ရန်းစင်း ရှန်ဒေါင်း ပြည်နယ် နေက အနောက်ဖက်သို့ ဝင်ရောက်သွားပြီး၊ ဝင်သည့် နေ၏ နောက်ဆုံးအလင်းရောင်က ကမ္ဘာလောကအနှံ့ ဖြန့်ကျက်လျက်ရှိစဉ်၊ ကျွန်တော် အစည်းအဝေးတစ်ခုပြီးနောက် အိမ်သို့ လမ်းလျှောက် လာရင်း သင်းအုပ်ဆရာ “ သမ္မာကျမ်းစာမှာ ‘သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။‘ (ရောမ ၁၀:၉-၁၁) လို့ ပြောထားတဲ့အတွက် တစ်ခါကယ်တင်ခံရဖူးရင် ကျွန်တော် တို့တွေဟာ အမြဲတမ်း ကယ်တင်ခံရတယ်။ ကျွန်တော်တို့က သခင်ယေရှုကို ယုံကြည်တာနဲ့အညီ၊ ကျွန်တော်တို့ နှလုံးသားထဲက ယုံကြည်ပြီး၊ ကိုယ်တော့်ကို ကျွန်တော်တို့ နှုတ်တွေနဲ့ အသိအမှတ်ပြုသမျှကာလပတ်လုံး၊ ကျွန်တော်တို့က ကယ်တင်ခံရပြီး၊ ကျွန်တော်တို့ တစ်ကြိမ် ကယ်တင်ခံရရင် အမြဲတမ်း ကယ်တင်ခံရတယ်။ ကျွန်တော်တို့က သခင့် အတွက် အလုပ်ဆက်လုပ်နေပြီး၊ အသုံးခံနေတဲ့အပြင် အဆုံးသတ်အထိ သည်းခံသမျှကာလပတ်လုံး၊ သခင်ပြန်ကြွ လာတဲ့အချိန်မှာ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ကို ချက်ခြင်း ချီဆောင်ခံရလိမ့်မယ်” ဟု ပြောခဲ့သည်ကို တွေးနေမိသည်။ ကျွန်တော်က သင်းအုပ်ဆရာ၏ စကားများကို အာမင်ဟု ပြောခဲ့ သည်၊” ဟုတ်ပါတယ်၊ ကျွန်တော်တို့ ရွေးနှုတ်ခံရဖို့အတွက် သခင်ယေရှုက ကားတိုင်မှာ သံမှိုစွဲခံခဲ့ရတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့က သခင့်နာမတော်ကို ခေါ်၊ သခင့်ဆီမှာ ကျွန်တော်တို့အပြစ်တွေကို ဝန်ခံပြီး၊ နောင်တရရင်၊ ကျွန်တော်တို့ အပြစ်တွေလည်း လွတ်ငြိမ်းမှာဖြစ်ပြီး၊ ကျွန်တော်တို့ကလည်း ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရလိမ့်မယ်၊ တစ်ခါကယ်တင်ခံရဖူးရင်၊ အမြဲတမ်းကယ်တင်ခံရတယ်၊ ပြီးတော့ နောက်ပိုင်းမှာ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲကို ဧကန်မုချ ချီဆောင်ခံရမယ်” ကျွန်တော်၏ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များအတွင်း ဤအမြင်ရှုထောင့်သည် မှန်ကန်သည်ဟု ကျွန်တော် အမြဲတမ်း ခိုင်မာစွာ ယုံကြည်ခဲ့သည့်အပြင်၊ တစ်ခါမျှ လုံးဝ သံသယ မဖြစ်ခဲ့ဖူးပါ။
0 Comments
ရှောင်ရူအီ တရုတ်ပြည်
ကယ်တင်ခြင်းနှင့် ပတ်သက်ပြီး ညီအစ်ကို မောင်နှမ များစွာတို့က မိမိကိုယ်ကို ယုံကြည်မှုဖြင့် “ သမ္မာကျမ်းစာ ‘သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။' (ရောမ ၁၀:၉-၁၁) လို့ပြောထားတယ်။ ကျွန်တော်တို့က ကားတိုင်ပေါ်က သခင်ယေရှုမှာ ကယ်တင်ခြင်းလက်ခံရရှိခဲ့ပြီး၊ ကျွန်တော်တို့ နှလုံးသားတွေက ယုံကြည်ပြီး၊ ကျွန်တော်တို့ နှုတ်တွေက ကိုယ့်အပြစ်တွေကို ဝန်ခံရင်၊ ကျွန်တော် တို့က အပြစ်ကလွှတ်တာခံရမယ်၊ ကျွန်တော်တို့က ကယ်တင်ခံရပြီးပြီပဲ၊ ဒါ့ကြောင့် ကျွန်တော်တို့က ကယ်တင်ခြင်းအပြည့်အဝ ရရှိထားပြီး၊ သခင်ပြန်ကြွ လာတဲ့အချိန်မှာ၊ ကျွန်တော်တို့တွေဟာ ကောင်းကင် နိုင်ငံတော်ကို အတိအကျကို ဝင်ရောက်ရမှာပဲ” ဟု ပြောကြသည်။ ကျွန်မတို့၏ ဤအမြင်ရှုထောင့်သည် အမှန်တကယ် မှန်ကန်ပါသလား။ ကျွန်မတို့၏ အပြစ်မျာသည် လွှတ်ပြီးဖြစ်သည့်အပြင်၊ ကယ်တင်ခံ ရခြင်း ဆိုသည်မှာ ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းဟု အမှန်တကယ် ဆိုလိုပါသလား။ ကျွန်မတို့က ဤကိစ္စကို ရှင်းလင်းစွာ ဆက်သွယ် ဆွေးနွေးဖို့ လိုအပ်ပါသည်၊ အကြောင်းမှာ ၎င်းသည် ကြီးမြတ်သည့် ကိစ္စတစ်ခုဖြစ်သည့် ကျွန်မတို့ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းနှင့် တိုက်ရိုက် ဆက်သွယ်နေသောကြောင့် ဖြစ်ပါသည်။ ကျန်စင်း တရုတ်ပြည်
ကယ်တင်ခံရခြင်း နှင့် ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းတို့အကြား ကွာခြားချက်ကို ပြောသည့်အခါတိုင်း၊ “ ကယ်တင်ခံရတာနဲ့ ကယ်တင်ခြင်း အပြည့်အဝ ရတာကြားမှာ ကွာခြားချက်ရှိလို့လား။ ကယ်တင်ခံရတာဟာ ကယ်တင်ခြင်း အပြည့်အဝ ရတာလို့ အဓိပ္ပါယ်မရဘူးလား။ ကျွန်မတို့က သခင်ယေရှုကို ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခံရပြီးဖြစ်တာကြောင့် ကျွန်မတို့က ကယ်တင်ခြင်းအပြည့်အဝကို ရရှိခဲ့ပြီးပြီ မဟုတ်ဘူးလား။ သခင်ကြွလာတဲ့အချိန်၊ ကျွန်တော်တို့က ကောင်းကင်ကို ချက်ခြင်း ချီဆောင်ခြင်းခံရမယ်” ဟု ပြောသည့် ညီအစ်ကိုမောင်နှမ အချို့ ရှိကြပါလိမ့်မည်။ သို့သော်လည်း အရေးကိစ္စများသည် ဤမျှ ရိုးရှင်းပါ သလား။ ကျွန်မတို့သည် ဤအရေးကို ရှာဖွေပြီး ဆွေးနွေးပါက ကျွန်မတို့ အတွက် ကောင်းပေလိမ့်မည်။ ဝိညာဉ်ရေးရာ အမေးအဖြေမှ ညီအစ်ကိုမောင်နှမတို့၊ မင်္ဂလာပါ။
ယုံကြည်သူများ သိကြပြီးဖြစ်သည်နှင့်အညီ၊ သခင်ယေရှုသည် လူသားမျိုးနွယ်အတွက် ရွေးနှုတ်ခြင်းအမှုတော်အဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူခဲ့ပြီးဖြစ်သည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သခင်ယေရှုကို ကျွန်ုပ်တို့ နှုတ်ဖြင့် ဝန်ခံပြီး၊ ကျွန်ုပ်တို့နှလုံးသားများတွင် ကိုယ်တော်ကို ယုံကြည်သမျှကာလပတ်လုံး ကျွန်ုပ်တို့သည် ကယ်တင်ခံရကြောင်း မကြာခဏ တရားဟောကြားကြသည်။ သမ္မာကျမ်းစာတွင် ပြောထားသည်နှင့်အညီ “ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမ ၁၀:၉-၁၁) ဟု ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့က သခင့်နာမတော်ကို လက်ခံပြီး၊ ဝန်ခံကာ၊ သခင့်ကို ဝန်ချတောင်းပန်သည့် ကာလတစ်လျှောက်လုံး၊ ကျွန်ုပ်တို့ ကယ်တင်ခံရသည်ဟု သူတို့က ယုံကြည်ကြသည်။ ပြီးနောက် ကျွန်ုပ်တို့ ကယ်တင်ခံရသည်နှင့် တပြိုင်နက် ကျွန်ုပ်တို့သည် ထာဝရ ကယ်တင်ခံရပြီဟုလည်း ယုံကြည်ကြသည်။ သို့သော်လည်း လတ်တလောတွင် ဒေသနာများ အပြင်ထွက်နားထောင်ကြသည့် ညီအစ်ကိုမောင်နှမအချို့က သခင်ယေရှုကို ယုံကြည်ခြင်း ဆိုသည်မှာ သူ့ရွေးနှုတ်ခြင်းကို လက်ခံခြင်းနှင့် လူတစ်ယောက်၏ အပြစ်များကို လွတ်ငြိမ်းခွင့်ရ ခြင်းဖြစ်သော်လည်း၊ ကယ်တင်ခြင်းကို အမှန်တကယ် ရရှိခြင်း မဟုတ်ကြောင်း ပြောကြ သည်ကို ကျွန်ုပ်ကြားခဲ့ရသည်။ ကယ်တင်ခြင်းအစစ်အမှန်အတွက်မူ ကျွန်ုပ်တို့ အသင်းတော်မှ ညီအစ်ကိုမောင်နှမများ မကြာခဏ ဆွေးနွေးကြသော်လည်း၊ ကျွန်ုပ်တို့သည် တိကျသည့် အဖြေကို မရခဲ့သေးပါ။ ထို့အပြင် ကျွန်ုပ်သည် ၎င်းကို နားမလည်နိုင်သေးပါ။ ထို့ကြောင်း ယင်းကို သင်မည်သို့နားလည်သည်ကို ကျွန်ုပ် စူးစမ်းမိသည်။ သင့်အဖြေကို စောင့်မျှော်နေပါသည်။ ခင်မင်လေးစားစွာဖြင့် ကီးဝမ် ကျန်စင်း တရုတ်ပြည်
ကယ်တင်ခံရခြင်း နှင့် ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းတို့အကြား ကွာခြားချက်ကို ပြောသည့်အခါတိုင်း၊ “ ကယ်တင်ခံရတာနဲ့ ကယ်တင်ခြင်း အပြည့်အဝ ရတာကြားမှာ ကွာခြားချက်ရှိလို့လား။ ကယ်တင်ခံရတာဟာ ကယ်တင်ခြင်း အပြည့်အဝ ရတာလို့ အဓိပ္ပါယ်မရဘူးလား။ ကျွန်မတို့က သခင်ယေရှုကို ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခံရပြီးဖြစ်တာကြောင့် ကျွန်မတို့က ကယ်တင်ခြင်းအပြည့်အဝကို ရရှိခဲ့ပြီးပြီ မဟုတ်ဘူးလား။ သခင်ကြွလာတဲ့အချိန်၊ ကျွန်တော်တို့က ကောင်းကင်ကို ချက်ခြင်း ချီဆောင်ခြင်းခံရမယ်” ဟု ပြောသည့် ညီအစ်ကိုမောင်နှမ အချို့ ရှိကြပါလိမ့်မည်။ သို့သော်လည်း အရေးကိစ္စများသည် ဤမျှ ရိုးရှင်းပါ သလား။ ကျွန်မတို့သည် ဤအရေးကို ရှာဖွေပြီး ဆွေးနွေးပါက ကျွန်မတို့ အတွက် ကောင်းပေလိမ့်မည်။ |