဦးမှာလဲ။ ဒါက မဖြစ်နိုင်တာပဲ” ဟု ပြောခဲ့သည်။ ကျွန်တော် အစ်ကိုဂျွန်း၏ မိတ်သဟာယကို အလွန်လက်ခံပါသည်။ ဟုတ်ပါသည်၊ နေ့စဉ်အပြစ်ကျူးလွန်ပြီး၊ ကျွန်တော်တို့အ ပြစ်ကျူးလွန်ကြောင်း ရှင်းလင်းစွာသိသည့်တိုင် အပြစ် မကျူးလွန်ပဲ မနေနိုင်ဖြစ်နေသည့် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ မည်သို့ အရည်အချင်းပြည့်မီနိုင်မည်နည်း။ ထိုအခိုက်အတန့်တွင် ကျွန်တော်၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မရေရာသော ယုံကြည်မှုတစ်ခုသာ ဖြစ်ကြောင်းကို ခံစားခဲ့ရသည်၊ သခင့်နှုတ်ကပတ်တော်များက အလွန် ရှင်းလင်းစွာ မိန့်တော်မူခဲ့သည့်တိုင်၊ ကျွန်တော်က ကိုယ်တော့် နှုတ်ကပတ်တော်များထဲ၌ ရှာဖွေရန် မည်သည့် ကြိုးစားအားထုတ်မှုကိုမျှ မပြုခဲ့ပါ။ ဆန့်ကျင်ဖက်အားဖြင့် ကျွန်တော်က ကိုယ်ပိုင် အတွေးအမြင်များနှင့် စိတ်ကူးစိတ်သန်းများဖြင့် အသက်ရှင်နေထိုင်ခဲ့ပြီး၊ ဘုရားသခင်၏ အလိုတော်ကို လုံးလုံး အထင်လွဲကာ၊ သခင့်ကို ကျွန်တော့်နှလုံးသားဖြင့် ယုံကြည်ပြီး ကျွန်တော့်နှုတ်ဖြင့် ဝန်ခံသမျှကာလပတ်လုံး၊ ကျွန်တော် ကယ်တင်ခံရပြီး သခင်ပြန်ကြွလာသည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်ထဲသို့ ကြိုဆိုခံရမည်ဆိုသည့် ယုတ္တိမတန်သောယုံကြည်မှုကို ဖက်တွယ်ထားခဲ့သည်။ ကျွန်တော်က မည်မျှ နုံအသူတစ်ယောက် ဖြစ်လိုက်သနည်း။ ကျွန်တော်က စိတ်ကူးနှင့်ရူးခဲ့ခြင်း သက်သက်သာ ဖြစ်သည်။ ကျွန်တော်သည် ဤယုတ္တိမတန်သည့် အမြင်ရှုထောင့်ကို မကုစားသည့်အပြင်၊ မိမိကိုယ်ပိုင် အတွေးအမြင်များနှင့် စိတ်ကူးစိတ်သန်း တို့ပေါ်တွင် မှီခိုရင်းဖြင့် ဘုရားသခင်ကို ဆက်လက်ယုံကြည်နေပါက၊ အဆုံးသတ်တွင် ကျွန်တော်သည် သခင့်၏ စက်ဆုပ်ရွံရှာခြင်း၊ ပစ်ပယ်ခြင်း နှင့် သုတ်သင်ဖယ်ရှင်းခြင်းကို ဧကန်မုချခံရမည်သာ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်က အစ်ကိုဂျွန်းကို “ စစ်မှန်တဲ့ ကယ်တင်ခြင်းဆိုတာ ဘာလဲ” ဟု မေးလိုက်သည်။ အစ်ကိုဂျွန်းက သူ့အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ယူလိုက်ပြီး၊ ဤစာအုပ်ထဲမှ နှုတ်ကပတ်တော်များသည် ကျွန်တော့်ပြဿနာကို ဖြေရှင်းနိုင်သည်ဟု ပြောခဲ့သည်။ ထို့နောက်တွင် သူက ဖတ်ပြခဲ့သည်၊ “ လူများသည် ညစ်ညမ်းမှု၊ စာတန်၏ ပျက်စီးဖောက်ပြန်သော အရာများကို နောက်၌ ထားသောအခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိကြသည်။ သို့သော်လည်း အကယ်၍ သူတို့သည် ညစ်ညမ်းခြင်းနှင့် ပျက်စီး ဖောက်ပြန်ခြင်းမှ သူတို့ကိုယ်သူတို့ ခွဲထွက်ရန် မတတ်စွမ်းနိုင်လျှင် စာတန်၏ စိုးမိုးခြင်းနယ်ပယ် အောက်၌ ရှိနေဆဲဖြစ်မည်။ လူများ၏ သူတစ်ပါးကို ဒုက္ခပေးခြင်း၊ လိမ်ညာလှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းသည် စာတန်၏ ဥစ္စာများဖြစ်သည်။ သင့်ကို ကယ်တင်ခြင်းဖြင့် ဘုရားသခင်သည် ဤအရာများမှ သင့်ကို သီးခြား ထားသည်။ ဘုရားသခင်၏ အမှုသည် မမှားနိုင်ပေ။ အားလုံးသည် မှောက်မိုက်ခြင်းမှ သင့်ကို ကယ်တင်ဖို့အလို့ငှါ ဖြစ်သည်။ သင်သည် အတိုင်းအတာ တစ်ခုအထိ ယုံကြည်ပြီး ဇာတိပကတိ၏ ပျက်စီးဖောက်ပြန်ခြင်းမှ သင့်ကိုယ်သင် ခွဲထွက်သောအခါ၊ ဤကဲ့သို့ ပျက်စီးဖောက်ပြန်ခြင်းအားဖြင့် နောက်ထပ် ချုပ်နှောင်ခြင်း မခံရ သောအခါ သင်သည် ကယ်တင်ခံရမည် မဟုတ်လော။ သင်သည် စာတန်၏ စိုးမှိုးမှုအောက်၌ အသက်ရှင် သောအခါ သင်သည် ဘုရားသခင်ကို ထင်ရှားစေဖို့ တတ်စွမ်းနိုင်မည် မဟုတ်ဘဲ သင်သည် ညစ်ညမ်းသော တစ်စုံတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမွေကို မရထိုက်ပေ။ သင်သည် သန့်စင်ခြင်းနှင့် စုံလင်ခြင်း ခံရသောအခါ သင်သည် သန့်ရှင်းလာမည်ဖြစ်ပြီး သာမန်ဖြစ်လာမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ပေးခြင်း ခံရမည်ဖြစ်ပြီး ဘုရားသခင်၌ ပျော်ရွှင်မည် ဖြစ်သည်။” (“ လက်တွေ့လုပ်ဆောင်ခြင်း (၂)” ) “ လူ၏ အပြစ်များသည် အပြစ်ဖြေရာယဇ်မှ တစ်ဆင့် ခွင့်လွှတ်ခြင်း ခံရနိုင်သော်လည်း လူသည် သူ့အနေဖြင့် အပြစ်မရှိတော့ရန်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို အပြည့်အဝ ဖယ်ရှားပြီး ပြောင်းလဲပစ်ရန် ကိစ္စကို ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအလုပ်ကြောင့် လူ၏ အပြစ်များကို ခွင့်လွှတ်ခဲ့သော်လည်း လူသည် ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထား အဟောင်းတွင် ဆက်လက်နေထိုင်ခဲ့သည်။ သို့ဖြစ်ရာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို လုံးဝ စွန့်ပစ်ရန်နှင့် နောက်မည်သည့်အခါမှ ပြန်လည် မပေါ်ပေါက်စေရန် အတွက် ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားမှ လုံးဝ ကယ်တင်ခြင်း ခံရခြင်းခံရမည် ဖြစ်သည်၊ ထိုသို့အားဖြင့် လူ၏ စိတ်သဘောထားကို ပြောင်းလဲရန် အခွင့်ပြုရမည်။ ယင်းအတွက် လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်း၊ အသက်၏ လမ်းခရီးနှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လမ်းခရီးတို့ကို နားလည်ရန် လိုအပ်သည်။ လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲစေရန်နှင့် သူသည် အလင်း၏ တောက်ပမှုအောက်တွင် နေထိုင်နိုင်ရန်အတွက် လူသည် ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန်လည်း လိုအပ်ပြီး သူသည် ဘုရားသခင်၏ အလိုနှင့်အညီ အလုံးစုံသော အရာတို့ကို လုပ်ဆောင်နိုင်ရန်၊ ယိုယွင်း ပျက်စီးသော စာတန် စိတ်သဘောထားကို ဖယ်ရှားပစ်ရန်နှင့် စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုမှ ချိုးဖောက် လွန်မြောက်ခြင်းတို့အားဖြင့် အပြစ်မှ အပြည့်အဝ လွတ်မြောက်လာမည်ဖြစ်သည်။ ထိုအခါမှသာလျှင် လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိမည်။” (“ လူ့ဇာတိခံယူခြင်း၏ နက်နဲသောအရာ (၄)” ) ထို့နောက်တွင် အစ်ကိုဂျွန်းက “ သခင့်ကို ကျေးဇူးတော် ချီးမွမ်းပါတယ်၊ ဒီနှုတ်ကပတ်တော်တွေက စစ်မှန်တဲ့ ကယ်တင်ခြင်းက ဘာလဲဆိုတာကို ရှင်းလင်းပြတ်သား သွားစေပါတယ်။ စစ်မှန်တဲ့ ကယ်တင်ခြင်းဆိုတာ တစ်စုံတစ်ယောက်က သမ္မာတရားကို ရရှိပြီး၊ ဘုရားသခင်အားဖြင့် သန့်စင်ခံရပြီး၊ စုံလင်စေပြီးတာနဲ့ တပြိုင်နက် သူတို့က အပြစ်ကိုလုံးလုံး ဖယ်ရှားပြီး၊ စာတန်ရဲ့ မှောင်မိုက်တဲ့ စွမ်းအားကိုလည်း ဖယ်ရှားတဲ့ပြင်၊ သူတို့က နောက်ထပ်အပြစ်ကျူးလွန်တာ ဒါမှမဟုတ် ဘုရားသခင်ကို အာခံတာတွေ မလုပ်တော့ပါဘူး။ သခင်ယေရှုပြုခဲ့တဲ့ အမှုတော်က တကယ်တော့ ရွေးနှုတ်ခြင်းအမှုတော် ဖြစ်ပြီး၊ ကျွန်တော်တို့ကလည်း အပြစ်နဲ့ နောက်ထပ် မသက်ဆိုင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ထဲမှာ ဆိုးယုတ်တဲ့သဘာဝက နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေပြီး၊ ကျွန်တော်တို့အပြစ်တွေက သခင့်ရဲ့အပြစ်ဖြေပေးခြင်းကို ခံရသည့်တိုင်၊ ပြဿနာတွေကို ကြုံတွေ့ရတဲ့အချိန်မှာ ကျွန်တော်တို့က မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း၊ ကလိမ်ကကျစ်ကျခြင်းနှင့် လှည့်ဖြားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ရက်စက်ယုတ်မာမှု၊ သစ္စာဖောက်တတ်ခြင်းနှင့် အငြိုးထားခြင်း စတဲ့ ဆိုးယုတ်တဲ့စိတ်သဘောထားတွေရဲ့ စိုးမိုးခြယ်လှယ်မှု ခံရပြီး၊ ကျွန်တော်တို့က မကြာခဏဆိုသလို အပြစ်ကျူးလွန်ပြီး၊ ဘုရားသခင်ကို အာမခံပဲမနေနိုင်ပါဘူး၊ ပြီးတော့ ကျွန်တော်တို့က သခင့်နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင် နိုင်စွမ်းလည်း တကယ့်ကို မရှိပါဘူး။ ဒါက တခြားလူတွေရဲ့ပစ္စည်းတွေကို ခိုးလို့ ရဲဖမ်းတာခံရတဲ့ သူခိုးတစ်ယောက်လိုပဲ။ သူ့မိဘတွေက သူ့တို့သားဟာ အကျဉ်းချတဲ့ပြစ်ဒဏ်မှာ ဆင်းရဲဒုက္ခခံနေရတယ်ဆိုတဲ့ အတွေးကို မခံနိုင်ကြဘူး၊ ဒါ့ကြောင့် သူတို့က သူတို့သား အကျဉ်းခန်းထဲက ထွက်ရဖို့ ဒဏ်ငွေအမြောက်အများ ပေးခဲ့ကြတယ်။ ဒါပေမဲ့ သူ့ထဲမှာ သူခိုးရဲ့ သဘာဝကရှိနေတုန်းပဲ၊ ပြီးတော့ သင့်တော်တဲ့ အခွင့်အလမ်းတစ်ခုလာတဲ့အချိန်မှာ သူက သူ့သဘာဝရဲ့ စိုးမိုးခြယ်လှယ်တာကို ထပ်ခံရပြီး၊ ပစ္စည်းတွေကို ဆက်ခိုးနေလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့က သမ္မာတရားရဲ့ ်ရှုထောင့်အားလုံးကို နားလည်ပြီး၊ စာတန်ရဲ့ စိုးမိုးခြယ်လှယ်မှုက လုံးလုံးလွတ်မြောက်တယ်၊ ကျွန်တော်တို့ရဲ့ ဆိုးယုတ်ပြီး ဖောက်ပြန်တဲ့ စိတ်သဘာဝတွေ သန့်စင်ခံရတယ်၊ အပြစ်ရဲ့ ချည်နှောင်မှုတွေကို ဖယ်ရှားတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အလိုတော်ကို ရှာဖွေပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်တယ်၊ ဘယ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့ရိုသေပြီး နာခံတယ်ဆိုရင်၊ ကျွန်တော်တို့က အမြဲတမ်း ကယ်တင်ခံရပြီး၊ အဲဒီအခါကျမှပဲ ကျွန်တော်တို့က ဘုရားသခင် လုံးလုံးရရှိသွားတဲ့ လူတွေ ဖြစ်တယ်” ဟု ပြောပြီး မိတ်သဟာယပြုခဲ့သည်။ ကျွန်တော်က ပျော်ရွှင်စွာဖြင့် “ ‘တစ်ခါ ကယ်တင်ခံရတာက၊ အမြဲတမ်း ကယ်တင်ခံရတာ ဖြစ်တယ်၊ အဲဒီနောက်မှာ လူတစ်ယောက်ဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်၊’ ဆိုတဲ့ အမြင်ရှုထောင့်က မှားယွင်းတယ် ဆိုတာကျွန်တော့်ကို နားလည်သဘောပေါက် စေတဲ့အတွက် ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ကျေးဇူးတင်ပါတယ်။ ထာဝရ ကယ်တင်ခြင်းဆိုတာ ကျွန်တော်တို့ရဲ့ အပြစ်ရှိတဲ့ သဘာဝကို ကိုယ်တိုင် ဖယ်ရှားပြီး၊ သန့်စင်ခံရခြင်းကို ဆိုတယ်ဆိုတာနဲ့၊ ဒါကတစ်ကြိမ်တစ်ခါ ကယ်တင်ခံရပြီး ကျွန်တော်တို့အပြစ်တွေ လွတ်ငြိမ်းမှုကို ရရှိခြင်းကနေ လုံးလုံးလျားလျား ကွဲပြားတယ်ဆိုတာကိုလည်း ကျွန်တော် နားလည်သဘောပေါက်လာပါတယ်။ ဒီစာအုပ်က စစ်မှန်တဲ့ ကယ်တင်ခြင်းက ဘာလဲဆိုတာကို တကယ်ကို ရှင်းလင်းစေပါတယ်၊ ဒီတော့ အဲဒီစာအုပ်ရဲ့စာမျက်နှာ တွေထဲမှာ ကျွန်တော်တို့ကို ကိုယ့်အပြစ်တွေကို ဖယ်ရှားပြီး ကယ်တင်ခံရနိုင်ဖို့ အခွင့်ပေးတဲ့ နည်းလမ်းတစ်ခုရှိသလား။ ကျွန်တော်တို့က ကိုယ့်ကိုကိုယ် အပြစ်တွေ ဖယ်ရှားဖို့ နည်းလမ်းရှာနိုင်ပြီး၊ အဲဒီနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်နိုင်မယ်ဆိုင်ရင်၊ ကျွန်တော်တို့က စစ်မှန်တဲ့ ကယ်တင်ခြင်းကို ရရှိနိုင်ပြီး၊ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်နိုငမယ် မဟုတ်လား” ဟု ပြောလိုက်သည်။ အစ်ကိုဂျွန်းက ဝမ်းမြောက်ခြင်းဖြင့် “ အစ်ကို ရန်း အစ်ကို အရမ်းမှန်တယ်။ သခင့်ကို ကျေးဇူးတော် ချီးမွမ်းပါတယ်၊ ကျွန်တော်တို့ကသာ ကိုယ့်ကိုကိုယ် အပြစ်တွေ ဖယ်ရှားဖို့ နဲ့ ကျွန်တော်တို့ရဲ့ အပြစ်ရှိတဲ့ သဘာဝရဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းသာ ရှာနိုင်လို့ကတော့၊ စစ်မှန်တဲ့ ကယ်တင်ခြင်းကို ရရှိနိုင်ပြီး၊ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်မှာပဲ။ ဒီစာအုပ်က သမ္မာတရားရဲ့ ဒီရှုထောင့်အကြောင်းကို အရမ်းကို ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ဒါ့ကြောင့် ဆက်ဖတ်ကြရအောင် …” ဟု ပြောလိုက်သည်။ အယ်ဒီတာ့မှတ်စု– ကိုယ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုအတွက် ဘုရားသခင်၏ ကျေးဇူးတော်ချီးမွမ်းပါသည်။ သခင့်ကို ယုံကြည်သည့် ကျွန်တော်တို့ တစ်ယောက်စီတိုင်း၏ အနေအထားသည် အမှန်တကယ် ဤဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း ပင် ဖြစ်ပါသည်၊ နေ့ပိုင်းတွင် အပြစ်ကျူးလွန်ပြီး၊ ထို့နောက် ညပိုင်းတွင် ဝန်ခံကာ၊ လွတ်မြောက်နိုင်စွမ်း မရှိအောင် အပြစ်ထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်နေပါသည်။ သခင့်ကို ကျွန်တော်တို့၏ ယုံကြည်ခြင်းသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ခြင်းတစ်ခု ဖြစ်ပြီး၊၊ ကျွန်တော်တို့ က တစ်ကြိမ်တစ်ခါ ကယ်တင်ခံရပါက၊ အမြဲတမ်း ကယ်တင်ခံရသည်ဟု ယုံကြည်ကြပါက၊၊ ဘုရားသခင်၏ဖြောင့်မတ်သော၊ သန့်ရှင်းသော၊ အစဉ်လေးစား လိုက်နာအပ်သော စိတ်သဘောထားကို မည်သို့ ဖော်ပြနိုင်မည်နည်း။ ကျွန်တော်တို့က ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိလိုပြီး၊ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်လိုပါက၊ မိမိကိုယ်ကို အပြစ်မှဖယ်ရှားသည့် နည်းလမ်းကို တက်တက်ကြွကြွ ရှာဖွေသင့်သည်၊ ဤသည်သာလျှင် ပညာရှိသတို့သမီးများ၏ ပါးနပ်သော ရွေးချယ်မှုဖြစ်သည်။ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် နည်းလမ်းကို ကျွန်တော်တို့ အတူတကွ ရှာဖွေနိုင်ဖို့ ယခုအယ်ဒီတာမှနေပြီး နာကြည်းဖွယ်ရာ အမှတ်တရများ ရုပ်ရှင်အပိုင်းကို ကြည့်ရှုပါရန် သင့်အား အကြံပြုလိုပါသည်။
0 Comments
Leave a Reply. |