ရှောင်ရူအီ တရုတ်ပြည်
ကယ်တင်ခြင်းနှင့် ပတ်သက်ပြီး ညီအစ်ကို မောင်နှမ များစွာတို့က မိမိကိုယ်ကို ယုံကြည်မှုဖြင့် “ သမ္မာကျမ်းစာ ‘သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။' (ရောမ ၁၀:၉-၁၁) လို့ပြောထားတယ်။ ကျွန်တော်တို့က ကားတိုင်ပေါ်က သခင်ယေရှုမှာ ကယ်တင်ခြင်းလက်ခံရရှိခဲ့ပြီး၊ ကျွန်တော်တို့ နှလုံးသားတွေက ယုံကြည်ပြီး၊ ကျွန်တော်တို့ နှုတ်တွေက ကိုယ့်အပြစ်တွေကို ဝန်ခံရင်၊ ကျွန်တော် တို့က အပြစ်ကလွှတ်တာခံရမယ်၊ ကျွန်တော်တို့က ကယ်တင်ခံရပြီးပြီပဲ၊ ဒါ့ကြောင့် ကျွန်တော်တို့က ကယ်တင်ခြင်းအပြည့်အဝ ရရှိထားပြီး၊ သခင်ပြန်ကြွ လာတဲ့အချိန်မှာ၊ ကျွန်တော်တို့တွေဟာ ကောင်းကင် နိုင်ငံတော်ကို အတိအကျကို ဝင်ရောက်ရမှာပဲ” ဟု ပြောကြသည်။ ကျွန်မတို့၏ ဤအမြင်ရှုထောင့်သည် အမှန်တကယ် မှန်ကန်ပါသလား။ ကျွန်မတို့၏ အပြစ်မျာသည် လွှတ်ပြီးဖြစ်သည့်အပြင်၊ ကယ်တင်ခံ ရခြင်း ဆိုသည်မှာ ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းဟု အမှန်တကယ် ဆိုလိုပါသလား။ ကျွန်မတို့က ဤကိစ္စကို ရှင်းလင်းစွာ ဆက်သွယ် ဆွေးနွေးဖို့ လိုအပ်ပါသည်၊ အကြောင်းမှာ ၎င်းသည် ကြီးမြတ်သည့် ကိစ္စတစ်ခုဖြစ်သည့် ကျွန်မတို့ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းနှင့် တိုက်ရိုက် ဆက်သွယ်နေသောကြောင့် ဖြစ်ပါသည်။
0 Comments
ကျန်စင်း တရုတ်ပြည်
ကယ်တင်ခံရခြင်း နှင့် ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းတို့အကြား ကွာခြားချက်ကို ပြောသည့်အခါတိုင်း၊ “ ကယ်တင်ခံရတာနဲ့ ကယ်တင်ခြင်း အပြည့်အဝ ရတာကြားမှာ ကွာခြားချက်ရှိလို့လား။ ကယ်တင်ခံရတာဟာ ကယ်တင်ခြင်း အပြည့်အဝ ရတာလို့ အဓိပ္ပါယ်မရဘူးလား။ ကျွန်မတို့က သခင်ယေရှုကို ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခံရပြီးဖြစ်တာကြောင့် ကျွန်မတို့က ကယ်တင်ခြင်းအပြည့်အဝကို ရရှိခဲ့ပြီးပြီ မဟုတ်ဘူးလား။ သခင်ကြွလာတဲ့အချိန်၊ ကျွန်တော်တို့က ကောင်းကင်ကို ချက်ခြင်း ချီဆောင်ခြင်းခံရမယ်” ဟု ပြောသည့် ညီအစ်ကိုမောင်နှမ အချို့ ရှိကြပါလိမ့်မည်။ သို့သော်လည်း အရေးကိစ္စများသည် ဤမျှ ရိုးရှင်းပါ သလား။ ကျွန်မတို့သည် ဤအရေးကို ရှာဖွေပြီး ဆွေးနွေးပါက ကျွန်မတို့ အတွက် ကောင်းပေလိမ့်မည်။ |