ရှောင်ရူအီ တရုတ်ပြည် ကယ်တင်ခြင်းနှင့် ပတ်သက်ပြီး ညီအစ်ကို မောင်နှမ များစွာတို့က မိမိကိုယ်ကို ယုံကြည်မှုဖြင့် “ သမ္မာကျမ်းစာ ‘သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။' (ရောမ ၁၀:၉-၁၁) လို့ပြောထားတယ်။ ကျွန်တော်တို့က ကားတိုင်ပေါ်က သခင်ယေရှုမှာ ကယ်တင်ခြင်းလက်ခံရရှိခဲ့ပြီး၊ ကျွန်တော်တို့ နှလုံးသားတွေက ယုံကြည်ပြီး၊ ကျွန်တော်တို့ နှုတ်တွေက ကိုယ့်အပြစ်တွေကို ဝန်ခံရင်၊ ကျွန်တော် တို့က အပြစ်ကလွှတ်တာခံရမယ်၊ ကျွန်တော်တို့က ကယ်တင်ခံရပြီးပြီပဲ၊ ဒါ့ကြောင့် ကျွန်တော်တို့က ကယ်တင်ခြင်းအပြည့်အဝ ရရှိထားပြီး၊ သခင်ပြန်ကြွ လာတဲ့အချိန်မှာ၊ ကျွန်တော်တို့တွေဟာ ကောင်းကင် နိုင်ငံတော်ကို အတိအကျကို ဝင်ရောက်ရမှာပဲ” ဟု ပြောကြသည်။ ကျွန်မတို့၏ ဤအမြင်ရှုထောင့်သည် အမှန်တကယ် မှန်ကန်ပါသလား။ ကျွန်မတို့၏ အပြစ်မျာသည် လွှတ်ပြီးဖြစ်သည့်အပြင်၊ ကယ်တင်ခံ ရခြင်း ဆိုသည်မှာ ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းဟု အမှန်တကယ် ဆိုလိုပါသလား။ ကျွန်မတို့က ဤကိစ္စကို ရှင်းလင်းစွာ ဆက်သွယ် ဆွေးနွေးဖို့ လိုအပ်ပါသည်၊ အကြောင်းမှာ ၎င်းသည် ကြီးမြတ်သည့် ကိစ္စတစ်ခုဖြစ်သည့် ကျွန်မတို့ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းနှင့် တိုက်ရိုက် ဆက်သွယ်နေသောကြောင့် ဖြစ်ပါသည်။ ပထမဦးစွာ ကျွန်မတို့သည် သခင်ယေရှု၏ ရွေးနှုတ်ခြင်းကို သိသိသာသာပင် လက်ခံရရှိပြီး ဖြစ်ကြောင်းကို အသိအမှတ်ပြုဖို့ လိုအပ်ပါသည်၊ သို့သော်လည်း ကျွန်မတို့၏ အပြစ်ရှိသည့် သဘာဝသည် ဖြေရှင်းပြီး ဖြစ်ပါသလား။ ဘုရားသခင်က ကျွန်မတို့အပြစ်များကို လွှတ်ခြင်း ဆိုသည်မှာ ယခုကျွန်မတို့ သန့်စင်ပြီးဖြစ်သည်ဟု ဆိုလိုပါသလား။ ကျွန်မတို့အတွက် မိမိကိုယ်ကို ဖြစ်စေ၊ ကျွန်မတို့နံဘေးမှ ညီအစ်ကို မောင်နှမ အများစုသည် သူတို့အသက်တာများတွင် အသက် ရှင်သန်နေထိုင်ကြပုံကိုဖြစ်စေ တစ်ချက် ကြည့်ပါက၊ ကျွန်မတို့ အများစုသည် လောကီဆိုင်ရာ နည်းလမ်းများကိုသာ လိုက်နာကြသည်ကို ကျွန်မတို့ တွေ့မြင်နိုင်ပါသည်။ ကျွန်မတို့သည် ပြဿနာ တစ်ခုဖြင့် ကြုံတွေ့ရပါက၊ သည်းခံစိတ်ရှည်မှု ချို့တဲ့ကြပါသည့်အပြင်၊ သခင့် နှုတ်ကပတ်တော် များကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းလည်း မရှိပါ။ ကျွန်မတို့သည် နေ့အချိန်တွင် အပြစ်ကျူးလွန် ခြင်းနှင့် ညအချိန်တွင် ဝန်ခံခြင်း အသက်တာ ဟောင်းများဖြင့် အသက်ရှင်နေထိုင်နေကြသည်။ ကျွန်မတို့သည် အနာဂတ်တွင် ကောင်းကင် နိုင်ငံတော်သို့ အမှန်တကယ် ဝင်ရောက်နိုင်မည်လား။ သမ္မာကျမ်းစာတွင် “ ယေရှုကလည်း၊ ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှ သောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည် ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန် ၈:၃၃-၃၅) “ ငါသည် သင်တို့၏ဘုရားသခင် ယေဟောဝါဖြစ်သည့်အတွက်၊ သင်တို့သည် မိမိကိုယ်ကို စင်ကြယ်စေရမည်၊ ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သန့်ရှင်းကြရမည်။” (ဝတ်ပြုရာကျမ်း ၁၁:၄၄) “ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲ ၁၂:၁၄) ဤကျမ်းချက်များမှနေပြီး ဘုရားသခင်သည် သန့်ရှင်းကြောင်း၊ ကိုယ်တော်၏ နိုင်ငံတော်သည် သန့်ရှင်းပြီး၊ ဘုရားသခင်က မသန့်ရှင်းသူများကို သူ၏နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ပြုမည် မဟုတ် ကြောင်း တို့ကို ကျွန်မတို့ တွေ့မြင်နိုင်ပါသည်။ ကျွန်မတို့၏ အပြစ်များသည် လွှတ်ပြီးဖြစ် သော်လည်း၊ ကျွန်မတို့၏အပြစ်ရှိသော သဘာဝသည် ကျွန်မတို့ထဲတွင် ရှိနေဆဲဖြစ်သည့်အပြင်၊ ကျွန်မတို့ သည် အပြစ်၏ ချည်နှောင်မှုမှ မလွတ်မြောက် သေးပါ။ ကျွန်မတို့က အပြစ်လုပ်ခြင်းနှင့် ဝန်ခံခြင်း ဆိုးကျိုးသံသရာထဲတွင် အသက်ရှင်နေထိုင်ကြပြီး၊ သန့်စင်ခံရခြင်း လုံးဝ မရှိပါ။ မကြာခဏ အပြစ်ကျူးလွန်ခြင်းသည် ကျွန်မတို့ကို အပြစ်၏ ကျေးကျွန်များ ဖြစ်စေသည်။ အပြစ်၏ ကျေးကျွန် တစ်ယောက်သည် ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သို့ဝင်ရောက်နိုင်မည်နည်း။ ထို့ကြောင့် ကျွန်မတို့ ၏ အပြစ်များမှလွတ်ခံရခြင်းဆိုသည်မှာ ကယ်တင်ခြင်းအပြည့်အဝ ဟုတ်မဟုတ် နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းတို့အတွက် ငြင်းခုံခြင်းသည် မခိုင်လုံပေ။
ဤနေရာတွင် “ ကယ်တင်ခံရခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ပညတ်တော်ခေတ် အောက်တွင် ဘုရားသခင်သည် ကမ္ဘာပေါ်ရှိ ဣသရေလလူမျိုးတို့၏ အသက်တာ၌ ဦးဆောင်ရန် မောရှေမှတစ်ဆင့် ပညတ်တော်များနှင့် တရားတော် တို့ကို ထုတ်ပြန်တော်မူခဲ့သည်။ ထိုနေ့များတွင် ဣသရေလလူမျိုးများသည် တရားတော်များနှင့် ပညတ်တော်များကို ထိန်းသိမ်းကျင့်ကြံရုံသာ ရှိပြီး၊ သူတို့သည် စီရင်မခံရပါ။ မည်သည့် အပြစ်ကျူး လွန်သူမဆို သူတို့အပြစ်ဖြေရန် ယဇ် ပူဇော်ရပြီး၊ သို့မဟုတ်ပါက သူတို့သည် အပြစ်ဒဏ်ခံရမည်သာ ဖြစ်သည်။ ထို့ကြောင့် ထိုနေ့ရက်များမှ လူများသည် တရားတော်အားဖြင့် လုံးလုံးလျားလျား ကျင့်ကြံကာ၊ မည်သူမျှလည်း တရားတော်ကို မချိုးဖောက်ရဲပါ။ ပညတ်တော်ခေတ် ကုန်ခါနီးတွင် လူများသည် စာတန်အားဖြင့် သူတို့၏ ဖောက်ပြန်ပျက်စီးမှု တိုး၍ တိုး၍ ကြီးမားလာသည်နှင့် အညီ ပို၍ပို၍ အပြစ်ကျူးလွန်လာခဲ့သည်။ သူတို့၏ အပြစ်များ အတွက် ဖြေရန် လုံလောက်သောယဇ် မရှိတော့သည့် အပြင်၊ လူတိုင်းကလည်း ပညတ်တော်နှင့် အညီ သေဒဏ်ပေးခံရမည့် ဘေးသို့ကျရောက်ခဲ့ကြသည်။ ဘုရားသခင်သည် သူဖန်ဆင်းတော်မူခဲ့သည့် ထိုလူ များမှာ စာတန်၏ ဝါးမျိုးခံနေရကြသည်ကို လုံးဝ မကြည့်နိုင်တော့သောကြောင့်၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာကာ၊ ကားတိုင်တော်ပေါ်တွင် သံမှိုစွဲခံရခြင်းဖြင့် လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်စေရန် ကမ္ဘာသို့ ကြွလာခဲ့၍၊ လူသားများကို ပညတ်တော်၏ အောက်တွင် အသက်ရှင် နေထိုင် ခြင်းမှ ကယ်တင်တော်မူခဲ့သည်။ ထိုအချိန် ကတည်းက ကျွန်မတို့က သခင်ယေရှုကိုသာ ယုံကြည် ပါက၊ ကျွန်မတို့၏ အပြစ်များ လွှတ်ခံရနိုင်ပါသည်။ ကျွန်မတို့သည် ပညတ်တော်ကို လိုက်နာရန် ပျက်ကွက်သည့်အတွက် စီရင်ချက်ကို လုံးဝ မခံရတော့ပါ၊ ထိုသည်မှာ သခင့်ရွေးနှုတ် ခြင်းဖြင့် ကယ်တင်ခံရခြင်းသာ ဖြစ်သည်။ သို့ပါက ထို“ကယ်တင်ခံရခြင်း”ဆိုသည်မှာ ကျွန်မတို့က သခင်ယေရှုကို ယုံကြည်ခြင်း၊ သခင့်ရှေ့တော်မှောက် တွင် ဝန်ချတောင်းပန်ခြင်းအားဖြင့် ကျွန်မတို့ အပြစ်များလွှတ်ခံရခြင်း နှင့် ပညတ်တော်အားဖြင့် သေဒဏ်ပေးခံရရန် မရှိတော့ခြင်း တို့ဖြစ်ကြောင်း ရှင်းလင်းလှပါသည်။ ထို့မျှသာမက၊ ၎င်းမှာ သခင်ယေရှုအားဖြင့် ကျွန်မတို့ပေါ်သို့ ပေးအပ်နှင်း သည့် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း နှင့် ပေါလျှံသော ကျေးဇူးတော်တို့ကို နှစ်သက်ခံစား နိုင်စွမ်းရှိခြင်းဟုလည်း ဆိုလိုပါသည်။ ဤသည်မှာ ကျွန်မတို့ ညွှန်းဆိုလေ့ရှိသည့် ယုံကြည်ခြင်းအားဖြင့် “ ကယ်တင်ခံရခြင်း” ၏ စစ်မှန်သည့် အဓိပ္ပါယ်ပင် ဖြစ်ပါသည်။ ကျမ်းပိုဒ်အချို့ကို အတူတကွ ဖတ်ရှုကြပါစို့၊ “ သင်ကဲ့သို့ အပြစ်သားတစ်ဦးသည် ရွေးနှုတ်ခြင်း ခံရပြီးစဖြစ်ပြီး မပြောင်းလဲသေး၊ သို့မဟုတ် ဘုရားသခင်အားဖြင့် ပြည့်စုံခြင်းသို့ မရောက်သေး သူအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီနိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့သည်မှာ မှန်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက သင်သည် မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်းသဏ္ဌာန်အားဖြင့် သင်သည် မသန့်ရှင်းခြင်း၊ အတ္တနှင့် ညစ်ကျယ်ကျယ်ဖြစ်ခြင်းတို့ဖြင့် ဖွဲ့စည်းထားသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲ ဖြစ်သည်၊ ယုတ္တိရှိလိုက်သည့် ဖြစ်ခြင်း။ သင်သည် သင်၏ ဘုရားသခင်ထံကို ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးနေသည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန် လိုသေးသောကြောင့် ဘုရားသခင်သည် သင့်ကို ပြောင်းလဲရန်နှင့် သန့်စင်စေရန် အလုပ်တို့ကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ကယ်နုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်ခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အလုပ်တွင် အဆင့်တစ်ဆင့်ကို လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ရွေးနုတ်ခြင်းကို မကြာသေးမီက ရရှိသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက် အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။” “ လူ၏ အပြစ်များသည် အပြစ်ဖြေရာယဇ်မှ တစ်ဆင့် ခွင့်လွှတ်ခြင်း ခံရနိုင်သော်လည်း လူသည် သူ့အနေဖြင့် အပြစ်မရှိတော့ရန်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို အပြည့်အဝ ဖယ်ရှားပြီး ပြောင်းလဲပစ်ရန် ကိစ္စကို ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအလုပ်ကြောင့် လူ၏ အပြစ်များကို ခွင့်လွှတ်ခဲ့သော်လည်း လူသည် ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထား အဟောင်းတွင် ဆက်လက်နေထိုင်ခဲ့သည်။ သို့ဖြစ်ရာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို လုံးဝ စွန့်ပစ်ရန်နှင့် နောက်မည်သည့်အခါမှ ပြန်လည် မပေါ်ပေါက်စေရန် အတွက် ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားမှ လုံးဝ ကယ်တင်ခြင်း ခံရခြင်းခံရမည် ဖြစ်သည်၊ ထိုသို့အားဖြင့် လူ၏ စိတ်သဘောထားကို ပြောင်းလဲရန် အခွင့်ပြုရမည်။” ကျွန်မတို့သည် သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်အားဖြင့် အမှန်တကယ်ပင် ကယ်တင်ခံ ရသော်လည်း၊ ဤကယ်တင်ခြင်း ဆိုသည်မှာ ကျွန်မတို့အပြစ်များမှလွှတ်ခံရခြင်းသာ ဖြစ်ကြောင်း ကို ဆိုလိုမှန်း ဤကျမ်းပိုဒ်နှစ်ခုမှနေပြီး ကျွန်မတို့ တွေ့မြင်နိုင်ပါသည်။ ၎င်းက ကျွန်မတို့သည် အပြစ်၏ ချည်နှောင်မှုနှင့် ထိန်းချုပ်မှုတို့မှ လွတ်မြောက် ပြီးဖြစ်ကြောင်းကို မဆိုလိုပါ။ ကျွန်မတို့၏ အပြစ်ရှိသော သဘာဝသည် တည်ရှိနေဆဲ ဖြစ်သည့် အားလျော်စွာ၊ ကျွန်မတို့သည် သခင့်သွန်သင်ချက် များနှင့် မကြာခဏ ဆန့်ကျင်ကာ၊ ဇာတိခန္ဓာ၏ တဏှာနောက်ကို လိုက်ကြပြီး၊ အပြစ်ကျူးလွန် ကြသည်။ ယင်းမှာ ရှင်ပေါလု တစ်ချိန်က “ အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ် သောအခွင့် ကိုရှာ၍ မတွေ့နိုင်။ ငါသည် ကျင့်ချင်သော အကျင့် ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုး ကိုကျင့်၏။ ထိုသို့ငါသည်မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌ နေသော အပြစ်တရားသည်ကျင့်၏။” (ရောမ ၇:၁၈-၂၀) ဟု ပြောခဲ့သည့်အတိုင်းပင် ဖြစ်လေသည်။ ရှင်ပေါလု၏ စကားများသည် ညီအစ်ကိုမောင်နှမ တစ်ယောက်စီ၏ အတွင်းကျကျ အသံကို သိရှိစေသည်။ ကျွန်မတို့က အပြစ်၏လွှမ်းမိုးမှုကို မကြာခဏခံရပြီး၊ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ် သည့် စိတ်သဘောထားမျိုးစုံကို ပေါ်လွင် ထင်ရှားစေ သည်။ ဥပမာအားဖြင့် သခင်က ကျွန်မတို့ကို ရိုးသားသည့် လူများ ဖြစ်စေလိုသော်လည်း ကျွန်မတို့က မိမိတို့ကိုယ်ပိုင် အားသာချက်အတွက် မကြာခဏ လိမ်ညာ၊ လှည့်စားပြီး၊ လှည့်ဖျား ကြသည်။ ကျွန်မတို့၏ အပြန်အလှန် ဆက်ဆံရေး များတွင် ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များအတွက် အချင်းချင်း အကောက်ကြံစည်ကြသည်။ ကျွန်မတို့ က စမ်းသပ်မှုများကို ဆင်းရဲဒုက္ခခံစား ရသည့် အခါတွင်၊ ဘုရားသခင်ကို အထင်လွဲမှားပြီး၊ အပြစ်တင်ကြကာ၊ ကိုယ်တော့်ထံမှပင် ခပ်ဝေးဝေး နေခြင်း သို့မဟုတ် ကိုယ်တော့်ကို သစ္စာဖောက် ခြင်းများတို့ပင် ပြုကြသည်။ ဘုရားသခင်၏ အမှုတော်က ကျွန်မတို့ အယူအဆများနှင့် မကိုက်ညီပါက၊ ကျွန်မတို့သည် ဘုရားသခင်ကို စိတ်ကြိုက် အကဲဖြတ်ကာ၊ စီရင်ကြသည်။ ကျွန်မတို့သည် ဘုရားသခင် နောက်လိုက် သော်လည်း၊ တစ်ချိန်တည်းမှာပင် လူသားများ ကိုလည်း နောက်လိုက်ကာ၊ ကြည်ညိုကြသည် … ကျွန်မတို့သည် ဤကဲ့သို့ အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း ဆိုးကျိုးသံသရာမှ မိမိကိုယ်ကို လွတ်မြောက်စေဖို့မှာ ခက်ခဲလှပါသည်။ ကျွန်မတို့ သည် အပြစ်၏ ချည်နှောင်ခြင်းမှ လုံးဝ လွတ်မြောက်နိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင် ကို အကြွင်းမဲ့ အပ်နှံနိုင်မည်လည်း မဟုတ်သည့် အပြင်၊ ဘုရားသခင်နှင့် သဟဇာတလည်း ဖြစ်နိုင်မည် မဟုတ်ပါ။ ဤအရာကို ပြည့်ဝသော ကယ်တင်ခြင်းဟု အဘယ့်ကြောင့် ခေါ်ဆိုနိုင် သနည်း။ ကျွန်မတို့က ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိခြင်း နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရောက်ခြင်း မျှော်လင့်ချက် ရှိနေဆဲဖြစ်ပါသလား။ ကျွန်မအတွက် ထုတ်ဖော်ခဲ့ပြီး ဖြစ်သော ကျမ်းချက် အချို့သည် သမ္မာကျမ်းစာတွင် အမှန်တကယ် ရှိနေပါသည်။ တစ်ချက်ကြည့်ကြပါစို့။ သမ္မာကျမ်းစာ ထဲတွင် “ သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့ သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ရှင်ယောဟန် ၁၆:၁၂-၁၃) “ ငါ့ကိုပယ ်၍ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ် စီရင် လိမ့်မည်။” (ရှင်ယောဟန် ၁၂:၄၈) “ နောက်ဆုံး သောကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့” (၁ ရှင်ပေတရု ၁:၅) “ တရားစီရင် ပိုင်သောသူသည် တံခါးနားမှာ ရှိတော်မူ၏။” (ရှင်ယာကုပ် ၅:၉) ဟု မှတ်တမ်းတင်ထားပါသည်။ သခင်ယေရှုသည် နောက်ဆုံးသောကာလတွင် တစ်ဖန်ပြန်ကြွလာပြီး၊ သမ္မာတရားကို ဖော်ထုတ်ကာ၊ လူသားမျိုးနွယ်ကို တရားစီရင်ရန် နှင့် သန့်စင်ရန် အမှုတော်အဆင့်ကို ပြု၍ ကျွန်မတို့ကို အပြစ်မှ လုံးလုံးလျားလျား ကယ်တင်ပြီးလျှင်၊ အပြစ်၏ ချည်နှောင်ခြင်းမှ ရုန်းထွက်လွတ်မြောက်စေသည့်အပြင်၊ အဆုံးသတ် တွင် ကျွန်မတို့ကို ဘုရားသခင်နှင့် သဟဇာတ ဖြစ်စေမည် ဖြစ်ကြောင်းကို ဤကျမ်းချက်များမှ ကျွန်မတို့ တွေ့မြင်နိုင်ပါသည်။ ကျွန်မတို့က ဘုရားသခင်ကို ကြောက်သော၊ အပ်နှံသော လူများဖြစ်လာမည်။ ထိုသို့သော အကျိုးအမြတ် မျိုးကို ရရှိခြင်းမှာ နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် ပြီးမြောက်အောင်မြင်ရမည်မှသာ ဖြစ်သည်။ ဘုရားသခင့်နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့မှတစ်ဆင့်သာလျှင် ကျွန်မတို့က စာတန်အားဖြင့် ကျွန်မတို့၏ ဖောက်ပြန်ပျက်ဆီး ခြင်းဆိုင်ရာ သမ္မာတရားအပြင်၊ ကျွန်မတို့၏ သဘာဝများနှင့် အနှစ်သာရများ တို့ကို နားလည် နိုင်မည် ဖြစ်သည်၊ သို့မှသာလျှင် ကျွန်မတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် ထာဝရတည်မြဲသော စိတ်သဘောထား တို့ကို နားလည်သဘောပေါက် နိုင်မည် ဖြစ်ပါသည်။ သို့မှသာလျှင် ကျွန်မတို့တွင် စစ်မှန်သည့် နောင်တရခြင်းနှင့် ဝန်ချတောင်းပန်ခြင်း တို့ ရှိကာ၊ ဇာတိခန္ဓာကို ရွံရှာရန် နှင့် စာတန်ကို စွန့်ပယ်ရန် စိတ်ပိုင်းဖြတ်နိုင်မည် ဖြစ်ပါသည်။ ထို့နောက်မှ သာလျှင် ကျွန်မတို့က ဘုရားသခင်ကို ကြောက်သည့် နှလုံးသားတစ်စုံကို ရရှိနိုင်ကာ၊ ကျွန်မတို့သည် စာတန်၏ ဆိုးယုတ်သောစွမ်းအားမှ အပြည့်အဝ လွတ်မြောက်ပြီး၊ ဘုရားသခင်ထံ အပြည့်အဝ ပြန်လာကာ၊ ဘုရားသခင်၏ ရယူခြင်းကို ခံရမည်သာ ဖြစ်သည်။ သမ္မာတရားကို ကျွန်မတို့၏ နားလည်မှု ပို၍နက်ရှိုင်းလာသည်နှင့်အညီ ကျွန်မတို့ သည် ဘုရားသခင်ကို ပို၍ပို၍ ဆက်ကပ်အပ်နှံကာ၊ သမ္မာတရားကိုလည်း ပို၍ပို၍ လက်တွေ့ လုပ်ဆောင် လာလိမ့်မည်။ ဤနည်းအားဖြင့် ကျွန်မတို့ သတိမပြုမိလိုက်မီတွင်ပင် ကျွန်မတို့သည် အပြစ်ကို လုံးဝ ဖယ်ရှားကာ၊ သန့်စင်ခံရပေလိမ့်မည်။ သို့မှသာလျှင် ကျွန်မတို့က ကယ်တင်ခြင်းအပြည့်အဝ ရရှိကာ၊ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်နိုင် မည်။ ကျွန်မတို့က နောက်ဆုံးသော ကာလမှ ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ တရားစီရင် ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံသည့် အချိန်မှသာလျှင်၊ ကျွန်မတို့သည် သမ္မာတရားကို နားလည်၊ ဘုရားသခင်ကို သိကျွမ်း၊ စာတန်၏ စွမ်းအားမှ အပြည့်အဝ လွတ်မြောက်သည့်အပြင်၊ စာတန်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ကို ချွတ်ပစ်နိုင်မည် ဆိုသည်မှာ ရှင်းပါသည်။ ထို့နောက်တွင် ကျွန်မတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့်၊ သမ္မာတရားအားဖြင့် အသက်ရှင်နေထိုင်နိုင်မည်၊ ဤသည်မှာ ပြည့်ဝသည့် ကယ်တင်ခြင်း၏ စစ်မှန်သည့် အဓိပ္ပါယ် ဖြစ်ပါသည်။ ဤအချက်အားဖြင့် သခင့်ပြန်ကြွလာ ခြင်းကို ကြိုဆိုခြင်းနှင့် ပတ်သက်ပြီး ကျွန်မတို့ ပို၍ ဆုတောင်းရန်၊ ၎င်းကို နှိမ့်ချစွာ ရှာဖွေရန် နှင့် “ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို” ကို အလေးဂရုပြု၍ အာရုံစိုက်ရန် တို့အတွက် လိုအပ်လာပါသည်။ သို့မှသာလျှင် ကျွန်မတို့သည် ဘုရားသခင်၏ ပေါ်ထွန်းမှုကို ကြိုဆိုနိုင်ပြီး၊ နောက်ဆုံးသောကာလ မှ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို တွေ့ကြုံခံစားကာ၊ သန့်စင်ခံ၍ အပြည့်အဝ ကယ်တင်ခံရမည်သာ ဖြစ်သည်။ ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါသည်၊ နောက်ဆုံးသော ကာလမှ သခင့်ကယ်တင်ခြင်းသည် ကျွန်မတို့ထံသို့ မကြာမီ ရောက်ရှိလာပါစေ။
0 Comments
Leave a Reply. |